How to Jailbreak iOS 8.3 using TaiG on Windows
iOS 8.1.3 - iOS 8.3 အတွက် Untethered Jailbreak ပြုလုပ်နည်းအဆင့်ဆင့်ကိုတင်ပြပေးချင်ပါတယ်... June 25 ရက်နေ့ကထွက်ရှိခဲ့တဲ့ TaiG Jailbreak Tool Version 2.0.0 ကိုပဲ Windows PC အသုံးပြုပြီးပြုပဲလုပ်နိုင်ပါသေးတယ်... Mac OS X မှာသုံးချင်သူတွေကတော့ Virtual Machine နဲ့ခံသုံးနိုင်ပါတယ်
Jailbreak မလုပ်ခင်မှာ အရင်ဆုံး Passcode ပိတ်ထားရပါမယ်... နောက်ပြီး Find My iPhone ကိုလဲပိတ်ထားရပါမယ်.... Passcode ပိတ်ဖို့အတွက် Settings App > Touch ID & Passcode မှာပိတ်နိုင်မှာဖြစ်သလို Find My iPhone ပိတ်ဖို့အတွက်ကတော့ Settings App > iCloud > Find My iPhone မှာပိတ်နိုင်ပါတယ်....
နောက်ပြီး iTunes Version 12.0.1 နဲ့ပဲအဆင်ပြေပါတယ်... ဒါ့ကြောင့် iTunes Old version ပဲသုံးဖို့အကြံပေးချင်ပါတယ်
iTunes 12.0.1 for Windows 64-Bit
How to jailbreak iOS 8.3 using TaiG on Windows
~ TaiG Jailbreak Tool ကို အရင် Download ရယူပါ... ပြီးပါက Zip ဖြည်ပြီး Run ပါ..
(ယနေ့ Update ထွက်တဲ့ Version အသစ်Link ကို တင်ပေးထားပါတယ်.. ပြုလုပ်ပုံများကတော့ တူတူပါပဲ)
~ ထို့နောက် မိမိ Device ကို Computer နှင့်ချိတ်ဆက်ပါ..
~ အောက်တွင်ပြထားသောပုံအတိုင်း Start ကိုနှိပ်ပါ
~ ထိုအခါတွင် Jailbreak ကိုစတင်လုပ်နေပြီပဲဖြစ်ပါတယ်...
~ မကြာခင်Reboot ကျပါလိမ့်မယ်..... Reboot ၄ခါ၊၅ခါ လောက်ထိ ကျတက်ပါတယ်...
~ Reboot ကျလဲ jailbreak tool မှ ဆက်လက်ပြီးလုပ်ဆောင်ပေးနေပါလိမ့်မယ်... ကြိုးကို ဖြုတ်၊တပ်မလုပ်ပါနဲ့
~ မကြာခင်အချိန်တွင်းမှာပဲ Jailbreak ပြုလုပ်ချင်းပြီးဆုံးပါတော့မယ်
~ Jailbreak ပြုလုပ်ပြီးပြီဆိုရင်တော့ သင့် Computer မှ Jailbreak tool မှာအောက်ကပုံအတိုင်းတွေ့ပါလိမ့်မယ်
အခုဆိုရင်တော့ သင်ဟာ iOS 8.3 ကိုအောင်မြင်စွာ Jailbreak ပြုလုပ်ပြီးပြီပဲဖြစ်ပါတယ်.... သင့် Device ရဲ့ Home Screen မှာ Cydia icon ကိုတွေ့မြင်နေရမှာပဲဖြစ်ပါတယ်
အဆင်ပြေကြပါစေ . . .
THINK DIFFERENT . . .
0 comments:
Post a Comment