Our social:
Latest Post
June 29, 2015
ဖုန်းထဲကနေမြန်မာသီချင်းခွေတွေကို ဒေါင်းယူနားဆင်နိုင်မည့် MYANMAR MUSIC CHANNELS.APK SIZE(3.2MB)
သူငယ်ချင်းတို့ဖုန်းမှာ မြန်မာသီချင်းအခွေသစ်များကို ဒေါင်းလုပ်ရယူနားဆင်နိုင်မည့် Myanmar Music Channels APK ကိုတင်ပေးလိုက်ပါတယ်။အရမ်းကောင်းတဲ့ APK လေးဖြစ်လို့ ပြန်ရှယ်ပေးလိုက်တာပါ
မြန်မာသီချင်းအခွေများကို ဒေါင်းယူလိုသူများ ဒီ ဖုန်း APK လေးကို ဒေါင်းယူထားနော်
                                             Download Here
ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ
အကောင်းဆုံး App Backup & Restore v4.0.0 Apk
App Backup &Restore for androidလေးပါ.ကျွန်တော်ကတော့ ဒီဆော့ဝယ်လေးပဲသုံးဖြစ်တာများပါတယ်.သုံး၇တာလွယ်ကူတယ်.backupလုပ်မယ့် target ,ကို internal or external ကြိုက်သလိုပြောင်းထားလို့၇ပါတယ်.မိမိbackupလုပ်ထားတာတွေကို App backup & restoreဆိုပြီး folderလေးနဲ့သိမ်းပေးထားမှာဖြစ်ပါတယ်..ပုံမှန်တို၇င် ဒီ appလေးက Play storeမှာ free download ပေးထားပါတယ်.ဒါပေမဲ့ AD ကြေငြာတွေထည့်ထားလို့သုံး၇တာမျက်စိရှုပ်ပါတယ်.အခုအဲ့ဒီ AD ကိုပါဖြုတ်လို့၇တဲ့ AD remover for app backup Us$ 2.8ဒေါ်လာတန်တဲ့ AD removerလေးပါထည့်ပေးထားပါတယ်.အ၇င်ဆုံး app backup & restore ကိုသွင်းပါ.ပြီးမှ ADV Remover for application back upကိုထပ်မံသွင်းပေးလိုက်တဲ့အခါ.ADကြေငြာကိုဖြုတ်ပစ်ပေးလိုက်လို့သုံး၇တာတော်တော်လေးအဆင်ပြေစေပါတယ်.. ဒီကောင်းလေးကိုကြိုက်တယ်ဆိုရင် အောက်မှာဒေါင်းနိုင်တယ်နော်။
 Download Here
ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ
ဖုန်းကို Reset ချမိလို့ contact ထဲ ပျောက်သွားသော သူငယ်များကို ပြန်လည်ရှာဖွေနိုင်တဲ့-Total Backup v5.1.4
Total Backup v5.1.4
မင်္ဂလာပါ
ဒီနေ့တက် စမတ်ဖုန်းအတွက် အသုံးတည့် 
ဆော့ဝဲလေးတစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်၊
တကယ်လည်း လိုအပ်မယ့်ဆော့ဝဲကောင်းလေးပါ၊
ကြုံဖူးကြမှာပါ ဖုန်းက ဂိမ်းကစားလို့ပဲ ဖြစ်ဖြစ်၊
ကြာလာတော့ လေးလန်လာပြီး ဘာမှလုပ်မရဘူး၊
ဆို စိတ်ပေါက်ပေါက်နဲ့ Reset ချလိုက်တော့...
ချစ်သူငယ်ချင်းဘော်ဒါများရဲ့ ဖုန်းနံပါတ်တွေ ပျောက်သွားရော့...P
မျက်လုံးလေး အပြူးသား ဘာလုပ်ရမှန်းမသိနဲ့..ကလစ်ပြီးတော့မှ
တသပ်သပ်နဲ့ လုပ်မိလိုက်လေခြင်း၊ ဘယ်မှသွားရှာရမှန်းမသိ
ခေါင်းစားရတဲ့ အဖြစ်မျိုးပါ၊ ဒီဆော့ဝဲလေးကတော့
အဲဒီလိုမျိုး အခက်အခဲကို ပြန်လည်ဖြေရှင်းပေးနိုင်မယ့်ဆော့ဝဲပါ။
ဒီဆော့ဝဲလေးကို အင်စတောလုပ်ပြီး Restore လုပ်လိုက်တာနဲ့ကို
ပျောက်ပျက်သွားတဲ့ ဖုန်းအ၀င်၊ အထွက်အပါအ၀င် Contact ထဲမှ
ချစ်ဘော်ဒါကြီးများကို အပန်းမကြီးပဲ အကုန်ပြန်ရယူနိုင်မှာဖြစ်ပါတယ်။
 1.7 MB ရှိပါတယ်၊ ဖုန်းအားလုံးမှာ အဆင်ပြေပါတယ်။
Features
Here is a list of features Total Backup offers for free:
1. backup contact joins, groups (for most of your accounts) and call log
2. restore all contact joins, groups and call log at any time
 3. save restore points on internal memory or on external storage and easily manage them
 4. automatic scheduled backups with customizable trigger
(daily, weekly or monthly) and limit
 5. support for zip compression/decompression of restore points
 (can reduce memory usage with over 90% in some cases)
 6. support for restore point encryption by password (using AES algorithm)
7. easy sharing of restore points by email, bluetooth or any other application
that supports zip file format
 8. upload restore points to Google Drive or Dropbox
(requires their own applications installed)
                                   Download Here 
အဆင်ပြေပါစေ
FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)
ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ
ဖုန်းတစ်လုံးမှာမရှိမဖြစ်ဆောင်ထားသင့်တဲ့-Super Backup Pro: SMS&Contacts v1.8.07.03 Apk (နောက်ဆုံး Version)
Android OS တွေမှာ ရှိထားသင့်တဲ့ Application လေးတစ်ခုမျှဝေပေးလိုက်ပါတယ်ဗျာ။ Contacts နဲ့ Message တွေကို Backup / Restore လုပ်ပေးနိုင်တဲ့ Application Updated လေးဖြစ်ပါတယ်ဗျာ။ Backup လုပ်တဲ့ Application တွေအများကြီးရှိတယ်ဆိုပေမယ့် ဝင်းလှိုင်ကတော့ အခုတင်ပေးလိုက်တာလေးကို Recommend လုပ်ပါတယ်ဗျာ။ ဘာလို့လည်းဆိုတော့ ပေါ့ပေါ့ပါးပါးနဲ့ Error ကင်းကင်းအသုံးပြုနိုင်လို့ ဘဲဖြစ်ပါတယ်ဗျာ။ Phone တစ်ခုခုဖြစ်သွားလို့ အစအဆုံး Format ပြန်ရိုက်ရရင်တော့ Contact တွေက ပျက်သွားမှာသေချာပါတယ်။ Contact ဆိုတာမျိုးက ပျက်သွားရင် အတော်လေးကို ကွိုင်တက်ပါတယ်။ မနည်းကိုလိုက်စုပြီး အသစ်ပြန်ရိုက်ရတာမျိုးပါ။ ဒါကလည်း လူတိုင်းသိပြီးသားပါ။ Message ကတော့ဗျာ။ ရိုက်ထားပြီးသားတွေ ပြန်မရနိုင်တော့ပါဘူး။အမှတ်တရMessage တွေရှိတယ်ဆိုရင်တော့ သေပြီဆရာဘဲ။
အဲဒါကြောင့် Message နဲ့ Contact တွေကို Backup လုပ်ထားဖို့လိုပါတယ်ဗျာ။ သိထားပြီးသားအကြောင်း အရာတွေကို ထပ်ပြီးပြောပြနေတာက အရေးကြီးကြောင်းသိစေချင်လို့ပါဗျာ။ သေးသေးကွေးကွေး Application လေးဆိုတော့ တွေ့တုန်းလေးယူထားစေချင်ပါတယ်ဗျာ။ ဒီကောင်လေးကတော့ ဘော်ဒါတို့အတွက် Android OS 2.3 အထက်ကိုသုံးနိုင်ပြီး ဖိုင်းဆိုဒ်လေးကတော့2.1MB ဖြစ်ပါတယ်
Download Here
ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ
Systweak Disk Speedup 3.3.1.16619 Serial Key Final Full Version Size(5MB)
မင်္ဂလာပါ အခုတင်ပေးလိုက်တဲ့ဆော့ဝဲလ်လေးကတော
ကျွန်တော်တို့ ကွန်ပျူတာမှာရှိတဲ့ Hard Disk တွေကို အလုပ်လုပ်တာ မြန်ဆန်အောင်လုပ်ပေးနိုင်မည့် Systweak Disk Speedup ကို တင်ပေးလိုက်ပါတယ် အတော်လေးကောင်းတဲ့ ဆော့ဝဲလ်လေးပါပဲ ကွန်ပျူတာ Boot တက်တာလဲမြန်လာတာကိုတွေ့ရမှာပါကဲလိုအပ်သူများအောက်မှာဒေါင်းယူထားနိုင်ပါပြီဗျာ.......
                                         Download Here
ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ
ဗိုလ်တစ်ထောင် ဘုရား မှ မမြနန်းနွယ် ၏ ဘဝဖြစ်စဉ်
                                     တမလွန်ဘ၀ဖြစ်ရပ်မှန်နှင့် သရဲအကြောင်းပြောသူများ's photo. 
 မြန်မာပြည်ကြီး ထီးရိပ် နန်းရိပ် ကွယ်ပြီ ဆို တော့မြန်မာတစ်ပြည်လုံး တိုင်းရင်းသား အားလုံး ကြိမ်မီးအုံး သည့်နှယ် နှလုံးသား မှာ ခံစားနေကြရသည်။ နယ်ချဲ့ကိုလိုနီ ကို တွန်းလှန် ရန် နေရာဒေသ အနှံ့ လက်နက်စွဲ ကိုင်တော်လှန်ကြသည်။
မြန်မာပြည်ကြီး လွတ်လပ်ရေး ရစေရန် ရှမ်းပြည် ရှိ မိုင်းပွန်စော်ဘွားကြီး စောခွန်တီ သည်လည်း မျိုးချစ်တော်လှန်ရေး သမားဖြစ်ရကား မိဘမဲ့ တူမတော် "နန်းခမ်း" အား ကြည့်ရှုစောင့်ရှောက်ရန် ခက်ခဲလာ သည်။
တော်လှန်ရေးသမား ဆိုတော့ အချိန်ခါ မရွေး နေရာဒေသ အနှံ့ သွားလာ လှုပ်ရှားနေရ သည်။ အရွယ်ရောက်နေသော တူမတော် နန်းခမ်း ကိုခေါ်ဆောင်သွားလို့ က မဖြစ်ဆို တော့
မိုးကုတ်မြို့ မှကျောက်တွင်း သူဌေး ဦးအောင်ဇံ မိသားစု ထံခေါ်သွားပြီး အပ်နှံ ထားရသည်။
နန်းခမ်း အပေါ် ဦးအောင်ဇံ မိသားစု ကလည်း သားသမီး အရင်းပမာ စောင့်ရှောက်ပေးခဲ့ ကြသည်။
တကယ်တော့ စော်ဘွားသွေး ရှမ်းမျိုးနွယ် ဖြစ်သည့် နန်းခမ်း ၏ချောမော လှပမှု ဘာသာ တရား အဆုံး အမအောက် နေသူလေး မို့ မိုးကုတ်မြို့ ကျောက်တွင်း သူဌေးကြီး ဦးဘကောင်း ၏ သား  ကိုချမ်းသာ ကနှစ်သက် သဘောကျလေသည်။
ကိုချမ်းသာ ၏ မိဘ များ ကလည်း သားဖြစ် သူနှစ်သက် သဘောကျနေသည့် နန်းခမ်း အားရွှေလမ်း ငွေလမ်း ခင်း လာကြသည်။ အချိန် ကာလ ၁၈၉၇ ခုနှစ်ဖြစ်သည်။ ကိုချမ်းသာနှင့် မနန်းခမ်း လက်ထပ် ခဲ့ကြ သည်။ သီပေါမင်း ပါတော်မူပြီး ဆယ်နှစ် ကျော် ကာလဖြစ်သည်။
သက္ကရာဇ် ၁၉၀၆ ခုနှစ် ဒီဇင်ဘာ ၂၂ရက် စနေနေ့ (၁၂၆၈ ခုနှစ် ပြာသို လဆန်း ၉ ရက်နေ့ ) မှာ ကိုချမ်းသာ မနန်းခမ်း တို့မှာ မနန်း (ခေါ်) မြနန်းနွယ် ကို မွေးဖွား ခဲ့လေ သည်။
(မောင်နှမ သားချင်း ကိုတော့ စာရေးသူ လေ့လာ မှု အားနည်း လို့ မသိပါ)
 မြနန်းနွယ် တွင် အစ်မကြီး မြနန်းရှင် ညီမငယ် မြနန်းဝေ ရှိသည် ကိုတော့ လေ့လာမှု အရ သိရပါသည်။ အစ်မကြီး မြနန်းရှင် မှာ ညီမလတ်မြနန်းနွယ် လောက် သိပ်မနူးညံ့ ပါ။ ဒေါမာန်ကြီးသည်။ ဒိုးဒိုးဒေါက်ဒေါက် ရှိ ပေသည်။
သို့သော် ဘာသာရေးကိုင်းရှိုင်းပြီး သူ့ဆိုင်ရာ သာသနာ့နယ်မှာ သာသနာပြု နေပါသည်။
အစ်မတော် မြနန်းနွယ် တို့မှာ ကျောင်းပညာ အတန်း ပညာတတ်မြောက် စေရန် မိုးကုတ် မြို့ မှာသာ ပညာ သင်ကြားခဲ့သည်။ 
အတန်း ပညာမှာ ထူးချွန် ထက်မြက် သူမို့ မိဘ များက သားသမီးရှေ့ရေး မျှော်တွေးဆ ကာ အိန္ဒိယ ပြည်သို့ မမြနန်းနွယ် အား တက္ကသိုလ် ပညာ သွားရောက် ဆည်းပူး သင်ကြားစေခဲ့သည်။ မမြနန်းနွယ် သည် အသက်၂၀နှစ် (၁၉၂၆ ခုနှစ်) မှာ အိန္ဒိယပြည် တက္ကသိုလ် မှ ဝိဇ္ဇာ ပညာ ဘွဲ့ ရရှိခဲ့ပါသည်။
မမြနန်းနွယ် သည် သွက်လက် ထက်မြက် သည့် အမျိုးကောင်း သမီးဖြစ်ကာ ဘာသာတရား လွန်စွာ ကိုင်း ရှိုင်းပြီး ပါရမီ ဓာတ်ခံအား ကောင်းသူဖြစ် သဖြင့် တရားထိုင် ပုတီးစိပ်ရုံမျှ မက ဦးရီးတော် ဦးကံသာ ထံမှ တရုတ် လူမျိုး တို့၏ ရှေးဟောင်း ရိုးရာ လက်ဆစ်ချိုး ပညာ စိတ်ဝိဥာဏ်လွှင့် ပညာများ ကိုသင်ယူ နိုင်ခဲ့သည်။
မမြနန်းနွယ် သည် အတိတ် ပါရမီ အားကောင်းခဲ့ ၍ အလှူရေစက် လက်နဲ့ မကွာ လှူဒါန်း ခဲ့တာ မနည်းပေ။ မမြနန်းနွယ် ၏ မိဘ များမှာ လည်း ဒုတိယ ကမ္ဘာစစ်ကြီး ကာလ မှာပင် ရှေ့ဆင့်နောက်ဆင့် ကွယ်လွန် သွားကြောင်း သိရသည်။
credit-ရောင်ပြန် မဂ္ဂဇင်းတွင် မြနန်းရှင်ရေးသားထား သည် ကိုဖော်ပြလိုက် ပါသည်။
ယခုထက်ပြည့်စုံ စွာ ဖတ်လိုလျှင် ပါရမီရှင် မလေး မြနန်းနွယ် ဆိုသည့် စာအုပ် ရှိပါသည်။
 (မူရင်း စာရေးသူအား credit ပေးပါသည်)
admin_Soe Pyae Kyaw
 တမလွန်ဘ၀ဖြစ်ရပ်မှန်နှင့် သရဲအကြောင်းပြောသူများ
ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ
ဖုံးကွယ်ဖျောက်ဖျက် ထားခြင်း ခံရသော ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း
                                               Myanmar Model Girls's photo. 
၁၉၆၂ ခုနှစ် မှ ယနေ့ အထိ ဖုံးကွယ်ဖျောက်ဖျက် ထားခြင်း ခံရသော ဗိုလ်ချုပ်အောင်ဆန်း ၏ မိန့်ခွန်း။
 အောက်ပါ မိန့်ခွန်း မှာ ဂျပန်ခေတ် ၁၉၄၄ ခု၊ မတ်လ ၁၃ ရက်၊ နံနက် အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်း ကျောင်း ဆင်းပွဲ ၌ ဗမာ့ ကာကွယ်ရေး တပ်မတော် စစ်သေနာပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ် အောင်ဆန်း ပြောကြားသော မိန့်ခွန်း တစ်ရပ် ဖြစ်သည်။
ရဲဘော်တို့
ယနေ့ ရဲဘော်တို့ အစု အချို့ဟာ စစ်ဗိုလ်လောင်း ကလေးများ အဖြစ် ဘွဲ့အဆင့်အတန်း ကို ခံယူကြရတော့ မယ်။ ယနေ့ အထိ ရဲဘော်တို့ ဟာ ကျောင်းသားများဖြစ်ပြီး တာဝန်ရယ် လို့ မိမိတို့ အပေါ်မှာ မရှိကြသေး ဘူး။
ယနေ့ကျောင်းက ထွက်ပြီး ဗမာ့ တပ်မတော် အသီးသီး ဋ္ဌာန အသီးသီး  ရာထူး အလုပ်ဝတ္တရား များ ရတာနဲ့ တစ်ပြိုင်နက် ရဲဘော် တို့ အသီးသီး မှာ ကိုယ့် တာဝန်နှင့် ကိုယ့် ၀တ္တရားနှင့် ဖြစ်သွားပြီ။ 
ဒီလို ကိုယ့် တာဝန် ကိုယ့်  ၀တ္တရားနှင့် ဗမာနိုင်ငံတော် နဲ့ ဗမာ့ တပ်မတော် ရဲ့အမှု ကို ထမ်းကြတဲ့ အခါ ရဲဘော်တို့ ကို မှာသင့် မှာ ရာ အချက်တွေ ကို ငါတို့ မှာကြားလိုတယ်။
ပထမဆုံး ရဲဘော်တို့ ကို မှာချင် တာက ငါတို့ အခု ဗမာနိုင်ငံ ဟာ ကိုယ့်မင်း ကိုယ့်ချင်းနိုင်ငံ ဖြစ်တယ်။ ဒို့ တပ်မတော် ဟာ တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး ရဲ့ အကျိုး အတွက်ဖြစ်တယ်။ ဒါကြောင့် ဒီနိုင်ငံ ဒီအကျိုးကို ကာကွယ် ရမယ့် ဗမာ့ တပ်မတော် ဟာလည်း ဗမာတစ်နိုင်ငံလုံး တစ်မျိုးသားလုံး အတွက် ဖြစ်တယ်ဆို တာ နားလည်ရမယ်။
ဒီ တပ်မတော်ဟာ လူတစ်ဦး တစ်ယောက် အတွက် တည်ထောင် ထားတာ မဟုတ်။ တစ်နိုင်ငံလုံး တစ်မျိုး သားလုံး အတွက် ဖြစ်တယ်။ ဒီ တပ်မတော် ဟာ တစ်ဖွဲ့ တစ် ပါတီ လူတစ်စု အတွက် တည်ထောင်ထား တာ မဟုတ်။ တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံးအတွက် ဖြစ်တယ်။
တကယ့် သစ္စာဖြစ်ရမယ်
ဒီ တပ်မတော်ဟာ ရှေး အင်္ဂလိပ် လက်ထက် ကလို ကြေးစား တပ်မဟုတ်။ နိုင်ငံ နဲ့ အမျိုးကို ကာကွယ်စောင့် ရှောက် ဖို့ နိုင်ငံနှင့် အမျိုးကို မတင်ပေးဖို့ ဖြစ်တယ်။ ဒါကြောင့် ဒီ တပ်မတော် ဟာ နိုင်ငံနဲ့ အမျိုး သစ္စာကို အမြဲ စောင့်ရမယ်။
 ရှေးတုန်းက လို တခြားနိုင်ငံ တခြားအမျိုး ကို သစ္စာစောင့် တာ မဟုတ်။ အဲဒီ လို စောင့်တဲ့ သစ္စာဟာ ၀တ်ကျေ တမ်းကျေစောင့်တဲ့ သစ္စာ ဖြစ်တယ်။ အခု ငါတို့ ဟာ ငါတို့ အမျိုး၊ ငါတို့နိုင်ငံ ကို သစ္စာ စောင့်ရမယ်။ ဒါကြောင့် ငါတို့စောင့်တဲ့ သစ္စာဟာ တကယ့် သစ္စာ ဖြစ်ရမယ်။ အပေါ်ယံသာ ဖြစ်တဲ့ သစ္စာ မဖြစ်ရဘူး။ 
ဘယ်လို စောင့်ရမလဲ။ ယခုအခါ ရဲဘော်တို့ပေါ် မှာ နည်းလမ်း အတိုင်း အဆင့်ဆင့် ခန့်အပ် ထားတဲ့ အကြီး အမှူး အားလုံးတွေ ဟာ ဒီနိုင်ငံ ဒီအမျိုး ရဲ့ ကိုယ်စားတွေပဲ။ အဲဒီ ကိုယ်စား နိုင်ငံနဲ့ အကျိုးကို သစ္စာစောင့်ခြင်း ဟာ ကိုယ့်နိုင်ငံ နဲ့ ကိုယ့်အမျိုး ကို သစ္စာစောင့်တာပဲ။ 
ဒီတော့ ရဲဘော် တို့ မေးစရာ စကားတစ်ခွန်း ရှိတယ်။ တကယ်လို့ ဒီ အကြီးအမှူးတွေ ထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကျိုး ငဲ့ပြီး နိုင်ငံနဲ့ အမျိုးကို သစ္စာမဲ့ပြီး လုပ်ရင် ဘယ့်နှယ့်လုပ် မလဲ။ ဒီလို ကိုယ်ကျိုး ငဲ့ပြီး လူမျိုးရဲ့အကျိုး နဲ့ နိုင်ငံကို  ဆန့်ကျင်တဲ့ အကြီးအမှူးတွေ ဟာ ကြာကြာ မနေနိုင်ပါဘူး။ အချိန်တန်တဲ့ အခါ ပြုတ်ကျမှာပဲ။ 
ရာဇ၀င် မှာကြည့်လို့ ရှိရင် ဘယ်လောက်ကြီး တဲ့ လူဖြစ်ဖြစ် မတရား လုပ်တဲ့အခါ ပြုတ်ကျတာ ချည်းပဲ။ ဒီလို မတရားတဲ့ အကြီးအမှူးတွေ ရှိရင် ရဲဘော်တို့ ရဲ့အပေါ် မှာလည်း တည်တယ်။  ဥပမာ“မတရားတဲ့ အကြီး အမှူး တစ်ယောက် က ၀တ္တရား နဲ့ မဆိုင် တဲ့ နိုင်ငံနှင့် အများအကျိုး နဲ့ မပတ်သက် တဲ့ အမိန့်မျိုးပေးတဲ့ အခါ အမိန့် ဟာ နည်းကျ မကျ တရား မတရား နိုင်ငံနဲ့အမျိုး မှာ အကျိုးရှိမရှိ ကြည့်ရမယ်။ 
အဲသလို ကြည့်တဲ့ အခါ ကိုယ့် စိတ်ထဲမှာ မရှင်းရင် သူ့ထက်ကြီး တဲ့ အကြီး အမှူး တစ်ယောက်ကိုဖြစ်ဖြစ် အခြား အကြီး အမှူး တစ်ယောက် ကိုဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါ မှာ ရဲဘော်တို့ ဟာ ဘယ်ဒင်း မှန်တယ် မှားတယ် သိနိုင်ရမယ်။
 တော်အောင်ကြိုးစားကြပါ
ကျုပ်အဖို့ပြောရရင် ရဲဘော်တို့ ထဲကဖြစ်ဖြစ် အခု တပ်ထဲမှာ ရှိတဲ့ စစ်သား ကလေးက စပြီး အားလုံး ရဲဘော် တွေထဲ ကဖြစ်ဖြစ် ကျုပ်ထက် အရည်အချင်း၊ အကျင့်စာရိတ္တ၊ အလုပ်အကိုင်၊ နိုင်ငံချစ်စိတ် အမြော် အမြင် ရှိ တယ်လို့ တွေ့တာနဲ့ တစ်ပြိုင်နက် ကျုပ်ဟာ အဲဒီလိုတော်တဲ့ လူကို ထိုးတင်ပြီး နောက်လိုက် လုပ်ဖို့ အသင့် ရှိတယ်။ ဒါကြောင့် ရဲဘော်တို့ အားလုံး ကြိုးစားကြပါ။ တော်အောင် ကြိုးစားကြပါ။
ရာထူး အဆင့်အတန်း
ကနေ့ ရဲဘော်တို့ အားလုံး ကို စိတ်ထဲမှာ ရှိတဲ့အတိုင်း ပြောပြမယ်။ ယခုအခါ ငါတို့ထဲ မှာ နိုင်ငံ အတွက် အမျိုးမျိုး အနစ်နာ ခံဖူးတဲ့ လူတွေ ရှိတယ်။ ငါတို့ သိတာလည်း ရှိတယ်။ မသိတာ လည်းရှိတယ်။ သို့သော် လည်း ရှေး ကသာ ဒီလို အနစ်နာခံပြီး အခု အလုပ် မလုပ်ရင် ဘယ်သူမှ မတိုးတက်နိုင်ဘူး။ 
အကယ် ၍ အခုလည်း အလုပ် လုပ်တယ်။ ရှေးကလည်း အနစ်နာ ခံဖူးတယ် ဆိုရင် ဒီလို လူမျိုးဟာ လူများ တကာထက် တိုးတက်မှာ အမှန်ပဲ။ ကနေ့ ဆိုင်ရာ လူကြီး တွေ မသိသေးလို့ မတိုးတက်သေး ရင် နောက် တစ်နေ့ တိုးတက် မှာပဲ။ 
တကယ်တော်တဲ့ သူတွေ ဟာ ဘယ်သူ မှ နှိမ် ထားလို့ မရပါဘူး။ ကိုယ့်ကိုယ် ကိုလည်း သိဒ်္ဓိတင်နေစရာ မလိုဘူး။ လူကြီးတွေ ကိုလည်း မျက်နှာ လုပ်စရာ မလိုဘူး။ ဒါပေမဲ့ နီပွန် က ပြန်လာလို့ စစ်ကျောင်းက ဆင်း လို့ ရှေး က အနစ်နာ ခံဘူးလို့ ဆို ပြီး ယခုအခါ အလုပ်ကောင်းကောင်း မလုပ်ရင် ဘယ်သူမှ တက်မှာ မဟုတ် ဖူး။ 
ဒီ့ပြင် လူတွေ အတွက် ကျုပ် မပြောနိုင်ပေမယ့် ဗမာ့ တပ်မတော်မှာ ကျုပ် အခု နေရာ မှာ တာဝန် ယူနေသမျှ အခု ကျုပ်ပြောခဲ့တဲ့ စနစ်က တစ်ဆံခြည် မှ ခွာမသွားဘူး။ ရွေ့မသွားဘူး ဆိုတာ အားလုံး သိစေချင်တယ်။ ဒါက ရာထူး အဆင့်အတန်း တိုးတက်တာ နဲ့ ပတ်သက်ပြီး ရဲဘော်တို့ ကို သိဖို့ ပြောပြခြင်းပဲ။
တန်ခိုးပြဖို့ မဟုတ်
တခြား မှာကြားလိုတဲ့ အချက် ကတော့ ပြောနေကြ စကားပဲ။ ဒါပေမဲ့ ထပ်ပြီး အဓိပ္ပာယ် လေး နက်အောင် ပြော လိုက် ဦးမယ်။ ငါတို့ စစ်တပ် ဟာ နိုင်ငံသူ နိုင်ငံသားတွေ ကို ညှဉ်းဖို့ မဟုတ်။ လက်နက် အားကိုး တန်ခိုးပြဖို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံ ရဲ့ အစေခံ ဖြစ်ရမယ်။ နိုင်ငံ ဟာ စစ်တပ် ရဲ့ အစေခံ မဖြစ်ရ ဘူး။ 
ဒါက စကားရိုင်းရိုင်း နဲ့ နားလည်အောင် ပြောပြတာပဲ။ ဒီစကား ကို ကျုပ်ပြော တာက စစ်တပ်ကို ကျုပ်ပြန်နှိမ် ချင်တဲ့ သဘော နဲ့ပြောတာ မဟုတ်ဘူး။ ငါတို့ ဟာ လက်နက်ကိုင် လူတွေ ဖြစ်ကြသော်လည်း မတရား မလုပ်။ နိုင်ငံ ရဲ့ ရန်သူတွေ မဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေ ဆိုတာ အားလုံး သဘောပေါက်အောင် ပြောပြခြင်း ပဲ။
အမှန်ပြောရရင် လူတွေဟာ ပုထုဇဉ်တွေ ဘဲ အားရှိတဲ့ အခါ အားနည်းတဲ့ လူတွေကို ညှဉ်းချင်တဲ့စိတ် ရှိတယ်။ အားနည်းတဲ့ သူတွေ ကလည်း အားနည်းတဲ့ အခါတုန်း ကတော့ အားကြီးနေတဲ့ လူကို လက်နက် အားကိုး အာဏာ အားကိုး လုပ်ချင်တယ်ပြောကြတာပဲ။ 
မိမိတို့ ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာ ရှိတဲ့နေရာ ရောက်တဲ့ အခါကျတော့ အရင်တုန်း က ပြော တာတွေမေ့ ပြီး တစ်မျိုး လုပ်ကြတာပဲ။ ဒါ ထုံးစံပဲ။ ငါတို့ က ဒီလို မဟုတ် အားနည်းတဲ့ အခါလည်း အားကြီး တဲ့ လူကို မတရား ရင်မကြောက်။ အားကြီးတဲ့ အခါ လည်း အားငယ်တဲ့ လူကို မတရား မလုပ် ဆိုတဲ့ အတိုင်း လုပ်ချင်တယ်။ ပြချင်တယ်။ 
အဲဒါကြောင့် စစ်တပ် ဟာ နိုင်ငံ ရဲ့ အစေခံ ဖြစ်တယ်လို့ ပြောတာပဲ။ နိုင်ငံ ဟာ ဘာလဲ။ နိုင်ငံဟာ အမျိုးပဲ။ အမျိုး ဟာ ဘာလဲ။ အမျိုး ဟာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ နိုင်ငံ ရဲ့အကျိုး ကို လုပ်ပြီး နိုင်ငံ ရဲ့အမှုကို ဘယ်ခါမဆို ထမ်းမယ် ဆိုတဲ့ လူ အား လုံးပဲ။ ဒီနေရာ မှာ လူမျိုးရေး တရား အစစ် ကို ပြောပြချင်တယ်။
မှန်ကန်သော လူမျိုးရေး တရား
လူမျိုးရေးတရား ဆိုတာ ဘာလဲ။ ကိုယ့် အမျိုးသာ ချစ်ပြီး ဒီ့ပြင် လူမျိုးတွေ ကို မုန်းထားတာ လူမျိုးရေး တရား ပဲလား။ မဟုတ်ဘူး။ ကိုယ့်အမျိုးချစ်ရုံ နဲ့ ဒီ့ပြင် လူမျိုးကို လည်း မုန်းဖို့မလိုဘူး။ သို့သော်လည်း ကိုယ့် အမျိုး အကျိုး ကို လာထိတဲ့ လူတွေ ကိုတော့ အတွင်းက လူဖြစ်ဖြစ် အပြင်က လူဖြစ်ဖြစ် တိုက်ခိုက်နှိမ်နင်း ရမှာပေါ့။ 
ဒါက ငါတို့ အမျိုး ရဲ့ ရန်သူ အဖြစ်သာ နှိမ်နင်းခြင်း ဖြစ်တယ်။ ဘယ်လူမျိုး၊ ဘယ်သူ ဘယ်ဝါ ဆိုပြီး နှိမ်နင်း တာ မဟုတ်ဘူး။ ရာဇ၀င် ကိုကြည့်ရင် ကမ္ဘာ့ လူမျိုးတွေဟာ အချင်းချင်း တိုက်တဲ့ အခါ တိုက်ကြ တာတွေ့ရမှာပဲ။ မတည့်သည့် အခါ တိုက်ကြတဲ့ အခါ တိုက်ကြ ရမှာပေါ့။ ဒါပေမဲ့ တခြား လူမျိုးတွေ ကို မုန်းတာဟာ လူမျိုးရေး လို့ထင်တာ တစ်ထစ်ချ မှားတယ်။ 
ကျုပ်တို့ဟာ မဆိုင် တဲ့ တခြား လူမျိုးတွေ ကို မုန်းဖို့ မလိုဘူး။ ကျုပ်တို့ နိုင်ငံ အတွင်းမှာလည်း တိုင်းရင်းသား အချင်းချင်း ဗမာပဲ၊ ရှမ်းပဲ၊ ကရင်ပဲ၊ ချင်းပဲ စသည်ဖြင့် ခွဲစရာ မလိုဘူး။ ငါတို့ တတွေဟာ မှားပြီး တာတွေကို ထပ် မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့ အတု ဟုတ်တာနဲ့ မဟုတ်တာ ခွဲခြားသိရမယ်။ လူ မျိုးရေး တရားဖြစ်ဖြစ် ဘာဖြစ်ဖြစ် အမှန်တရား ကို ယူတတ်ရမယ်။ ဒါက လူမျိုးရေး တရားနဲ့ပတ်သက်ပြီး ကျုပ်မှာ ချင်တာပဲ။
ဇာတိမာန် ကောင်းကောင်း ထားတတ် အောင်လုပ်ကြပါ။ ကိုယ့်နိုင်ငံကို ချစ်ပါ။ ဗမာတွေ က လူဖျင်းတွေ၊ လူပျင်းတွေ၊ လူကြောက်တွေ၊ လူပိုတွေ၊ လူရိုင်းတွေ၊ လူ့ဂွစာတွေ လူ့ မတရားတာတွေ ဒီလို ကမ္ဘာမှာ အထင် ခံရအောင် မလုပ် ပါနဲ့။ ဗမာတွေ ဟာ ဒီလို မဟုတ်ဘူး ဆိုတာ အလုပ် လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ် လူမျိုးရေး တရားနဲ့ ပတ်သက်ပြီး မှာချင်တာပဲ။
လူကြီး ဆိုတာ ဘာလဲ
နောက် မှာချင်တာ က ရှေ့ကို ရဲဘော်တို့ ဟာ လူကြီးဖြစ်နေပြီ။ လူကြီး ဆိုတာ ဘာလဲ။ အသက်ကြီး တာကို ဆိုလို တာလား။ မဟုတ်ဘူး။ အသက် မကြီးပေမယ့် လုပ်တဲ့ အလုပ်ကြီး ရင် လူကြီး ပဲ။ အခု ငါတို့ ရဲဘော် တို့ရဲ့အလုပ် ဟာ ငါတို့နိုင်ငံ ရဲ့ အချုပ်အခြာ အာဏာ ဒါတွေကို ငါတို့ ရင်မြေက တုတ်လုပ် ပြီး ကာကွယ်ဖို့ ပဲ။ 
ဒီထက်ကြီးတဲ့ အလုပ် ရှိနိုင် ပါဦး မလား။ မရှိနိုင်ဘူး။ ဒါကြောင့် ငါတို့ဟာ လူကြီးစိတ်ပေါက် ရမယ်။ အစစ အရာ ရာ ဆင်ခြင် တတ်ရမယ်။ ကောင်းသည် မကောင်းသည် တော်သည် မတော် သည် ဟုတ်သည် မဟုတ် သည်ကို ဆင်ခြင် တိုင်းထွာနိုင်ရမယ်။ 
အခု ငါတို့ အချို့ အလုပ်တွေ က သက်သေပြနေတယ်။ ဘေး က လူတွေ ပြောတိုင်း အရမ်း မယုံကြနဲ့။ စူးစမ်း ဆင်ခြင် ပြီးမှ ယုံကြရမယ်။ ငါတို့ ၀တ္ထရားနဲ့ မဆိုင်တဲ့ အကျယ် အကျယ် ဖြစ်မယ့် ကိစ္စဆိုရင် ငါတို့ ရှောင်ရ မယ်။ ဘယ်လို ဘေးက လူက ဗိုလ်ကြီး ရဲ့ ... ဘာကြီး ရဲ့...နဲ့ လာမြှောက်ပေးပေး ငါတို့မ ပါရဘူး။
ဘယ်တော့မှ သစ္စာမဖောက်
နောက်ပြီး မှာချင် တာက ပြောခဲ့တဲ့ အတိုင်း ကိုယ့်ကိုယ် ကို အထင်မကြီး ပါနဲ့။ ဒီမှာ သင် လိုက်တာတွေဟာ ပညာ ကုန်ပြီ မယူဆကြနဲ့။ ပညာ ဟာ ဘယ်တော့ မှ ကုန်တယ် မရှိဘူး။ လူမျိုးဖြစ်ဖြစ် နိုင်ငံဖြစ်ဖြစ် လူတစ်ဦး တည်းဖြစ်ဖြစ် တိုးတတ်မှု ဟာ လက်ရှိ အခြေ အနေနဲ့ အားမရဘဲ တင်းမတိမ်ဘဲ ရှေ့ဆက်လက် ကြိုးစား မှသာ တိုးတတ်မှု ဖြစ်နိုင်တယ် ဆိုတာ ရာဇ၀င် သမိုင်းတွေက ကောင်းကောင်း ပြထားတယ်။ 
ကိုယ်ပိုင် ဥာဏ် နဲ့ စဉ်းစားကြည့်လည်း သိနိုင် တာပဲ။ ဒါကြောင့် ဘယ်ဟာ ကိုမှ လှေနံဓားထစ် မယူပါနဲ့။ အထင် မကြီး ပါနဲ့။
ဒီ့ထက် တိုးအောင် လုပ်ကြပါ။ အခု ငါတို့နိုင်ငံ ဟာ လွတ်လပ်တယ် ဆိုပေမယ့် ဟန်မကျ တာတွေ အများ ကြီး ပဲ။ ကျုပ်မှာ လည်း ချွတ်ယွင်းချက်တွေ ရှိတာပဲ။ ကိုယ့် ချွတ်ယွင်းချက် ကို ကိုယ်ပြင် ကြရမယ်။ သို့ပေ မယ့် ကျုပ် ရဲဘော်တို့ ကို ကတိ တစ်ခုပြုမယ်။ နိုင်ငံ နဲ့ အများအကျိုး ရဲ့သစ္စာ ကို ကျုပ် ဘယ်တော့မှ မဖောက်။ ရဲဘော်တို့ ထဲကဖြစ်ဖြစ် ဒီ့ပြင် ထဲကဖြစ်ဖြစ် ကျုပ်ထက် တော်တဲ့လူ ထွက်ပြနိုင်ပါစေ။ ကျုပ် ဖယ် ပေးဖို့ အသင့်ပဲ။
စစ်သား မှ စစ်သား ဆိုတဲ့စိတ် ကို ဖျောက်ကြ
နောက်ဆုံး တစ်ခု မှာချင် တာက ငါတို့ သာ နိုင်ငံ ချစ်တယ် ဆိုတဲ့ စိတ်ဓာတ် မထားကြဖို့ပဲ။ ဒီနိုင်ငံ မှာ ဖြစ်ဖြစ် ဒီ့ပြင်နိုင်ငံ မှာ ဖြစ်ဖြစ် စစ်သားတွေ ချည်း နိုင်ငံ စ်တဲ့ လူတွေ ရှိကြတာ မဟုတ်ဘူး။ တခြား စစ်သား မဟုတ်ပေ မယ့် နိုင်ငံ အတွက် အမျိုးမျိုး အနစ်နာခံ၊ အမျိုးမျိုး စွန့်စား လုပ်ကြတဲ့ လူတွေ လည်း ရှိတာပဲ။ 
အဲဒါကြောင့် စစ်သား မှ စစ်သား ဆိုတဲ့ စိတ် သဘောထား ကို ပြောင်းကြရမယ်။ သို့ပေမယ့် တစ်ခု နား လည်စေချင် တယ်။ ကျုပ်ဟာ စစ်တပ် ကို မတရား နှိမ်မယ်။ လူလည် လုပ်မယ်။ စစ်တပ် ရဲ့ အခွင့်အရေး များ ကို မတရား ချိုးဖျက်မယ် ဆိုရင် ကျုပ် အစွမ်း ကုန်ကြိုးစား တိုက်ဖျက်မယ် ဆိုတာ ရဲဘော်တို့ သိစေချင်ပါတယ်။ 
ကနေ့ ဒီမှာပြော တာတွေကို အားလုံး စစ်သားတွေ သိပါစေ။ သိအောင် ပြောပြကြပါ။ အဲဒါ နောက်ဆုံး မှာကြားခြင်းပဲ။
 Myanmar Model Girls
ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ