Our social:

October 31, 2014

lava iris700 ကို Root မယ် မြန်မာစာ အလွယ်ထည့်မယ်



lava iris700 ကို Root မယ် မြန်မာစာ အလွယ်ထည့်မယ်
မင်္ဂလာပါခင်ဗျား။ ဒီတစ်ခါ မျှဝေချင်တာက lava iris700 ကို Root မယ် မြန်မာစာ အလွယ်ထည့်နည်းလေးကို အသေးစိတ် ရှင်းပြသွားမှာပါ။

 lava iris700 စတဲ့ ဒီလို Lava iris အမျိုးအစား စမတ်ဖုန်းတွေမှာ 
ဗားရှင်းက 4.4.2 တွေချည်းများပါတယ်။

တစ်လုံးတော့ တွေ့ဖူးတယ်။ 4.2.2 ဆိုပြီးတော့ Vroot နဲ့ အဆင်ပြေသွားတယ်...။
Version 4.4.2 ကျတော့ ဆရာကြီး Vroot လိုက်မမှီတော့ဖူး...D

ဒီလိုဖုန်းမျိုး Root လုပ်ဖူးတာ ၃ လုံးရှိပါပြီ။ လုံးဝ အောင်မြင်ပါတယ်။ အခုနောက်ပိုင်း စတိုင်လည်းကျ ဈေးလည်းသက်သာ ကျစ်လစ်ပြီး လူကြိုက်များလာတဲ့ စမတ်ဖုန်းထဲမှာ ထိုင်းမှာတော့ ဒီကောင် ရှေးပြေးနေတယ်ဗျာ..။

ပထမတစ်လုံး Root လုပ်ကြည့်တယ် Root Tool ပေါင်းစုံသွားတယ်။
မရဘူး လူက ချွေးတောင်ပြန်သွား...

Root Apk ပေါင်းလည်း စုပါတယ်။ ပြောရရင် One Click to Root all Android in 2014 ဆိုတာမျိုးနည်း စမ်းတာပါ..အဟ.. ဘယ်ဟုတ်မယ်...တစ်ခု Root Apk မှ ဒီဖုန်းကို Root လုပ်နိုင်တာ မရှိပါဘူးခင်ဗျား..။

ဘာလေး အဆင်ပြေမလဲဆိုပြီး Google တစ်ခွင် လိုက်ရှာတာ နောက်ဆုံး Kingo Root နဲ့ ကစ်ထည့်လိုက်တာ  lava iris700 Version 4.4.2 ကြီး တစ်ခါတည်း လန်ထွက်သွားတယ်ဗျို့...။

ဒါလေးကို ပြန်လည်မျှချင်နေတာကြာပါပြီ။ ဒါပေမယ့် Root လုပ်ထားတဲ့ Screenshot & Videos Tutorial ရှိမနေတာကြောင့် မတင်ဖြစ်တာပါ။

အခုတော့ FB ထဲ အမေးများလာတော့ အားလုံးအတွက် တင်ပေးလိုက်ပါပြီ။

ဖုန်းကို Root မစမှီ လိုအပ်မယ့် ဖိုင်များကို အောက်ကလင့်တွေမှာ အရင်ဒေါင်းလိုက်ပါ

Lava Iris USB Driver for windows  

Download Here

Version 4.3 အထက် 4.4.2 အထိ Root နိုင်တဲ့ Tool (Kingo Root)

Kingo Root V+1.2.5 Final 

Rootcheck.apk ကို အောက်ကလင့်မှာ ဒေါင်းပါ

Download Here 

OR

Download Here 
SuperSu apk လေးနဲ့ အသုံးပြုချင်တယ်ဆိုရင်အောက်ကလင့်မှာ ဒေါင်းပါ
  
Download Here 

MM Aio Font Changer 1.0 apk ကို အောက်ကလင့်မှာ ဒေါင်းပါ

Download Here 

OR

Download Here 

လိုအပ်မယ့် File ကီးဘုတ်၊ ဖောင့်တွေကို ဒေါင်းယူပြီး စလိုက်ကြရအောင်ပါ။
၁။ဖုန်းကို အနည်းဆုံး battery အား 60% ရှိအောင်ထားပါ။ 100% ရှိရင်ပိုကောင်းပါတယ်။
၂။Lava Iris USB Driver exe ကို PC မှာ install လုပ်ပါ။
၃။  Kingo Root Set up ဖိုင်ကို install လုပ်ပါ။
၎။ တစ်ချို့ဖုန်းတွေမှာ Developer option ပျောက်နေတတ်ပါတယ်။
ဖုန်းထဲမှာ developer option ဖော်ဖို့အတွက် setting / more / about device ဆိုပြီးအဆင့်ဆင့်သွားပြီးရင် အောက်ဆုံးက Build Number လေးကို ၇ ချက်လောက်ဆက်တိုက်တောက်ပေးလိုက်ပါ။
 Devoloper Option ပေါ်လာလိမ့်မယ် Devoloper Option ထဲကို ဝင်ပြီး 
USB debugging အကွက်လေးကို အမှန်ခြစ်ပေးပါ။

၅။ Kingo Root ဆော့ဝဲကို ဖွင့်ပါ အင်တာနက်ကော်နယ်ရှင် ရှိရပါမယ်။
 သူ့အလိုလို ဖုန်းမှာ လိုအပ်မယ့် ပရိုဂရမ်တွေကို install လုပ်နေပါလိမ့်မယ်။
 အားလုံးပြီးရင် Root လို့ပေါ်နေတဲ့ အ၀ါရောင်လေးကို တစ်ချက်နှိပ်လိုက်ပါ။
 (Rooting လုပ်နေတုန်း Device ကြိုးများကို မဖြုတ်ပါနဲ့)

၆။ Restart ကျပြီးလို့ Congratulations & Complete့ ပေါ်လာပါလိမ့်မယ့် 
Root Access ရသွားပါပြီ။
၇။  ဒေါင်းလော့ ရလာမယ့် file များကို install လုပ်ရန်အတွက်
 setting / security / unknown source အကွက်လေးကို အမှန်ခြစ်ပေးပါ။

၈။ Root checker Apk ကို install လုပ်ပြီး Root Access ရှိ မရှိ Verified ကိုနှိပ်ပါ။
Congratulation လို ပေါ်နေရင် မိမိဖုန်း Root ဖောက်တာ အောင်မြင်သွားပါပြီ။

  ၉။  FrozenKeyboard နဲ့ MM Aio Font Changer ကို install လုပ်ပါ။

၁၀။ MM Aio Font Changerကို ဖွင့်ပါ Android Version 4.3 အထက်ဆိုတာကို install လုပ်ပါပြီ
Restart ကျပြီးလို့ ပြန်တက်လာရင် lava iris700 စတဲ့ ဒီလို Lava iris အမျိုးအစား စမတ်ဖုန်းတွေမှာ  မြန်မာဖောင့်ရပါပြီ။


အဆင်ပြေပါစေ




ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ




0 comments:

Post a Comment