စားကြမယ်ဟေ့ ကောင်းကောင်း (ချက်နည်းပြုတ်နည်း)
ကြေးအိုးဆီချက်ကတော့ အမေ့အတွက်ပါ။
ဒါကတော့ ကြေးအိုး အရည်နဲ့ပါ။ ကျွန်မကတော့ အရည် ပိုကြိုက်ပါတယ်။
ကျူဆိုင်၊ပဲပြား၊ငုံးဥ၊ကိုက်လန်၊မုန်ညင်းနဲ့ အသားလုံးလုပ်ရန် နယ်ထားတဲ့ပုံတွေပါ။ ကျူဆိုင် မမြင်ဖူးဘူးဆိုတဲ့ comment ကို ခုမှ ပြန်တွေ့မိလို့ပါ။ Sorry ပါနော်။ အပေါ်ဒုတိယမြောက်အကွက်က မြက်ပင်လိုရှည်ရှည်လေးတွေက ကျူဆိုင်ပါနော်။
ဆန်ကြာဇံတွေကို အကျက်မြန်အောင် (၁၅)မီးနစ်ခန့် ရေစိမ်ထားပြီးမှ ပြန်စစ်ထားတာပါ
ဒါလေးကတော့ရှာလကာရည်ထဲကိုဆားနည်းနည်းထည့်ပြီး ငရုတ်သီးတောင့်နဲ့ကြက်သွန်ဖြူလှီးထည့်ထားတဲ့အချဉ်ရည်လေးပါ။
အားလုံးသော စာလာဖတ်သူအပေါင်း မင်္ဂလာရှိသော နှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။
ဒီဇင်ဘာလတစ်လမှာ အစပြုခဲ့တဲ့ ဒီဘလော့လေးကို ဒီဇင်ဘာလမှာ ကြေးအိုးဆီချက်လေးနဲ့ Happy Birthday လေး လုပ်ပေးလိုက်ပါရစေနော်။
ကြေးအိုး ချက်နည်းကိုတော့ ဒီမှာ ရေးဖူးပါတယ်နော်။ အဲဒီ ကြေးအိုးပို့စ်နဲ့ တွဲဖတ်ပြီး လုပ်စားမှ အဆင်ပြေမှာပါနော် :)
ကြေးအိုးဆီချက် လုပ်ဖို့အတွက်ကတော့ ဆန်ကြာဇံဖတ်ကို ကြေးအိုးဟင်းရည်အိုးထဲမှာ လက်ကိုင်ရိုးရှည်တပ်တဲ့ ဇကာလေးနဲ့ ရေနွေးဖျောပါ။ သို့မဟုတ် ရိုးရိုးရေနွေးဖြင့်ဖျောပေးပါ။
ထို့နောက် ကြာဇံဖတ်ကို ပဲငံပြာရည် အကျဲ၊ ကြက်သားမှုန့်တို့ဖြင့်အရောင်လေးလှပြီး အရသာဝင်စေရန် တူလေးဖြင့်နယ်ပါတယ်။
ကြေးအိုးအရည်ထဲထည့်ပြုတ်ထားတဲ့ အရွက်၊အသား၊ပဲပြားစတာတွေ အရည်စစ်ပြီး ခပ်ထည့်ပါတယ်။ ကြက်သွန်ဖြူဆီချက်လေး ထည့်ပါတယ်။ ပြီးရင်တော့ ကြေးအိုးပြုတ်အရည်လေးနဲ့ တွဲဖက် သုံးဆောင်နိုင်ပါပြီနော်။ :)
စုဘူးအိမ်မှတဆင့်မျှဝေပါသည်။
=======================================================
အားလုံးသော စာလာဖတ်သူအပေါင်း မင်္ဂလာရှိသော နှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။
ဒီဇင်ဘာလတစ်လမှာ အစပြုခဲ့တဲ့ ဒီဘလော့လေးကို ဒီဇင်ဘာလမှာ ကြေးအိုးဆီချက်လေးနဲ့ Happy Birthday လေး လုပ်ပေးလိုက်ပါရစေနော်။
ကြေးအိုး ချက်နည်းကိုတော့ ဒီမှာ ရေးဖူးပါတယ်နော်။ အဲဒီ ကြေးအိုးပို့စ်နဲ့ တွဲဖတ်ပြီး လုပ်စားမှ အဆင်ပြေမှာပါနော် :)
ကြေးအိုးဆီချက် လုပ်ဖို့အတွက်ကတော့ ဆန်ကြာဇံဖတ်ကို ကြေးအိုးဟင်းရည်အိုးထဲမှာ လက်ကိုင်ရိုးရှည်တပ်တဲ့ ဇကာလေးနဲ့ ရေနွေးဖျောပါ။ သို့မဟုတ် ရိုးရိုးရေနွေးဖြင့်ဖျောပေးပါ။
ထို့နောက် ကြာဇံဖတ်ကို ပဲငံပြာရည် အကျဲ၊ ကြက်သားမှုန့်တို့ဖြင့်အရောင်လေးလှပြီး အရသာဝင်စေရန် တူလေးဖြင့်နယ်ပါတယ်။
ကြေးအိုးအရည်ထဲထည့်ပြုတ်ထားတဲ့ အရွက်၊အသား၊ပဲပြားစတာတွေ အရည်စစ်ပြီး ခပ်ထည့်ပါတယ်။ ကြက်သွန်ဖြူဆီချက်လေး ထည့်ပါတယ်။ ပြီးရင်တော့ ကြေးအိုးပြုတ်အရည်လေးနဲ့ တွဲဖက် သုံးဆောင်နိုင်ပါပြီနော်။ :)
စုဘူးအိမ်မှတဆင့်မျှဝေပါသည်။
=======================================================
ပြီးခဲ့တဲ့ တစ်ပတ်က ဂဏန်းသေပြီးသား အကောင်လေးတွေကို
ဈေးချထားတာတွေ့ လို့ ဝယ်ချက်စားဖြစ်ပါတယ်။
ဂဏန်းအခွံခွာနည်းကိုတော့ youtube ကနေကြည့်ပြီး သေချာခွာရပါတယ်။
ရေစင်စင်ဆေးရပါတယ်။ ဂဏန်းကိုယ်ထည်ထဲက အဆီအဥလေးတွေကို ဖယ်ထုတ်ပြီးပန်းကန်ထဲတည့်ထားပါတယ်။
ဖြတ်ထားတဲ့ လက်တွေခြေတွေကို ငရုတ်ကျည်ပွေ့ နဲ့ကွဲအောင်ထုပါတယ်။
နှစ်ခြမ်းခွဲထားတဲ့ ဂဏန်းကိုယ်ထည်တွေကို ဆား၊ ကြက်သားမှုန့်နဲ့ နယ်ပါတယ်။
အိုးတစ်လုံးထဲကို ဂဏန်းကိုယ်ထည်တွေရယ်၊ထုထားတဲ့ လက်ခြေတွေရယ်၊ ကြက်သွန်ဖြူ အမွှာကြီး (၅)မွှာ၊ဂျင်းလက်တစ်ဆစ်လောက်လေးတွေ (၅)ဆစ်လောက် ဓါးပြားရိုက်ပြီး၊ဆား၊ငံပြာရည်နည်းနည်းထည့်ကာ ရေနည်းနည်းချင်းဖြည့်ပြီး ထည့်ပြုတ်ထားပါတယ်။
ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ဂျင်းတို့ကို ညက်ညက်ထောင်းပြီး ဆီသတ်ပါ။
ဆီသတ်တဲ့ထဲကို စပါးလင်နုတဲ့အပိုင်းလေးတွေကို ညက်အောင်ထောင်းပြီး ထည့်ပါတယ်။
ဆီသတ်နံ့မွှေးလာရင် ဂဏန်းအဆီဥလေးတွေကို ထည့်ပါတယ်။ကြက်သားမှုန့်နည်းနည်း၊အရောင်တင်နည်းနည်းထည့်ပါတယ်။ ငရုတ်သီးအတောင့်လိုက်(၄)တောင့်လောက်ထည့်လိုက်ပါသေးတယ်။
မာလာဟင်းအနှစ်ထုတ်ထဲက အနှစ်ကို ဟင်းစားဇွန်းနဲ့(၃)ဇွန်းထည့်ပါတယ်။( ဂဏန်းအကောင်သေး (၅)ကောင်စာအတွက်အချိုးပါ။)
ရှမ်းနံနံ ထည့်ပါတယ်။ ဗမာနံနံ ပါနည်းနည်းထည့်လိုက်တယ်။ အဓိက ကတော့ ရှမ်းနံနံပါ။
ဆီသတ်ထားတဲ့အရာတွေကို ပြုတ်ထားတဲ့ ဂဏန်းအိုးထဲကို ရောထည့်ပြီး ဆူပွက်အောင် ပြန်တည်ပါတယ်။ အရသာမြည်းကြည့်ပြီး ကြက်သားမှုန့်နဲ့ငံပြာရည်နည်းနည်းစွက်ပြီး ငရုတ်ကောင်း နည်းနည်း အုပ်ပါတယ်။ ဟင်းအိုးပွက်ရင် စားလို့ရပါပြီနော်။
အရည်တွေအများကြီးနဲ့ အကင်ဆိုင်ကရောင်းတဲ့ ဂဏန်းဟင်းအရသာမျိုးပါ။ မြည်းဖို့လည်းကောင်းသလို အရည်လေးတွေက ပူပူစပ်စပ်နဲ့ ထမင်းနဲ့နယ်စားလည်း အရသာရှိလှပါတယ်။
သူငယ်ချင်းတွေ gathering လုပ်တဲ့ပွဲမျိုးဆိုလည်း ကျွေးလို့ကောင်းပါတယ်။ ဂဏန်းကိုက်နေတော့ တစ်ခြားဟင်းမထိတော့ဘူးပေါ့နော်။ :P သုံးဆောင်ကြည့်ပါနော်။ :)
စုဘူးအိမ် မှတဆင့်မှဝေပါသည်။
(ပုံနှင့်တကွကြည်ရန်)
========================================== (ငါးချဉ်လုပ်စားကြရအောင်)
ငါးချဉ်လုပ်စားရအောင်လေ ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ် ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ် ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်းတယ်။
ရုံးပဒီသီးကို ရေဆေးပြီး ထိပ်နှစ်ဘက်တိထားပါတယ်။ ပြီးတော့ စွေစွေလေးတွေ လှီးပါတယ်။ ကြက်သွန်နီ၊ ဖြူ ဆီသတ်ပါတယ်။ရုံးပဒီသီး တစ်ပန်းကန်စာအတွက်
ပဲငါးပိ ကို ထမင်းစားဇွန်းနဲ့ တစ်ဇွန်းထည့်ပါတယ်။ ပဲငါးပိ အစပ်ကို သုံးထားပါတယ်။ ဆားနည်းနည်းထည့်ပြီးရင် ရေနွေးလေး နည်းနည်းထည့်ပါ။ ရုံးပဒီသီးနပ်ရင် စားလို့ ရပါပြီရှင်။ ထမင်းမြိန်စေတဲ့ အသားလွတ်ဟင်းတစ်မျိုးပါ။ ယနေ့ ဝါဆိုလပြည့်နေ့ မှာ ကျွန်မဘုရားကို ချက်ပြီးကပ်ခဲ့တဲ့အသားလွတ် ဟင်းတွေထဲက တစ်မျိုးပါ။ အသား၊ငါးတွေ မစားချင်တဲ့ အခါမှာ စပ်စပ်လေးနဲ့ ခံတွင်းလိုက်တဲ့ အသားလွတ်ဟင်းတစ်မျိုးဖြစ်ပါတယ်
=====================================================
မှိုပင်စိမ်းမွှေ
မှိုဝယ်လို့ရပြီဆိုရင် ကန်စွန်းရွက်နဲ့တွဲပြီး ကြော်လိုက်တာက အမြဲလိုလိုမို့ ဒီတစ်ခါ အပြောင်းအလဲလေးဖြစ်ရအောင် မှိုကို ဟင်းလေးလို ချက်စားမယ်ဆိုပြီး ချက်ဖြစ်တဲ့ဟင်းလျာလေးပါနော်။ အမေက ကန်စွန်းရွက် နဲ့ကြော်မယ်တဲ့၊ လုကတော့ အမေရယ် အပြောင်းအလဲ ဖြစ်သွားရအောင် ချက်စားရအောင်နောလို့ဆိုတော့ သူပဲ ထွင်နိုင် လွန်းတယ်တဲ့။ မှိုကို အသုပ်လည်း လုပ်သေး၊ အရည်သောက်လည်း လုပ်သေး၊ အခု ဟင်းလိုမျိုး ချက်ဦးမယ်တဲ့။ စိတ်ကြိုက်ပဲ၊ သဘောရှိပဲတဲ့ ချက်ချင်သလိုသာချက်၊ တစ်ခါတည်း များများချက်၊ ဆွမ်းဟင်း လည်းလောင်းရအောင်၊ ထမင်းချိုင့်လည်းထည့်၊ အိမ်သားတွေအားလုံး စားကောင်းအောင်လို့ ချက်ပါတဲ့။ ပါမစ်ရပြီဆိုတော့ ချက်ပြီပေါ့နော်။
လိုအပ်သောပစ္စည်းများကတော့ ကောက်ရိုးမှို၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ နီ၊ ပင်စိမ်း ရွက်၊ ငရုတ်သီးစိမ်း၊ ဆား၊ နနွင်းမှုန့်အနည်းငယ်၊ ပဲငံပြာရည်အကျဲ၊ ဟင်းခတ်မှုန့် အနည်းငယ်၊ ဆီအနည်းငယ် တို့ပါနော်။
ကောက်ရိုးမှိုအလုံးလေးတွေကို သန့်ရှင်းရေးလုပ်ပြီးတော့ လေးစိတ်ရအောင် လှီးပါနော်။ ခရမ်းချဉ်သီးကိုလည်း မထူမပါးလေးလှီးပေးပါနော်။ ကြက်သွန်ဖြူနီတို့ကို အခွံနွှာ ရေဆေးပြီး မညက်တညက်လေး ထောင်းပေးပါနော်။ ငရုတ်သီးစိမ်းကိုလည်း အညှာခြွေ၊ ရေဆေးပြီး မညက်တညက်လေး ထောင်းပေးပါ။ ပင်စိမ်းရွက်လေးလည်း ရေဆေးပေးပြီး အညွန့်လေးတွေနဲ့ အရွက်လေးတွေ ခြွေယူထားပါနော်။
အားလုံးအသင့်ဖြစ်တဲ့အခါကျရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်လေးနည်းနည်းခပ်၊ မီးအားကိုလျှော့ပြီး ထောင်းထားတဲ့ ကြက်သွန်ဖြူနီငရုတ်သီးစိမ်း တွေထည့်ပြီး ဆီသတ်၊ ငရုတ်သီးစိမ်းပါတာမို့ သတိထားပြီး မီးအားကို လျှော့နော် မဟုတ်ရင် မွှန်ကုန်မှာစိုးလို့နော်။ ပြီးရင် ခရမ်းချဉ်သီးတွေထည့်ပြီး ဆီသတ်၊ ခရမ်းချဉ်သီးက အားလုံး ကြေစရာမလိုတော့ နွမ်းပြီဆိုရင် မှိုလေးတွေထည့်၊ မီးအားကို ပုံမှန်ပြန်ထား၊ ဆား၊ သကြား၊ ပဲငံပြာရည်အကျဲလေး ထည့်ပြီးတော့ အားလုံးသမအောင်မွှေပြီး ဒယ်အိုးဖုံးအုပ်ပြီး တည်ပေး ပါနော်။ သုံးမိနစ်လောက်ကြာရင် ဒယ်အိုးအဖုံးဖွင့်ပြီး တစ်ခါထပ်မွှေ၊ ပြီးတော့မှ မှိုအိပြီလား ကြည့်၊ အအိလိုသေးရင် ရေနွေးလေး နည်းနည်းလေးဖျန်းထည့်ပြီး အိအောင်ချက်၊ ပြီးတော့ အပေါ့အငန်မြည်း၊ လိုတဲ့အရသာ ထပ်ဖြည့်ပြီး ပင်စိမ်းလေး အုပ်လိုက်ပါနော်။
အဲ့ဒါဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ မှိုပင်စိမ်းမွှေးအစပ်ချက်လေး ရပါပြီ နော်။ ရုံးကို ထမင်းချိုင့်ထည့်လာတော့ မိတ်ဆွေတွေက စားကောင်းတယ်ပြောလို့ အရမ်းကို ပျော်သွားတာ။ မောင်နှမတွေလည်း ချက်စားလို့ရအောင်လို့ နည်းလေး မျှဝေလိုက်ပါပြီနော်။ အားပေးကြပါဦးနော်။
လုလုမီးဖိုချောင်မှတဆင့်မျှဝေပါ
===========================================================
(အာလူးထမင်းနယ်)
အာလူး၊ ရှမ်းဆန်၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူကြော်၊ ငရုတ်သီးဆီကြော်၊ ဆား၊ နနွင်း၊ ဟင်းခတ်မှုန့်၊ ဂျူးမြစ်၊ တို့ဟူးချောင်းကြော်၊ မြေပဲကြော်။ ပြုလုပ်နည်း ရှမ်းဆန်ကို သိပ်မပျော့အောင် ချက်ထားပါ။ အာလူးကို နူးနေအောင်ပြုတ်၊ အခွံနွှာပြီး ထောင်းထားပါ။ ခရမ်းချဉ်သီးကို နနွင်းနည်းနည်းထည့်ပြီး အလုံးလိုက် နူးအိနေအောင် ပြုတ်ထားပါ။ ထမင်းနယ်ပြင်ဆင်ဖို့အတွက် ပန်းကန်ပြားထဲ ထမင်း ထည့်ပြီး ခရမ်းချဉ်သီးကို အရည်ညှစ်ထည့်ပါ။ ဆီ နည်းနည်းနဲ့ ချိုငန်အရသာထည့်ပြီး အာလူးနဲ့ ရောနယ်ပါ။ အရသာစိတ်ကြိုက်ဖြစ်ပြီဆိုရင် စားချင်စဖွယ်ပုံစံလေးဖြစ် အောင် နယ်ထားတဲ့ ထမင်းကို ပန်းကန်လုံးပုံစံလေးလုံး လိုက်ပါ။ ပြီးမှ ပိုပြီးသတ်သတ်ဖြစ်သွားအောင် အပေါ်က ပန်းကန်လုံးအုပ်ပြီး ထပ်ဖိပုံသွင်းပေးလိုက်ပါ။ အဆင်သင့်ဖြစ်ရင်တော့ ထမင်းပေါ်ကို ငရုတ်သီးဆီကြော် ဆမ်းပြီး ကြက်သွန်ဖြူကြော် ဖြူးပေးပါ။ အာလူး ထမင်းနယ်နဲ့လိုက်ဖက်တဲ့ ဂျူးမြစ်၊ မြေပဲကြော်၊ တိုဟူး ချောင်းကြော်တို့နဲ့ တွဲဖက်သုံးဆောင်ပါ။
=================================== (အာလူး ငါးဖယ်လိပ်ကြော်)
ပါဝင်ပစ္စည်းများ အာလူး၊ ငါးဖယ်ခြစ်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်း၊ ဆား၊ ဆီ၊ ဟင်းခတ်မှုန်။ ပြုလုပ်နည်း အာလူးခပ်ကြီးကြီးတစ်လုံးကို အခွံသင်ပြီး အလွှာပါးပါးလေးတွေ ရအောင် လှီးထားပါ။ ငါးဖယ်ကို ညက်နေအောင် ထောင်းထားတဲ့ ဂျင်းနဲ့ ကြက်သွန်ဖြူ၊ ဆား၊ ငရုတ်ကောင်း၊ ဟင်းခတ်မှုန့်တို့နဲ့ ရောနယ်ပြီး အနည်းငယ် ထောင်း ပေးပါ။ ပြီးရင် ပါးပါးလွှာထားတဲ့ အာလူးထဲကို အရသာသွင်းထားတဲ့ ငါးဖယ်ထည့်လိပ်ပါ။ အလိပ်မပြည်သွားအောင် ဒုတ်သေးသေးနဲ့ ထိုးပြီးထိန်းပေးပါ။ အလိပ်လေးတွေ လိုသလောက် ရပြီဆိုရင် ဆီအိုးကိုတည်ပါ။ ဆီပူလာရင် ငါဖယ်လိပ်လေးတွေကို ထည့်ကြော်ပါ။ အာလူးအနားလေးတွေကြွပ်ပြီး ရွရွလေး ဖြစ်လာရင် အိုးထဲက ဆယ်လို့ရပါပြီ။ ဒါဆိုရင် တော့ ငရုတ်ကောင်းနံ့သင်းသင်းလေးနဲ့ အရသာ ရှိလှတဲ့ အာလူးငါးဖယ်လိပ်ကြော်ရပါပြီ။ ===================================== (တုန်ယမ်းထမင်းကြော်)
ပါဝင်ပစ္စည်းများ ထမင်း၊ နှစ်သက်ရာအသား၊ ကြက်ဥ၊ ကြက်သွန်ဖြူ၊ ပြောင်းဖူး၊ မုန်လာဥနီ၊ နံနံပင်၊ ရှောက်ရွက်နဲ့ Tom Yum paste ။ ဒီတစ်ပတ် ချက်ပြထားတဲ့ စားဖွယ်ကတော့ တုန်ယမ်း ထမင်းကြော်ပဲ ဖြစ်ပါတယ်။ ပြုလုပ်နည်း အသားကို အတုံးခပ်သေးသေးလှီးထားပါ။ ကြက်ဥကို ခပ်ပါးပါးနဲ့ အပြန့်လိုက်ရအောင် ကြော်ထားပါ။ မုန်လာဥနီနဲ့ ပြောင်းဖူးကို နုပ်နုပ်စဉ်းထားပါ။ အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် အိုးထဲဆီထည့်ပြီး ကြက်သွန်ဖြူ ထည့်ဆီသတ်ပါ။ ပြီးရင် စဉ်းထားတဲ့ဟင်းသီးဟင်းရွက်တွေထည့်မွှေပါ။ လှီးထားတဲ့ အသားတွေထည့်ကြော်ပါ။ ခဏကြာလို့ အသားကျက်ပြီဆိုရင် ထမင်းထည့်ပါ။ Tom Yum paste ထည့်ပါ။ အချို၊ အငန်ထည့်ကြော်ပါ။ အရသာမြည်းကြည့်လို့ အနေတော်ပြီဆိုရင် တုန်ယမ်းထမင်းကြော် ရပြီပေါ့။ ကြက်ဥကြော်၊ ရှောက်ရွက်နဲ့ နံနံပင်တွေကိုတော့ စားခါနီးကျမှ ပန်းကန်ထဲထည့်ပြီး တွဲဖက် စားသုံးနိုင်ပါတယ်။========================================= (ကြက်အူချောင်းငရုတ်ကောင်းဆော့စ်)
ပါဝင်ပစ္စည်းများ ကြက်အူချောင်း၊ အာလူး၊ မုန်ညင်းစိမ်း၊ မုန်လာဥနီ၊ ဘိုစားပဲသီး၊ ရွှေပဲသီး၊ ပန်းဂေါ်ဖီ၊ ပြောင်းဖူးအသေး၊ နွားနို့၊ ထောပတ်၊ ပါမာဆန်ချိစ်၊ ငရုတ်ကောင်းဆောစ့်၊ ကြက်သွန်ဖြူ။ ပြုလုပ်ပုံအဆင့်ဆင့် ကြက်အူချောင်းကို ထောပတ်သုတ်ပြီး အပူ ပေးထားတဲ့ ဒယ်အိုးပြားမှာ တစ်မိနစ်ခန့် ကင်ပါ။ အာလူးကို နူးအောင်ပြုတ်ပြီး ကြေညက် အောင်ထောင်းပါ။ နွားနို့သန့်သန့်ကို ထောပတ်၊ ပါမာဆန် ချိစ်၊ ဆား၊ ငရုတ်ကောင်း အနည်းငယ် နဲ့ ဆူအောင်ကြိုပါ။ ဆူလာရင် ထောင်းထားတဲ့ အာလူးထည့်ပြီး သစ်သားယောင်းမနဲ့မွှေပါ။ နွားနို့ခန်းပြီး ပျစ်ခဲလာရင် မီးပိတ်ထားလိုက်ပါ။ အသီးအရွက်တွေကိုတော့ စိတ်ကြိုက်အရွယ် လှီးချွတ်ပြီး ရေနွေးဖျောပါ။ ပြီးရင် ကြက်သွန်ဖြူ၊ ဆားနဲ့ ငရုတ်ကောင်းကိုရောဆီသတ်ပြီး အသီး အရွက်တွေကိုကြော်ပါ။ ရပြီဆိုရင် ကြက်အူ ချောင်းပေါ် ငရုတ်ကောင်းဆော့စ်ဆမ်းပြီး နို့ အာလူးပေါင်း၊ သီးရွက်စုံကြော်တို့နဲ့ တွဲဖက်ပြီး အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။ ===========================================================
(အမဲခြောက်ချင်းထောင်း)
ပါဝင်သောပစ္စည်းများ
အမဲသား၊ ချင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ဖက်ဖယ်၊ နံနံပင်၊ မဂရမ့်၊ မကျန်စိ။ ပြုလုပ်ပုံအဆင့်ဆင့် သန့်စင်ထားတဲ့ အမဲသားကို အရွယ်တော်လေး တွေ လှီး၊ ဆားနဲ့နယ်ပြီး အခြောက်လှန်းပါ။ အမဲခြောက်ရပြီဆိုရင် မီးဖုတ်ပြီး အမျှင်အသေးလေး တွေဖဲ့ပြီး ထွင်ပါ။ ချင်းနဲ့ ကြက်သွန်ဖြူကို အခွံသင် လှီးပြီး ငရုတ်သီးစိမ်းနဲ့ရောကာ ထောင်းပါ။ ညက်ပြီ ဆိုမှ မဂရမ့်၊ မကျန် စိ၊ ဖက်ဖယ်နဲ့ နံနံပင်တွေထည့်ပြီး မညက်တညက် ထပ်ထောင်းပါ။ နောက်ဆုံးမှ ဆား အနည်းငယ်နဲ့ ထွင်ထားတဲ့ အမဲခြောက်တွေထည့်ပြီး ရောထောင်းပါမယ်။ ဒါဆိုရင်တော့ ချင်းနံ့မွှေးမွှေး လေးနဲ့ အမဲခြောက်ချင်းထောင်းရပါပြီ။ ==============================================================
(ကချင်ငှက်ပျောဖူးကြော်)
ပါဝင်သောပစ္စည်းများ
ငှက်ပျောဖူး၊ ချင်း၊ ကြက်သွန်ဖြူ၊ နံနံပင်၊ ပင်စိမ်း၊ ဆား၊ နနွင်း၊ ဆီ။ ပြုလုပ်ပုံအဆင့်ဆင့် ပထမဆုံး ငှက်ပျောဖူးကို ဓားနဲ့ လှီးလို့ရမယ့် အပိုင်းထိရောက်အောင် အခွံခွာပါ။ ပြီးရင် ဓားနဲ့ ထက်ခြမ်းခွဲပြီး ပြုတ်ရပါမယ်။ ပြုတ်လို့နူးလာပြီဆိုရင် ရေစစ်ထားပါ။ အထဲကနေ ရေတွေ ထွက်မကျလာ တော့မှ အဖန်ရေတွေ ထွက်သွားအောင် ညစ်ထုတ်ပေး ရပါမယ်။ ဟင်းအနှစ်အတွက် ချင်း၊ ကြက်သွန်ဖြူ၊ နံနံပင်၊ ပင်စိမ်းတို့ကို ရေဆေးအခွံသင်ပြီး ညက်နေအောင် ထောင်းပါ။ ရပြီဆိုရင် ငှက်ပျောဖူးပန်းကန်ထဲ ဆား၊ နနွင်းတို့နဲ့ ရောထည့်ပြီး နယ်ထားပါ။ ဟင်းချက်ဖို့အတွက် ဒယ်အိုးထဲကို ဆီစားပွဲ တင်ဇွန်း တစ်ဇွန်းလောက်ထည့်အပူပေးပြီး အရသာသွင်းထား တဲ့ ငှက်ပျောဖူးထည့်ပြီး ဆီပူထိုးပါ။ ခဏကြာရင် ပဲငပိရည်နည်းနည်းထည့်ချက်ပါ။ အရသာ အနေတော် ဖြစ်ပြီဆိုရင် ငရုတ်သီးစိမ်းကို ထပ်ခြမ်းခွဲအုပ်ပြီး မီးဖိုပေါ်က ချလို့ရပါပြီ။ ================================================================
(အိန္ဒိယတောင်ပိုင်းစတိုင် ကြက်သားဒံပေါက်)
ပါဝင်သောပစ္စည်းများ
Basmati ဆန်၊ ကြက်သား၊ ဒိန်ချဉ်၊ ထောပတ်၊ ပူဒီနာ၊ ကြက်သွန်နီ၊ ဖာလာ၊ ကရဝေး လေးညှင်းပွင့်၊ ငရုတ်ကောင်း ငရုတ်သီးစိမ်း၊ သစ်ကြံပိုးခေါက်၊ နံနံပင်၊ ဆား၊ saffron ၊ Javitri ပြုလုပ်ပုံအဆင့်ဆင့် Basmati ဆန်ကိုရေစိမ်ထားပါ။ ကြက်သွန်နီကို ပါးပါးလှီးပြီး ကြော်ထားပါ။ ကြက်သားကို သန့်စင်ပြီး အရွယ်တော်အတုံးလေးတွေတုံး၊ အရသာ သွင်းပြီး တစ်နာရီလောက်နှပ်ထားပါ။ ကြက်သားချက်ဖို့အတွက် ဒယ်အိုးထဲထောပတ်ထည့် အပူပေးပြီး ဟင်းခတ်အမွှေးအကြိုင် အားလုံးထည့်ပြီး ဆီသတ်ပါ။ ပြီးရင် ကြက်သားထည့်ပြီး နူးသည်အထိ တည်ထားပါ။ ဒံပေါက်ထမင်းချက်ဖို့အတွက်ကိုတော့ ရေစိမ်ထားတဲ့ ဆန်ကိုဆီအနည်းငယ်နဲ့ ဆီပူထိုးပါ။ ခဏနေရင် ရေနည်းနည်းထည့်ပြီး ရေခန်းလာရင် ဟင်းခတ်အမွှေးအကြိုင်တွေ ထည့်ချက်ပါ။ အဖုံး အုပ်ပြီး ထမင်းကို မီးနည်းနည်းနဲ့ မိနစ် ၃၀ လောက် နှပ်ချက်ချက်ပါ။ ပြီးရင် ကြော်ထားတဲ့ ကြက်သွန်နီ ရောထည့်ပါ။ ===============================================================
(ကြက်ကချင်ချက်)
ပါဝင်သောပစ္စည်းများ
ကြက်သား၊ ချင်း၊ ကြက်သွန်ဖြူ၊ နနွင်း၊ မဂရမ့်၊ မကျန်စီ၊ ဖက်ဖယ်၊ ချဉ်စော်ခါးသီးခြောက်၊ နံနံပင်၊ ပင်စိမ်း၊ ငရုတ်သီးစိမ်း၊ ဆား၊ ဆီ၊ ပဲငပိရည်။ ပြုလုပ်ပုံအဆင့်ဆင့် ကြက်သားကို သန့်စင်ပြီး၊အရွယ်တော် အတုံးလေးတွေတုံးကာ ထောင်းပြီး သား ချင်း၊ ကြက်သွန်ဖြူနဲ့ ဆား၊ နနွင်း၊ ပဲငပိရည်တို့ ထပ်ထည့်ပြီး အရသာ စိမ့်ဝင်အောင် ငါးမိနစ်လောက် နှပ်ထားပါ။ ပြီးရင် ငရုတ်သီးစိမ်း၊ နံနံပင်၊ ပင်စိမ်းနဲ့ ဖက်ဖယ်ကို ခမ်းကြမ်းကြမ်း လေးထောင်းပြီး နှပ်ထားတဲ့ကြက်သားထဲ ရောနယ်ထည့်ပါ။ ရောထည့်ထားပြီး ငါးမိနစ် လောက်ရှိပြီဆိုရင် ပဲငပိရည် ထပ်ထည့်ပြီး မဂရမ့်နဲ့ မကျန်စီတို့ ထပ် ထည့်ပြီးနယ်ပါ။ ဟင်းချက်ဖို့အတွက် အိုးထဲ ဆီမကပ်ရုံလောက်ထည့်အပူပေးပြီး အရသာစုံသွင်းထားတဲ့ ကြက်သားထည့်ချက်ပါ။ ပြီးရင် ချဉ်စော် ခါးသီး စိမ်ထားတဲ့အရည်ကိုပဲ စစ်ထည့် ပြီး အဖုံးအုပ် တည်ထားလိုက်ပါ။ အရည် ခပ်ပျစ်ပျစ်လေးဖြစ်လာရင် ရေနည်းနည်း ထပ်ထည့်ပြီး ကြက်သားနူးလာရင် အရသာမြည်းပြီး စိတ်ကြိုက်ဖြစ်ပြီဆိုရင် မီးဖိုပေါ်က ချလို့ရပါပြီ။ ===========================================================
(အိန္ဒိယစတိုင် ကြက်ကောင်လုံးကင်)
ပါဝင်ပစ္စည်းများ
ကြက်ကောင်လုံး ထောပတ် ရေထုတ်ထားတဲ့ ဒိန်ချဉ် ဆား ကြက်သွန်ဖြူ/နီ ချင်း ဇီရာ ဖာလာ ငရုတ်သီးမှုန့် လေးညှင်းပွင့် မုန်ညင်းဆီ နံနံပင် ဂေါ်ဖီ သခွားသီး ခရမ်းချဉ်သီး ငရုတ်ပွ ရှောက်သီး။ ပြုလုပ်ပုံအဆင့်ဆင့် ကြက်အကောင်လိုက်ကို ရင်ခွဲပြီး အထဲမှ ကလီစာတွေကိုထုတ်ပါ။ ရေနဲ့ စိတ်ကြိုက်သန့်စင်ပြီး ရေစစ်ထားပါ။ ကြက်သွန်ဖြူ/နီနဲ့ ချင်းတို့ကို ညက်နေအောင် ထောင်းပါ။ ရလာတဲ့အနှစ် ကို ဒိန်ချဉ်နဲ့ဟင်းခတ်အမွှေးအကြိုင် အမှုန့်တွေရောပြီး ရေစစ်ထားတဲ့ကြက် သားထဲထည့် အရသာသွင်းထားပါ။ အချိန်ခြောက်နာရီလောက်ထားပြီးပြီ ဆိုရင် ကြက်ကို တံစို့ထိုးပြီး မြေနဲ့လုပ် ထားတဲ့မီးဖိုမှာ ကင်ပါ။ မျက်နှာပြင်တစ်ဖက်စီကို ၁၅ မိနစ် လောက် ကင်ရမှာဖြစ်ပြီး ကင်နေစဉ်မှာ ထောပတ်သုတ်လိမ်းပေးပါ။ ကြက် သားတွေ ကျက်သွားပြီဆိုရင် သီတံက ဖြုတ်ပြီး စိတ်ကြိုက်အရွယ်အတုံးလေး တွေတုံးပါ။ ကြက်ကင်နဲ့တွဲစားဖို့ ရှောက်သီး၊ ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ သခွား သီး၊ နံနံပင်နဲ့ ငရုတ်ပွတို့ကို ပါးပါး လှီးပြီး သုတ်ပါ ===========================================================
(ကြက်တောင်ပံချိုချဉ်)
ပါဝင်သောပစ္စည်းများ
ကြက်အတောင်ပံ့ သကြား ငရုတ်ကောင်း ဗီနီကာ ဆား ပဲငံပြာရည်အကြည် ကော်မှုန့် နံနံပင် ပြုလုပ်ပုံအဆင့်ဆင့်အနေတော်အရွယ် ကြက်တောင်ပံတွေကို သန့်စင်ပြီး စိတ်ကြိုက် အရွယ်တုံးပါ။ ပြီးရင် သကြား၊ ငရုတ်ကောင်း၊ ဆား၊ ပဲငံပြာရည်အကြည်၊ ကော်မှုန့်တို့နဲ့ ရောနယ်ပြီး နှပ်ထားပါ။ ကြက်သားတုံးကို ကြော်တဲ့အခါ ဆီပူပူမှာ မီးအေးအေးနဲ့ ကြော်ရမှာ ဖြစ်ပြီး သိပ်မကြွပ်ခင်မှာ အိုးထဲကနေ ဆယ်ရပါမယ်။ ဆော့စ်အတွက်ကိုတော့ ခရမ်းချဉ် သီးဆော့စ်၊ သကြား၊ ဗီနီကာ၊ ဆားနဲ့ ငရုတ်ကောင်းရောပြီး မီးမျှဉ်းမျှဉ်းနဲ့ ခပ်ပျစ်ပျစ်ဖြစ် လာတဲ့အထိ ကျိုပါ။ စားခါနီးမှာ ကြက်တောင်ပံကြော်တွေကို ပန်းကန်ထဲထည့်ပြီး ချိုချဉ်ဆော့စ် အပေါ်ကဆမ်းလိုက်ကာ နံနံပင်လေး အုပ်လိုက်ပါ။ ===========================================================
(ရဲယိုရွက် ငါးပေါင်းထုပ်)
ဒီတစ်ပတ်မှာ ဟယ်လို ပရိသတ်တွေ အတွက် တင်ဆက်လိုက်ရတာကတော့ ရဲယိုရွက် ငါးပေါင်းထုပ်ပဲ ဖြစ်ပါတယ်။ အဓိက လိုအပ်တာ ဖြစ်တဲ့ ရဲယိုရွက်၊ ငါးရယ်ပဲ ဖြစ်ပါတယ်။ ငါးကတော့ ငါးရံ့ဆိုရင် အဆင်ပြေပါတယ်။ အရသာကတော့ နည်းနည်းပေါ့ပါတယ်။ ပြီးတော့ စပါးလင်နဲ့ ဆန်မှုန့်လည်း လိုပါတယ်။ ပထမဦးဆုံး ရဲယိုရွက်ကို ရေးဆေးပြီး စစ်ထားပါတယ်။ ငါးကို လက်သည်းခွံလောက်ဗျက်၊ လက်တစ်ဆစ်လောက်အရှည်နဲ့ မထူမပါး အတုံးလေးတွေ လှီးထားပါတယ်။
ပြီးနောက် ဆား၊ ဆနွင်းနယ်ထားပါတယ်။ ကြက်သွန်နီကိုလည်း အဲဒီလောက် တုံးထားပါ။ စပါးလင်ကိုတော့ ရင့်တာတွေ ဖယ်ပြီး ကြိတ်စက်ထဲထည့် ကြိတိလိုက်ပါတယ်။ ဂျင်း၊ ကြက်သွန်ဖြူ နည်းနည်းလည်း ထည့်ရပါတယ်။ ဇလုံကြီးကြီးတစ်ခုထဲမှာ ငါးတုံးတွေကို ထည့်၊ ကြိတ်ထားတာတွေ၊ လှီးထားတဲ့ ကြက်သွန်နီ ထည့်ပါတယ်။ ဆန်လှော်မှုန့်၊ စားပွဲတင်ဇွန်း ၄ ဇွန်းစာလောက် ထည့်ပါတယ်။ ငရုပ်သီး အရောင်တင်မှုန့် ၁ ဇွန်း၊ ဆီ ၅ ဇွန်း(နယ်လိုက်တဲ့အခါမှာ ဆီရွဲနေရပါမယ်) ငါးပ် လက်တစ်ဆစ်၊ ငံပြာရည် နည်းနည်း၊ ဆားနည်းနည်း သင့်တော်သလို ချိန်ထည့်ပြီး နှံ့အောင်နယ်ပါတယ်။ ရေေးထားတဲ့ ရဲယိုရွက်ကို သွားကြားထိုးတံနဲ့ လုံအောင် ထုပ်လည်းရပါတယ်။ ဆီတော့ နည်းနည်း ယိုပါလိမ့်မယ်။ ပြီးတော့ Rice Cooker မှာပါတဲ့ ပေါင်းချောင်နဲ့ ထည့်ပြီး နာရီဝက်ကျော်ကျော်လောက် ပေါင်းပါတယ်။ ပြီးရင်တော့ ဆန်မှုန့်တွေက ကျက်သွားလို့ လုံးနေပြီး အရသာလေးလေး ငါးဖတ်တွေရယ် ကြက်သွန်နီဖတ် ချိုချိုရယ်ကို ဆီနဲ့ အိနေတဲ့ ရဲယိုရွက်နဲ့ စားလို့ရပါပြီ။ ရဲယိုရွက်ကို မကြိုက်ရင်လည်း ဖယ်စားလို့ ရပါတယ်။ ===========================================================
0 comments:
Post a Comment