Samsung Galaxy J7
Network - GSM/HSPA/LTE CPU - QC 1.4GHz & QC 1GHz Memory - 16GB, up to 128GB OS -Android OS, v5.1 Bluetooth - v4.1 ၆ လပိုင်းမှာ Samsung သည် ဈေးကွက်ထဲကို ဟန်းဆက် အသစ်များအား ထပ်မံပို့ဆောင်ပါဦးမယ်။ အခုထပ်မံရောင်းချ မယ့် ဟန်းဆက် Series နာမည်ကတော့ J5 နှင့် J7 ဖြစ်ပါတယ်။
ဒါကြောင့် A Series နှင့် E Series ဟန်းဆက်တွေရဲ့ရှေ့ကို J Series ရောက်ရှိလာပါလိမ့်မယ်။ Samsung ထုတ်ကုန်ကို သုံးစွဲတဲ့သူများအနေဖြင့်ကတော့ မိမိရဲ့ဟန်းဆက်သည် အချိန် အနည်းငယ်အနေဖြင့်သာ အသစ်အဖြစ် ရပ်တည်နိုင်ပါလိမ့်မယ်။ သုံးလေးငါးလအတွင်း Samsung ဟန်းဆက်အသစ်များဟာ မကြာခဏ ထွက်ရှိနေခြင်းကြောင့်ပါ။ J5 ကတော့ မျက်နှာပြင်အကျယ်အ၀န်း 5 inches ရှိမှာဖြစ်ပြီး၊ J7 ကတော့ ၅ လက်မခွဲ မျက်နှာပြင်ကို ပိုင်ဆိုင်ထားပါတယ်။
J5 မှာပါရှိမယ့် pixels ပမာဏ သိပ်သည်းဆကတော့ 720x1280 ဖြစ်ပါတယ်။ တစ်လက်မမှာရှိမယ့် pixel ပမာဏ သိပ်သည်းဆဟာ 267ppi ပါ။ J5 နဲ့ J7 ဟန်းဆက်နှစ်မျိုးစလုံးသည် ဆင်းကတ်နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်မယ့် Dual Sim အမျိုးအစား ဖုန်းတွေဖြစ်ပါတယ်။ ဖုန်းနှစ်မျိုးစလုံး၏ အဓိကနှင့် ဒုတိယကင်မရာငယ်တို့၏ စွမ်းရည်များလည်း တူညီကြပါတယ်။ အဓိကကင်မရာသည် 13MP စွမ်းရည်ဖြစ်ကာ၊ ရှေ့ကင်မရာငယ်ကတော့ 5MP စွမ်းရည်ပါ။ Auto Focus, LED Flash နှင့် အခြားကင်မရာနဲ့ ဆက်စပ်ပတ်သက်သည့် စနစ်များလည်း ပါရှိပါတယ်။
ဖုန်းရဲ့ရှေ့ဘက်ခြမ်း တွင်လည်း LED Flash ပါရှိပါတယ်။ 1080p စွမ်းရည်ဖြင့် ဗီဒီယိုရိုက်ကူးပါက တစ်စက္ကန့်ကို 30 frames နှုန်းရရှိပါမယ်။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ကို 1.5GB နှင့် Insternal Storage ကို 16GB ထည့်သွင်းပေးထားပါတယ်။ Processor စွမ်းရည်မြင့်မားသည့် ဖုန်းတစ်လုံးပါ။ Android Version Lollipop ကို သုံးစွဲနိုင်ပါမယ်။
Qualcomm Snapdragon 615 chipset ကို အသုံးပြုပေးထားပါတယ်။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစားကတော့ Li-Ion 3000mAh ဖြစ်ပြီး၊ အရောင် သုံးမျိုးဖြင့်ထုတ်လုပ်ပါမယ်။
Credit to ==>Mobile Guide Journal

0 comments:
Post a Comment