Our social:

March 27, 2015

Imobile IQ 5.7 ဖုန်း User တွေအတွက် အကြောင်းအမျိုးမျိုးကြောင့် Logo မှာပဲ ရပ်နေရင် အလွယ်တကူ Firmware တင်နည်း


မင်္ဂလာပါ
FB ညီအကိုတစ်ယောက်တောင်းဆိုလာတဲ့ Firmware လေးပါ သူ့မှာ
 Firmware ကျနေတာကြပါပြီတဲ့ ကျနော်မှာတော့ ဒီ Firmware လေးအသင့်တော့
ရှိမနေပါ ဒါပေမယ့် Min Min Chit တင်ပေးထားတာလေးတွေ့လို့
အားလုံးလည်း အဆင်ပြေသွားအောင် တစ်ဆင့်ပြန်လည်မျှဝေလိုက်ပါတယ်ခင်ဗျား

Imobile IQ 5.7 ကို အကြောင်းအမျိုးမျိုးကြောင့် logo မှာရပ်နေပြီးတိုင်ပတ်နေတဲ့ ဖုန်းတွေအတွက် အဆင်ပြေအောင် firmware တင်နည်းလေးတင်ပေးလိုက်ပါတယ် ဒီဖုန်းက တခြားဖုန်းတွေလို မဟုတ်ဘဲ computer အသုံးမပြု ဘဲ SD card ကနေ Firmware တင်ရမှာဖြစ်တဲ့အတွက် SD card 1GB လောက် လောက်ရှိရပါမယ် SD card မှာ ဘာမှမထည့်ထားတဲ့ဟာဆိုပိုကောင်းပါတယ် ပြီးရင် IQ 5.7 Firmware ဖိုင်ကိုအောက်မှာ Download ကိုနှိပ်ပြီးဒေါင်းယူလိုက်ပါ File Size ကတော့ 535 MB ရှိပါတယ်


Download ပြီးရင်ဖိုင်ကိုဖြေလိုက်ပါ Password တောင်းရင်တော့ www.minminchit.org လို့ထည့်ပေးလိုက်ပါ အထဲမှာ Firmware Zip ဖိုင်တစ်ဖိုင်ရလာလိမ့်မယ်။

 ရလာတဲ့ Zip ဖိုင်ကို SD ကဒ်ထဲကိုထည့်လိုက်ပါ ပြီးရင် SD ကဒ်ကိုဖုန်းထဲထည့်ပြီး
 Recovery mode ခေါ်ပါ vol up+ Power ပါ အောက်ကပုံတိုင်းတက်လာရင် 
Recovery mode သုံးဖို့ vol ခလုတ်ကိုနှိပ်ပြီးအပေါ်အအောက်ရွေ့လို့ရပါတယ်။



တကယ်လို့ အဆင်မပြေသေးရင်တော့ အောက်ကလင့်မှာဝင်ဖတ်ပေးပါ 


ပြီးရင် apply update from sdcard ကိုရွေးပေးလိုက်ပါ 
ပြီးရင် power ခလုတ်ကိုနှိပ်လိုက်ပါ ပြီးရင် SD ကဒ်ထဲက Firmware Zip ဖိုင်ကိုရွေးပေးလိုက်ဒါဆိုရင်သူဟာသူ Firmware တင်နေပါလိမ့်။

 ပြီးသွားရင်တော့ reboot system now ကိုနှိပ်လိုက်ရင် 
restart ချပြီးပြန်တင်လာရင် Firmware တင်လို့ပြီးပါပြီ Boot 
တက်စမှာတော့ နည်းနည်းကြာတတ်ပါတယ်။


အဆင်ပြေပါစေ


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ

0 comments:

Post a Comment