Our social:

November 01, 2014

Samsung Galaxy S4 GT-I9500 Firmware (မြန်မာစာ တခါတည်းပါတဲ့ Android 4.4.2 Kitkat Official Firmware တင်နည်း)



Samsung ဖုန်းတွေအတွက် Android Version 4.4.2 Kitkat Latest Firmware လိုချင်တယ်ဆိုပြီးတောင်း လာ လို့ တင်ပေးလိုက်တာပါ။ အခုတင်ပေးလိုက်တဲ့ Firmware ကတော့ System Myanmar Font တခါတည်း ပါတာကြောင့် Firmware တင်ပြီး အသင့်သုံးရုံပါပဲ။ Fri, 12 Sep 2014 ကမြန်မာစာ နဲ့ နောက်ဆုံး ထွက်ထားတဲ့ Firmware ဖြစ်ပါတယ်။ အောက်မှာ လိုအပ်တဲ့ ဖိုင်တွေ ဒေါင်းပြီး Firmware တင်နည်းကို ဆက်ကြည့် လိုက်ပါ။ ကျနော် ပုံနှင့်တကွ နားလည်အောင် ၊သေခြာ ရှင်းပြ ထားပါတယ်။

Model: GT-I9500 
Model name: GALAXY S4 
Country: Thailand 
Version: Android 4.4.2 
Changelist: 2752233 
Build date: Fri, 12 Sep 2014 02:22:13 +0000 
Product Code: THL 
PDA: I9500XXUGNI1 
CSC: I9500OLBGNI1 
MODEM: I9500DXUGNH1 

Download Samsung Galaxy S4 GT-I9500 Firmware

Download Odin 3.09

Firmware ဒေါင်းဖို့ အကောင့်မရှိသေးဘူးဆိုရင် ကျနော့် အကောင့်ပေးထားတယ်။ အဲတာနဲ့ Login ၀င်ပြီးမှ Download Botton ကိုနှိပ်ပါ။ Username zawminthan နဲ့ Pass က  zawminthan123 နဲ့ Login ၀င်ပြီး မှ ၊ဒေါင်းပါ အောက်မှာ ပုံကို ကြည့်လိုက်ပါ.


Firmware ကိုဒေါင်းပြီးရင် တင်နည်းကို ဆက်ကြည့်လိုက်ပါ။ 

  • အရင်ဆုံးဖုန်း firmware ကိုရလျှင် Zip ဖြေလိုက်ပါ။ (Extract Firmware Zip File That Your Downloaded)
  • နောက်ပြီး ရင် Odin ကို ကွန်ပျူတာမှာ ဖွင့်လိုက်ပါ။
  • ဖုန်းကို ပိတ်ပြီးရင် ဖုန်းရဲ့ Volume Down + Power+ Home သုံးခုကို တွဲနှိပ်ပြီး Download Mode ၀င်ပါ။ နောက်ပြီး Dowloading Mode ထဲကိုရောက်ဖို့ Volume Up (အသံချဲ့ ခလုပ်) ကို တချက်နိပ်ပြီး ၀င်ပါ။ အောက်မှာ ပုံကိုကြည့်လိုက်ပါ။


  • ပုံမှာပြထားတဲ့အတိုင်း Downloading Mode ရောက်ရင် ကွန်ပျူတာနဲ့ USB ကြိုး ချိတ်ဆက်လို့ရပါပြီ။
  • အင်တာနက်လိုင်း တော့ရှိရမယ်နော်။ USB ချိတ်ဆက်ပြီး ခနစောင့်ပေးလိုက်ပါ။ 
  • ကွန်ပျူတာကနေ ဖုန်းရဲ့ Driver ကို Auto ဒေါင်းပေးပါလိမ့်မယ်။ ခနနေကြာရင် Odin ရဲ့ ID.com အောက်မှာ အရောင်လေးသမ်းလာ ပါလိမ့်မယ်။


  • ပြီးရင် Odin ရဲ့ AP မှာ အခုန Firmware ကို Zip ဖြေထားတဲ့အထဲက tar.md5 ဆိုတဲ့ဖိုင်ကိုယူပါ။ SS.DLL ဖိုင်ကိုလုံးဝမယူမိ ပါနဲ။ ပြီးရင် အ၀ိုင်းလေးလည်တာကို ခန စောင့်ပေးလိုက်ပါ။ 
  • ၁ မိနစ်လောက် စောင့်ပြီး ညာဘက် အပေါ်နားက Start ကိုနိပ်ပါ။ 
  • Firmware ရေးနေတာကို Odin မှာ ပြပါလိမ့်မယ်။ ပုံကိုကြည့်လိုက်ပါ။


  • ၁၅ မိနစ်လောက်စောင့်ရပါတယ်။ ခဏကြာရင် PASS ပြပါလိမ့်မယ်။ ဖုန်းက Auto Reboot ကျသွားလိမ့်မယ်။ ပြန်တင်လာရင် ဖန်းဝဲတင်ခြင်းအောင်မြင်ပြီးဆုံးပါပြီ။
  • ဖုန်းက ပြန်တက်လာလို့ Samsung Logo မှာလည်းနေရင် ဖုန်းကို ဓာတ်ခဲ့ဖြုတ်ပြီးပြန်တပ် Volume Up+ Power+Home တွဲနှိပ်ပြီး Recovery Mode ၀င်ပါ။ အဲထဲမှာ Factory Data Reset လုပ်ပေးပြီး Reboot System Now နှိပ်လိုက်ပါ။


ဖုန်းပြန်ပွင့်လာရင် အားလုံး အိုကေပါပြီ။ အခု Firmware တင်နည်းကို နည်းပညာအားနည်းသမားတွေ နားလည်စေချင်လို့ တဆင့်ချင်း ပုံနှင့်သေခြာပြထားတာပါ။ ဒီလောက်ဆို အားလုံး အဆင်ပြေပြေနဲ့ လုပ်တတ် လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 




အားလုံးအဆင်ပြေပါစေ.......။


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ



0 comments:

Post a Comment