Huawei U8812D(2.3.6)ကိုRoot လုပ်ကြရအောင်
ှ
ကဲ...... ညောင်ညိုသားလေး က ဘော်ဒါတို့ရေ.... ကျွန်တော့်ကို C-Box မှာ ကိုဝဏ္ဍမေးထားလို့ တင်ပေးလိုက်ပါတယ်။ အားလုံးလည်း အဆင်ပြေမယ်လို့ ထင်ပါတယ်။ အရင်ဆုံး လိုအပ်တဲ့ Root Tools လေးကို အောက်မှာ အရင် Download လုပ်လိုက်ပါ။
ROOT စတင်လုပ်ဆောင်ကြမယ်။......။
- အရင်ဆုံး မိမိဖုန်းရဲ့ Setting >> Developer Option >> USB Debugging ကို အမှန်ခြစ်ပေးထားပါ။ ( အရေးကြီးပါတယ်။ )
- Download ပြီးရင် Zip ဖိုင်လေးတစ်ခုရလာပါမယ်။ အဲ Zip File လေးကို Extra လုပ်လိုက်ပါ။ အဲထဲမှာ root tools ဆိုတဲ့ .exe ဖိုင်လေးပါပါတယ်။
- အဲဒါလေးကို Run လိုက်ပါ။ တရုတ်စာတွေနဲ့ Box တစ်ခုကျလာပါမယ်။ Ok နှိပ်ပါ။ နောက်ထပ် Box တစ်ခုကျလာပါမယ်။ Ok ထပ်ရွေးပေးလိုက်ပါ။
- ဒါဆို အောက်ကပုံလိုမျိုး ပေါ်လာပါမယ်။
- အဲမှာ ROOT ကို ရွေးပေးလိုက်ပါ။ သူ့ကသူ Install လုပ်သွားပါလိမ့်မယ်။ အားလုံးပြီးသွားရင် ဖုန်းက Reboot ကျသွားပါမယ်။ မကျရင်
Reboot လုပ်ပေးလိုက်ပါ။
- ပြီးရင် မိမိဖုန်းရဲ့ Application List ထဲဝင်ကြည့်လိုက်ပါ။ Super user လေး ရောက်ရှိနေမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ မိမိရဲ့ U8812D
ဟာ ROOT လုပ်တာ အောင်မြင်စွာပြီးဆုံးသွားပြီဖြစ်ပါတယ်။
အားလုံး အဆင်ပြေကြပါစေ။
0 comments:
Post a Comment