Our social:

July 03, 2015

FB Account ကို De ထားရင်တောင် Noti ယူမယ်

                            
ခေါင်းစဉ်ကတော့ တိုတိုလေးပါပဲ… ကျွန်တော်ပြောချင်တဲ့အကြောင်းအရာကတော့ တစ်ခါတစ်လေ မိမိသုံးနေတဲ့ အခါမျိုးမှာ FacebookAccount ကို Deactivated လုပ်ကြတာနှင့်ပတ်သက်ပြီးတော့ဖြစ်ပါတယ်။ မိမိက ကို့ အကောင့်ကို Deactivated လုပ်လိုက်ပေမယ့်လည်းမိမိနှင့်ပတ်သက်သော Friend တွေ၊ Following လုပ်ထားတဲ့သူတွေမိမိကို Following လုပ်ထားတဲ့သူတွေရဲ့ လှုပ်ရှားမှုတွေနဲ့ အချို့အချို့သော Notification များကို သင်ကိုယ်တိုင်း Facebook Accountမသုံးပဲ၊ အင်တာနက်လုံးဝမသုံးပဲနဲ့ Notification ရအောင် ယူနည်းဖြစ်ပါတယ်။ဘယ်နည်းနဲ့ ယူမလည်းဆိုတော့ ကျွန်တော်တို့ကPhone Operator ဖြစ်တဲ့ MPT နှင့်တော့မရယူနိုင်ပါ။ ဘာကြောင့်လည်းဆိုတော့ MPT က International Roaming Services ကိုမဖွင့်ထားသောကြောင့် ပြည်ပတိုင်းပြည်များမှ ၀င်လာသော SMSServices ကို လက်မခံနိုင်ပါ။ ဒါကြောင့် ကျွန်တော်က Telenorဖုန်းကဒ်ကိုအသုံးပြုပြီး စမ်းသပ်ထားပါတယ်။ Ooredoo ကတော့မစမ်းသပ်ရသေးပါဘူး အချိန်မရတာရယ်။ တခြားအကြောင်းအရာရယ်ကြောင့်ပါ။ ကဲထားလိုက်ပါ လိုရင်းကိုပြောကြတာပေါ့…အရင်ဆုံး သင့် Facebook Account ကိုဖွင့်လိုက်ပြီး Settings ထဲကို



အထက်ပါပုံအတိုင်းဝင်လိုက်ပါမယ်။ ဒါဆိုရင် ကျွန်တော်တို့က Settings
ထဲကိုရောက်သွားတဲ့အခါမှာတော့



Mobile ဆိုတဲ့ Menu ထဲကိုဝင်လိုက်ပါမယ်။ ဒီနောက်တော့ အနီရောင်လေးထောင့်ကွက်လေးလုပ်ထားတဲ့ +Add another Mobile PhoneNumber ဆိုတာကို နှိပ်လိုက်ပြီး သင့်ရဲ့ Telenor Phone No ကိုထည့်လိုက်ပါမယ်။



ဒီနောက်တော့ သင့်ဖုန်းထဲကို Verification Code လှမ်းပို့ပေးမှာဖြစ်ပါတယ်။ ဒီအခါမှာ သင့်ဖုန်းထဲဝင်လာတဲ့ Code ကို မျှားအနီရောင်လေးပြထားတဲ့အကွက်ထဲထည့်ပြီး Confirm လုပ်ပေးလိုက်ပါမယ်။ဒါဆိုရင်အောက်ပါ လေးထောက်အနီရောင်အကွက်ကြီးထဲက အတိုင်း Settingsချထားလိုက်ပါမယ်။ထို့နောက်အောက်ပါပုံအတိုင်း



Text message Services ကိုလည်း ဖော်ပြပါ Setting အတိုင်းထားလိုက်ပါမယ်။ အားလုံးပြီးသွားရင်တော့ Save Changes ကို နှိပ်ပေးလိုက်ပါမယ်။ဒါဆိုရင် သင့်အကောင့်ကို Deactivated လုပ်လိုက်တာပဲဖြစ်ဖြစ် သင် FB
ပေါ်လိုင်းမတက်တာပဲဖြစ်ဖြစ် သင့် ဖုန်းထဲကို SMS ၀င်နေမှာဖြစ်ပါတယ်။SMS ၀င်မယ့် ပုံစံတွေကတော့ သင့်ကို Chat Message ပို့တဲ့အချိန်မျိုးတွေ၊ သင်တင်ထားတဲ့ Status တစ်ခုခုကို တစ်စုံတစ်ယောက်က ပထမဦးဆုံးအကြိမ် ၀င်ရောက် Comment ရေးသားတာမျိုးတွေကိုလှမ်းပြီးအသိပေးမှာဖြစ်ပါတယ်။ အားလုံးပဲ အဆင်ပြေမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။လေးစားစွာဖြင့်


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


0 comments:

Post a Comment