Our social:

Latest Post

October 22, 2014

Advanced Download Manager (ADM v3.6.2) (Facebook, Website က Video နဲ့ File Format များစွာကို Download နိုင်တဲ့ ဆော့ဝဲလ်ပါ)

                                            



ADM ကတော့ Android ဖုန်းသုံးသူတိုင်း သိပြီးသားထင်ပါတယ်။ Website က Video တွေ Facebook က Video တွေကို Download ဆွဲနိုင်တဲ့ Download Manager ကောင်းတခုဖြစ်ပါတယ်။ အခြားသော File Format များစွာကို Download ဆွဲနိုင်သောကြာင့် ဖုန်းသုံးသူတိုင်း ဆောင်ထားသင့်ပါတယ်။ ADM ကို သုံးတတ်ရင် သုံးတတ်သလို အသုံးဝင်လှပါတယ်။ လက်ရှိ ကျနော် အသုံးပြုနေတဲ့ Download Manager ဆိုလည်း မမှားပါဘူး။

အခုနောက်ပိုင်း Facebook က Video တွေ Auto Play ပြဿနာကြောင့် Download ဆွဲရတာ နဲနဲ အခက်တွေ့ ပါတယ်။ ADM နဲ့ Facebook Video ဒေါင်းနည်းကို နောက်တနေ့မှာ ကျနော် တင်ပေးပါမယ်။ ဒီဆော့ဝဲလ် လေးသာ ဆောင် ထားလိုက်ပါ။ အခုတင်ပေးလိုက်တဲ့ ADM က September 9, 2014 ရက်နေ့က အသစ်ထွက် ထားတဲ့ Update ဖြစ်ပါတယ်။
စိတ်ဝင်စားရင် အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါတယ်။


App Screenshots

Advanced Download Manager - screenshot thumbnailAdvanced Download Manager - screenshot thumbnailAdvanced Download Manager - screenshot thumbnailAdvanced Download Manager - screenshot thumbnailAdvanced Download Manager - screenshot thumbnailAdvanced Download Manager - screenshot thumbnail


အားလုံးအဆင်ပြေပါစေ.......။


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


WINDOW 10 အကြောင်း သိထားသင့်သည့် အချက် (၉) ချက်




Windows 8 နှင့် ပတ်သက်ပြီး ဝေဖန်သံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပြီးနောက် Windows 10 ဟုခေါ်သည့် Windows operating system သစ်ကို အင်္ဂါနေ့က ပြုလုပ်ခဲ့သည့် ပွဲတစ်ခုတွင် Microsoft က မိတ်ဆက်ပေးခဲ့သည်။ ထို့ကြောင့် Microsoft ၏ နောက်ဆုံးခြေလှမ်းသစ်ဖြစ်သော Windows 10 နှင့် ပတ်သက်၍ သိရှိထားသင့်သည့် အချက်များကို ဖော်ပြလိုက်ပါသည်။
  
(၁) Windows 10 ကို ဘယ်အချိန် upgrade လုပ်နိုင်မလဲ။ ဘယ်လောက် ကုန်ကျမလဲ။

Microsoft သည် Windows 10 ကို ၂၀၁၅ ခုနှစ် ဧပြီလတွင် ကျင်းပမည့် Build developer conference နောက်ပိုင်း ဖြန့်ချိဖွယ်ရှိသည်။ အကယ်၍ Windows 10 ကို စမ်းသပ် အသုံးပြုလိုပါက အောက်တိုဘာ ၁ ရက်မှ စတင်ကာ Windows Insider Program (http://preview.windows.com) တွင် sign up လုပ်ပြီး preview build ကို အသုံးပြုနိုင်သည်။ လက်လီရောင်းချမည့် Windows 10 ဗားရှင်း၏ ဈေးနှုန်းများကို မသိရှိရသေးပေ။





(၂) Windows 9 ကို ကျော်ပြီး Windows 10 ကို ဘာကြောင့် မိတ်ဆက်ခဲ့သလဲ။

သုံးစွဲသူများ အနေဖြင့် Windows အလုပ်လုပ်ပုံ အခြေခံ ပြောင်းလဲမှုများကို သိရှိစေရန်အတွက် ဗားရှင်းနံပါတ် တစ်ခုကို ကျော်ပြီး Windows 10 ကို မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်သည်။


(၃) Windows 10 ကို desktop ရော tablet မှာပါ အသုံးပြုနိုင်သလား။

Windows 10 ကို desktop ကွန်ပျူတာများတွင်သာမက စမတ်ဖုန်းများအထိ အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့အပြင် user interface ကိုလည်း သင့်တော်သလို ပြောင်းလဲချိန်ညှိနိုင်သည်။


(၄) Widnows 10 တွင် App များ အလုပ်လုပ်နိုင်သလား။

Windows 10 တွင် app များကို အသုံးပြုနိုင်မည် ဖြစ်သော်လည်း အသေးစိတ် အလုပ်လုပ်ပုံကို Microsoft မှ ရှင်းပြခဲ့ခြင်း မရှိပေ။ သို့သော်လည်း Windows Store မှ ဝယ်ယူထားသည့် app တစ်ခုကို Windows 10 ထုတ်ကုန် အားလုံးတွင် အသုံးပြုနိုင်ဖွယ်ရှိသည်။ ထို့အတွက်ကြောင့် developer များအနေဖြင့် ထုတ်ကုန် အရွယ်အစားနှင့် လုပ်ဆောင်နိုင်စွမ်းအပေါ် မူတည်ပြီး အသွင်အပြင်နှင့် ခံစားမှုတို့ကို ချိန်ညှိပေးနိုင်မည့် universal app များကို ဖန်တီးရန် လိုအပ်မည် ဖြစ်သည်။


(၅) Full-screen “Modern” app များ ပါဝင်သေးသလား။

Windows 8 တွင် full-screen app များကို Metro သို့မဟုတ် Modern ဒီဇိုင်းဖြင့် မိတ်ဆက်ပေးခဲ့သော်လည်း Windows 10 တွင် full-screen app များကို ရွေးချယ်အသုံးပြုနိုင်ရန် ထောက်ပံ့ပေးထားသည်။ ဥပမာအနေဖြင့် Surface Pro 3 ကဲ့သို့သော convertible 2-in-1 ထုတ်ကုန်တွင် keyboard ကို တပ်ဆင် အသုံးပြုသည့်အခါ Windows 10 တွင် ယခင် Start menu အဟောင်းဖြင့် တွေ့မြင်ရမည်ဖြစ်သည်။ သို့ရာတွင် keyboard ကို ဖြုတ်လိုက်သည့်အခါ Windows 10 က လက်ချောင်းများဖြင့် အသုံးပြုနိုင်မည့် full screen mode အဖြစ် ပြောင်းလဲပေးမည် ဖြစ်သည်။




(၆) ဝယ်ယူထားသည့် Modern app များ Windows 10 တွင် ဆက်လက် အလုပ်လုပ်နိုင်သလား။

Windows 8 developer များအနေဖြင့် အပြောင်းအလဲများကို မည်ကဲ့သို့ တုံ့ပြန်မည် ဆိုခြင်းအတွက် ပြောရန် စောသေးသော်လည်း Microsoft အနေဖြင့် full-screen Modern app အချို့ကို window mode တစ်ခုဖြင့် အသုံးပြုနိုင်မည့် နည်းလမ်းအား ပြသသွားခဲ့သည်။

  
(၇) Windows 10 တွင် Start menu ပါဝင်သလား။

Windows 8 ၏ full-screen Start screen ကို မနှစ်သက်သူများ အနေဖြင့် ကံကောင်းသည်ဟု ဆိုရမည် ဖြစ်သည်။ Windows 10 တွင် ပါဝင်သည့် Start menu သစ်ကို screen ၏ ဘယ်ဘက်တွင် တွေ့မြင်ရမည် ဖြစ်ပြီး ၎င်းတွင် သုံးစွဲသူများနှင့် ရင်းနှီးပြီးသား ဖြစ်သော shortcut များကို တွေ့ရမည် ဖြစ်သည်။


(၈) Windows တွင် မည်သည့် အခြား အဆင့်မြှင့်တင်မှုများ ပါဝင်သလဲ။

Windows 10 တွင် Snap function ကို အဆင့်မြှင့်ထားသောကြောင့် app များကို ဘေးချင်းကပ်လျက် ယှဉ်ထားရာတွင် အလျင်အမြန် ပြုလုပ်နိုင်သလို quadrant layout သစ်ကြောင့် app လေးခုကို screen တစ်ခုတွင် အညီအမျှခွဲခြားကာ ဖော်ပြပေးနိုင်သည်။ ထို့အပြင် multiple desktops ကို ထောက်ပံ့ပေးထားသည့် အတွက် app များကို တစ်နေရာတည်းတွင် ထားကာ အလုပ်လုပ်နိုင်ပြီး desktop ထံသို့လည်း slide လုပ်ရုံဖြင့် အလျင်အမြန် သွားရောက်နိုင်သည်။ ထို့အပြင် taskbar တွင် task view button ပါဝင်လာသောကြောင့် ၎င်းကို click နှိပ်ရုံဖြင့် ဖွင့်ထားသည့် ဖိုင်များ၊ window များနှင့် desktop များကို အလျင်အမြန် ကြည့်ရှုနိုင်သည်။


(၉) Windows 10 ကို ဘယ် ထုတ်ကုန်တွေမှာ အသုံးပြုနိုင်သလဲ။

ဒီအကြောင်းကို ပြောရန် စောလွန်းနေသေးသည်။ Windows 8.1 ကို 64-bit ကွန်ပျူတာများ အတွက် မိတ်ဆက်ပေးခဲ့သော်လည်း အချို့ processor အဟောင်းများ အတွက် အထောက်အပံ့မပေးခဲ့သောကြောင့် Windows 10 ကို ခေတ်ဟောင်း ကွန်ပျူတာများပေါ်တွင် အသုံးပြုနိုင်ဖွယ် မရှိပေ။


 Ref : http://internetjournal.com

ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


Facebook က Auto Play တဲ့ Videos တွေကို ဖုန်းကနေ ဒေါင်းနည်း။


အခုနောက်ပိုင်း ဖုန်းရဲ့ Facebook Application တွေက Video Auto Play ပြဿနာကြောင့် FB က Video တွေ ဒေါင်းဖို့ အခက်တွေ့ နေကြပါတယ်။ ဒီနေ့တော့ ဒေါင်းလို့ရတဲ့ နည်းတခု ပုံနဲ့ သေခြာ ကျနော်ရှင်းပြပေးပါမယ်။ နည်းပညာသမားတော်တော် များများ တော့ ဒီနည်းကို သိကြပါတယ်။ ပြီးတော့ နိုင်ငံခြားဆိုဒ် တွေနဲ့ ဆိုဒ်တော်တော်များများက ပုံနဲ့သေခြာရှင်းထားတာ နည်းတော့ လေ့လာမှုအားနည်း သူတွေအတွက် အခက်တွေ့နေကြလို့ ဒီနည်းလေးရေးတင်ပေးလိုက်တာပါ။

Facebook သုံးသူတိုင်း FB က ကိုယ်ကြိုက်တဲ့ Video တွေ့ရင်တော့ လူတိုင်း ဒေါင်းချင်ကြတာပါ။ အခုကျနော်ရှင်းပြသွားတဲ့ နည်းကတော့ တိုက်ရိုက် ဒေါင်းလို့တော့ မရပါဘူး။ ကိုဒေါင်းချင်တဲ့ Video တွေ့ရင် Comment တခုပေးလိုက်ပါ။ ပြီးရင်တော့ မိမိ Profille ထဲဝင်ပြီးတော့ Activity Log ကနေ၀င်ပြီး စောစောက Comment ထားတဲ့ Video ကို လက်နဲ့ ထောက်လိုက်ရုံနဲ့ Download ကျလာမှာ ဖြစ်ပါတယ်။

အရင်ဆုံး Facebook က Video တွေကို ဒေါင်းဖို့ဆိုရင် ADM Download Manager ရှိထားရပါမယ်။ ADM က မိမိ ဖုန်းထဲမှာ မရှိသေးဘူးဆိုရင် ဒီလင့်မှာ ဒေါင်းပြီး ဖုန်းမှာ Install ထားပါ။ ပြီးရင်တော့ အောက်မှာ ပုံနှင့် တဆင့်ချင်း ရှင်းပြထားပါမယ်။

အရင်ဆုံး မိမိ ဒေါင်းချင်တဲ့ Video တွေ့ရင် နှစ်သက်ရာ Comment တခုပေးလိုက်ပါ။ အောက်က ပုံကို ကြည့်လိုက်ပါ။





နောက်တဆင့်က မိမိ Profile ကို ပြန်သွားလိုက်ပါ။


ပြီးရင် အ၀ိုင်းပြထားတဲ့ Activity Log ထဲကိုဝင်လိုက်ပါ။


ပုံမှာ ပြထားတဲ့ အတိုင်း ခုနက Comment ကိုတွေ့ရပါမယ်။ အဲတာကို လက်နဲ့ ထောက်လိုက်ပါ။


ပုံမှာပြထားတဲ့ အတိုင်း ဘောက်တခုတတ်လာပါမယ်။ ADM ကို ရွေးပေးလိုက်ရင် ကို ဒေါင်းချင်တဲ့ Video က ဒေါင်းနေပါပြီ။

ဒီလောက်ဆို အားလုံးသဘောပေါက်လိမ့်မယ်ထင်ပါတယ်။ ဒီနည်းနဲ့ Facebook Video တွေကို စိတ်ကြိုက် ဒေါင်းနိုင်ပါပြီ။

အားလုံးအဆင်ပြေပါစေ.......။


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


Windows 10 Technical Preview (32-bit+64-bit) (2014 October 1-ရက်နေ့မှာ Microsoft က အသစ်ထုတ်လုပ်လိုက်တဲ့ Windows 10)




2014 October 1 ရက်နေ့မှာ Microsoft က အသစ်ထုတ်လုပ်လိုက်တဲ့ Windows 10 Technical Preview (32-bit+64-bit) ကိုတင်ပေးလိုက်ပါတယ်။ စတင်ထွက်လာခါစ ဖြစ်လို့ Technical Preview တခုပဲ ထွက် ပါသေးတယ်။ Microsoft ကနေတိုက်ရိုက်ဒေါင်း လုပ်ယူပြီး လင့်ပြန်တင်ပေးလိုက်ပါတယ်။ ကိုယ်ပိုင်လင့်တော့ ဟုတ်ဘူးနော် ကျနော့် ဆရာ ဖြစ်တဲ့ ကိုအောင် ဆိုဒ်ကနေ သွား မလာတာ။ အောက်မှာ -Original Key (32&64)....ပါ တွဲပေးထားပါတယ်။ 

ဘယ်လိုကောင်း သလည်း ဆိုတာ မသုံးကြည့်ရသေးတာမို့ ကိုယ်တိုင်ပဲ တင်ပြီးစမ်းသုံးကြည့်ပါဗျာ။ အသစ် စက်စက် လေးတွေ့တာနဲ့ အားရပါးရ ကောင်တင်လိုက်တာပါ။ Screenshoots တွေကြည့် ရတာတော့ တကယ့် လန်းပဲဗျာ (9++++) ။ တခုရှိတာကတော့ ခေတ်ဟောင်း ကွန်ပျုတာတွေမှာ အသုံးပြု လို့အဆင် မပြေ နိုင်ပါဘူး။ Window 10 အကြောင်း အပြည့်စုံသိချင်ရင်တော့  ဒီလင့်မှာ မြန်မာလို ရှင်းပြထားပါတယ်။

စိတ်ဝင်စားရင် အောက်ကလင့်မှာ ၀င်ဆွဲ နိုင်ပါပြီ။

-Original Key (32&64)..

NKJFK-GPHP7-G8C3J-P6JXR-HQRJR



Screenshoots






အားလုံးအဆင်ပြေပါစေ.......။

ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ



All Window Activartor And Window Watermark Remover (Window 7, 8, 8.1,10 အထိ Activated လုပ်နိုင်တဲ့ ဆော့ဝဲလ်)




ဒီ Window Activator ဆော့ဝဲလ် လေးကတော့ တလောကမှ ထွက်လာတဲ့ Window 10 ကိုပါ Activated နိုင်တဲ့ ဆော့ဝဲလ် ကောင်းလေးဖြစ်ပါတယ်။ ဖိုင်ဆိုဒ် သေးသေး လေးနဲ့ Window အားလုံးကို Activated လုပ်နိုင်တာကြောင့် ကွန်ပျူတာ သုံးသူတိုင်း ဆောင်ထားသင့်ပါတယ်။ Window တွေတင်မကပဲ Microsoft Office 2007,2010,1013 ကိုလည်း Activated လုပ်နိုင်ပါတယ်။

အခု တင်ပေးလိုက်တဲ့ ဒီ Activator မှာ ထူးခြား တာကတော့ Windows Watermark Remover ပါ ပါဝင်ခြင်းဖြစ် ပါတယ်။ Windows 10/8.1/8/7/Vista/XP အစရှိတဲ့ Window အားလုံးနီးပါ ကိုပါ Activated လုပ်နိုင်ပါတယ်။ လောလောဆယ် Window 10 အတွက် တောင်းထားသူရှိလာလို့ ဒီကောင်လေး တင်ပေးလိုက်တာပါ။ Window 10 ကိုတော့ ဒီလင့်မှာ ဒေါင်းယူနိုင်ပါပြီ။

All Window Activartor ကို အောက်မှာ ဒေါင်းယူနိုင်ပါတယ်။ GoogleDrive နဲ့ Zippyshare လင့်နှစ်ခု တင်ပေးလိုက်ပါတယ်။ ကြိုက်ရာလင့်မှာ ဒေါင်းယူနိုင်ပါပြီ။

Download All Window Activartor And Window Watermark Remover

GoogleDriveZippyshare

မှတ်ချက်  :   မိမိ ကွန်ပျူတာအတွင်းမှ Antivirus ကိုပိတ်ပြီးမှ Activator ဆော့ဝဲလ်ကို ဖွင့်ပါ။

အားလုံးအဆင်ပြေပါစေ.......။


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


Mozilla Firefox မှ Website တွေဝင်ရင် ကြောငြာ ကို Block နည်းပါ။ (Web Page တွေကို တချက်ကလစ်လိုက်ရင် ကြေငြာ ၃ခု ၄ခု တတ်လာတာကို ပိတ်နည်းပါ။)



ကျနော်တို့ Website တွေဝင်ရင် တချို့ နိုင်ငံခြား ဆိုဒ်တွေမှာ Web Page ကို တချက် ကလစ်လိုက်ရင် Website ၃ခု ၄ခု အထိ ကြေငြာတွေက တတ်လာလို့ အာရုံ နောက်ရ ပါတယ်။ အဲတာတွေကို တတ်မလာအောင် ကြေငြာတွေကို Block လုပ်နည်းပဲဖြစ်ပါတယ်။ တော်တော်များတော့ သိပြီးသား ထင်ပါတယ်။ အခုနည်းလမ်းကို အသုံးပြုခြင်းအားဖြစ် Internet Speed နှေးမသွားပါဘူး။ စိတ်ညစ်တာ ကြေငြာ Web Page တွေ တတ်မလာတော့ အာရုံနောက်သက်သာတာပေါ့။ စိတ်ဝင်စား ရင် အောက်မှာ ပုံနှင့် တကွပြထားပါတယ်။ လိုက်လုပ်ကြည့်ပါ။

အရင်ဆုံး မိမိအသုံးပြုနေတဲ့ Mozilla Firefox မှ Tool / Add-Ons ကိုဝင်လိုက်ပါ။


ပြီးရင် Ddd-Ons Page တတ်လာပါမယ်။ အောက်ကပုံကို ဆက်ကြည့်လိုက်ပါ။ Search နေရာမှာAdblock Edge ရိုက်ပြီး Enter ခေါက်လိုက်ပါ။ ပုံမှာပြထားတဲ့ အတိုင်း Adblock တတ်လာရင် ညာဘက်က မြားပြ ထားတဲ့  Install ကို နိပ်လိုက်ပါ။


ပုံကစာကို သေခြာမမြင်ရင် မောက်နဲ့ ကလစ်ပြီး ချဲ့ ကြည့်လိုက်ပါ။ Install ကိုနိပ်ပြီး ရင် Add-ons က Download တတ်နေပါပြီ။ ပြည့်ရင် Mozilla Firefox ကို (Restart) ပိတ်ပြီးပြန်ဖွင့်လိုက်ပါ။ အဲတာပြီးရင်တော့ မိမိ သွင်းထားတဲ့ Adblock Edge က ကောင်းကောင်းအလုပ်လုပ်ပါပြီ။ ဘယ် Web Page ၀င်ဝင် အာရုံနောက် စရာ ကြေငြာတွေ တတ်မလာတော့ပါဘူး။ ဒီလောက်ဆို အားလုံး လုပ်တတ်လောက်မယ်လို့ ထင်ပါတယ်။



အားလုံးအဆင်ပြေပါစေ.......။


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


Photo Editor Pro v1.13 Update October 14, 2014 ( ပုံတွေကို စိတ်ကြိုက် ဒီဇိုင်း ဖြစ်အောင် ပြု ပြင်နိုင်တဲ့ ဆော့ဝဲလ်ပါ


                        



ဖုန်းနဲ ပုံတွေကို Edit လုပ်တဲ့ ဆော့ဝဲလ် ဖြစ်ပါတယ်။ ဒီ ဆော့ဝဲလ် လေးနဲ့ ဓါတ်ပုံ ဒီဇိုင်းလှလှ လေးတွေ မိမိတို့ စိတ်ကူးရှိရာ လိုသလို ဖန်တီးနိုင်ပါတယ်။  မိမိရဲ့ဓာတ်ပုံတွေကို Frame လှလှလေး တွေနဲ့ပုံဖော်ကာ အလန်းဆုံးသော effect လေးတွေနဲ့ တွဲဖက် ပုံဖော်နိုင်တဲ့ တဲ့ အပြင် စာသားများလည်း မိမိတို့ စိတ်ကြိုက် ရေးထည့်နိုင်တယ်။ Photo Editor Pro မှာ Feature တွေ အတော်များ ပါဝင်ပါတယ်။ ဖုန်းကိုင် ဆောင်သူတွေအတွက် တကယ်အသုံးဝင်ပြီး လူတိုင်း ဆောင်ထားသင့်ပါတယ်။ 

Amazing Effects ပေါင်း များစွာပါဝင်ပါတယ်။ Feature အပြည့်စုံတော့မရေးတော့ဘူး။ စိတ်ဝင်စား ရင် ဒေါင်းပြီး စမ်းသုံးကြည့် နိုင်ပါတယ်။  Android Version 2.3 အထက်တွေ မှာအားလုံး အသုံးပြု နိုင်ပြီး နောက်ဆုံး ထွက် Version ကိုတင်ပေး လိုက်တာပါ။ Download လင့် ၂လင့် နဲ့ တင်ပေးထားပါတယ်။ ကြိုက်ရာလင့်နဲ့ ဒေါင်းနိုင်ပါပြီ။

Download Photo Editor Pro v1.13


App Screenshoots

Photo Editor Pro - screenshot thumbnailPhoto Editor Pro - screenshot thumbnailPhoto Editor Pro - screenshot thumbnail
Photo Editor Pro - screenshot thumbnail




အားလုံးအဆင်ပြေပါစေ.......။

ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ