Our social:

Latest Post

June 29, 2015

ဖုန်းတစ်လုံးရဲ့ network ပိုင်းကို လေ့လာကြည့်ရင် သိကြောင်းစရာ အချက်အလက်များ


ဖုန်းတစ်လုံးရဲ့ network ပိုင်းကို လေ့လာကြည့်ရင် radio တစ်လုံးရဲ့ လုပ်ဆောင်ချက်အပေါ်မှာ
အခြေခံထားတာကိုတွေ့ ရပါတယ်။ data အချက်အလက်တွေကိုတစ်နေရာကနေတစ်နေရာသယ်ဆောင်
တဲ့အခါ radio frequency (RF) ကို carrier wave အဖြစ်အသုံးပြုကြပါတယ်။ဒီနေရာမှာအသုံးပြုတဲ့ 
band width တော့ကွာခြားမှုရှိပါတယ်။ 
RF frequency ကို အကြမ်းအားဖြင့် 3KHZ မှ 300GHZ အတွင်း သတ်မှတ် ထားကြပါတယ်။
300GHZ နဲ့ အထက်လိုင်းတွေကိုတော့ Infrared အနီအောက်ရောင်ခြည်၊ Light-Ultraviolet X-Rays
ဓါတ်မှန် ရောင်ခြည်၊ Gamma-Rays. အစရှိတဲ့ ဓါတ်မှန်ရောင်ခြည်အဖြစ်သတ်မှတ်ကြပါတယ်။ radio frequency တွေမှာ လျှပ်စစ် သံလိုက်စက်ကွင်း (Electromagnetic Wave) အနဲအများပေါ်မူတည်ပြီး
စွမ်းအားပမာဏ ကွာခြားမှုရှိပါတယ်။
လူ့ အသုံးအဆောင်ပစ္စည်းများဖြစ်တဲ့ Radio, TV,Smartphone Microwave Oven အစရှိတဲ့ ပစ္စည်းတွေမှာ အသုံးပြုတဲ့
wave ကို Radio wave လို့ ခေါ်ပြီး သူ့ ရဲ့ frequency ဟာ 3KHZ to 300GHZ အတွင်းသတ်မှတ်ကြပါတယ်။
ဒီအထဲမှာမှ smartphone တွေမှာအသုံးပြုတဲ့ frequency ပမာဏဟာ 800MHZ to 2500MHZ အတွင်းအသုံးပြုကြပါတယ်။
smartphone တွေမှာ အသုံးပြုတဲ့ RF လိုင်းအမျိုးအစားကို Duplex system လို့ ခေါ်ကြပါတယ်။
GSM network တစ်ခုမှာ Full-Duplexer system ,Internet data packet, SMS, အစ၇ှိတဲ့ အချက်အလက်တွေကို 1800MHZ ပမာဏ ရှိတဲ့ radio လိုင်းပေါ်မှာ Modulation ပေါင်းစပ်ပြီး
တစ်နေရာနဲ့ တစ်နေရာ point to point စံနစ် နဲ့ ပို့ လွတ်ပေးပါတယ်။
ဒီနေရာမှာ ကြုံကြိုက်တုန်း duplex system မှာ full duplex နဲ့ half duplex ဆိုပြီး ထုတ်လွင့်မှုနှစ်မျိုး
ရှိပါတယ်။ full duplex ဆိုတာက မိုဘိုင်းဖုန်းတွေမှာအသုံးပြုတဲ့ စံနစ်ဖြစ်ပြီး
half duplex စံနစ်ကိုတော့ walkie-talkie တွေမှာအသုံးပြုကြပါတယ်။သူတို့ မှာ တစ်ဖက်နဲ့တစ်ဖက်
ဆက်သွယ်ပြောဆိုဖို့  push-to-talk ခလုတ်ကိုနှိပ်ပြီးဆက်သွယ်ကြပါတယ်။
GSM network ပိုင်းအတွက် နိင်ငံအလိုက် အသုံးပြုတဲ့ band width ပမာဏကတော့ ကွာခြားမှုရှိပါတယ်။
ASIA တွင်အသုံးပြုတဲ့ base band version နဲ့  Europe မှာအသုံးပြုတဲ့ baseband version ခြင်းမတူကြပါဘူး။ ဒါကို radio မကိုက်ဘူးလို့ ပြောကြပါတယ်။တစ်ခါတရ့မှာ ဖုန်းတွေရဲ့ firmware
area code တွေမှားတင်မိတဲ့အခါ network ပိုင်းတွေမှာ error တက်တတ်ပါတယ်။ baseband
unknown ဖြစ်ခြင်း IMEI မကိုက်ခြင်း စသဖြင့် ကြုံတွေ့ ရပါတယ်။ဒါကတော့ network ပိုင်းမှာပါဝင်တဲ့
RF လိုင်းတွေရယ် GSM ဆင်းကပ် တွေနဲ့ ပတ်သက်တဲ့ ဗဟုသုတ လေးတွေပါ။
လက်တွေ့ ပိုင်းအရတော့ network ပိုင်းတွေမှာ အဓိက ပါဝင်တဲ့အိုင်စီတွေနဲ့ သူတို့ ထဲမှာပါဝင်တဲ့
အစိတ်အပိုင်းတွေရယ်၊ သူတို့တစ်ခုခြင်းဆက်စပ်အလုပ်လုပ်ပုံတွေကို ဥာဏ်မှီသလောက်ပြောပြပေးပါ့မယ်။
Network ပိုင်းမှာအဓိကပါဝင်တဲ့ အိုင်စီတွေကတော့
(1) RFMD (RF 3228)
(2) RF Transceiver (RTR 6285)
(3) PA (6340)
(4)RF Transceiver (RTR 6500)
နဲ့  အခြား DUPLEXER ပတ်လမ်း ၊SAW Filter ပတ်လမ်းများ ပါဝင်ပါတယ်။
(1) RFMD (RF Micro Devices) 
ဒီအိုင်စီလေးကတော့ Quad-band Antenna switchplexer အိုင်စီလေးဖြစ်ပါတယ်။
Multi mode Multi band အမျိုးအစားဖြစ်ပြီး 800MHZ,900MHZ,1800MHZ,1900MHZ,
အားလုံးအသုံးပြုနိင်အောင်တည်ဆောက်ထားပါတယ်။
logic control ငုတ် ၄ခုပါဝင်ပြီး၊အ၀င်ပိုင်းအတွက် rx ၂လိုင်း၊ အင်တာနာ အ၀င်တစ်လိုင်းစုစုပေါင်း
သုံးလိုင်းပါဝင်ပါတယ်။ အထွက်ပိုင်းလဲ သုံးလိုင်းရှိပါတယ်။
VDD အနေနဲ့  3.5V ကို VPH PWR လိုင်းကနေ တိုက်၇ိုက်ယူထားတဲ့အတွက် RFMDေ၇ှာ့ဖြစ်ပြီး
ပါဝါသေလာတဲ့ဖုန်းတွေမကြာခဏတွေ့ ၇ပါတယ်။
GSM PA ပိုင်းအတွက်Low-band,High-band နှစ်ခုခွဲပြီး ချဲ့ ထွင်ပေးခြင်း၊ RF Modulator အပိုင်းပါဝင်ပြီး
RF လိုင်းများကိုထုတ်လွင့်ခြင်း၊လက္ခံခြင်းများပြုလုပ်ပေးပါတယ်။
(2) RF Transceiver 
ဒီအိုင်စီ၇ဲ့ အတွင်းပိုင်းဖွဲ့ စည်းပုံကတော့ပိုမို၇ှပ်ထွေးပါတယ်။ RX,TX, တွေ၇ဲ့ အ၀င်အထွက်လိုင်းများ၊
TCXO Clock လိုင်းများ၊ GPS Tune, WLAN အပိုင်းများ Baseband အပိုင်းများ၊DAC အပိုင်းများ
စတဲ့ RF Signal ကို ထုတ်လွင့်တဲ့အပိုင်းရော၊လက္ခံတဲ့အပိုင်းပါပေါင်းစပ်ထားတဲ့ service အိုင်စီလေးပါ။
(3) PA (Power Amplifier )
ဒီအိုင်စီလေးကတော့ RX IN အပိုင်းမှာ လျှော့နည်းသွားတဲ့ RF Signal တွေကို ချဲ့ထွင်ပေးရတဲ့အပိုင်း
လဲဖြစ်ပါတယ်။ ဒီအိုင်စီကိုလဲ vdd အဖြစ် VPH PWR လမ်းကြောင်းကပဲယူထားတဲ့အတွက် pa ရှော့
ဖြစ်ရင်ပါဝါ မနိုးနိင်တော့ပါဘူး။တကယ်လို့  pa မကောင်းရင်လဲ CDMA network တွေမှာ
3G ပျောက်ပြီး 1X ပဲတက်တဲ့ error တွေကြုံရတတ်ပါတယ်။ဒီလိုအခြေအနေမှာ ကြိုးကျော်ခြင်း၊
အမျိုးအစားမတူသည့် pa ကိုထည့်မိမယ်ဆိုရင် ဖုန်းခေါ်ရ်ျလုံးဝမရတာမျိုးဖြစ်တတ်ပါတယ်။
software အရ clear data လုပ်ကြည့်လို့ မရရင်တော့ pa လဲမှပဲအဆင်ပြေမှာပါ။
pa တွေမှာ CDMA PA နဲ့ GSM PA ဆိုပြီးရှိတဲ့အတွက် CDMA PA ဆို၇င် 6340,5404,5405,
အစ၇ှိတဲ့နံပါတ်တွေအဆင်ပြေပါတယ်။
(4) RTR 6500 RF Transceiver
ဒီအိုင်စီကတော့ CDMA Network အတွက်အသုံးပြုတဲ့အိုင်စီဖြစ်ပါတယ်။အထက်မှာဖော်ပြခဲ့တဲ့
RTR 6285 ရဲ့  function တွေအားလုံးနည်းပါး ပါဝင်ပါတယ်။
8813 တွေမှာတော့ TX OUT အပိုင်းကို ဒီအိုင်စီကနေ ထုတ်ယူထားတာတွေ့ ၇ပါတယ်။
PRX Cell, DRX Cell အပိုင်းတွေပါဝင်တာလဲအတူတူပဲတွေ့ ရပါတယ်။
RF အ၀င် လိုင်းအနေနဲ့  Ant ကတဆင့်ဝင်ရောက်လာပြီး QUAD-BAND Ant switch ic ဖြစ်တဲ့ RFMD ၇ဲ့ 
Pin-no 17 ကိုရောက်ရှိလာပါတယ်။ RX လိုင်းနှစ်ခုဖြစ်တဲ့ EGSM,GPCS လိုင်းတွေကတော့ pin 14 နဲ့ 
13 ကနေ၀င်ရောက်ပါတယ်။ GSM Low-band နဲ့ High-band ကတော့ pin 1 နဲ့ 3ကနေ၀င်ရောက်ပါတယ်။
EDGS အပိုင်း၇ဲ့  Amplitude Modulation အထွက်ပိုင်းကို တော့ pin 4 ကထိန်းချုပ်ပေးပါတယ်။
Antenna switch အပိုင်းကိုတော့ digital control ငုတ်တွေဖြစ်တဲ့ pin 6,7,8,9, တို့ကထိန်းချုပ်ပေးပါတယ်။ modulation လုပ်ပြီး ထွက်လာတဲ့ TRX Cell rf လိုင်းတွေဟာ Pin 16 ကနေတဆင့်ထွက်လာပါတယ်။
၎င်း TRX လိုင်းကို Duplexer အပိုင်း saw filter အပိုင်းတွေဖြတ်သန်းစေပြီး PA ရဲ့ pin 2 ကိုဝင်ရောက်ပါတယ်။pa အထွက် လိုအပ်တဲ့ dc mode နှစ်ခုကိုတော့ RTR 6500 ကနေ ထိန်းချုပ်
ထားတာတွေ့ ၇ပါတယ်။ လိုအပ်တဲ့အခြေအနေမျိုးမှာ လိုင်းကိုချဲ့ ထွင်ပေးနိင်၇န်ထိန်းချုပ်ပေးထားတာပါ။rf အထွက်ပိုင်းကိုတော့
pa ရဲ့ Pin 9 ကနေ ထုတ်ပေးထားပါတယ်။
RX Cell တွေနဲ့ အတူပါလာတဲ့ digital audio code တွေ ကို low frequency အနေ သို့ ပြန်ပြောင်း
ပေးဖို့ လိုအပ်ပါတယ်။ဒီအပိုင်းကို RTR 6285,RTR6500, အိုင်စီတွေကနေ convert ပြန်ပြောင်းပေးပါတယ်။
ထိုမှတဆင့် PRX,DRX data လမ်းကြောင်း၈ခုဖြင့် CPU အိုင်စီသို့ ပို့ ပေးပါတယ်။
CPU အတွင်းရှိ DAC အပိုင်းမှ လိုအပ်တဲ့ Analog audio signal ကို ပြန်ထုတ်ပေးပါတယ်။
ဒီအပိုင်းမှာCPU တစ်ခုနဲ့တစ်ခု output ပိုင်းကို ထုတ်ပေးတဲ့ပုံစံခြင်းမတူကြပါဘူး။
တစ်ချို့ CPU တွေ အသံပိုင်းကို speaker သို့ တိုက်ရိုက်မောင်းနှင်ထားပြီး၊အချို့ ကတော့ 
amp အပိုင်းတဆင့်ခံထားတာတွေ့ ရပါတယ်။
network ပိုင်းအတွက် solution ကတော့ တစ်ခုနဲ့ တစ်ခုတူညီနိင်မှာမဟုတ်ပါဘူး။
အဓိက ကတော့ network ပိုင်းမှာ ဗို့ လိုင်းတွေကိုအဓိကအသုံးပြုထားတာမဟုတ်ပဲ
rf frequency ကိုအသုံးပြုထားတာဖြစ်တဲ့အတွက် မီတာဖြင့်တိုင်းကြည့်ရင်တော့ short ပတ်လမ်းတွေပဲ
တွေ့ ရမှာဖြစ်ပါတယ်။ ကွိုင်လေးတွေ ၊ကွန်ဒင်ဆာလေးတွေနဲ့ frequency ကိုထိန်းချုပ်ထားတဲ့အတွက်
၎င်း components လေးတွေ ပြုတ်နေခြင်း၊ ပျက်စီးနေခြင်းများရှိပါက network ပိုင်းတွင် error တက်လာ
နိင်ပါတယ်။ဖုန်းတစ်လုံးအတွက် အကျယ်ပြန့် ဆုံးအပိုင်းလဲဖြစ်တာကြောင့် ကျွန်တော်ဥာဏ်မှီသလောက်ကတော့ ဒီလောက်ပါပဲ။ အားလုံးကိုကျေးဇူးတင်ပါတယ်။

Credit :ဖိုး စပ် စု

ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ

♪ BOOM BEACH V22.70 APK + OFFLINE DATA ♫


boom_beach

စစ်တိုက်တဲ့ Game ကိုမှ နည်းဗျူဟာကျကျ တိုက်လိုသူများအတွက် Boom Beach ဆိုတဲ့ Game လေးကို တင်ပေးလိုက်ပါတယ်ဗျာ။ ကိုယ့်ရဲ့စခန်းကိုတော့ ပထမဆုံးတောင့်တင်းအောင်အရင်တည်ဆောက်ရမှာပေါ့ ဗျာ။ ပြီးသွားပြီဆိုရင်တော့ တဖြည်းဖြည်းနဲ့ မိမိကိုတိုက်ခိုက်တဲ့ စစ်တပ်တွေကိုပြန်လည်းခုခံတိုက်ခိုက်လာ မယ် နောက်ပိုင်းမှာတော့ အခြားသောနယ်မြေမှစစ်တပ်များကိုသွားပြီးတိုက်ခိုက်မှာပေါ့ဗျာ။ တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ စစ်တိုက် Game လေးတစ်ခုဖြစ်ပါတယ်ဗျာ။ Apk ကို Install လုပ်ပြီးတာတဲ့ com.supercell.boombeach ဆိုတဲ့ Folder လေးကို Copy ကူးပြီး SD Card ထဲက Android ထဲက Obb ထဲမှာ Paste လုပ်ပေးပြီးတာနဲ့ကစားနိုင်ပါပြီဗျာ။

FEATURES
- Play with millions of other players, raid hundreds of enemy bases for loot
- Battle for control of precious resources to upgrade your base against enemy attacks
- Explore a huge tropical archipelago and discover the mysterious power of the Life Crystals
- Face fearsome Blackguard Bosses and uncover their evil plans
- Join other players to form an unstoppable Task Force to take on co-op missions
Under our Terms of Services and Privacy Policy, Boom Beach is allowed for download and play only for persons 13 years or over of age without parental consent.
Note: A network connection is required to play
Parent's guide:
http://www.supercell.net/parents
Privacy Policy:
http://www.supercell.net/privacy-policy/
Terms of Service:
http://www.supercell.net/terms-of-service/


Boom Beach - screenshot

Boom Beach - screenshot

Boom Beach - screenshot

Boom Beach - screenshot

Boom Beach - screenshot

Boom Beach - screenshot

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ

Samsung Galaxy Tab E ကို ထိုင်ဝမ်တွင် မိတ်ဆက်

၆

Samsung က ထိုင်ဝမ်ရှိ သူ၏ ၀က်ဆိုက်တွင် Galaxy Tab E တက်ဘလက်ကို မိတ်ဆက်လိုက်ပါ သည်။ ဈေးနှုန်းသက်သာပြီး ဒေါ်လာ ၂၂၆ ၀န်းကျင် ဖြင့် ယခုလကုန်တွင် ထိုင်ဝမ်၌ ရောင်းချမည် ဖြစ် သည်။

Galaxy Tab E တွင် ၉.၆ လက်မ 1280×800 play, 5MP Rear Camera, 2MP Selfie Camera, 1.3GHz Quad-Core Processor, 1.5GB RAM, 8GB Storage, 5000mAh Battery တပ်ဆင်ထားပါသည်။ Android 4.4 KitKat မောင်းနှင်မည် ဖြစ်ပြီး နောက်ဆုံးထုတ် Android 5.0 Lollipop မဟုတ်ပါ။

WiFi ဆက်သွယ်မှုပါသော်လည်း Mobile Data ကို အသုံးပြု၍ မရပါ။ Mobile Data အသုံးပြုနိုင်သော အမျိုးအစားကို နောက်ပိုင်းတွင် ရောင်းချမည် ဖြစ်သည်။


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


စမတ်ဖုန်းကင်မရာဖြင့် ရိုက်ကူးသည့်ဇာတ်လမ်းတိုပြိုင်ပွဲ ကျင်းပမည်

image01

စမတ်ဖုန်း ကင်မရာဖြင့် ဇာတ်လမ်းတိုရိုက်ကူးပြီး ပြိုင်ပွဲဝင်နိုင်မည့် Smartphone film festival ကို ၂၀၁၅ ခုနှစ် သြဂုတ် လအတွင်း ကျင်းပသွားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း Yangonheartz business solution Co.,Ltd မှ သတင်းထုတ်ပြန်ပါသည်။

ပြည်တွင်းတွင် သုံးစွဲမှုမြင့်တက်လာသည့် Smartphone ကိုင်ဆောင်သူ များ၏ အနုပညာပိုင်းဆိုင်ရာ တီထွင်ဖန်တီးမှုများ အား ဖော်ထုတ်ပြသရန် အတွက် စီစဉ်ကျင်းပရခြင်း ဖြစ်ပြီး လူမျိုးတိုင်း၏ ယဉ်ကျေး မှု ဓလေ့စရိုက်များ၊ နေ့စဉ်နေထိုင်မှုဘ၀၊ လွတ်လပ်သည့်လှုပ်ရှားပျော်ရွှင်မှု၊ ဓလေ့ထုံးစံနှင့် အနုပညာ ဖန်တီးမှုများ အား နည်းပညာဖြင့် ဖော်ထုတ်ပြသသွားရန် အတွက် မိမိတို့လက်ထဲမှာ ရောက်ရှိနေပြီး မိမိတို့ခေတ်ရဲ့ ရှင်သန်မှု တစ်စိတ်တစ်ပိုင်းဖြစ်လာသည့် မိုဘိုင်းဖုံး များဖြင့် မှတ်သားရိုက်ကူး ထားသည့် မိမိတို့ရဲ့အမှတ်တရများ၊ စိတ်ကူးနဲ့ ပုံဖော်မှုများအား အလျှင်မြန်ဆုံးနဲ့ အပြောင်မြောက်ဆုံး တင်ဆက်ပြသသွားနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ 

Smartphone film festival သည် short film အမျိုးအစားအဖြစ် အဓိကပါဝင်ပြီး ကြာမြင့်ချိန် ၅ မိနစ်မှ ၁၀ မိနစ်အထိ သာ ကန့်သတ်ထားသည့် movie clip များဖြင့် ၀င်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။

ဆုအမျိုးအစား ၃ ဆုခွဲခြားချီးမြင့်မည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များအား smartphone film festival ၏ တရားဝင် website ဖြစ်သော www.spffmm.com တွင် update များတင်ပြပေးမည်ဖြစ်ပြီးFB.com/pages/Smartphone-Film-Festival-Yangon မှာလည်း ၀င်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

ယခုကျင်းပသည့် Smartphone Film Festival သည် မြန်မာပြည်တွင် ပထမဦးဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပြီး စုံစမ်းမေးမြန်းမှုများအတွက် ၀၉၉၇၅၄၃၂၈၇၅ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။


Mobile Guide Journal

ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


အစိတ်အပိုင်းများကို လဲလှယ်နိုင်သော Fairphone 2 ကို ကြေညာ

၅

အမ်စတာဒမ် အခြေစိုက် ကုမ္ပဏီက Fairphone 2 ကို ရောင်းချတော့မည်ဖြစ်သည်။ Fairphone သည် Modular Design ဖြစ်ပြီး အစိတ်အပိုင်းများကို လဲလှယ်နိုင်ပါသည်။ ထို့အတွက် ကင်မရာ မကောင်းတော့လျှင် ဖုန်းအသစ်တစ်လုံး ၀ယ်ရန် မလိုတော့ဘဲ ကင်မရာကိုသာ ဖြုတ်၍ ပိုမိုကောင်းသော ကင်မရာတစ်ခုနှင့်လဲလှယ်နိုင်ပါသည်။

ကင်မရာအပြင် CPU, Microphone, play နှင့် အခြား အစိတ်အပိုင်းများကို လဲလှယ်နိုင်ပါသည်။ ဖုန်းတွင် Android 5.1 Lollipop မောင်းနှင်မည် ဖြစ်ပြီး ငါးလက်မ 1080p play တပ်ဆင်ထားပါသည်။ မျက်နှာပြင်ကို Gorilla Glass 3 ဖြင့် ကာကွယ်ထားပါသည်။ Snapdragon 801 Chipset, 2GB RAM, 8MP Camera တပ်ဆင်ထားပါသည်။ 4G LTE ကို ထောက်ပံ့ပေးပြီး SIM Slot နှစ်ခု၊ microSD Card Slot တစ်ခု ပါရှိပါသည်။

ဥရောပတွင် ယူရို ၅၂၅ ဖြင့် ယခုနှစ်ဆောင်းရာသီတွင် ရောင်းချမည် ဖြစ်သည်။



ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


Android Phone ရဲ့ ကင်မရာကို အသုံးချနည်း လေးနည်း

1

Android Phone မှာ ကင်မရာဟာ မပါမဖြစ်တဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ကင်မရာကနေ နေ့စဉ် လူနေမှုဘ၀တွေကို မှတ်တမ်းတင်ပြီး လူမှုကွန်ရက်တွေမှာ မျှဝေနိုင်ပါတယ်။ ဒါပေမယ့် Android Phone နဲ့ Tablet တွေမှာ ပါတဲ့ ကင်မရာဟာ သင်ထင်ထားတာထက် အသုံးဝင်ပါတယ်။

Apps တွေကို အသုံးချပြီး Android Device ရဲ့ ကင်မရာကို ကလေးစောင့်ကြည့်တဲ့ ကင်မရာ၊ နေအိမ် လုံခြုံရေး ကင်မရာ၊ ကားမှာ တပ်ဆင်တဲ့ Dash Cam ၊ ပုံနှိပ်စာရွက်စာတမ်းတွေကို Scan ပြုလုပ်နိုင်တဲ့ Scanner နဲ့ ညအချိန်မှာ ကောင်းကင်ယံကို ကြည့်ရှုနိုင်တဲ့ Telescope အဖြစ် အသုံးပြုနိုင်ပါတယ်။

Dash Cam
ယာဉ်တိုက်မှုဖြစ်ပွားရင် ဘယ်သူ့အမှားလဲဆိုတာ သိနိုင်ဖို့ ကားမှာ Dash Cam တွေ တပ်ဆင်အသုံးပြုမှု များပြားလာနေပါတယ်။ စမတ်ဖုန်း ဒါမှမဟုတ် တက်ဘလက်တစ်ခုရှိရင် Dash Cam သီးခြား ၀ယ်စရာပါဘူး။ စမတ်ဖုန်း၊ တက်ဘလက်ကို ကားရဲ့ Dashboard ပေါ်မှာ Stand or Holder တစ်ခုနဲ့ တင်ထားပြီး Dash Cam လို အသုံးပြုဖို့ သင့်တော်တဲ့ App တစ်ခုခုကို အသုံးပြုနိုင်ပါတယ်။ Dash Cam Apps များစွာ ရှိပြီး Navigation လို့ ခေါ်တဲ့ တည်နေရာညွှန်ပြမှု စွမ်းဆောင်ချက်ပါပါတဲ့ Apps များကတော့ DailyRoads Voyager, CaroO, AutoGuard Dash Cam , CamOnRoad တို့ ဖြစ်ပါတယ်။ အဲဒီ Apps များကို Google Play Store ကနေ ရယူနိုင်ပါတယ်။

အဲဒီ Apps များဟာ သင့်ကား ရှေ့မှ မြင်ကွင်းများကို စဉ်ဆက်မပြတ် ဗီဒီယို ရိုက်ကူးပေးနေပြီး နေ့စွဲ၊ အချိန်၊ အမြန်နှုန်းများနှင့်တကွ မှတ်တမ်းတင်ပေးနိုင်ပါတယ်။

1
  
Baby or Security Camera
သင့်မှာ Android Phone, Tablet အဟောင်းတစ်ခုရှိရင် နေအိမ်လုံခြုံရေးနဲ့ ကလေးစောင့်ကြည့်တဲ့ ကင်မရာ အဖြစ် အသုံးပြုနိုင်ပါတယ်။ ဖုန်းအဟောင်းမှ ကင်မရာကနေ ကလေးနဲ့ နေအိမ်ကို စဉ်ဆက်မပြတ် ဗီဒီယိုရိုက်ကူးပေးနေမှာ ဖြစ်ပြီး အခြား Android Phone ဒါမှမဟုတ် ဘရောက်စာတစ်ခုကနေ အဝေးမှ ကြည့်ရှုနိုင်ပါတယ်။
ကလေးစောင့်ကြည့်ဖို့အတွက် Dormi ဆိုတဲ့ App ကို အသုံးပြုနိုင်ပါတယ်။ နောက်ထပ် ရွေးချယ်စရာတွေက Baby Monitor & Alarm , BabyCam တို့ ဖြစ်ပါတယ်။

နေအိမ်လုံခြုံရေးအတွက်တော့ လှုပ်ရှားမှုကို အာရုံခံနိုင်ပြီး Video Upload စွမ်းဆောင်တွေပါတဲ့ Smart Home Security WardenCam နဲ့ Home Security IPCamera တို့က အကောင်းဆုံးပါ။

2

Document Scanner
ပုံနှိပ်စာရွက်စာတမ်းတွေကို Scan ပြုလုပ်ဖို့ Scanner တွေ မလိုအပ်တော့ပါဘူး။ စမတ်ဖုန်းတစ်လုံးရှိရင် အဆင်ပြေပါပြီ။ စာရွက်စာတမ်းတွေ၊ ငွေရပြေစာဖြတ်ပိုင်းတွေ၊ Business Cards တွေနဲ့ အခြား ပုံနှိပ်စာရွက်တွေကို တိတိကျကျ ဖတ်ရှုပြီး PDF ဖိုင်လို ကွန်ပြူတာနဲ့ မိုဘိုင်းဖုန်းမှာ ဖတ်ရှုနိုင်တဲ့ ဖော်မက်အဖြစ် ပြောင်းလဲပေးနိုင်တဲ့ Apps များစွာ ရှိပါတယ်။

Google Drive App မှာ စွမ်းဆောင်ရည်မြင့်တဲ့ Scan စွမ်းဆောင်ချက်ပါရှိပါတယ်။ Scan ပြုလုပ်လိုက်တဲ့ စာရွက်စာတမ်းတွေကို ဖုန်းမှာ သိမ်းနိုင်သလို Cloud မှာ သိမ်းနိုင်ပါတယ်။ CamScanner ကလည်း တည်းဖြတ်နိုင်တဲ့ စွမ်းဆောင်ချက်များစွာပါတဲ့ ကောင်းမွန်တဲ့ App တစ်ခုပါ။

3

Telescope
Star Walk ကတော့ ညအချိန် ကောင်းကင်ယံမှ မြင်ကွင်းများကို Augmented Reality မြင်ကွင်းနဲ့ ပြသပေးနိုင်ပါတယ်။ ညအချိန် ကောင်းကင်ယံကို ဖုန်းကင်မရာနဲ့ ချိန်ရွယ်လိုက်တာနဲ့ Star Walk က ပဉ္စလက်ဆန်တဲ့ ပြကွက်ကို ဖန်တီးပေးမှာပါ။ ကြယ်များနဲ့ ကြယ်တာရာများကို Zoom ဆွဲကြည့်နိုင်ပါတယ်။ App မှာ ဂလက်ဆီထဲမှ ကြယ်များနဲ့ ဂြိုလ်များ အကြောင်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များစွာကို ပံ့ပိုးပေးထားပါတယ်။

SkEye နဲ့ Star Chart တို့ကလည်း ကောင်းမွန်တဲ့ ရွေးချယ်စရာတွေပါပဲ။ Telescope Zoomer ကတော့ Phone Camera App ရဲ့ ကန့်သတ်ချက်ကို ကျော်လွန်ပြီး အရာဝတ္ထုတွေကို ၁၀၀ ဆ ချဲ့ကြည့်နိုင်အောင် ပြုလုပ်ပေးထားပါတယ်။ ( ၁၀၀ ဆလောက်ချဲ့ကြည့်ရင်တော့ ကြည်လင်ပြတ်သား စွာ မြင်ရမှာ မဟုတ်ပါဘူး။ )

4


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ

မိမိဘလော့လေးမှာ နည်းပညာ ဘလော့-APK Download Link လေးတွေ ကို ( Logo )လေးတွေနဲ့ထားကြမယ်

 မိမိဘလော့လေးမှာ နည်းပညာ ဘလော့-APK Download Link လေးတွေ ကို ( Logo )လေးတွေနဲ့ထားကြမယ် ဆိုရင်
                 အောက်ကပုံလေးကို ကြည့်ပြီး....HTML/ Code လေးကို ယူပြီး အသုံးပြုနိုင်ပါတယ် ခင်ဗျာ..
                    
    တစ်ခုပြောချင်တာကတော့.. အိုင်တီစွယ်စုံ apk ထဲမှာအားလုံးထည့်ရေးပြီးသားဖြစ်ပါတယ်
   နည်းပညာရှင် ဆြာ များ ဘလော့တွေကို သိသလောက် မှတ်သလောက်ထည့်ပေးပြီးဖြစ်ပါတယ်..

                               


HTML/Code ကိုအောက် မှာ  Copy >> ယူပြီး... Design ကနေ Layout>>> ကနေ Add a Gadget >> HTML/JavaScript ကနေ ၀င်ထည့်ပေးပါ..
<a href="https://app.box.com/s/qcuux740dnija15qcja7fjgd1373cxoc"
target="_blank"> <img style="width: 280px; height:50px;"
src="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2kvFtMp9Y-ZcGi0zUoOhaUBG0BZfHnU_bun4UCo76n-0uIvNom19DxpsQ1vTcEPwUslUMIAim2UcHRf3TuvUp9v4Tla0p7TUD_eaGJP1ulH0Ms9CobS39Tng27fShcg6zg91bsL-Dkjo/s320/tiapk.JPG""/> </a>


<a href="https://www.mediafire.com/?fkuww4sscno72xm"
target="_blank"> <img style="width: 280px; height:50px;"
src="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimStZDeJJ7HoJBIlm4ZWbPtFL-pOayK712OCAp7wVqVG9flXafrLvuwe8v6gajgF5QlYh4OXw-lZIkKZHmUj7QyP8bJF3tFvb_CzUwaSsaj4Klo122zYZYwFD4a54tkNyVhF5w3mjWkKM/s1600/ko+aung+tun+apk.JPG"
alt=""/> </a>


<a href="https://app.box.com/s/9wiypz6609y3384jt08ni5tu59jgsei7"
target="_blank"> <img style="width: 280px; height:50px;"
src="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuHX6yQDOQevEJ7DmQaqU3KnvsAME0YubsXR4TFZUOPBLVbYR96DFFiVdyleRSn2rO7B4WDGF6NLeaIQ1mo14w5Rdf5mlCe3JTrw-5_Yx95-1ZFYR8ZnHeRqw5phcxGKg6_iHv-iYoOHQ/s1600/blogger+ap.JPG"
alt=""/> </a>


<a href="https://app.box.com/s/8f5w7joiu8tm7tg090qhijg6ph19g52e"
target="_blank"> <img style="width: 280px; height:50px;"
src="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4dL1tFjZUrCN5_tSvEF_u_1Tv4GMn_Nh7ngj5xdO9Psex-OSjtpIMcr9p7wXIpiThBLR0j77H6NYTW2iy0OGEQ9Tl1Zg88M-KWaYe3uE2qPnSDqIxyHDteX3BviQj0o1jeMMBS5zeU32F/s1600/Romain.JPG"
alt=""/> </a>


<a href="https://my.pcloud.com/publink/show?code=eCEitalK"
target="_blank"> <img style="width: 280px; height:50px;"
src="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu91Wp-lbRSkNzXSKjGoUX4911cnsNwMhIr7F2W_XMMSlrqpOXL85tkgxOP09CKkI3kY3YWqFaKeO5wZ8uD-C1V1FkNCSzSjD43sbaQXTqV4wJrwQ6FhQBXkJiFxPgq9ISGVg8FSdjfqVQ/s1600/360+root.JPG"
alt=""/> </a>


<a href="https://app.box.com/s/xh5onktmjl8y0dv7natpo97lc3wyhz3e"
target="_blank"> <img style="width: 280px; height:50px;"
src="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYkAxR8sDoMCBhwRpAZej82GJuaNAsm3x7NORBmK4U6Fg78MadmyOl_Ot3EhPZCIoBpq7XYjZceW2hBOIHeBAlEAilbgKKjp-vgYE-cuaOkaIbZbGs8oOZx8NRHEvhY3rMvf3yJDBMXYBF/s1600/mppg.JPG"
alt=""/> </a>


<a href="https://app.box.com/s/rm621d1m0vayucmki8usglveg19tcish"
target="_blank"> <img style="width: 280px; height:50px;"
src="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd2sbXcMq7dSeTaTwlj0gPtftN3FQvofUapAAV5c9AC7exxYlASyoyhTRJUFSdVl4Bc2nC3n3CJ-YTTC0142UhoNBWx7NGHmxU8cGLZlISmAMi9VWKCWxQwox7uG_lMFrT_ND-VQj2LiZA/s1600/copy+link.JPG"
alt=""/> </a>


အားလုံးအဆင်ပြေကြပါစေ..


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ