Our social:

October 30, 2014

Windows 7 Repairing Guide



ကျနော် ဒီပို့စ်လေးကို မျှဝေချင်နေတာကြာခဲ့ပါပြီ အလုပ်ကသိပ်မအားသေးတာနဲ့ မတင်ဖြစ်တာပါ ဒီနေတော့ အပင်ပန်းခံပြီး ရေးတင်လိုက်ပါပြီခင်ဗျား။ သိပြီးသား ဘော်ဒါတွေကတော့ ကျော်သွားလိုက်ပါ မသိသေးတဲ့ လေ့လာခါစ ဘော်ဒါအတွက်အတွက် မသိမဖြစ်တဲ့ တကယ့် Guide တစ်ခုဖြစ်မှာပါ။

Windows 7 ဟာ သူ့ရှေးက Windows တွေရဲ့ အားနည်းချက်တွေ လိုအပ်ချက်တွေကို ပြုပြင်ဖြည့်စွက်ခဲ့လို့ ပိုကောင်းလာခဲ့ပါတာအမှန်ပါ။ Virus တွေအလွယ်တကူမ၀င်နိုင်အောင်လည်း ကာကွယ်နိုင်လာပြီးတော့ XP နဲ့ယှဉ်လိုက်ရင် ပိုမိုလုံခြုံစိတ်ချရမှုရှိပါတယ်။ ဒါပေမယ့် လောကမှာ အလုံးစုံ ပြီးပြည့်စုံတယ်လို့မှမရှိတာ (တရားဟောနေတာမဟုတ်ပါ : P) သူ့မှာလည်းအားနည်းချက်တွေရှိပါတယ်။ ဒီတော့ ပျက်ဆီးမှု ဆိုတာလည်း ရှိပါလာပါတယ်။



Virus တွေနဲ့ အခြား System ပိုင်းချို့ယွင်းမှုကြောင့် Windows မတတ်နိုင်သလို၊ တစ်ချို့ Multiboot အနေနဲ့ Computer တစ်လုံးမှာ Windows တွေအများအပြား တင်တဲ့အခါမျိုးမှာလည်း Error တက်ပြီး ပျက်စီးနိုင်ပါတယ်။ ဒီနေရာမှာ တစ်ချို့မေးစရာလေးတွေ ရှိတာက အဲလို စက်တစ်လုံးထဲမှာ Windows တွေအများကြီးတင်လို့ ရလားပေါ့၊ နောက်တစ်ခုက ဘာလို့တင်လည်းပေါ့၊ အများကြီးတင်လို့ရလားဆိုတော့ အမေးရှိရင် အဖြေတော့ရှိရပါမယ်၊ ရတာပေါ့လို့ ဖြေပါရစေ ၁ ခု၊ ၂ ခုတောင်မဟုတ်ဘူး၊ ၄၊ ၅ ခုတင်လို့တောင်ရသေးတယ်။ ၄၊ ၅ ခုဆိုတော့ တင်စရာ Windows တွေကော ရှိလို့လားဆိုရင် ရှိတာပေါ့ အခုလက်တစ်လော သုံးနေကြတဲ့ Windows တွေထဲကပဲ ပြောမယ်ဆိုရင်တောင် XP, Vista, 7, 8,9,10 (9, 10 တွင် 9 သည်တရားဝင်ထုတ်ပြန်ထားပြီးပါပြီ။ 10 ကတော့ သတင်းအရ ကြော်ငြားထားခြင်းတော့မရှိသေးပေမယ့် Official ထဲမှာတော့ Review အနေနဲ့ ထုတ်ပြန်ထားပါပြီ။) Server 2003, Server 2008 တွေပေါ့။ နောက်တစ်ခုက ဘာလို့တင်လည်းပေါ့ အဲဒီကိစ္စပြောရမယ်ဆိုရင်တော့ ရည်ရွယ်ချက်အမျိုးမျိုးကြောင့်ပေါ့ တစ်ချို့က လေ့လာချင်လို့တင်တာရှိသလို၊ တစ်ချို့ကြတော့လည်း တစ်ခြား ဘယ် Software ကဘယ် Windows နဲ့အဆင်မပြေဘူး၊ ဒီ Windows ကိုကြတော့ ဒါကြောင့်သုံးချင်တယ်ပေါ့။ ဥပမာလေးတစ်ခုပေးရရင်တော့ဗျာ---အိမ်တစ်အိမ်မှာ သားအဖနှစ်ယောက် Computer ၁ လုံးကို ၂ ယောက်သုံးတယ်ဆိုပါတော့၊ သားက Windows 7 သုံးချင်တယ်၊ အဖေက Windows 7 နဲ့သိပ်ရင်းနှီးမှုရှိမနေတော့ အလုပ်လုပ်ရတာအဆင်မပြေဘူး၊ XP ကိုပဲသုံးချင်နေတယ်၊ အဲ့တော့ အဲဒီစက်မှာ XP ကော Windows 7 ပါ နှစ်ခုလုံးတင်ထားပေးတာပဲပေါ့ဗျာ။

ဒီနေရာမှာ ကြုံလို့ ပြောရဦးမယ် အဲ့ဒီလို Winows တွေကို အများအပြားတင်တဲ့အခါ Version နိမ့်တဲ့ Windows ကို အရင်တင်ပါမှ ပိုအဆင်ပြေပါတယ်။ ဥပမာ-XP နဲ့ 7 ဆို XP ကို အရင်တင်ပေးရပါမယ်။ Windows တွေ စဉ်လိုက်မယ်ဆိုရင် XP, Server 2003, Vista, Server 2008, Windows 7, Windows 8.1 အဲလိုမျိုး အစဉ်လိုက် တင်ရမှာပါ။



အဲဒီလိုမျိုး Multiple Windows တင်ထားတဲ့အခါ ဥပမာ XP နဲ့ Windwos 7 နှစ်ခုတင်ထားတယ်ဆိုပါစို့။ XP Windows ကအကြောင်းအမျိုးမျိုးကြောင့် ပျက်လို့ Repair လုပ်မိတာမျိုးဖြစ်တတ်ပါတယ်။ နဂိုက Windows ၂ ခု တင်ထားလို့ Boot စတတ်လာတဲ့အခါ ၂ခုထဲက တစ်ခုရွေးပေါ့ အဲလိုမျိုးရွေးပြီး Windows တက်ခိုင်းတာကတေ အဲလို XP ကို Repair လုပ်တဲ့အခါ တစ်ခါတစ်ရံဖြစ်တတ်တကာ XP ပဲတန်းတက်လာပြီး ရွေးလို့ မရတော့တာမျိုး၊ Windows 7 ကို ရွေးလို့ရရင်လည်း Restart ပြန်ပြန်ကျသွားတာမျိုးပေါ့၊ အဲလိုမျိုးဖြစ်နေရင် Windows 7 ကို ပြုပြင်ပေးရတော့မှာပါ။ အခု ကျနော် Windows 7 ကို Repair လုပ်တဲ့နည်းကို ပြသွားပါမယ်။



Windows 7 ကိုစပြီး Repair လုပ်တော့မယ်ဆိုရင် (Power ဖွင့်ပါ Delete Key (တစ်ချို့စက်များတွင် F2 ဖြစ်နိုင်သည်) ကိုနှိပ်ပါ၊ သေချစေရန် CMOS setup ပေါ်လာသည့်အထိ ၄ ၅ ခါဆက်နှိပ်ပါ။






Windows 7 DVD ခွေကိုထည့်ပါ။ Boot တက်သော အခွေဖြစ်ရပါမယ်။ အချို့ Windows 7 ခွေများသည် Boot မတက်ပါ၊ ဆိုင်တွေမေး၍၀ယ်ပါ။

Advanced BIOS Features ကိုနှိပ်ပါ










First Boot Device (or) Boot sequence ဆိုတာရှာပြီး

First Boot ကို CDROM ထားပါ Second Boot ကို

Harddisk (or) HDD -0 ထားပါ။






ပြီးလျှင် F10 Key ကိုနှိပ်ပါ၊ Yes နှိပ်ပါ။

နောက်တစ်ခါ စက်ပြန်တက်လာလျှင်

Press any key to boot from CD or DVD.. စာကြောင်း ပေါ်လာလျှင် Enter နှိပ်ပါ။



(အခြား Key တစ်ခုခု နှိပ်လည်းရပါတယ်၊ Key တစ်ခုခုနှိပ်လိုက်ဆို တစ်ချို့က ဘယ်ဟာကိုနှိပ်ရမလဲ ထပ်ပေးလွန်းပါ)









Windows File များ ကူးနေသည် ကို ခေတ္တစောင့်ပေးပါ










Next ကိုနှိပ်ပါ








Repair your computer ကိုနှိပ်ပါ





Next ကိုနှိပ်ပါ




ဒါဆိုရင် အခုမြင်နေရတဲ့ ပုံပေါ်လာပါမယ်။ Windows ပြန်တက်ဖို့ Tool အားလုံးကို သုံးစရာမလိုပေမယ့် User တွေ ဗဟုသုတရအောင် အားလုံးကိုအကြမ်းဖျင်းရှင်းပြပေးပါမယ်။




Startup Repair 


Startup Repair ကတော့ Windows 7 ရဲ့ အရေးကြီးတဲ့ System File တွေပျက်စီးတဲ့အခါ ပုံမှန်အတိုင်း Windows ပြန်တက်လာဖို့နဲ့ Windows 7 Boot မတက်တဲ့အခါပြင်ဆင်ဖို့ပြုလုပ်ပေးပါတယ်။ Error တွေ ပြဿနာတွေကို အလိုအလျောက်စစ်ဆေးပြုပြင်ပေးပါတယ်။

  
  System Restore







System Restore ကတော့ Restore Point တွေရှိမယ်ဆိုရင် ကိုယ်ရေးကိုယ်တာ Data File တွေကလွဲရင် Windows File တွေ၊ Registry Settings တွေ Software တွေကို အဲဒီ Restore Point တွေရှိနေတဲ့ အချိန်အနေအထားအတိုင်း ပြန်လည် Restore လုပ်ပေးပါတယ်။

 System Image Recovery





System Image Recovery ကတော့ image backup file  ပြုလုပ်ထားမယ်ဆိုရင် အဲဒီ File ကို ဖန်တီးထားတဲ့ အချိန်ကပုံစံအတိုင်း ဖြစ်အောင် ဒီ File ကို ပြန်လည်အသုံးပြုပြီး Restore လုပ်ပေးပါတယ်။
Windows Memory Diagnostic





Windows Memory Diagnostic Tool ကတော့ Computer ရဲ့ memory errors တွေကို ရှာဖွေစစ်ဆေးပေးတာပါ။

 Command Prompt








Command Prompt ကတော့ Technician တွေ Advanced User တွေအတွက် ပြဿနာတွေ စစ်ဆေးအဖြေရှာဖို့၊ Error တွေရှင်းလင်းဖို့ ၊ Boot ပြဿနာတွေဖြေရှင်းဖို့ပါ။ အသုံးပြုဖို့ကတော့ Command တွေကို ရိုက်ပြီး အသုံးပြုရမှာပါ။

Startup Repair

Startup Repair ကိုအသုံးပြုမယ်ဆိုရင် Startup Repair ကိုနှိပ်ပေးပါ









Problems တွေကို ရှာဖွေစစ်ဆေးနေပါလိမ့်မယ်။









Error တွေ၊ Problem တွေတွေလို့ Repair ပြုလုပ်တာ ပြီးစီးသွားပြီဆိုရင် အောက်မှာတွေ့ရတဲ့ စာသားတွေတက်လာပြီး Restart ချခိုင်းပါမယ်။ Finish လို့နှိပ်လိုက်ရင် Restart ဖြစ်သွားပါမယ်။



 




Finish ကိုနှိပ်ပါ
  



Restart ဖြစ်သွားပြီးလို့ ပြန်တက်လာရင် Windows 7 DVD ကို ပြန်ထုတ်လိုက်ပါ Windows တက်လာပါလိမ့်မယ်။









အဲလို Startup Repair နဲ့ ပြင်လို့မှ Windows မတက်သေးဘူးဆိုရင် Command Prompt ထဲဝင်ပြီးး Command တွေရိုက်ပြင်ပါ။ ဒါကတော့ Technician တွေနဲ့ Advanced User တွေအတွက် သုံးတဲ့နည်းလမ်းပါ။









Command Prompt ထဲဝင်ပါ ပြီးရင် Windows ကို Scan လုပ်ခြင်၊ Boot Configuration Data ကိုပြန်တည်ဆောက်ခြင်း၊ Boot Problems တွေကို ပြင်ဆင်ခြင်းနဲ့ Master Boot Record (MBR) ကို ပြုပြင်ခြင်း စတာတွေကို ပြုလုပ်ပေးပါ။

ပြောတာတော့လွယ်ပါတယ် အဲဒါတွေ ဘယ်လို လုပ်ရမလဲ ငါတို့ကတော့ Techincian လည်းမဟုတ်ဘူး၊ Advanced User လည်းမဟုတ်ဘူး၊ ငါတို့လည်းပြင်တတ်ချင်တာပေါ့လို့ ဘာတွေရိုက်ရမှာလဲ မေးခဲ့ရင် ဖြေပေးရမှာပေါ့ဗျာ။ ဘာကြောင့်လည်းဆိုတော့ ဒီလောက်ထိကိုရောက်အောင် ဖတ်ခဲ့တဲ့သူဟာ တကယ်စိတ်ဝင်စားလို့ ဆိုတာသဘောပေါက်ပါတယ်။ ဟုတ်ပါပြီ ဆက်ပြီးလေ့လာ ရအောင်ပါ။ ခု ရိုက်မယ့် Command တွေက စာလုံးပေါင်းမှားလို့ လည်းမရဘူး Space ကိုလည်း သူ့နေရာနဲ့သူ ခြားပေးရမှာဖြစ်ပါတယ်။ အသုံးဝင်မယ့် Command တွေကို ကျနော် ရိုက်ပြပါမယ်။



OS (Windows) ကိုစစ်ဆေးဖို့ အတွက်

BootRec /ScanOS လို့ရိုက်ပါ။

Boot Configuration Data (BCD) ပြန်တည်ဆောက်ဖို့အတွက်

BootRec /RebuildBcd လို့ရိုက်ပါ။

Windows 7 Boot မတက်လာလို့ ပြုပြင်ဖို့အတွက်

BootRec /FixBoot လို့ရိုက်ပါ။

Master Boot Record (MBR) ကိုပြုပြင်ဖို့အတွက်

BootRec /FixMbr လို့ ရိုက်ပါ။










ပြီးရင် Exit ရိုက်ပြီး ထွက်လိုက်ပါ။









 ကြိုက်သလို ကူးယူဖေါ်ပြနိုင်ပါတယ်

Credit လေးတော့ ပေးပါခင်ဗျာ

နည်းပညာလောကသားများအား အစဉ်လေးစားလျှက်

အားလုံးပဲ နည်းပညာတွင်ပျော်၍ တော်နိုင်ကြပါစေ




ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ



0 comments:

Post a Comment