Our social:

Latest Post

June 13, 2015

[HOW TO] Enable USB Debugging Mode on Android

1. Android 2.0-2.3.x
Settings > Applications > Development > USB Debugging.

How to enable usb debugging mode on android 2.0?
2. Android 3.0- 4.1.x
Settings > Developer Options > USB Debugging.
How to enable usb debugging mode on android 3.0?
3. Android 4.2.x and higher.
In Android 4.2 and higher versions, the Developer Options menu and USB Debugging option have been hidden. In former 4.X versions of Android, USB Debugging option is under Developer Options menu.

    First, you need to enable "Developer Options Menu".

  1. Click Menu button to enter into App drawer.
  2. Go to "Settings".
  3. Scroll down to the bottom and tap "About phone" or "About tablet",
  4. Scroll down to the bottom of the "About phone" and locate the "Build Number" field.
  5. How to enable usb debugging mode on android 4.2.x and higher?
  6. Tap the Build number field seven times to enable Developer Options. Tap a few times and you'll see a countdown that reads "You are now 3 steps away from being a developer."
  7. When you are done, you'll see the message "You are now a developer!".
  8. Tap the Back button and you'll see the Developer options menu under System on your Settings screen.
  9. Now, you can enable USB Debugging mode.

  10. Go to Settings>Developer Options>USB Debugging. Tap the USB Debugging checkbox.
  11. How to enable usb debugging mode on android 4.2.x and higher?
4. Android 5.0 Lollipop
To enable USB Debugging on Android 5.0 Lollipop is the same as Android 4.2.x.
  1. Settings > About Phone > Build number > Tap it 7 times to become developer;
  2. How to enable usb debugging mode on android 4.2.x and higher?
  3. Settings > Developer Options > USB Debugging.
  4. How to enable usb debugging mode on android 4.2.x and higher?
Warning
 USB Debugging should only be enabled when you need it. Leaving it enabled all the time is kind of a security risk for that this mode grants you high-level access to your device. Say if you connect your Android phone to a USB charging port in a public location, the port could use the USB access to your phone to access data on your phone or install malware. This could happen when and only when USB debugging mode is enabled.
To disable USB Debugging and other developer options when you don't need them, slide the switch at the top of the screen to OFF.

ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ



WINDOWS 10 ကို ဇူလိုင် (၂၉) ရက်နေ့တွင် ဖြန့်ချီမည်

 



 
Microsoft ၏ Operating Systems ဌာနမှ အရာရှိဖြစ်သူ Terry Myerson က Windows 10 ကို ဇူလိုင် (၂၉) ရက်နေ့တွင် ဖြန့်ချီမည်ဟု ဘလော့ပို့စ်တစ်ခုတွင် ရေးသားထားပါသည်။


စတင်ဖြန့်ချီသည့်နေ့တွင် နိုင်ငံပေါင်း ၁၉၀ အတွက် Windows 10 ထည့်သွင်းထားသော ပီစီအသစ်များကို ၀ယ်ယူနိုင်မည် ဖြစ်သကဲ့သို့ Windows 7 နှင့် Windows 8.1 ကို ၀ယ်ယူ ထည့်သွင်းထားသူများအနေဖြင့် ပထမတစ်နှစ်အတွင်းတွင် Windows 10 ကို အခမဲ့ အဆင့်မြှင့်နိုင်မည် ဖြစ်သည်။ Microsoft က Windows 10 Home ကို ဒေါ်လာ ၁၁၉ နှင့် Pro ကို ဒေါ်လာ ၁၉၉ ဖြင့် ရောင်းချပေးမည် ဖြစ်သည်။ Windows 10 Home ကို ၀ယ်ယူပြီးသူများအနေဖြင့်လည်း နောက်ပိုင်းမှ Pro ကို အဆင့်မြှင့်နိုင်ပြီး ဒေါ်လာ ၉၉ ကုန်ကျမည် ဖြစ်သည်။


Microsoft က Windows 10 သည် နောက်ဆုံး ၀င်းဒိုးဗားရှင်းဖြစ်လာမည်ဖြစ်သည်ဟု ကြေညာထားပါ သည်။ Microsoft က ၀င်းဒိုးကို Service အနေဖြင့် အသွင်းပြောင်းမည်ဖြစ်ပြီး အဆင့်မြှင့်တင်မှုများကို အွန်လိုင်းမှ ပြုလုပ်ပေးမည် ဖြစ်သည်။


Windows 10 တွင် Microsoft Edge ၀က်ဘရောက်စာအသစ်၊ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Cortana တို့ ပါရှိလာမည် ဖြစ်သည်။

 





ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ




Android Developer Options ဆိုတာဘာလဲ။ အဲဒါနဲ့ ဘာတွေသုံးလို့ရသလဲ?

       Enable-Developer-Options-on-Android-4.2


Android စမတ်ဖုန်းနဲ့ တက်ဘလက်တိုင်းမှာ လျှို့ဝှက်ထားတဲ့ ရွေးစရာ options အစုအဝေးတစ်ခုပါရှိပါတယ်။ အဲဒါကတော့ Android Developer Options ပါပဲ။ အမည်ကညွှန်းဆိုတဲ့အတိုင်း ဒါတွေက အဓိကအားဖြင့် developer တွေအတွက် ရည်ရွယ်ပါတယ်။ Android ကိရိယာတွေအတွက် ရေးထားတဲ့ software နဲ့ App တွေ စမ်းသပ်ဖို့ အပိုထပ်ဆောင်း လုပ်ဆောင်ချက်တွေ လိုအပ်နေသူတွေပဲ ဖြစ်ပါတယ်။ App တွေရဲ့ ဖိအားဒဏ်ကို ပုံစံတူပြုလုပ်ပေးမယ့် ရွေး စရာတွေများစွာပါမယ်။ Debugging options ကိုလည်း ဖွင့်ပေးနိုင်ပါတယ်။ အဲဒီကိစ္စတွေထဲမှာ USB ကနေ ကွန်ပျူတာနဲ့ဆက်သွယ်ပြီး debugging လုပ်နိုင်စွမ်းကို ခွင့်ပြုဖို့၊ သင့်ရဲ့ Android ကိရိယာပေါ်က bug report တွေဖမ်းယူဖို့ သင့် software ရဲ့ ရိုက်ခတ်မှုကို တိုင်းတာနိုင်အောင် CPU အသုံးပြုမှုကို screen အပေါ် ပြပေးဖို့တွေ ပါဝင်တယ်။ တကယ်တမ်းမှာ ဒီ option အစုအဝေးထဲ လုပ်ပေးနိုင် တာတွေက အများကြီးပါပဲ။ ဒါပေမယ့် ပထမဆုံး Android Developer Options ကို ရယူသုံးစွဲနိုင်ဖို့ လိုအပ်ပါတယ်။
Android Developer Options ကို Android ကိရိယာတွေ အားလုံးမှာ ရနိုင်ပေမယ့် OEM တွေက အဲဒါကိုရယူသုံးစွဲနိုင်မယ့်နည်း ကို အနည်းငယ်ကွဲပြားအောင်လုပ်ပေးထားတယ်။ သူတို့ကို မတော် တဆရယူသုံးစွဲခွင့် ရသွားဖို့မဖြစ်နိုင်အောင် လုပ်ထားတာဖြစ်ပါတယ်။ အဲဒီအတွက်အကြောင်းရင်းကောင်းလည်း ရှိပါတယ်။ ဘာဖြစ်လို့လဲဆို တော့ ဒီ options ကကြီးမားတဲ့ စွမ်းပကားတွေပေးကမ်းထားတယ်။ လူအများစုကောင်းကောင်း အသုံးမချနိုင်တဲ့ အစွမ်းတွေဖြစ်နေလို့ပါ ပဲ။ ဒါပေမယ့်အခု ဖော်ပြထားတဲ့နည်းက ဖုန်းအတော်များများအတွက် အလုပ်ဖြစ်ပါတယ်။
Settings>>System>> About device အထဲကိုသွားပါ။ အဲဒီ အထဲမှာ Build Number ဆိုတဲ့ အပိုင်းအကန့်ကိုရှာပါ။ အခု အဲဒီ အကွက်အပေါ်မှာ ခပ်သွက်သွက်ငါးကြိမ်ခေါက်ပါ။ “You are now a developer” ဆိုတဲ့ message ကိုမြင်ရရင် Android Developer Options ကို ဖွင့်ပြီးသွားပြီဖြစ်ပါတယ်။ အချို့ OEM တွေက ငါးကြိမ်အစား ခုနှစ်ကြိမ်ခေါက်မှ ဖွင့်ပေးအောင်လုပ်ပေးထားတတ် ပါတယ်။ ပွင့်သွားတဲ့ Developer Options settings pane ရဲ့ အောက်ဆုံး About phone ရဲ့အထက်မှာ ရှိတတ်ပါတယ်။ အဲဒီအထဲ က စိတ်ဝင်စားစရာအချို့ကို ထုတ်နုတ်ဖော်ပြပေးလိုပါတယ်။


                                              Screenshot_2015-06-04-13-23-14
Process Stats
Process tats လို့ခေါ်တဲ့ စနစ်ဝန်ဆောင်မှုကို Android 4.4 KitKat မှာ မိတ်ဆက်ပေးခဲ့တယ်။ ဒါက app တွေက RAM resources တွေကို ဘယ်လိုအသုံးပြုတယ်ဆိုတာကို နားလည်အောင် ခွင့်ပြုထားပါတယ်။ Background မှာ အချိန်ဘယ်လောက်ကြာကြာ run ထားသလဲ။ အဲဒီကာလအတွင်း memory ဘယ်လောက်များများ သုံးစွဲတယ်ဆိုတာတွေ ပြသပေးပါတယ်။ ပုံသေအားဖြင့် ၃ နာရီကြာ ကာလအတွင်း သမိုင်းကိုပြထားပြီး ၁ ရက်အထိ menu ကရွေးပြီး ကြည့်လို့ရပါတယ်။
အခြေအနေကောင်းရင် ဘားတန်းတစ်ခုလုံး အစိမ်းရောင်လွှမ်း မိုးထားပြီး device memory နည်းတဲ့အခါ အ၀ါရောင်၊ အနီရောင်တွေ များလာမှာဖြစ်ပါတယ်။ စာရင်းချပြထားတဲ့ app တွေရဲ့ဘေးက ရာခိုင်နှုန်းနဲ့ပြထားတဲ့ ကိန်းဂဏန်းက စုစုပေါင်းကာလတာအတွင်း process တစ်ခုစီသုံးစွဲခဲ့တဲ့အချိန်ပမာဏကို ပြထားပါတယ်။ အပြာရောင် ဘားတန်းက process တစ်ခုစီရဲ့ နှိုင်းရ computed memory load ကိုညွှန်ပြတယ်။ အချို့ app တွေကို အကြိမ်ပေါင်းများစွာ ဖော်ပြထား နိုင်တယ်။ Process အနေနဲ့ ခွဲခြားဖော်ပြထားလို့ဖြစ်ပါတယ်။ ဥပမာ Google Play Service က process နှစ်ခုအနေနဲ့ run ပါတယ်။ Process အနည်းငယ်ကတော့ အချိန် ၁၀၀ ရာခိုင်နှုန်း run နေပြီး ထိပ်ဆုံးမှာရှိနေတာတွေ့ရမယ်။ ဒါပေမယ့် နှိုင်းရ memory သုံးစွဲမှု အရ မတူတဲ့ အလေးစတွေရှိနေပါတယ်။ app တစ်ခုချင်းစီအပေါ် နှိပ်ပြီး အသေးစိတ်အချက်တွေကြည့် နိုင်ပါသေးတယ်။


                                                         Screenshot_2015-06-04-13-23-39
Limit background processes
Android Developer Options အတွက် အခြားအရေးပါတဲ့ သုံးစရာနည်းလမ်းက Limit background process ပါပဲ။ ပြည်တွင်း မှာ ဖြစ်တတ်တာက အင်တာနက်လိုင်းနှေးတဲ့အခါ စက်က hang သွားတတ်တယ်။ တစ်ခါတလေ အွန်လိုင်းနဲ့ ဆက်သွယ်နိုင်တဲ့ app တွေက အင်တာနက်ဆက်သွယ်မှုကို background မှာ ရယူပြီး သုံး စွဲနေလို့လည်းဖြစ်နိုင်တယ်။ စိတ်ဝင်စားလို့လားမသိပါ။ ကိုယ်တိုင်စမ်း သပ်ကြည့်ချက်အရတော့ background process ကို no background process မှာ ထားကြည့်တာအရမ်းကို သွက်လာသလိုခံစား ရပါတယ်။
အဲဒီလိုလုပ်ဖို့ Developer Options ထဲက Limit background process ကိုသွားပြီး Standard Limit ကနေ ၁ ခု၊ ၂ ခု၊ ၃ခု၊ ၄ ခု အများဆုံးနဲ့ background လုံးဝမထားတာအထိ ရွေးယူနိုင်ပါတယ်။ သိပ်ပြီးမလွန်ကဲချင်ရင် 4 process at most လောက်ထားပြီး စမ်းကြည့်နိုင်ပါတယ်။ ဒီလိုချိန်ညှိခြင်းအားဖြင့် background resources တွေထားရှိ လည်ပတ်စေတာနဲ့ ကိရိယာ ရဲ့ အမြန်နှုန်းအကြား မှန်ကန်တဲ့မျှခြေကို ထိန်းသိမ်းထားနိုင်ပါတယ်။


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ



WINDOWS 10 INSIDER PREVIEW BUILD 10130 LEAKED ISO

http://i1-news.softpedia-static.com/images/news2/Microsoft-Improves-the-Windows-10-Start-Menu-in-Build-10036-475887-3.jpg



Windows 10 Enterprise Technical Preview is an early look at some of the features and functionality in store for Windows 10.
The new version of the popular operating system from Microsoft called Windows 10, although the previous major release was called Windows 8. Go directly to the Windows 10 reflects the company’s desire to distance itself from the not very popular previous version.


Features

  • Windows 10: They want list
  • Add tabs to Windows Explorer/File Explorer
  • Make Windows Update a one-stop shop for ALL drivers
  • Kill off all Aero-themed objects
  • Bring back Aero Glass!
  • Persian calendar
  • Pin ANYTHING to the Start menu
  • A new Notepad.exe
  • Remixing the Volume Mixer
  • Drag-and-drop apps between virtual desktops




Serial Keys
Pro Edition : 6P99N-YF42M-TPGBG-9VMJP-YKHCF

English (United States)

 Windows 10 Insider Preview (x64) - Build 10130  Download (3.73 GB)  

Windows 10 Insider Preview (x86) - Build 10130  Download (2.76 GB)  


More Download : http://windows.microsoft.com




ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ




13.6.2015 ရက်နေ့ မြန်မာ VS ဗီယက်နမ် နှင့် ထိုင်း VS အင်ဒိုးနီးရှာ ပွဲစဉ်တွေကို တိုက်ရိုက်ကြည့်ရှုနိုင်မည့် Myanmar Football LIVE TV.APK


                                     


မြန်မာ VS ဗီယက်နမ် နှင့် ထိုင်း VS အင်ဒိုးနီးရှား ဆီးမီးဖိုင်နယ် ဗိုလ်လုပွဲစဉ်များကို ဖုန်းထဲမှာ တိုက်ရိုက်ကြည့်ရှုချင်သူများအတွက် ဆော့ဝဲလ်အဖြစ် ဖန်တီးထားပါတယ်
ကြည့်ရတာအရမ်းလွယ်ကူပါတယ်
မြန်မာ နဲ့ ဗီယက်နမ် ပွဲကိုကြည့်ချင်တယ်ဆိုရင် မြန်မာ VS ဗီယက်နမ် ဆိုတဲ့ စာတန်းလေးကိုနှိပ့်ပြီးကြည့်ရုံလေးပါပဲ
လိုင်းသုံးလိုင်းထည့်သွင်းပေးထားပါတယ်
မြန်မာ VS ဗီယက်နမ်
ထိုင်း VS အင်ဒိုးနီးရှား
MRTV အစီအစဉ် တို့ပဲဖြစ်ပါတယ်
ကြိုက်မယ်ဆိုရင်အောက်မှာဒေါင်းယူထားပါ
မှတ်ချက်။ ။ ။ ဘောလုံးပွဲ ထုတ်လွှင့်ချိန်မှ ကြည့်လို့ရပါမယ်
ထုတ်လွှင့်ချိန်ရောက်ရင်တော့ အဆင်ပြေစွာကြည့်ရှုနိုင်ပါပြီ











                        Download Here         Download Here



ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ




မီမီ၏ Gtalk အကောင့် Hack မခံရအောင်ကာကွယ်နည်း

http://pyae-phyo.blogspot.com



ခုတော့ ကျွန်တော့်အကောင့်ဟက်ခံရတာနဲ့ပတ်သက်ပြီးပြောစေချင်ပါတယ် ။ ကျွန်တော့်အကောင့် ဟက်ခံရတဲ့အကြောင်းအရင်းကတော့ Security အလွန်အားနည်းလို့ပါ။ ဘယ်နေ့ဘယ်အခါက Hack သွားမှန်းမသိပေမယ့် မနေ့ကတော့ ပြန်ယူလိုက်ပါတယ်။ ကျွန်တော်သိသလောက် ကာကွယ်နည်းပြောပြပါမယ်။ ပြီးတော့ ဖြစ်ရပ်မှန်တွေကိုလည်းပြောမယ်ဗျာ။ ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းတယ် ဆိုတာရဲ့ အဓိပ္ပါယ်ပါပဲ။

KEYLOGGER ကိုအထူးသတိထားပါ


Keylogger ဆိုတာကလည်း ကောင်းတာမဟုတ်ပါဘူး။ ကိုယ်လုပ်တဲ့အတိုင်း Keylogger ကမှတ်ပေးတာပါ။ Keylogger အများဆုံးရှိတဲ့နေရာက သူများစက်၊ ရုံးစက် ၊ ဒီထက်များတာက အင်တာနက်ဆိုင်တွေမှာပေါ့ဗျာ။ Keylogger ကိုကာကွယ်ချင်ရင်တော့ [ဒီကိုclick] ပါ။ ပြီးတော့ အလိမ်တစ်ခုတွေ့ထားသေးတယ် Facebook မှာပြောတာပါ။ ကို Kiddo Monstar တို့MHU ကဟက်ကာအချို့တွေ Anti-Keylogger.xpi ဆိုပြီး dropbox.com နဲ့ပေါ်လာတယ်။ Download ဆွဲပြီးတာ Mozilla Firefox ကို Restart ချပြီးတာနဲ့။ အဲ့ dropbox.com မှာဒေါင်းခဲ့ တဲ့ လင့်ပြန်ဖွင့်တော့။ Not Found တဲ့။ ဖိုင်တွေကတော့ ခံလိုက်ရသေးတယ်။ ဒီလိုမျိုး အီစကလီ အလိမ်တွေကို အထူးသတိထားပါ။

REMEMBER PASSWORD ကို အမှန်ခြစ်ထားလား??



Remember Password အမှန်ခြစ်တာဟာ တကယ်မကောင်းပါဘူး။ ကိုယ့်စက်မှာ ခြစ်ရင်တောင် သတိထားရသေးတယ်။ စစဦးဆုံး Gtalk download ဆွဲပြီး ပါလာရင် Remember your password ဆိုပြီး အမှန်ခြစ် ခြစ်ပေးထားလိမ့်မယ်။ အကောင့်မ၀င်မီ အဲ့ဒါကို ဖြုတ်ထားပါ။ ဘယ်တော့မှ မခြစ်ပေးပါနဲ့။ See Password နဲ့ သူတို့က Password ရှာလွယ်ပါလိမ့်မယ်။ Password Looker Software တွေနဲ့ သူတို့ အနံ့ခံတတ်ပါတယ်။ ဘယ်နေရာမဆို သင်သတိကြီးကြီးထားပါ။ Recovery Software နဲ့လည်း ချနေတဲ့သူတွေလည်းရှိပါ့ဗျာ။

သင်သူများစက်မှာ GTALK အကောင့်ကြီးပိတ်ဖို့မေ့နေသူများအတွက်...



တချို့တချို့လူတွေက ဖွင့်ပြီးတော့ မေ့သွားတတ်ကြပါတယ်။ ကွန်နက်ရှင်မကျတဲ့နေရာမှာ ဖွင့်သွားခဲ့ရင် ကျအောင်လုပ်ပြီး Password ယူသွားလေ့ရှိပါတယ်။ Sign out မလိုပါဘူး။ ဥာဏ်ရှိရင် ဒီလိုလုပ်တဲံလူတွေရှိပါတယ်။ Network ကို disable လုပ်ပြီး Gtalk account တွေကျတဲ့ အခါကျရင် username နဲ့ Password ပေါ်လာတယ်။ အဲ့ဒီအခါ မသိတဲ့သူကတော့ ဘာလုပ်မလဲ။ သိတဲ့လူကတော့ Password Looker နဲ့ကြည့်ပြီး စော်ပလော်တီးပြီး ဖောက်လိုက်မယ်။ အဲ့ဒီတော့ ပညာသေးသေးကွေးကွေးနဲ့ ကြီးကြီးမားမားအလိမ်ခံရပြီ။

သင့် ACCOUNT နဲ့ PASSWORD သူများကိုပေးသင့်လား?



Security အရဆိုရင် လုံးဝမပေးသင့်ပါ(Don't)။ ဆိုဒ်တိုင်းမှာရေးတာတွေ့ပါတယ်။ ဘယ်တော့မှ မပေးပါနဲ့။ ကိုယ့်မိသားစုတောင် နည်းနည်းယုံရခက်ပါတယ်။ တခြားလူဆိုရင် ဝေးပါ့ဗျာ။ အထူးသဖြင့် information ရှိရင်လူတွေက မက်မောကြပါတယ်။ ငွေရှိရင် မက်တယ်သဘောမျိုးပါ။ တစ်ချို့ဆိုရင် သူငယ်ချင်းကို ယုံလို့ပေးတယ်။ ရန်လည်းဖြစ်ကော ။ Password ကပါသွားရော။ ချစ်သူကိုလည်း မပေးမိပါစေနဲ့။ အကယ်လိုကွဲရင် သူက ကိုယ့်ရဲ့ Password ကိုပြောင်းပြီးသားဖြစ်နေမယ်ကွယ်။

PASSWORD ကိုရှည်ပြီး အလွယ်တကူခိုးလို့မရအောင်ပေးပါ!



အရင်တုန်းက Google က ၆အထိအများဆုံးပေးပါတယ်။ ခုတော့ ၈လုံးမှ ၁၆လုံးအကြားထားရင်ပိုကောင်းတာပေါ့။ ရှည်လေကောင်းလေပဲ။ နံပါတ်တို့၊ အင်္ဂလိပ်စာလုံးအကြီး အသေး ရောထည့်ပြီး !@#$%^&*()~|+_=?/., လေးတွေ ထဲမှ အဲ့ဒါတွေထည့်ပေးရင်ပိုကောင်းမယ်။ ရှုပ်ထွေးလွန်းတာမပေးနဲ့ ခင်ဗျားတို့မေ့သွားလိမ့်မယ်။ အလွန်ရှည်တာလည်းမပေးနဲ့။ တော်ရုံလောက်ပဲကောင်းမယ်ဗျာ။

PASSWORD တူအောင်ပေးသင့်၊ မသင့်



Password က Gtalk ပထမအကောင့်မှာ $@u7YuZ!\*& လို့ပေးရင် နောက်အကောင့်မှာ ဒီလိုမျိုးထပ်မပေးပါနဲ့။ Facebook မှာ အဲ့လိုတူတာပေးရင် ဟက်ရတော်တော်လွယ်လွန်းလှလို့ပါ။ တခြားဆိုဒ်မှာလည်း တူတူမပေးပါနဲ့။ မတူအောင်ပေးပါ။ လွယ်လွန်းတာကို အထူးမပေးရ။

PASSWORD ကိုလွယ်လွယ်မပေးပါနဲ့။



မိမိ၏နာမည်မထည့်နဲ့။ ဘယ်ခုနှစ်မွေးလဲဆိုတာမထည့်နဲ့။ ဒါတွေထည့်ရင် ပိုပြီး Dictionary တို့ Brute တို့နဲ့ အချိန်ပေးပြီး တိုက်စစ်ရတာလွယ်ပါတယ်။ ဖုန်းနံပါတ်တွေလည်းမထည့်ပါနဲ့။ ပစ်စလက်ခတ်မလုပ်နဲ့။ အိမ်နံပါတ်ကတော့ နည်းနည်းတော်ပါသေးတယ်။

SECURITY QUESTIONS ကိုလွယ်လွယ်ထားသင့်/မသင့်



Security Questions တောင် နံပါတ် ၁လုံးပဲမထားပါနဲ့။ ဟက်ရတဲ့သူလွယ်နေမှာပေါ့။ တချို့ဆိုရင် What is your name? ဆိုပြီး အကောင့်ဖွင့်ပေးတဲ့သူက အဲ့လိုတပ်ပေးထားပါတယ်။ နာမည်သိနေတဲ့ သူကတော့ ထည့်ချလိုက်ပြီး Password ပေးရင် ဂန့်သွားပါမယ်။ Security Question မထားတဲ့သူတွေလည်း ရှိပါတယ်။ ထားတာကောင်းတယ်လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။

PHONE NUMBER ထားသင့်/မထားသင့်



တကယ်တော့ ထားသင့်ပါတယ်။ အလိမ်မပေးသင့်ပါဘူး။ ကျွန်တော်တို့ မြန်မာ ကိုယ်ပိုင် Mobile Phone မရှိတဲ့သူကတော့ ရှုပ်မှာပဲဟာ။ ဒါကြောင့် နိုင်ငံခြားက မိတ်ဆွေရဲ့ အကူအညီနဲ့လုပ်တာကိုတွေ့ရပါတယ်။ ဒါပေမယ့် အဲ့ဒါဟာ ရေရှည်မခံပါဘူး။ မြန်မာမှာ Google က SMS မရပေမယ့် ၊ ဖုန်းcallရမယ်။ Lock ကျသွားရင် အဲ့ဖုန်းကလိုကိုလိုပါတယ်။ ပြီးတော့ Password အခိုးခံရရင် ခြေရာအလွယ်ဆုံးပြန်ခံတဲ့နည်းပါ။ ဖုန်းနံပါတ်ရှိရင် Security Question တောင်သိပ်မလို တော့ဘူး။ ရိုးရိုးသားသားပဲလုပ်ပါ။

SECURITY QUESTION မေ့နေတယ်ဗျာ။ ဖုန်းနံပါတ်လည်းမထည့်ထားဘူး။ ဘယ်လိုပြန်ရတော့မလဲ???



တချို့ Secondary E-mail ရှိပါတယ်။ မရှိတဲ့သူတွေကတော့ Identify your account ကို click ပြီး မေးခွန်းတွေဖြေပါ။ ၈၂% မှန်ရင်ပြန်ရတတ်လေ့ရှိပါတယ်။ ကျွန်တော်မေ့တုန်းကလည်း ဒီနည်းပဲသုံးခဲ့တာ့ပါ။ အဲ့ထက်အောက်ရင် ပြန်ရဖို့နည်းနည်းခက်ပြီ။ ကိုယ်သိဖို့လိုတာက ကိုယ့်အကောင့် ဘယ်တုန်းကလုပ်တယ်။ ကိုယ့်အကောင့်နဲ့ပတ်သက်တာသိရမယ်။ နောက်ဆုံး Password ၃လုံးကို သေချာပြန်စဉ်းစားပါ။

စာအုပ်ထဲမှာ PASSWORD မှတ်သူများအတွက် အထူးသတိပြု!



တချို့မှတ်ဥာဏ် သိပ်မကောင်းတဲ့သူတွေ၊ ကွန်ပျူတာစကိုင်တဲ့သူတွေ၊ မှတ်ရမှာ ပျင်းတဲ့သူတွေအတွက် အထူးရှုပ်လှစရာပါ။ ကိုယ်ထွင်တဲ့အကောင့်နဲ့ password ကိုမှတ်မိဖို့လိုပါတယ်။ အကယ်လို့ တစ်စုံတစ်ခုဖြစ်ပြီး စာအုပ်ပျောက်ရင် ရင်ပူစရာပဲ။ တကယ်လည်း အဖြစ်အပျက်ရှိဖူးတယ်။ ကျွန်တော့်ဆရာမ သူ့ account နဲ့ password ကို အမြဲ စာအုပ်ထဲမှာမှတ်ထားပါတယ်။ အဲ့စာအုပ်က လက်ကမြင်းတဲ့ ကျောင်းသားတစ်ယောက်ဆီရောက်တော့ သူကလူလည်ကျပြီး အကောင့်ကို ကလော်သွားတယ်ဆိုပဲ။ တကယ်မလွယ်ပါလား။။။။။ ပြီးတော့ Password သတိရပြီး အကောင့်လည်းမမေ့ကြနဲ့ဦးနော်။

SPAMMERS တွေကို သတိထားပါ!



၂၀၀၄တုန်းက အဖြစ်အပျက်တစ်ခုကို ကိုးကားပြီးပဲတင်ပေးမယ်ဗျာ။ အရင်တုန်းက Security ဆိုတာ အားနည်းသလောက်ပါပဲ။ မေးလ်တစ်ခုဝင်လာပါတယ်။ 
ခင်ဗျားဟက်တတ်ချင်ရင် အကောင့်နဲ့Password ပေးပါ။ ပြီးတော့ victim e-mail address ပေးပါတဲ့။ ရက်ပေါင်း ၁၅၀ ကြာမည်။ အရင်တောင်းဆိုသူကို Password အရင်ပေးမည်။ ခုပဲလုပ်လိုက်ပါတဲ့။
ဒါကိုပဲကျွန်တော် ဘာသာပြန်ထားတာပါ။ လောဘနဲ့ယုံတဲ့သူကတော့ ခံကြရတာပေါ့။ ကိုယ့်အကောင့်ပဲ အဖတ်တင်တာ။ စောင့်ရတာလည်း အဖတ်တင်တယ်။ victim ကိုလည်းမရတဲ့အပြင် လောဘက ကိုယ့်ကိုလိုက်ဖျက်နေတာပဲ။ ဟာသလေးပဲတဲ့။ ဟီး။ တကယ်ရယ်ရတာဗျာ။

HACKING SOFTWARE ကိုလည်းရောင်းတယ်တဲ့၊ ကိုယ်တော်ရေ။



Hacking Software တဲ့။ လူတိုင်းကြားရင် ဟက်ချင်ကြမှာပဲ။ ၀ယ်လည်းဝယ်ချင်မှာပဲ ငွေပေါတဲ့ သူဌေးနလပိန်းတုန်းနဲ့တော့ အံကိုက်ပါပဲ။ ကျွန်တော်လည်းအပါအ၀င် အရင်တုန်းက လုပ်ဖူးချင်တာပဲဗျ။ victim အကောင့်မှာ ရန်သူ့အကောင့်ဆော်ပြီး Loading လေးစောင့်နေတာ။ ဟာ့ဗျာ။ အဲ့ဒါ အဖတ်ပဲတင်တာ၊ ဘာမှမကောင်းဘူး။ စက်တွေဟမ်းပြီး၊ Trojan၊ Virus တွေ။ တခြားစက်ကနေ ထိန်းချုပ်တာ ခံရပြီပေါ့။ ရောင်းတာလည်း အလိမ်ပါပဲ။ ငွေအတွက်နဲ့ လူကိုမလေးစားပါဘူးဗျာ။

SECONDARY E-MAIL ADDRESS???



ကဲကဲ။ Secondary E-mail address ကတော့ ကိုယ့် အီးမေးလ်တောင်မလုံခြုံရပါဘူး။ အင်တာနက်ဆိုင်က အရင်က ၅၀၀ကျပ်ပေးပြီးလုပ်ပေးတယ်ဆိုပဲ။ Google ပိုင်ရှင်ကတော့ free ပေးသေးတာ။ ဒါပေမယ့် အဲ့လိုလုပ်တာ ရေရှည်မကောင်းဘူး။ ဘာလို့လဲဆိုတော့ Recovery နည်းနဲ့ Password အသစ်တွေ၊ အချက်အလက်တွေအပြောင်းခံရမှာ စိုးရိမ်လို့ပဲ။

GMAIL ဖွင့်ရင်ဘယ်လိုသိထားသင့်လဲ?



သင် gmail အကောင့်နဲ့ password ထည့်ပြီး Sign in ကို click တယ်ဆိုပါတော့ ထုံစံပြတာက Do you want to remember your password? ဆိုရင် Never လုပ်ပါလို့အကြံပေးချင်ပါတယ်။ Not now! ဆိုလည်းရပါတယ်။

သုံးသင့်သော BROWSER...


မိမိသုံးသင့်တဲ့ Browser က Security မြင့်မားပြီး နောက်ဆုံးပေါ်တဲ့ browser သုံးပါ။ gmail ဖွင့်ဖို့အတွက်ပေါ့။ Mozilla Firefox , Opera , Google Chrome တို့ပေါ့။ အမြဲတမ်း update လုပ်နေတဲ့ browser လေးတွေပါ။ Internet Explorer ကတောင် အမြင့်ဆုံး version ရပြီးတောင် security မခြုံပါဘူး။ Flock လည်းမသုံးပါနဲ့(Discontinued) ဖြစ်ထားလို့ပါ။

PROTECT လုပ်မလား? RECOVERY လုပ်မလား? သေချာစဉ်းစား..

 

မိမိအကောင့်ကို Protect လုပ်တာကပိုကောင်းပါတယ်။ Recovery ကပြန်ရဖို့ခက်မယ်ဗျာ။ ဒါကြောင့် ဟက်ကာတွေ လက်ထဲကိုမပါစေနဲ့။ ပါရင် ပြန်ရဖို့ မလွယ်ဘူးတာမှတ်။ လည်တယ်ကောင်ကတော့ အကုန်မွှေမှာပဲ။ သိပ်မကျွမ်းတဲ့ဟက်ကာကနဲ့တွေ့ရင်တော့ ပြန်ရနိုင်မယ်။ ဒါကြောင့်ကံပေါ်မှာ မူတည်တယ်။ ပြီးတော့ ကိုယ့်အကောင့်အကြောင်းနည်းနည်းသိဖို့လိုပါမယ်(အကြမ်းဖျင်း)။


ကိုယ်ရံတော်ကောင်းကြီးဖြစ်ပါစေခင်ဗျားးး။

 ကျွန်တော်က ဟက်ကာမဟုတ်ပါ။ ခင်ဗျားတို့ဟက်ကာလာဟက်ရင်လည်း မသိဘူးမသိတော့တကယ်ခံရမှာပဲလေ။ ဒီလို ခန့်မှန်းမှုလေးနဲ့ပါ။ ဆရာဟက်ကာကြီးတွေကို မထိခိုက်စေချင်ပါဘူး။



ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


Gmail Password အခိုးခံရခြင်း နဲ့ Disable အကြောင်း

ဒါကတော Gmail ကောင့် Password အခိုးခံရလို ပြန်ယူနည်းလမ်းလေးပါ။နည်းလမ်းဟောင်းလေးပါ။ ခုထက်ထိ အသုံးဝင်သေးပါတယ်။ နည်းနည်းပုံစံပြောင်းတာကလွဲလို့ပေါ့။


http://pyae-phyo.blogspot.com


အခုဖြေရှင်းပေးနေရတဲ့ပြသနာလေးတွေပါ
တစ်ယောက်လာပီးပြောသွားလိုက် နှစ်ယောက်လာပီးပြောသွားလိုက်နဲ့ နဲ့မလို့ပါ တစ်ယောက်လာပြောပျံပီ အကောင့်သူများခိုးသွားလို့တဲ့ တကယ်တမ်းတော့ ကိုယ့်အကောင့်ကို ဘယ်သူမှမခိုးပါဘူး ခိုးပီးတော့ကောဘာလုပ်မှာလည်း တစ်ချို့ကတော့ ထောက်ချောက်ဆင်တက်ကြတယ် အဲ့ဒါကတော့ Gmail အတုတွေရယ် Mail ထဲဝင်လာတဲ့ Mail ကို Recover လုပ်မလားဆိုတဲ့မေးကို သွားဖွင့်ပီးတော့ UserName နဲ့ Password ကိုထည့်ပေးလိုက်လို့ဖြစ်ပါတယ်
နောက်တစ်ခုကတော့ KeyLogger ကိုစက်ထည်းသွင်းထားလို့ဖြစ်ပါတယ် တကယ်တမ်းတော့ အဲ့ဒါတွေအားလုံးဟာ အလှူလာခံကြတယ်လို့ပဲပြောရမှာပေါ့ (User Name နဲ့ Password အလှူခံသည်)အဲ့လိုအော်ပီးတော့ကိုဝင်လာကြတာပါ

ကိုယ့်က သွားလှူလိုက်တော့ ပါသွားတာပေါ့လေ ဟိဟိ ပြောတဲ့လူတွေများလာတော့လည်း မရေးမဖစ်ရေးမှရတော့မှာမလို့ ရေးပါတော့မယ် ။
အကောင့်ကပျောက်တာမဟုတ်ပါဘူး ခိုးခံရတာလည်းမဟုတ်ပါဘူး သူငယ်ချင်းကိုယ်တိုင်က လိုက်လိုက်လဲလဲ ပေးမိလိုက်တာပါ
အဲ့ဒါကို သူငယ်ချင်းကိုတိုင်က မသိလိုက်တာပါ တစ်ချို့တွေကပိတ်ဖို့မေ့ခဲ့ကြတာပါ Gmail ပိတ်ဖို့မေ့ခဲ့ရင်တော့ဖြင့်(သို့မဟုတ်)Remember ပေးထားတာပဲဖြစ်ဖြစ် Browser ထဲမှကျန်ခဲ့တက်ပါတယ်
Gtalk ပိတ်ဖို့မေ့သွားရင်တော့ ယူတဲ့သူကလွယ်လွယ်နဲ့တော့ ယူလို့မရပါဘူး ဒါပေမယ့်ယူလို့ရပါတယ် Password See Software တွေရယ် Gtalk Password Recover Software တွေကိုအသုံးပြုရပါတယ် Password See Software ကိုအသုံးပြုမယ်ဆိုရင်ဖြင့် တစ်ခါ တစ်ခါ ကွန်နရှင်ကျခဲ့ရင် Gtalk ကအော်တိုပြန်အောက်သွားပါတယ် UserName နဲ့ Password ပြန်ပေါ်လာပါတယ် အဲ့အချိန်မှာ Password See Software တစ်ခုခုကို Gtalk ပေါ်မှာထောက်လိုက်တာနဲ့ Password ကိုတွေ့ရပါတယ် ကွန်နရှင်မကျမချင်းထိုင်စောင့်ပီးတော့ ယူမှရမှာပေါ့လို့ စဉ်းစားမိပါလိမ့်မယ် ဒါပေမယ့် My Network Place ကနေ Disable ပေးလိုက်ရင် ကွန်နရှင်ကျတာနဲကတူတူပါပဲ နောက်တစ်ခုကို Gtalk Proxy ကို မရှိတဲ့ Proxy တစ်ခုခုရှောက်ထည့်လိုက်ရင်လည်း ကွန်နရှင်ကျသွားတာနဲ့အတူတူပါပဲ
Gtalk Password Recover Software ကိုသုံးတာကတော့ အဲ့ Software တွေမှာ Scan ဖတ်တာပါပါတယ် လောလောဆယ်ဖွင့်ထားတဲ့ Gtalk အကောင့်က Password ကို Scan ဖတ်ပီးတော့ယူသွားပါတယ် အဲ့ဒါကတော့ပိုလွယ်တာပေါ့ တစ်ချို့ဆိုရင် ကြိုတင်စည်စဉ်လာကြတယ်လေ အဲ့ Software လေးတွေကို Portable Version အဖြစ်ပြောင်းလဲလာပါတယ် ပီးတော့ ကွန်ပျူတာနားမှာ စတစ်လေးထိုးပီးတော့ ယူသွားယုံပဲပေါ့ ဒါကသူငယ်ချင်းကိုယ်တိုင်လှူခဲ့လို့ပါ ဟိုတစ်ယောက်ကလည်း ဒါနမြောက်အောင်ယူသွားတာပေါ့လေ ဒါပေမယ့် အဲ့ရန်တွေကို ကြိုတင်ကာကွယ်ဖို့ အောက်မှာမှော်မှော်ရေးပေးမယ်နော် အဲ့ဆိုရင် အေးဆေးပဲ ခဏလှူလိုက်မယ် ပီးတော့ပြန်ယူမယ် မီးကိုကစားကမကောင်းဘူးလို့တော့ပြောခြင်တယ်နော် ဘာကြောင့်လည်းဆိုတော့ ကိုယ့်ထပ်တော်တဲ့သူ တက်တဲ့သူတွေ အများအပြားရှိသလို ကိုယ်လောက်မတက်ခဲ့ရင်လည်း ရှောက်ဆဲခဲ့ မေးတွေရှောက်ဖြတ်ခဲ့ရယ် ဘယ်လိုလုပ်မလည်း ပီးတော့ အကောင့်ကို ပြန်မရခဲ့ရင်မှော်မှော်ကတော့ တော့တာဝန်ယူဘူးနော် တစ်ချို့တွေက မဆင်မခြင်ဖွင့်လိုက်တာပါ ဥပမာနေရာနှစ်ခု ကိုတစ်ပြိုင်တည်းဖွင့်သလိုဖြစ်သွားတာပေါ့ freedom Software လေးကိုသုံးဖူးကြရင်တော့သိမှာပါ ဒါပေမယ့် တစ်ချို့က Freedom ကိုသုံးပီးပတ်မသွားပါဘူး ဒါကြောင့်နောက်လူက လာပီးသူ့အကောင့်ကို ဖွင့်လိုက်တာနဲ့ Disable ဖြစ်ရောလေ ဘာကြောင့်လည်းဆိုတော့ Freedom ကသူများနိုင်ငံ proxy ကိုသုံးတာပါ ဥပမာ US Proxy ကိုသုံးတယ်ထား User တစ်ယောက်က တခြားဆိုင်မှာ မြန်မာ Proxy နဲ့သုံးလာပါတယ် ပီးတော့ ဒီဆိုင်မှာ US Proxy ကိုသုံးမိလိုက်တယ် အဲ့တော့ဘာဖြစ်သွားလည်း အဲ့အကောင့်က ခုနက မြန်မာမှာ အခုချက်ခြင်းပဲ US ကိုရောက်နေတယ် ဆိုတော့ Google Server ကမယုံတင်ကာဖြစ်ပီးတော့ ဖြတ်လိုက်တာပေါ့ အဲ့ဒါနဲ့ အကောင့်လေးက ပျက်သွားရောပေါ့ အကယ်၍ သုံးခြင်တယ်ဆိုရင်ပေါ့ Proxy နှစ်ခု အပြောင်းအလဲလုပ်မယ်ဆိုရင် အနည်းဆုံး နှစ်နာရီခြားပါ ပီးတော့ Gmail အတုနဲ့တွေ့လိုက်ရင်တော့ Password ပါသွားတာပေါ့ တကယ်တမ်းတော့ Gmail မှာ Password ကအဓိကလုံခြုံရေးစနစ်မဟုတ်ပါဘူး လုံခြုံရေးစနစ်အဓိက သုံးခုရှိပါတယ် အောက်မှာပြောပြသွားပါမယ် Gmail Password ပျောက်သွားလို့ Gmail အကောင့်တစ်ခုဆုံးရှုံးသွားပီလို့မထင်လိုက်ပါနဲ့ ပြန်ယူလို့ရပါတယ် ပြန်ယူနည်းသုံးနည်းရှိပါတယ် အဲ့ဒါကိုလည်းပြောပြပါမယ် Disable ဖြစ်သွားခဲ့ရင်တော့ 24 နာရီစောင့်ကြည့်လိုက်ပါ ပီးရင် ပြန်ဖွင့်ကြည့်ပါမရလျှင် နောက်ဆုံးတစ်နည်းတော့ကျန်ပါသေးတယ် ရမရတော့အာမမခံပါဘူး ဘာကြောင့်လည်းဆိုတော့ မှော်မှော် စမ်းတာ တစ်ချို့အကောင့်တွေ ပြန်မရခဲ့ပါဘူး တစ်ချို့အကောင့်တွေတော့ လွယ်လွယ်နဲ့ပြန်ရပါတယ် ကဲသင်ခန်းစာလေးစလိုက်ရအောင်
Gmail Recover လုပ်ထားပါ
ဘာကြောင့်လည်းဆိုတော့ Password ပြန်ယူရာမှာ Recover မလုပ်ထားပါက ပြန်ယူလို့ရမယ်မဟုတ်ပါ အဲ့ဒါကြောင့်အရင်ဆုံးကာကွယ်နည်းကို ပြေပြပါမယ် အခြားမေးတွေ အကောင့်တွေမှာလည်း Recover ဆိုတာရှိကြပါတယ် သူ့နည်းနဲ့သူပေါ့ Gmail Recover လုပ်နည်းသုံးနည်းကိုပြောပြပါမယ် အဲ့ဒါတွေက တကယ်တမ်းတော့ အကောင့်စလုပ်ကတည်းကလုပ်ထားရမှာပါ ဒါပေမယ့် အကောင့်ရှိပီးသားသူတွေအတွက် အရင်ရေးပေးပါမယ် ဘာကြောင့်လည်းဆိုတော့ အကောင့်အသစ်လုပ်ရန်အလွန်ခတ်ခဲသွားပီဖြစ်သောကြောင့်ဖြစ်သည်
Gmail Recover လုပ်နည်း
အခြား Gmail အကောင့်နှင့် Recover လုပ်တာဖြစ်ပါတယ် ဒါပေမယ့် အကောင့်နှစ်ခုရှိတဲ့သူများအတွက်ပိုအဆင်ပြေပါတယ် ဘာကြောင့်လည်းဆိုတော့ လူ့စိတ်ကမျောက်စိတ်လိုပဲလေ သူများအကောင့်ကို Recover ပေးထားမိရင် ဖြတ်လိုက်ပါ အဲ့ Recover ပေးခံထားရတဲ့အကောင့်ပိုင်ရှင်က သူငယ်ချင်းတို့အကောင့်ကို အချိန်မရွှေး တစ်ရေးနိုးထပီးတော့ Password ကိုပြောင်းပစ်လို့ရပါတယ် အကောင့်နှစ်ခုပိုင်ထားသူများကတော့ အကောင့်အချင်းချင်း Recover ပေးထားလို့ရပါတယ် အဲ့ဒါအဆင်ပြေတာပေါ့ Gmail ကိုအရင်ဖွင့်လိုက်ပါ ပီးရင် Setting >> Accounts and Import >> Google Account Settings ကိုနှိပ်လိုက်ပါ အဲ့ဆို အောက်ကပုံအတိုင်းပေါ်လာမှာဖြစ်ပါသည်

http://pyae-phyo.blogspot.com


http://pyae-phyo.blogspot.com
အဲ့နားမှာ Your recovery email adresses: နားက Edit ကိုနှပ်ပီး သူငယ်ချင်း Recover လုပ်မယ့်မေးကို ထည့်လိုက်ပါ ပီးရင် Security question ကိုပါပြင်ပါမယ် အောက်နားက Edit ကိုနှိပ်ပီး ကြိုက်တာပြင်လို့ရပါတယ် ဥပမာ မေခွန်းက What is your father's middle name ထားလိုက် အဖြေကို I go to school hehehe 12345 အဲ့လိုရှောက်ဖြေလို့ရပါတယ် အဲ့တော့ မှန်းရခတ်တဲ့ တာပေါ့ အဲ့တော့ပိုလုံခြုံတယ်လေ တစ်ခုကြားဖြတ်ပြောမယ်နော် Gmail Password ပေးမယ်ဆိုရင် မြို့နာမည် တို့ မွေးနေ့တို့ ကိုယ့်နာမည်တို့ကို မပေးတာကောင်းပါတယ် ပီးတော့ နံပါတယ် တွေပေါ့ ဥပမာ တစ်ခုပေးပြမယ်နော် 123hell0he44y749 အဲ့လို ပေါက်တက်ကရပေးတာ ကောင်းပါတယ် Password Creaker Software တွေကို လှည့်စားတဲ့သဘောပေါ့ အဲ့လိုပေးရင် Password Creaker Software တို့ Web Mail hack Software တို့ကကောင်းကောင်းအလုပ်မလုပ်ပေးနိုင်တော့ ပိုပီးလှုံခြုံတာပေါ့လေ ပီးတော့ တစ်လုံးခြင်းအဓိပါယ်ရှိတဲ့စာလုံးတွေ everything အဲ့လိုတွေမပေးသင့်ပါဘူး ဘာကြောင့်လည်းဆိုတော့ Password Creaker Software တစ်ချို့က Dictionary တွေနဲ့တိုက်စစ်လို့ရတယ်လေ အဲ့တော့ ချက်ချင်း Password ကိုသိသွားရောပေါ့ ပြောရင်နဲ့ဘယ်ရောက်သွားလည်းသိဝူး အပေါ်ကပြန်ဖတ်လိုက်ဦးမယ် မှန်မိပီ အကုန်ပီးရင် Save လိုက်ပါ အဲ့ဆိုရင် Recover လုပ်ငန်းပီးဆုံးသွားပါပီ အဲ့ဒါက အကောင့်ကို Recover လုပ်နည်းနှစ်နည်းပါ နောက်တစ်နည်ကတော့ နောက်ပိုစ်တစ်ခုမှာရေးပေးပါမယ် Password ပြန်ယူတဲ့နည်းကောပေါ့ မှော်မှော်မောပီ ဆက်ရန် ဟယ်ဟယ် ကိုရီးယားဇတ်လမ်းတွဲတော့ဟုတ်ဝူးနော် တစ်ခုလောက်တော့ကြော်ဌှာဝင်ထားမှရမယ် Gmail ကိုတစ်ကမ္ဘာလုံးသုံးနေတာပါ သူများနိုင်ငံကဘာမှကိုမဖြစ်ပါဘူး မြန်မာနိုင့်ငံကပဲ ဟက်ခံရတာနဲ့ ဘာနဲ့ညာနဲ့ဆိုတော့ မြန်မာက ဟက်ကာတွေ ခရက်ကာတွေက သူများနိုင်ငံထပ်ပိုတော်တယ်ထင်တယ်နော် အဲ့ဒါလေးပါ ဖြေပေးခဲနော့ ကျန်တာတော့ နောက်ပိုစ်တစ်ခုနဲ့ဆက်ရေးပေးမှာပါ နော်အရင်ပိုစ့်ကအတိုင်း Recover လုပ်ပီးပါက ပြန်ယူလို့ရပါတယ်
ပြန်ယူမယ်ဆိုရင် အရင်ဆုံး Gmail Signin လုပ်မယ့်နေရာကို
သွားလိုက်ပါ ပိးတော့ Signin ၀င်မယ့်အောက်နားလေးမှာ

http://pyae-phyo.blogspot.com
 Can't access your account? ဆိုတာလေးကိုနှိပ်လိုက်ပါ
အဲ့နားရောက်ရင် Email address ဆိုတာကို တွေ့ရပါလိမ့်မယ်
သူငယ်ချင်းရဲ့ Gmail address ကိုရိုက်ထည့်လိုက်ပါ ပီးရင်
Submit ကိုနှိပ်လိုက်ပါ
စာလုံးလေးပုံတူရိုက်ခိုင်းတာပေါ်လာပါလိမ့်မယ် ရိုက်ပေးလိုက်ပါ

http://pyae-phyo.blogspot.com
အဲ့အောက်ရောက်ရင် Email to ******@g*****.com
ဆိုတာက သူငယ်ချင်းရဲ့ password အသစ်ကိုပြောင်းလို့ရမယ့်လင့်ကို Recover
ပေးထားတဲ့မေးထဲသို့ပို့ပေးမှာဖြစ်ပါသည် အဲ့ဒါကို
လစ်ပေးပီးတော့ Continue ကိုနှိပ်လိုက်တာနဲ့ Recover mail
ထဲကိုရောက်သွားပါလိမ့်မယ် ဒုတိယတစ်ကြောင်း Answer your
security question ကတော့ Password ကို အရင်ပေးထားတဲ့
Security Quertion နဲ့အသစ်ကိုပြောင်းတာဖြစ်ပါတယ်
ကလစ်လေးပေးပီးတော့ Continue ကိုနှိပ်လိုကတာနှင့်
အဖြေထည့်ပေးရမယ့် Box လေးကျလာပါလိမ့်မယ်
ထည့်ပေးပီးတော့ Continue နှိပ်လိုက်တာနဲ့ Password
အသစ်ကိုပြောင်းလို့ရမှာဖြစ်ပါတယ်
တတိယတစ်ကြောင်း အလွန်အရေးကြီးပါသည် သူရဲ့ လုပ်နိုင်စွမ်းရည်တော်တော်မြင့်ပါသည် အဆုံးအထိတော့ဖတ်လိုက်ပါ လို့မှော်မှော်ပြောပါရစေ I no
longer have access to these ဆိုတာလေးကို
ကလစ်လေးပေးပီးတော့ Conitinue ကိုနှိပ်လိုက်ပါ အောက်မှာပြထားတဲ့ Box လေးတစ်ခုကျလာပါလိမ့်မည်
 


http://pyae-phyo.blogspot.com
ဒါဟာနောက်ဆုံးမျှော်လင့်ချက်ပါပဲ
အပေါ်နည်းတွေမအောင်မြင်ခဲ့ဘူး ဆိုရင် ဒီနည်းလေးကတော့
အောင်မြင်မှာပါ မအောင်မြင်တော့ သူငယ်ချင်းမေးလေးကို
လွတ်သာလွတ်လိုက်တော့ပေါ့နော် တစ်ခုရှိပါတယ် Disable
ဖြစ်သွားတဲ့မေး တစ်ချို့ကို သည်နည်းလေးနဲ့ယူလို့ရနိုင်ပါတယ် အကယ်၍ မကျလာခဲ့ဘူးဆိုရင်တော့
ဒါလေးက အဲ့ပိုစ်ကို သွားမယ့်လင့်လေးပါ နှိပ်လိုက်ပါ
အဲ့ဒါမှမကျလာသေးဘူးဆိုရင် 24 နာရီစောင့်ရမှာဖြစ်ပါသည် အမှန်တစ်ကယ်က ကထမနည်းကို စမ်းပီးရင် 24 နာရီးစောင့်ပီးမှာ ဒုတိယနည်းကို စမ်းပါ ဒုတိယနည်းနဲ့ တတိယနည်းလည်း 24 နာရီခြားပါ မခြားခဲ့ဘူးဆိုရင် ကံဆိုးရင် တော့ မေးလေးက disable ဖြစ်သွားတက်ပါတယ် အဲ့ဆိုရင်တော့ မေးကို ဆုံးရှုံးသွားမှာဖြစ်ပါတယ်
ပထမဆုံးက ကိုယ်သူငယ်ချင်းရဲ့မေးတစ်ခုခုကို ခနငှားပီးတော့ An
email adress we can use to contact you*
ဆိုတဲ့အကွက်လေးထဲမှာ ထည့်လိုပ်ပါ အဲ့မေးကို သူက Password
ပြောင်းမယ့် လင့်ကိုပို့ပေးမှာဖြစ်ပါသည် ပီးရင် အောက်နားလေးက
I am unable to reset my password ဆိုတာလေးကို
ကလစ်ပေးလိုက်ပါ ပီးရင်အောက်ကိုဆက်ဆင်းသွားပါ Product
information အောက်နားက Do you use Gmail with this
account?* ဆိုတဲ့နေရာမှာ Yes ကိုရွှေးပေးလိုက်ပါ ပီးရင်
အောက်နားမှာ အကွက်လေးတွေထပ်ထွက်လာပါလိမ့်မယ်
အဲ့နားမှာ ကိုပျောက်သွားတဲ့မေးလိပ်စာကိုထည့်လိုက်ပါ ပီးလျှင် အောက်နားမှာ Do you have a verification code? ဆိုတာလေးပေါ့ အဲ့ဒါကအကောင့်လုပ်ကတည်းက recover mail ပေးပီးတော့ လုပ်ထားမှရပါတယ် အဲ့ကုတ်လေးကို သိရင်တော့ ထည့်ပေးလိုက်ပေါ့ မသိရင်လည်း ထားခဲ့လို့ရပါတယ် ပီးလျှင် Email adresses of up to five frequently emailed contacts: ဆိုတဲ့နေရာမှာ ကိုယ့်အကောင့် လုပ်တုန်းက ထိပ်ဆုံ အပ်တဲ့သူ သို့မဟုတ် ထိပ်ဆုံးမေးပို့ တဲ့သူ တစ်ယောက်ရဲ့ အကောင့်ကို ထည့်ပေးရမှာဖြစ်ပါတယ်
ပီးရင် Other account information ဆိုတာလေးကိုဖြေရပါမယ်
Account creation date* အကောင့် လုပ်ခဲ့တဲ့ လနဲ့နှစ်ကို ထည့်ပေးလိုက်ပါ ပီးရင် Last successful login date ဆိုတာက နောက်ဆုံး ဖွင့်ခဲ့တဲ့နေ့ကို ထည့်ပေးရပါမယ် အတိအကျထည့်ပေးရပါမယ် မသိရင်တော့ ထားခဲ့လိုက်ပါ ပီးရင် password အဟောင်းကို last password you remember* အဲ့အကွက်လေးထဲမှာထည့်ပေးလိုက်ပါ ပီးရင် Submit ကိုနှိပ်လိုက်ပါ နည်းနည်းလေးကြာရင်တော့ သင် ထိပ်ဆုံးမှာထည့်ထားတဲ့မေးထဲကို Password အသစ်ပြောင်းမယ် လင့်လေးရောက်လာပါလိမ့်မယ် အဲ့မှာပြောင်းလိုက်ရင် အဆင်ပြေသွားပါပီ ဒီနည်းလေးက ကိုယ့်အကောင့် အခိုးခံရသူတွေအတွက် လုပ်ရတာအဆင်ပြေပါတယ် ဘာလို့လည်းဆိုတော့ ကိုယ်ပဲသိနိုင်တဲ့အချက်အလက်တွေပဲဖြစ်လို့ပါ ဒါလေးကိုမှတ်ထားလိုက်ပါ တစ်ချို့တွေက အကောင့်ကို ခိုးပီးတော့ recover mail ပြင်လိုက်မယ် sercurity question တွေပြင်လိုက်မယ်ဆိုရင် တော့ မရတော့ဘူး ဆိုပီးစိတ်ဓာတ်တော့မကျလိုက်ပါနဲ့ ဒီတတိယနည်းကို ကောင်းကောင်း သိထားမယ်ဆိုရင် ကြိုက်တဲ့ ဟက်ကာလာ ကြိုက်တဲ့ ခရပ်ကာလာ ဘာမှကိုကြောက်စရာမလိုဘူး ဘာလို့လည်းဆိုတော့ သူတို့က ဒါတွေကိုမမပြင်နိုင်တာ ပြင်နိုင်တဲ့ ခရပ်ကာဆိုရင်တော့တစ်မျိုးပေါ့လေ ဒါပေမယ့် သူတို့ပြင်သည်ထားအုံး လုပ်လို့ရပါသေးတယ် ပြသနာမရှိပါဘူး Gmail Password မေ့ခြင်းနှင့် အခိုးခံရခြင်း အန္တရာယ်မှ လွတ်ကင်းနိုင်ကြပါစေ လို့ ဆုတောင်းရင်း ... အဆင်ပြေကြပါစေ.....



ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ



Windows 7 က Memu ကို Windows 8 မှာသုံးမယ်




ပိုစ့်မရေးတာ ၂ပတ်နီးနီးရှိနေပါပြီ။ ခုတော့ Windows 8 ရဲ့ဆန်းကြယ်တဲ့ လျို့ဝှက်ချက်တွေ ကိုပြောပြမှာဖြစ်ပါတယ်။ ကဲ။ Windows 7 က Menu တွေရဲ့ပုံစံကို Windows 8 မှာပုံစံကူးမယ်။ လုပ်နည်းကတော့ Registry သုံးရုံပဲ။

ပုံစံအသစ်ကတော့ လှပေမယ့် တချို့ကိုင်လို့ နေသားမကျသေးတဲ့သူတွေရှိပါသေးတယ်။ Windows 7 ပုံစံကို ထားချင်ရင် အလွယ်နည်းကတော့---

                                                    Start ကို ကလစ်ပါ။ ပြီးတော့ Search ကိုကလစ်ပါ။ 




                        Search Apps ကို ခင်ဗျားတို့ တွေ့ရပါလိမ့်မယ်။ အဲ့ဒီ Search box ထဲမှာ regedit လို့ထည့်လိုက်ပါ။
                                                    ပြီးတော့ regedit icon လေးကို ကလစ်ပါ။




                              ခဏစောင့်ပါ။ ပြီးတော့ ဒီလိုပုံပေါ်လာပါလိမ့်မယ်။ စိတ်မပူပါနဲ့။ Yes လို့ပေးလိုက်ပါ။





          Registry  Editor ပွင့်လာပါပြီ။ မမြင်ဖူးလို့ဆိုပြီး တရေးမော့ကြည့်မနေနဲ့။ အောက်က ပြတဲ့အတိုင်း လုပ်ဆောင်ပါ။                     အနီရောင်နဲ့ပြထားတယ်နော်။ 
        HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer
          အပေါ်ကပြောတဲ့အတိုင်းလုပ်ပြီးရင် နောက်တစ်ဆင့်တက်ဖို့ အဆင်သင့်ဖြစ်ပါစေ။






                                                  အပေRPEnabled ကို ကလစ်နှစ်ချက်ပေးပါ။





     Edit DWORD (32-bit) Value ကြီးပွင့်လာပါလိမ့်မယ်။ Value Data : ရဲ့အောက်မှာ 1 တွေ့မယ်။ မတွေ့လည်း                                                                             အောက်ပုံတွေကို ကလစ်လိုက်။





                          1 ကိုဖျက်ပြီးတော့ 0 လို့ပြောင်းလိုက်ပါ။ OK ကိုကလစ်ပြီး Registry Editor ကို ပိတ်လိုက်ပါ။


                                          





                အဆင်ပြေပြီထင်နေတာ။ အမှန်တော့ အောက်ကပုံကိုကြည့်လိုက်။ ကိုးရို့ကားယားကြီးပဲ။ မပူပါနဲ့။ အဲ့ဒါကို 
                                                              ဖြေရှင်းလို့ရတဲ့နည်းပြောမယ်။





လူပြိန်းနည်းပါပဲ။ Restart ချလိုက်ပါ။ ပြီးတာနဲ့ အောက်ကပုံကိုကြည့်ပါ။ Windows 7 start menu နဲ့ လုံးဝတူသွားပါပြီ။





                                             Windows 7 ကဟာလို အကောင်းပတိတိုင်း ရပါလိမ့်မယ်။





                            အဆင်ပြေပါစေ။ ကျွန်တော်က တတ်လို့ ၊ တော်လို့မဟုတ်ပါ။ လေ့လာနေဆဲဖြစ်ပါတယ်။

ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ