Our social:

Latest Post

May 24, 2015

နာမည်ကြီး iRoot (ခ) vRoot 1.8.2.13135 New Version

 


iRoot (ခ) vRoot 1.8.2.13135 : 13.7 Mb

-
Android Smart Phone တွေကို root ဖောက်ရာမှာ နာမည်ကြီးတဲ့ VRoot ကနေ နာမည်ပြောင်းသွားတဲ့ iRoot ဗားရှင်းသစ်ဖြစ်ပါတယ်.. ဒီ Root Tool ကြောင့် ဖုန်း Service ဆိုင်တွေ မှိုလိုပေါလာတယ်လို့ ပြောကြသူတွေရှိသလို VRoot နဲ့ Service ဈေးကွက်ပျက်တယ်လို့ ပြောကြသူတွေလည်း ရှိလာလောက်အောင် နာမည်ကြီးပါတယ်.. အထူးသဖြင့် MTK Device တွေအားလုံးနီးပါးကို တစ်ချက်တည်း ပေါက်နိုင်တဲ့ Root Tool လည်းဖြစ်ပါတယ်.. ကျွမ်းကျင်သူ Developer တွေကတော့ VRoot ရဲ့ လုပ်ဆောင်ချက်တွေကို ကြိုက်လွန်းလို့ ဘယ်လိုအလုပ်လုပ်သလဲဆိုတာ သဲကြီးမဲကြီး လေ့လာနေတယ်ဆိုပဲ.. ကဲ နောက်ဆုံး 14.2.2015 ရက်နေ့က ထုတ်ပေးလိုက်တဲ့ Update Version သစ်ကို ရယူနိုင်ကြပါပြီ..

              


အဆင်ပြေပါစေ.....

iRoot 1.8.2.13135 : 13.7 Mb

 Download Links



ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


Man Suit Photo Maker 1.2.apk



အနောက်တိုင်းအမျိုးသားဝတ်စုံတွေ အသင့်ပါတဲ့ Man Suit Photo Maker ဖြစ်ပါတယ်. ကိုယ့်ဓါတ်ပုံကို အလွယ်တကူပဲ အစားထိုးနိုင်ပြီး လှပခန့်ညားတဲ့ အနောက်တိုင်းဝတ်စုံလေးနဲ့ လန်းနေအောင် ဖန်တီးလိုက်ပါ..
-
Description
Dress your self in most amazing Man Suits without even buying them.
Just simply use this application and click a photo or browse a photo from your mobile gallery and place it to the suits provided in this app.
Dress yourself smart and share the photo with others through social apps or you can use it as a passport size photo too.

Feature:
- Capture directly photo from the camera to fit in the suit.
- Or browse from the mobile gallery.
- Swipe through different suit or pick any from the grid provided in the app.
- Simply Adjust the photo to fit in the suit to make a perfect picture.
- Easy adjust the photo to fit the suit.
- Save the photo
- Set the photo as wallpaper
- Share photo through social apps





version : 1.2
Release Date : 11 Nov 2014
OS : Android 2.2 and Up

အဆင်ပြေပါစေ..

Man Suit Photo Maker 1.2.apk : 16.3 Mb




ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


Every root (天天root) v1.5 (beta) Official version

 


 Every root (天天root) v1.5 (beta) Official version : 14.5 Mb

Every root (天天root) ဆိုတဲ့ Root Tool သစ်တစ်မျိုးကတော့ Windows OS တွေပေါ်မှာ အလုပ်လုပ်ပြီး Android Device Brand တွေဖြစ်တဲ့ HTC, Samsung, Millet, Huawei, CoolPad, Oppo စတဲ့ လူသုံးများတဲ့ Brand Model ပေါင်းများစွာကို error ကင်းကင်းနဲ့ Root ပေးနိုင်တယ်လို့ ဆိုပါတယ်.. ဒါ့အပြင် မလိုအပ်တဲ့ System App တွေကိုလည်း Uninstall/Delete လုပ်ပေးနိုင်ပါသေးတယ်.. One Click Root Tool တွေဟာ အချိန်ကုန်သက်သာပြီး မြန်ဆန်တဲ့အတွက် Root လုပ်ခြင်းနဲ့ ထိတွေ့နေရသူကတော့ အသုံးများကြပါတယ်.. ခု တင်ပေးလိုက်တဲ့ Every root (天天root) v1.5 (beta) Official version ဟာလည်း မိတ်ဆွေတို့အတွက် အကျိုးပြုလိမ့်မယ်လို့ထင်ပါတယ်..
-
Every root is a full-featured and efficient tool for Android phones root that supports Samsung, htc, millet, Huawei, Cool, oppo other domestic mainstream mobile phone brand, to help you quickly and easily perfect root phone
Features
  • Uninstall system applications, delete preloaded applications, increasing available space, enhance the mobile operating speed
  • a key brush machine, can replace more attractive phone system that meets your individual needs
  • every day Game Center, massive game resources for you to choose to download, make your more fun and full of handheld
  • mobile phones accelerate the process of removing excess phone and boot items and enjoy fast boot
Update log
1.5 Beta 

  1, the reconstruction part of the code to improve program stability.
  2, optimization matching algorithm to improve ROOT speed.
  3, add a variety of ROOT programs to improve the success rate of ROOT.
  4, the adjustment process ROOT prompt content to enhance the user experience.


အဆင်ပြေပါစေ..


Every root (天天root) v1.5 (beta) : 14.5 Mb

Download Link



ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ



Android 4.4 ထိ Root နိုင်တဲ့ Every day Root 1.2 Beta ( TTRoot )

 


Every day Root 1.2 Beta ( TTRoot ) : 22.6 Mb


( Samsung, HTC, millet, Huawei, Cool, ZTE, OPPO, vivo တွေအပါအဝင် Model ပေါင်းများစွာကို Root ပေးနိုင်တယ်လို့ဆိုပါတယ်.. Android 2.3 ကနေ 4.4 ထိ error ကင်းကင်းနဲ့ Root ပေးနိုင်ပြီး Android 5.0 ကို Root နိုင်ဖို့ ပြင်ဆင်နေတာဖြစ်လို့ နေ့စဉ် Update လုပ်ပေးခြင်းဖြင့် နောက်ဆုံး Feature တွေကို Free ရာယူနိုင်တယ်လို့ဆိုပါတယ်.. Root Tool အသစ်ဖြစ်လို့ ဆောင်ထားသင့်ပါတယ်.. စမ်းသပ်သုံးစွဲနိုင်ဖို့ တင်ပေးလိုက်ပါတယ်.. )



"Every day Root" by Mary Rose Lee Shenzhen Power Technology Development of a highly efficient tool for Android phones Root, fit models including Samsung, HTC, millet, Huawei, Cool, ZTE, OPPO, vivo and many other manufacturers, covering domestic Android mobile phone market share of nearly 95%, and the number of models of adaptation is still gradually rising. "Every day Root" designed for people accustomed to using new smart Root engine, security Root success rate of over 99%, is the most secure, most stable and most rapid root tool.

⒈ quickly identify the phone model, to update the listing of the new machine, the fastest growing mobile phone elected corresponding root program, making the rate of mobile phone root greatly improved.
⒉ span supported versions, from Android 2.3 ~ Android 4.4 supports all versions of root, covering all domestic mobile phone version information, along with the release of Android 5.0, every day, Root will be the first to support Android 5.0 version of the "one-click Root."
⒊ support many models, covering nearly 95% of the market mainstream Android models.
⒋ a fool-button operation. Root process is simple, whether you are white or playing user machine Great God, you can easily root privileges for the love machine.
⒌ green and safe. Root daily high success rate, and ensure that there is painted brick, no bundled software, ensuring the purest root experience.
6. fastest solve the problem. Root did not support every day if your model, you only need your feedback and system version models, every day will make the fastest response Root, Root ensure your phone experience.
7. update. Be sure to update the latest root database, not root version behind.

Home Page : http://www.ttroot.com/new_version/index.html

အဆင်ပြေပါစေ....


Every day Root 1.2 Beta : 22.6 Mb

Download Here



ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


Samsung Gingerbread တွေအတွက် Universal GB Root (Root ဖောက်နည်း




ခုတစ်ရက်နှစ်ရက်မှာ Root Tool လေးတွေတင်ဖြစ်ပါတယ်.. မိတ်ဆွေများအတွက် အကျိုးတစ်ခုခု ရလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်.. ဒါပေမယ့် Comment တွေက သိပ်အားရစရာ စကားလုံးတွေ မတွေ့ရဘူး.. ကျွန်တော်တင်ပေးတဲ့ Root Tool  က မိတ်ဆွေတို့အတွက် ဖျက်ဆီးရေး ပရိုဂရမ် တစ်ခု မဟုတ်တာတော့ သေချာပါတယ်..

ဒီတစ်ခါ Samsung တွေထဲက Gingerbread ( Android OS v 2.3.3-2.3.7+) တွေအတွက် သီးသန့် Universal Root Tool တစ်ခုကို မျှဝေပေးချင်ပါတယ်.. သိပြီးသား၊ သုံးဖူးပြီးသားလူတွေအတွက်တော့ ဖတ်စရာမလိုလောက်ပါဘူး.. ဒါပေမယ့် လိုအပ်နေသူတွေအတွက်ကတော့ အကျိုးရှိစေမှာပါ..
Root လုပ်နိုင်တဲ့ SAMSUNG စာရင်းကတော့-

SAMSUNG GALAXY MODELS: GT-S5570, GT-S5570B, GT-S5570I, GT-S5570L, GT-S5571, GT-S5578 (Chinese Mini), GT-S5660, GT-S5660M, GT-S5660L, GT-S5660V, SHW-M290K (Korean Gio), GT-S5670, GT-S5670B, GT-S5670L, GT-S5830, GT-S5830B, GT-S5830C, GT-S5830D, GT-S5830F(La Fleur), GT-S5830i, GT-S5830L, GT-S5830M, GT-S5830T, GT-S5830V, GT-S5830Z, GT-S5839i, GT-S6802, GT-B5330, GT-B7510, GT-B7510B, GT-B7510L, GT-B7800, GT-B5510, GT-B5510B, GT-B5510L, GT-B5512, GT-B5512B, GT-S6102, GT-S6102B, GT-S5300, GT-S5300B, GT-S5302, GT-S5360, GT-S5360B, GT-S5360L, GT-S5360T, GT-S5363, GT-S5369, GT-S5690, GT-S5690i(new), GT-S5690L, GT-S5690M, GT-S5690R(new), GT-I8150, GT-I8150B, GT-I5510, GT-I5510B, GT-I5510L, GT-I5510M, GT-I5510T, SCH-i509, SGH-T499, SGH-T499Y(new), SGH-T499V(new), SGH-T499W(new), SGH-T589, SGH-T589R, SGH-T589W(new), SGH-I827, SGH-I837, SGH-I857. တွေပဲဖြစ်ပါတယ်..

လုပ်နည်းကတော့
1. မိမိဖုန်းမှာ Settings -> Applications -> Unknown sources ကိုသွားပြီး Unknown sources ကို အမှန်ခြစ် ထားရပါမယ်..
2. ဒေါင်းလို့ရလာတဲ့ universal gb root v25 by maungpauk.zip ဆိုတဲ့ ဖိုင်ကို မဖြည်ဘဲ ဖုန်းရဲ့ SD Card ထဲကို ထည့်လိုက်ရပါမယ်.. ထည့်တာကတော့ ဘယ်လိုနည်းနဲ့ပဲထည့်ထည့်ပေါ့.. ဖုန်းထဲက SD Card ထဲမှာ universal gb root v25 by maungpauk.zip လေးရောက်သွားဖို့ပါပဲ..
3. ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ထားရင် ဖြုတ်လိုက်ပါ.. ပြီးရင် Power ပိတ်ပြီး Vol up + Home + Power တွဲနှိပ်ကာ Recovery Mode ကို ၀င်လိုက်ပါ..
4. Recovery Mode မှာ ဖုန်းပေါ်က Volume- နဲ့ Volume + ခလုပ်တွေကိုသုံးပြီး  Apply update from SD card ကိုရောက်အောင်ရွှေ့ပါ.. ရောက်ရင် Home Button ကိုတစ်ချက်ဖိပြီးဝင်လိုက်ပါ.. SD Card ထဲကိုမြင်ရပါမယ်..

ခုနကလိုပဲရွှေ့ပြီး universal gb root v25 by maungpauk.zip ကိုရောက်အောင်သွားပါ.. ပြီးရင် Home Button ကိုထပ်နှိပ်လိုက်ပါ... သူ Root နေပါပြီ..
5. ခဏကြာရင် Install from SD Card Complete ဆိုပြီး အောင်မြင်ကြောင်း စာလေး မြင်ရပါမယ်..
Reboot system Now ကိုရွေ့ပြီး Home တစ်ချက်နှိပ်လိုက်ပါ..

ဖုန်းက Reboot ကျသွားပြီးပြန်တက်လာရင် App List ထဲမှာ SuperSU ကိုရှာပါ.. တွေ့ရင် ပေါက်သွားပြီဗျို့.. Root ပြောပါတယ်..

အဆင်ပြေကြပါစေ
လိုအပ်တဲ့ဖိုင်ကို ဒေါင်းရအောင်..

samsung-usb-drivers



ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ





Android အတွက် Zawgyi Installer နဲ့ Zawgyi Keyboard


တောင်းထားတဲ့ မိတ်ဆွေ တစ်ယောက်ရှိလို့ ကိုသူရရေးတဲ့ Android အတွက် Zawgyi Installer နဲ့ Zawgyi Keyboard ကိုတင်ပေးလိုက်ပါတယ်.. Install လုပ်တာကိုလည်း ရှင်းပြပေးပါဆိုလို့ နည်းနည်းလျှာရှည်ခွင့်ပြုပါ.. ထုံစံအတိုင်း Root ဖောက်ပြီးသားဖြစ်ရပါမယ်.. ZawgyiInstaller.apk ကို အရင် Install လုပ်ပါ.. ပြီးမှာ mmkey.apk ကို Install လုပ်ပါ.. ပြီးတဲ့အခါ သူ့ထဲမှာ ပါတဲ့ Select Input Method နဲ့ပဲသွားသွား.. Setting > Language and Keyboard Setting နဲ့ပဲသွားသွား.. သွားပြီးတော့ Input Method မှာ MyanKey ကိုရွေးပေးလိုက်ပါ.. ပြီးရင် Keyboard Setting မှာ MyanKey ကို အမှန်ခြစ်ပေးလိုက်ပါ.. MyanKey Setting မှာတော့ Type of Keyboard ကိုနှိပ်ပြီး Keyboard အမျိုးအစား 5 မျိုးကို ရွေးချယ်နိုင်ပါတယ်.. ကျွန်တော်ကတော့ MyanKey 11Keys ကိုသုံးပါတယ်.. Frozen လည်းရှိတယ်.. Myandroid လည်းရှိတယ်.. ဒီကီးဘုတ်က အားသာချက်ရှိတာက ကျွန်တော်တို့ Shift နှိပ်ပြီး ရိုက်ရတဲ့ အက္ခရာတွေကို Shift နှိပ်စရာမလိုပါဘူး.. အဲဒီအက္ခရာကိုဖိထားလိုက်ရင် Shift နဲ့တွဲရိုက်မှရမယ့် စာလုံးတွေပေါ်ပါတယ်.. ရွေးပေးလိုက်ရံပါပဲ.. ဒါ့ပြင် ဖိထားလို့ ပေါ်လာတဲ့ စာလုံးတွေထဲက ဒုတိယမြောက်စာလုံးဆိုရင်တော့ ဖိနေစရာမလိုပါဘူး.. အက္ခရာတစ်လုံးကို Double Click နှိပ်လိုက်တာနဲ့ပေါ်ပါတယ်.. ဥပမာ.. " န " ကိုရိုက်ချင်ရင် "န" ကို နှစ်ချက်ဆက်တိုက် ( Double Click ) နှိပ်ပေးလိုက်ရုံပါပဲ.. ကဲ နည်းနည်း ရှည်သွားပြီ.. အောက်မှာ ဒေါင်းနိုင်ပါပြီ....

အဆင်ပြေပါစေ..

မောင်ပေါက်

Zawgyi Installer Download:

Zawgyi Keyboard Download :



ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ



Samsung Root လုပ်နည်းများ

Rooting Samsung Glaxy Ace GT-S5839i Ginger V 2.3.6



မင်္ဂလာပါ.....
Glaxy Ace ဖုန်းက ကိုင်သူအတော်များပါတယ်၊ Root လုပ်ပုံကလည်း ရှင်းလင်းလွယ်ကူပါတယ်ခင်ဗျ။
ဆိုင်မသွားဘဲ ကိုယ်တိုင် Root လုပ်ချင်သူများအတွက် အဆင်ပြေပါတယ်။


                                       



ပထမဆုံး လိုအပ်မယ့် Update Zip ကိုဒေါင်းပါ။



* SD အကြောင်းပြောချင်ပါတယ်၊ SD ကိုအမျိုးအစားကောင်းတာလေးသုံးပေးပါ။ 
* Battery ကိုအနည်းဆုံး ၇၅% အားသွင်းပေးထားပါ။


  •  ဒေါင်းထားတဲ့ Update Zip ကို SD card ထဲ ဒီအတိုင်းပဲထည့်ပါ၊ ဖြည်စရာမလိုပါ။( SD card အဟောင်းဆိုရင်တော့ Format ရိုက်လိုက်တာကောင်းပါတယ်။)
  • Recovery Mode ၀င်ပါမယ်၊(ဖုန်းကို Power ပိတ်ပါ၊ ဘက်ထရီပါဖြုတ်ထားချင်ရင် ခဏဖြုတ်ထားပါ၊ ပြီးရင် Volume Up & Home Key & Power  ကိုတွဲရက်ဖိထားပါ၊ စက္ကန့် ၂၀ ကျော်ကြာပါမယ်၊ recovery စာတန်းတွေတက်လာလာခြင်း လက်မလွှတ်လိုက်ပါနဲ့ဦး၊ Reboot ပြန်တက်သွားတတ်လို့ပါ။ ၃ ၊ ၄ စက္ကန့်လောက်ဆက်ဖိထားပါဦး၊ )
  • Volume Down Key နဲ့ apply update from sdcard ကိုရွေးပါ၊
  • Home Key နှိပ်ပြီးဝင်ပါမယ်၊
  • root 5 GT-S5839i uploaded by ...... . zip ကိုရွေးပါ၊
  • Home Key နှိပ်
  • ပုံထဲကလို အလုပ်လုပ်နေပါမယ်၊ Install from sdcard complete. စာတန်းတက်လာရင်တော့ ထိပ်ဆုံးက Reboot system now နှင့် ပြန်ထွက်ပါမယ်။ Reboot တက်တာဆုံးအောင်စောင့်ပါမယ်၊ ပြီးရင်တော့ Applications တွေထဲမှာ Super Su ကိုတွေ့ရမှာပါ။ 

Root လုပ်ခြင်း ပြီးပါပြီ။ မြန်မာစာအတွက်ကတော့ Myanmar Font Changer တစ်ခုခုနဲ့ချိန်းပြီး မြန်မာ ကီးဘုတ်တင်လိုက်ရင် ရပါပြီခင်ဗျာ။ အဆင်ပြေပါစေ....




Galaxy Ace Duos S6802 Android 2.3.6 Official Firmware ကို Root 

လုပ်နည်း....

                                             


ကျွန်တော့်ဆီကို မိတ်ဆွေတစ်ယောက်ရောက်လာရင်း သူ့ဖုန်းကို Root လိုက်တာ အဆင်ပြေသွားလို့ဒီနည်းကို တင်ပေးလိုက်ပါတယ်..
1. ပထမ အောက်ကလင့်မှာ update.zip ကိုဒေါင်းလိုက်ပါ..




2. ရလာတဲ့ Update.zip ကို မဖြည်ဘဲ ဖုန်းထဲထည့်တဲ့ SD card ထဲကို ထည့်လိုက်ပါ..
3. ဖုန်းကို Power ပိတ်ပါ.. ပြီးရင် Volume Up + Home + Power ခလုတ်သုံးခုစလုံးကို တွဲပြီးဖိထားလိုက်ပါ..
4. ဒါဆိုရင် Recovery Mode ကို တွေ့ရမှာဖြစ်ပါတယ်.. Volume Up/Down ခလုတ်တွေကိုသုံးပြိး apply update from sd-card ကိုရောက်အောင်ရွှေ့ပါ.. ရောက်ပြီဆိုရင် Home Key ကို တစ်ချက်နှိပ်လိုက်ပါ.. Root နေတာကို မြင်ရပါတယ်.. ခဏနေရင်တော့ Reboot your Phone ဆိုပြီးပေါ်လာမှာဖြစ်ပါတယ်.. Reboot your phone  ကိုရွှေ့ပြီး Home ခေါက်လိုက်ရင် ဖုန်းက ပါဝါပိတ်သွားပြီး ပြန်တက်လာပါလိမ့်မယ်.. ဒါဆိုရင်တော့ App Drawer ထဲမှာ SuperSu ကို မြင်တွေ့ရပြီး Root ပြီးသွားပါပြီ..

CWM သွင်းနည်း
*****
လိုအပ်လို့ CWM သွင်းချင်တယ်ဆိုရင်တော့ အောက်ကလင့်မှာ CWM .zip ကို ဒေါင်းလိုက်ပါ..
ပြီးရင် SD card ထဲထည့်ပြီး အပေါ်မှာ Root လုပ်သလိုမျိုးလုပ်လိုက်ပါ.. CWM ထည့်မယ်ဆိုရင် Root လုပ်ပြီးမှာ ထည့်ရမှာဖြစ်ပါတယ်...




အဆင်ပြေပါစေ..



Samsung Galaxy S Duos S7562 ကို root လုပ်နည်း

 

                                    


Samsung Galaxy S Duos S7562 ကို root လုပ်ခြင်တဲ့ ဘော်ဒါများ အရင်ဆုံး computer မှာ
samsung usb driver အရင်းသွင်းထားရမှာပါ ပြီရင် လိုအပ်တဲ့ ဖိုင်းတွေကို ဒေါင်းလိုက်ပါ



ဒေါင်းလို့ ရလာတဲ့ zip ဖိုင်းကို zip ဖြည့်လိုက်ပါ အထဲမှာ ဖိုင်း 4 ခုရှိပါတယ်


                           




Odin ဖိုင်းကိုဖွင့်ပြီ run လိုက်ပါ ပြီရင် ဖုန်း usb setting တွေမှာ USB Debugging နဲ့ Unknown Source ကို အမှန်ခြစ်ဖုန်းကို ပါဝါပိတ်လိုက်ပါ
ပြီရင် downloand mode ဖြင့်ချိတ်ဆက်ရမှာ ဖြစ်သဖြင့် vol-down + home ကိုဖိပြီ power ကိုဖိပြီဖွင့်
ပေးလိုက်ပါ ပြီရင် downloand mode ၀င်ဖို့ အတွက် vol-up ကို တစ်ချက်နှိပ်ပေးလိုက်ရင် စက်ရုပ်ပုံနဲ့
downloanding စာတန်တက်လာရင် downloand mode ရောက်ပါပြီ ဒါဆို ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ဆက်ပေးလိုက်ပါ စောစောက odin အကွက်မှာ အ၀ါရောင်းတန်တက်လာရင် ချိတ်ဆက်မှုအာင်မြင်ပါပြီ




                                




Odin အကွက်က PDA နေရာမှာနှိပ်ပြီ စောစောက ဒေါင်းထားတဲ့ root ဖိုင်းဖိုဒါထဲက
CWM recovery zip ဖိုင်းကိုရွေးပေးလိုက်ပါ




                      




ပြီရင်တော Start နေရာမှာနှိပ်လိုက်ပြီ ခဏစောင့်ပါ ပြီရင် အ၀ါရောင်း အတန်ပေါ်မှာ PASS စာတန်တက်လာရင် usb ကြိုးချိတ်ဆက်ထားတာဖြုတ်လိုက်ပါ ဒါဆို cwm recovery mode
သွင်းလို့ ပြီပါပြီ root ဆက်လုပ်ဖို့ အတွက် စောစောက ဒေါင်းထားတဲ့ root ဖိုင်းတွေထဲက
cwm superuser zip ဖိုင်းကို SD card ထဲ copy ကူထည့်လိုက် ဖုန်းထဲ ပြန်ထည့်ပါ ပြီရင် ဖုန်းကို ပိတ်လိုက်ပါ ပြီရင်
vol-up + vol-down+home ကိုဖိပြီ power ကိုဖိဖွင့်ပါ ပြီရင် samsung logo တက်လာရင် vol-down
ကိုလွှတ်ပြီ ကျန်တဲ့ ခလုတ်သုံးခုကို ဆက်ဖိထားပါ ဒီပုံအတိုင် တက်လာပါမယ်



                                                




ပြီရင် vol ခလုတ်ကို အသုံးပြုပြီ Install Zip From Sdcard ....>> Choose zip From Externel Sdcard
ကိုသွားပြီ စောစောက copy ကူထားတဲ့ cwm superuser zip ဖိုင်းကို install လုပ်ပေးပြီ system reboot ကိုရွေးပေးလိုက်ရင် ဖုန်းက reboot ကျပြီ ပြန်တက်လာရင် root လုပ်လို့ အောင်မြင်ပါပြီ
အကယ်၍ cwm recovery mode ပြန်ဖြုတ်ခြင်တယ်ဆို စောစောက cwm recovery mode သွင်းခဲ့တဲ့အတိုင် PDA နေရာမှာ Stock recovery ကိုပြန်ရွေးပေးလိုက်ပြီ start ကိုရွေးပေးလိုက်ရင်
အာလုံးအိုကေပါပြီ     .......

အဆင်ပြေပါစေ...



Samsung Galaxy Note 8.0 ToolKit နဲ့ Samsung Galaxy Note 8.0 GT-N5100, GT-N5110 Root နည်း


စပ်စု: " Samsung GT-N5100 " Android ဖုန်းကို Root လုပ်ပြီး မြန်မာ Font သွင်းချင်လို့ ပါ။ " ကူညီပေးပါအုံး ကျေးဇူး ကိုမောင်ပေါက်ရေ ကျနော် ဘယ်မှာမှ ရှာမရလို့ ပါနော်...
***********
ပထမဆုံး အောက်ကလင့်တစ်ခုခုမှာ Samsung_Galaxy_Note_80_ToolKit_v1.1 ဖိုင်ကို အရင် ဒေါင်းလိုက်ပါ.. ဒေါင်းပြီးရင် rar ကို ဖြည်ပြီး Install လုပ်လိုက်ပါ...


1. မိမိဖုန်းကို USB ကြိုးသုံးပြီး Computer နဲ့ ချိတ်လိုက်ပါ.. USB Debugging, Unknow source တွေကိုအမှန်ခြစ်ပေးထားပါ.. ( ToolKit က Driver ပါ သွင်းပေးပါတယ်.. )



                                




2. ခုနက Install လုပ်ခဲ့တဲ့ Toolkit ကို Run လိုက်ပါ.. 
ဒါဆိုရင် အမဲရောင်ကွက်ပေါ်မှာ အစိမ်းရောင် စာသားလေးတွေ တက်လာမှာဖြစ်ပြီး ToolKit ဗားရှင်းကို မြှင့်မှာလား မေးပါတယ်.. လက်ရှိ နောက်ဆုံးထွက် ဗားရှင်းကို လိုချင်သေးတယ်ဆိုရင် yes လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ.. ဒီ ဗားရှင်းနဲ့ပဲ လုပ်မယ်ဆိုရင်တော့ no လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ..
3. ဒီတစ်ခါ မိမိဖုန်းအမျိုးအစားအလိုက်ရိုက်ထည့်ရမယ့် ဂဏန်းတွေကတော့
GT-5100 ဆိုရင် 11
GT-5110 ဆိုရင် 21 ဖြစ်ပါတယ်..
GT-5120 အတွက်တော့ နှိပ်စရာဂဏန်း မတွေ့ပါဘူး..
ကိုယ့်အမျိုးအစားနဲ့ကိုက်တာကိုကြည့်ပြီး ကီးဘုတ်ပေါ်က 11 (သို့မဟုတ်) 21 ကိုရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ..



                       


ဒါဆိုရင် လိုအပ်တဲ့ ဖိုင်တွေကို ဒေါင်းနေတာ တွေ့ရပါလိမ့်မယ်...
  

                                



4. Download လုပ်တာပြီးသွားရင် Root လုပ်တဲ့လုပ်ငန်းစဖို့ အဆင်သင့်ဖြစ်နေပါပြီ...
Root လုပ်ဖို့အတွက် ကီးဘုတ်ပေါ်က 2 ကိုနှိပ်ပြီး Enter ခေါက်ပါ..
ပြီးရင် ကီးဘုတ်က 2 ကိုထပ်နှိပ်ပြီး Enter ခေါက်ပါ..
ဒါဆိုရင် Superuser နှစ်ခု ကိုရွေးရမှာဖြစ်ပါတယ်.. 1 က superuser 3.1.3 ဖြစ်ပြီး 2 က SuperSU 1.25 ဖြစ်ပါတယ်.. ကြိုက်တာရွေးလို့ရတဲ့သဘောပါ.. ကျွန်တော်ကတော့ SuperSU ကိုရွေးချယ်ချင်တဲ့အတွက် ကီးဘုတ်က 2 ကိုရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါတယ်.. ( ဒီအဆင့်ထိ 2 ကို 3ခါ ခေါက်ရတာကို သတိထားမိပါလိမ့်မယ်.. )




                           




5. ဒီဆင့်ကတော့ ရွေးချယ်မှုတွေအားလုံးပြီးသွားတဲ့အတွက် ဆက်လုပ်မှာလား မလုပ်ဘူးလား Confirm တောင်းတဲ့အဆင့်ပါ.. no ကိုရိုက်ထည့်ပြီး Enter ခေါက်ရင် Main Menu ကို ပြန်ရောက်သွားမှာဖြစ်ပါတယ်.. ဆက်လုပ်မှာဖြစ်တဲ့အတွက် ကီးဘုတ်ကနေ yes လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ...
စပြီး root နေပါပြီ...
Odin တက်လာပြီဆိုရင်  Myy computer\C \Samsung_Galaxy_Note80_ToolKit\ root ထိ အဆင့်ဆင့်သွားပြီး ကိုယ်က GT-N5100 ကို Root နေတာဆိုရင် GT-N5100> boot-insecure-bmd1-GTN5100.tar ကိုရွေးပေးရမှာပါ.. GT-N5100 ဆိုတဲ့ ဖိုဒါရဲ့အောက်မှာ boot-insecure-bmd1-GTN5100.tar နဲ့ boot-stock-bmd1-GTN5100 ဆိုပြီးရှိပါတယ်.. boot-stock-bmd1-GTN5100 ကို မရွေးရပါဘူး.. ဒီလိုပဲ GT-N5110 ကို Root နေတာဆိုရင် GT-N5110 ဖိုဒါထဲက boot-insecure-bmd1-GTN5110.tar ကိုရွေးပေးရမှာပါ...  ပြီးရင် odin ရဲ့ Start နှိပ်ပေးလိုက်ပါ.. ဖုန်းက reboot ဖြစ်သွားပြီး ပြန်တက်လာပါမယ်.... ခဏနေရင် Odin မှာ Pass စာတန်းပေါ်လာမှာ ဖြစ်ပါတယ်.. ဆက်စောင့်ပါ.. ကြိုးကို ဖြုတ်ဖို့ မကြိုးစားပါနဲ့ အုံး.. Toolkit က ဆက်ပြီး အလုပ်လုပ်နေပါလိမ့်မယ်.. အားလုံးပြီးသွားရင်တော့ ဖုန်းရဲ့ App List ထဲမှာ Superuser လေးမြင်ရမှာဖြစ်ပါတယ်.. ဒါဆို Root လို့ အောင်မြင်ပါပြီ...

အဆင်ပြေပါစေ..




Samsung Ace Plus S7500 ကို Root လုပ်နည်း

                                        


samsng galaxy aceplus root soft wareလေးရှာပြီးတင်ပေးပါအုံအစ်ကို ခန ခနတောင်းလိုစိတ်မဆိုးပါနဲအစ်ကို တကယ်ကိုလိုအပ်လိုပါအစ်ကို ကိုပေါက်ကိုလေးစားလျက်..

တောင်းဆိုထားတဲ့မိတ်ဆွေအတွက် ရှာဖွေပြီးတင်ပေးလိုက်ပါတယ်..

Samsung Galaxy Ace Plus S7500 ကို… Root လုပ်နည်းလေးပါ…ကဲအရင်ဆုံးလိုတာတွေဒေါင်းလိုက်ဗျာ….







[ update zip ကရှိပြီးသားဆိုဒေါင်းမနေပါနဲ့...နာမည်တော့ကွဲနေမယ်ထင် တချို့ကတော့ Root.zip တဲ့ တချို့ကတော့ universal gb root.zip တဲ့...ကျနော်ကတော့ update.zip လို့ပဲပေးလိုက်မယ်အမှန်က... superuser.zip ဗျ.. လေရှည်တာ...ရှိပီးးသားဆိုထပ်ဒေါင်းနေမှာစိုးလို့...ကွန်ကအရမ်းကောင်းတယ်မှတ်လားး...  ]

လိုတာတွေဒေါင်းပြီးးရင်…Floder တခုဆောက်ပီးးအကုန်ပေါင်းထည့်ထားးးလိုက်ဗျာ….အဲ Driver ကိုတော့အရင်သွင်းထားလိုက်…ပြီးရင် update.zip လေးကိုတော့ SD Card ထဲကူးထည့်ထားလိုက်..ပြီးရင်ဖုန်းထဲပြန်ထည့်ထား CWM Recovery ကိုဖြည်လိုက်ဗျာ…clockworkmod-5.0.2.8.tar.md5 ဆိုတာလေးရမယ်….ခနထားးး.. Screenshot လေးတွေလဲကြည့်နော်..ဖုန်းကိုပါဝါပိတ်… Vol Down+Home+Power တွဲနှိပ်ထားလိုက်..ပုံ ၁ အတိုင်းလေးလာရင်Vol up နှိပ်လိုက် Download Mode ခေါ် Odin Mode သို့ရောက်ရှိပါပြီ….(ပုံ၂)


                          


ဒါဆိုကွန်ပြူတာနဲ့ချိတ်လိုက်တော့ဗျာ…. ODin ကိုဖွင့်လိုက်.. Odin က ID:COM အကွက်မှာအရောင်လေးထွက်နေရင်ကွန်နဲ့ဖုန်းသိနေပီ…ဆက်လို့ရပီအရောင်မထွက်သေးရင် Driver သေသေချာချာပြန်သွင်းပါ…အိုကေရင်ဆက်မယ်..


                           



Odin က PDA အကွက်မှာ clockworkmod-5.0.2.8.tar.md5 လေးရွေးပေးလိုက်…ပြီးရင်… Start ခလုတ်လေးနှိပ်လိုက်တော့သူစပြီး Recovery သွင်းပါမယ်. ID:COM အပေါ်အကွက်မှာPASS ပြသွားရင်အဆင်ပြေပြီ….ပုံတွေကြည့်….PASS ပြသွားပြီဆိုရင်တော့ S7500 မှာ CWM သွင်းပြီးသွားပြီ…CWM ထဲဝင်ဖို့ Vol Up+vol Down+Power+Home ခနတွဲနှိပ်ပြီးဝင်ပါမယ်


                                   


Recovery ထဲရောက်ရင်တော့ vol ခလုတ်နဲ့ Move လုပ်ပြီးး Home ခလုတ်နဲ့ install zip from SD ကိုဝင်…Choose zip from SD>>external_sd>>update.zip လေးကိုရွေးပေးလိုက်ပါ…. update zip ကို Flash ပါလိမ့်မယ်.. Complete ဖြစ်ရင်… reboot system now ရွေးပေးလိုက်ပါ…ဖုန်းပြန်တက်လာရင်.. Superuser နဲ့အတူ S7500 ဟာ အမြစ်နှုတ်လို့ပြီးပါ…ပြီ…

Special Credit to : Myanmar Mobile Application Store
mmsharingblogger@gmail.com
On da FB >> Oo JojOe





Samsung Galaxy S4 (GTI9500) ကို Root လုပ်နည်း



                     

     
 Samsung Galaxy S4 (GTI9500) ရဲ့ root နည်းကို ပြန်လည် ဝေမျှလိုက်ပါတယ် …
အရင်ဆုံးလိုအပ်တဲ့ဖိုင်တွေ ကို အရင် ဒေါင်းပါမယ် …




 Driver ဒေါင်းပြီးသွားရင် ကွန်ပျူတာ မှာ သွင်းထားလိုက်ပါ ..
အားလုံးဒေါင်းပြီးရင်  CWM recovery for galaxy S4 လေးကို zip ဖြေလိုက်ပါ … အထဲမှာ
cofface_I9500_cwm_recovery_en_new.tar”‘ နဲ့  odin ပါပါလိမ့်မယ် …  Odinကို  ကွန်မှာ run လိုက်ပါ …
ပြီးရင် Odin ရဲ့  PDA အကွက်မှာ အပေါ်က zip ဖြေထားတဲ့အထဲက  cofface_I9500_cwm_recovery_en_new.tar” ဖိုင်လေး သွင်းပေးပါ..
ပြီးရင် ဖုန်းကို  USb debugging on ပြီးပိတ်လိုက်ပါ …. download mode ကို  vol-  power   home  ကို 3-4 စက္ကန့် လောက်  တွဲနှီပ်ထားပါ ..
ဒီပုံစံ တက်လာပါလိမ့်မယ် …



                                            


vol+ ခလုတ် ကို နှိပ်ပေးလိုက်ပါ … ဒီလိုလေးဖြစ်သွားပါလိမ့်မယ် .


                                             



 အပေါ်က ပုံအတိုင်းဆိုရင် download mode ရောက်သွားပါပြီ … ဖုန်းကို  USB ကြိုးနဲ့ Computr မှာ ထိုးလိုက်ပါ ….
Odin ရဲ့ ID.com အောက်နားမှာ အ၀ါရောင်ဖြစ်ဖြစ်၊အစိမ်းရောင်ဖြစ်ဖြစ်၊ အပြာရောင်ဖြစ်ဖြစ် သန်းလာပါလိမ့်မယ် ..အဲဒါဆိုရင် ဆက်လုပ်လို့ရပါမယ် အဲလိုမှ မဟုတ်ရင် ဆက်လုပ်လို့မရပါဘူး ..ဒီပုံစံလေးအတိုင်းပါ ..



                              


အရောင်လေးတက်မလာဘူးဆိုရင် USB ကြိုး၊ Driver ပြန်စစ်ပြန်သွင်းရပါမယ် …အရောင် တက်လာပြီဆိုရင်  Odin ရဲ့ Start ခလုတ်ကို နှိပ်ပေးလိုက်ပါ …  CWM သွင်းနေပါလိမ့်မယ် .. ပြီးသွားတဲ့အခါမှာ Odin မှာ  PASS ပြပါလိမ့်မယ် … ဒီပုံစံလေးအတိုင်းပါ


                             

 အဲလို PASS ပြသွားရင် မိမိဖုန်း CWM သွင်းပြီးပါပြီ .. reboot ကျပြီးရင်  ပြန်တက်လာရင် CWM သွင်းပြီးသားဖြစ်ပါလိမ့်မယ် …
CWM သွင်းပြီးပြီ ဆိုတော့ root  နည်းစပါမယ် .. အပေါ်မှာ ဒေါင်းထားတဲ့  CWM-SuperSU-v0.99.zip ဖိုင်လေးကို  sd ကဒ်ထဲကို folder မဆောက်ပဲ ထည့်ထားပါ …. ပြီးရင် ဖုန်းပိတ်  recovery mode ကို vol+  power home တွဲနှိပ်ပြီး ၀င်ပါမယ် ..ကြာကြာနှိပ်ထားပါ ..logo တက်လာရင် လွှတ်လိုက်ပါ .ဒီပုံစံလေး တက်လာရင် recovery mode ထဲကိုရောက်ပါပြီ..


                             




 install zip from sd  >  Choose zip from sd ကဒ်ကို   (vol ခလုတ်နဲ့သွားပါ) …ရောက်ရင်  မိမိထည့်ထားတဲ့ CWM-SuperSU-v0.99.zip ဖိုင်လေးကို power ခလုတ်နဲ့ နှိပ်လိုက်ပါ .yes ပေးလိုက်ပါ …..  သူ့ဟာသူအလုပ်လုပ်နေပါလိမ့်မယ် ..အောက်နားမှာ finished or done or complete တစ်ခုခုပြပါလိမ့်မယ် ..ပြီးရင် go back နဲ့ နောက်ပြန်သွားပြီး  reboot system now လုပ်ပေးလိုက်ပါ .. ဖုန်းပြန်တက်လာရင် မိမိဖုန်းမှာ Superuser လေးတွေ့ရပါလိမ့်မယ် …
 Myanmar font အတွက်
Zawgyi_Changer.apk နဲ့ Bagan Pro_1.6.8 ကို install လုပ်ပါ.. အဲဒါ မကြိုက်ရင် ဒီမှာ


ရှိတယ်.. သူကလည်းသိပ်ကောင်းတယ်...

အဆင်ပြေပါစေ

လိုခဲ့လိုရှိခဲသော်အလွယ်တကူဒေါင့်ရန်  MM_Aio_Font_Changer_Pro.apk






Samsung Glaxy S4 ကို Root ဖေါက်နည်း

                                            


ဒါတော့ နည်းနည်း တရားလွန်တယ်မထင်နဲ့နှော်.. ကိုယ်တိုင်လုပ်ထားတာလည်း မဟုတ်ပါဘူး... ဘာသာပြန်ထားရုံသက်သက်ပါ... ဒီပို့စ်တင်ချိန်မှာ Glaxy S4 မြန်မာနိုင်ငံမှာ မရောင်းသေးဘူးလို့ သိရပါတယ်..တစ်ချို့လက်ထဲမှာလည်း ရောက်နေပါပြီ... ၀ယ်လာခဲ့သူရှိရင် ဖောက်ပေးလို့ရတာပေါ့.. ဒါမှမဟုတ် ကိုယ်ဘယ်နည်းနဲ့ပဲ ရရ.. ရတဲ့အခါ ဖေါက်လို့ရတာပေါ့နှော..

ကဲ စရအောင်...
လိုအပ်တဲ့ နောက်ဆုံးထွက် Driver ကို အရင်ဒေါင်းပြီး Install လုပ်ထားပါ...
Download Driver   သို့မဟုတ်.. Download Driver 
ပြီးရင် အောက်ကလင့် တစ်ခုခုကနေ Root ဖိုင်ကို ဒေါင်းပါ.

    Solidfiles      Mediafire

အားလုံးပြီးသွားရင်
1. ဖုန်းမှာ USB Debugging နဲ့ Unknown Source ကို On ထားပါ..
2. ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်လိုက်ပါ...
3. Windows OS မှာတော့ ဒေါင်းလို့ရလာတဲ့ ထဲက Folder ကို ဖြည်ထုတ်လိုက်ပြီး Run.bat ကိုနှိပ်ပါ...
4. Linux နဲ့ OS X မှာတော့ Terminal နဲ့ Execute ကနေ  "./run.sh" Command ကို သုံးရမှာဖြစ်ပါတယ်...
Root လုပ်နေစဉ်မှာ Restart ခဏခဏ ကျနေမှာဖြစ်ပြီး ဘာမှ မလုပ်ဘဲ ဒီအတိုင်းကြည့်နေရမယ်လို့ဆိုပါတယ်...

အဆင်ပြေပါစေ...







Samsung Galaxy Ace Rooting

                             



Thet Khine : My phone is Samsung Galaxy Ace,Android Version 2.3.6,GINGERBREAD.XXLG2,Model;GT-S5830G.I am not in Myanamr. I can't go mobile shop.When I make root,it is not successful. I had tried with super one click, root and unroot and this version Unroot 3.36 also.I can't root my phone.Please help me how to root.

ဟုတ်ကဲ့ ကျွန်တော် လေ့လာမိသလောက် ပြောပြပါ့မယ်.. ကြည့်ရအောင်...
OK.. Let's see how about it.

I.  Before You Begin
Root လုပ်ငန်း မစခင် ပြင်ဆင်ခြင်း
1.Back up everything you feel is important. 
အရေးကြီးတဲ့ Data အားလုံး Backup လုပ်ထားပေးပါ..
2.Make sure you have your device charged to 75% or more before you begin.
ဖုန်းဟာ ဘက်ထရီ အနည်းဆုံး ၇၅% ရှိပါစေ.. 

II.  Necessary Downloads
လိုအပ်တာ အရင်ဒေါင်းပါ...

III.  Rooting the Galaxy Ace
လိုအပ်တာတွေ ပြင်ဆင်ပြီးရင်  Rooting စပါပြီ..

1.  Connect your device to your PC in USB Mass Storage Mode and copy the universal_gb_root_v25 by maungpauk.zip to your SD card.
ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး USB ကနေတစ်ဆင့် ဖုန်းရဲ့ SD card ထဲကို ထည့်လိုက်ပါ.. (ဒါက ကွန်ပျူတာနဲ့ဒေါင်းထားမှပါ.. တစ်ခြားတစ်ခုခုနဲ့ဒေါင်းထားရင်လည်း တစ်နည်းပေါ့.. အဓိက က ဖုန်းရဲ့ SD card ထဲကို universal_gb_root_v25 by maungpauk.zip ဆိုတာလေး ရောက်သွားဖို့ပါပဲ)

2.  Disconnect your device and shut it down.
ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ထားတာကနေ ဖြုတ်လိုက်ပြီး ပါဝါပိတ်လိုက်ပါ..

3.  Press and hold the Home button + Power button and let them once your device boots into recovery mode.
ဖုန်းရဲ့ Power ခလုပ် + Home button ကိုနှစ်ခုစလုံး ပြိုင်တူဖိထားလိုက်ရင် ခဏအကြောမှာ recovery mode ကိုရောက်မှာဖြစ်ပါတယ်..

4.  Use the Volume Up and Down keys to highlight to apply update from sdcard and press the home button to select it.
Volume Up+ ခလုတ်နဲ့ Volume Down- ခလုပ်ကို အသုံးပြုပြီး apply update from sdcard ဆိုတာကိုရောက်အောင်ရွေ့ပါ.. ရောက်ရင် Home button ကိုတစ်ချက်နှိပ်လိုက်ပါ..

5.  Locate and select universal_gb_root_v25 by maungpauk.zip to flash the file.
ထပ်မြင်ရတဲ့နေရာဟာ SD card ထဲကဖိုင်တွေဖြစ်ပြီး အဲဒီထဲမှာ universal_gb_root_v25 by maungpauk.zip ဆိုတာကို အပေါ်မှာပြောခဲ့သလို Volume ခလုပ်တွေ အသုံးပြုပြီး ရွှေ့ပါ. ရောက်ရင် home ကိုတစ်ချက်နှိပ်လိုက်ပါ..

6.  Once you see the install from sdcard complete message, highlight and select reboot system now.
ခဏကြာရင်တော့ Install from sdcard complete ဆိုတဲ့ message ပေါ်လာရင် reboot ဆိုတာကို ရွှေ့ပြီး နှိပ်ပေးလိုက်ပါ..  

Your Galaxy Ace should be rooted once it reboots!
Galaxy Ace ဖုန်းလေးမှာရဲ့ App Lists ထဲမှာ SuperSu တွေ့ပြီဆိုရင် Rooting လုပ်ငန်း ပြီးဆုံးပါပြီ...

Be OK !

 

 


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ