Our social:

Latest Post

Showing posts with label အထွေထွေ ဗဟုသုတ သတင်း. Show all posts
Showing posts with label အထွေထွေ ဗဟုသုတ သတင်း. Show all posts

July 10, 2015

စစ်တွေ ယဉ်ကျေးမှု ပြတိုက်မှ ရှေးဟောင်း ပစ္စည်းများ ရန်ကုန်သို့ ပို့စဉ် စစ်တွေ ကားဂိတ်တွင် ဖမ်းမိ




စစ်တွေ၊ ဇူလှိုင် ၉

မနေ့ နေ့လယ် ၁ နာရီခန့်က ရခိုင်ပြည်နယ် စစ်တွေမြို့ ယဉ်ကျေးမှု ပြတိုက်မှ ခိုးယူပြီး ရန်ကုန်သို့ ပို့ဆောင်သည်ဟု ယူဆရသော ရှေးဟောင်း ကျောက်စာ တစ်ချပ် အပါအ၀င် အရေးကြီးသော ရှေးဟောင်း ယဉ်ကျေးမှု အမွေ အနှစ်များကို ဒေသခံ ပြည်သူ များက ၀ိုင်းဝန်း ဖမ်းဆီး လိုက်သည်ဟု သတင်း ရရှိသည်။

ဖမ်းဆီးရာတွင် ဦးဆောင်ပါဝင်သူ တစ်ဦးက နိရဉ္စရာသို့ ဖုန်းဖြင့် ဆက်သွယ်ပြောကြားရာတွင် ပထမ တိုးရတနာ ကားဖြင့် ပို့ဆောင်ရန် စီစဉ်ရာ လက်မခံသဖြင့် အောင်ပြည့်စုံကားဂိတ်တွင် ယင်းပစ္စည်းများကို ပို့ဆောင်ရန် တန်စာ ခံယူနေစဉ် ဖမ်းမိသည်ဟု ပြောသည်။

“ ဖမ်းမိတဲ့ အထဲမှာ ရှေးဟောင်းကျောက်စာတစ်ချပ်၊ ကျောက်သံလျက် တစလက်ရယ်၊ ရှေးဟောင်းတွေလည်း ပါဝင်ပါတယ်။ ဒီလို သယ်ယူပို့ဆောင်တာကို သိနေတဲ့ လူ တစ်ဦးက သတင်းပေးတဲ့ အတွက် နိုင်ငံရေးပါတီက လူတွေရယ်၊ လူမှုအဖွဲ့အစည်းက လူတွေရယ်။ ရဲတွေလည်း ပါတယ်။ ၀ိုင်းဖမ်းပြီး အခု ယဉ်ကျေးမှုပြတိုက်သို့ ပြန်ပို့ဆောင်လိုက်ပြီ ဖြစ်ပါတယ်” ဟု ဆိုသည်။

နောက် တစ်ယောက်က ပါဝင်သော ပစ္စည်းများကို ပြောကြားရာတွင် ယခု ဖမ်းဆီးရမိသောရှေးဟောင်း ပစ္စည်းများထဲတွင် လေးမြို့ခေတ်လက်ရာဟု ယူဆရသော ကျောက်ပြားကြီး တစ်ချပ်၊ ကျောက်ဆစ်လက်ရာ နတ်ရုပ်တစ်ရုပ်၊ ရုပ်ထုကျောက် နှစ်ဖက်ချွန် သံလျက် တစ်လက် ပါဝင်သည်ဟု ပြောဆိုသည်။ ၎င်းပစ္စည်းများကို တစ်ထွာခန့်အမြင့်ရှိသော သစ်သားများဖြင့် အသေအချာ ချိတ်ပိတ်ပြီး တန်ဆာခံကာ ပို့ဆောင်ရန်စီစဉ်ခြင်း ဖြစ်ကြောင်း သူက ပြောဆိုသည်။

ယခု ပစ္စည်းများအား ရခိုင်ပြည်နယ် စစ်တွေမြို့ ရှိ ယဉ်ကျေးမှု ပြတိုက် ဦးစီး အရာရှိ ဒေါ်သူဇာစံက ရန်ကုန်ရှိ ရှေးဟောင်းသုတေသန ဒုညွှန်ကြားရေးမှူး ဒေါ်အေးအေးသန်းထံသို့ လိပ်မူတတ် ပို့ဆောင်ခြင်း ဖြစ်ကြောင်း သူက ပြောဆိုသည်။

ဒေါ်သူဇာစံအား အကြောင်းကြားခေါ်ယူရာတွင် ကားဂိတ်သို့ ရောက်ရှိလာပြီး ယင်းပစ္စည်းများကို ဖွင့်ပြခဲ့သည်ဟုဆိုသည်။

ဒေါ်သူဇာစံက ဒီပစ္စည်းတွေကို ရန်ကုန်ကို ယူခြင်းမှာ ရန်ကုန်တွင် ပြသရန် ဖြစ်သည်ဟု ပြောဆိုကြောင်း သိရသည်။

ဖမ်းဆီးရာတွင် ပါဝင်သူများက ရှေးဟောင်းပစ္စည်းများအား ယခုလို ယူဆောင်၍ မရကြောင်း ပြောဆိုပြီး ပြန်လည် သိမ်းဆည်းကာ ပြတိုက်သို့ ပြန်လည် ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။

ဒေါ်သူဇာစံအား ဆက်သွယ်ရန် ကြိုးစားနေသော်လည်း ယခုအချိန်ထိ အဆက်အသွယ် မရရှိသေးသဖြင့် မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။

Narinjara

Original link - https://www.facebook.com/pages/Narinjara

ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


July 02, 2015

Toshiba က 4K Display တပ်ဆင်ထားသော Laptop ကို ပြသ

                     1
Toshiba က သူ၏ ပထမဆုံး 4K Display တပ်ဆင်ထားသော ခေါက်ချိုး အသွင်ပြောင်းနိုင်သည့် Laptop ကိုမိတ်ဆက်လိုက်ပါသည်။ Toshiba Satellite Radius 15 4K Ultra HD Edition ဟု အမည်ပေးထားပြီး 3840×2160 pixels အရည်အသွေးရှိသော မျက်နှာပြင် တပ်ဆင်ထားပါသည်။ တစ်လက်မလျှင် Pixelသိပ်သည်းဆမှာ ၂၈၂ ဖြစ်ပြီး မျက်နှာပြင်အရွယ်အစားမှာ ၁၅.၆ လက်မဖြစ်ပါသည်။

လက်တော့ကို ၃၆၀ ဒီဂရီ ခေါက်ချိုးနိုင်ပြီး တက်ဘလက်ကဲ့သို့ အသုံးပြုနိုင်ပါသည်။ အခြား သတင်းအချက်အလက် အသေးစိတ်ကို မသိရသေးသော်လည်း ပဉ္စမမျိုးဆက် Intel Core Processor ထည့်သွင်းထားမည် ဖြစ်သည်။ USB 3.0 Port နှစ်ခု၊ USB 2.0 Port တစ်ခု ၊ SD Card Slot တို့ ပါရှိပါသည်။ 802.11ac WiFi ကို အထောက်အပံ့ပေးမည် ဖြစ်သည်။

Toshiba က ဈေးနှုန်းနှင့် ရောင်းချမည့် ရက်ကို ကြေညာခြင်းမရှိသေးသော်လည်း အခြေခံဈေးနှုန်းမှာ စတာလင်ပေါင် ၅၃၃ ၀န်းကျင်ဖြစ်မည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။ လက်တော့တွင် Windows 10 ထည့်သွင်းထားမည် ဖြစ်သည်။

Myanmar Digital Life Journal

ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ

ဦးနှောက်ကိုပျက်စီးစေသော အကြောင်း ၁၀ ချက် (လူတိုင်းဖတ်သင့်)


                                    

၁) စကားနည်းခြင်း
အသိဥာဏ် အတွေးအခေါ်ပိုင်းပါတဲ့ စကားစမြည်မျိုး ပြောပေးခြင်းကြောင့် ဦးနှောက်ရဲ့စွမ်းရည်ကို တိုးတက်စေပါတယ်။
၂) စိတ်ဝင်စားတက်ကြွစွာ စဉ်းစားတွေးခေါ်မှုမရှိခြင်း
စဉ်းစားတွေးခေါ်ခြင်းဟာ ဦးနှောက်ကို လေ့ကျင့်ပေးဖို့ အကောင်းဆုံးနည်း လမ်းဖြစ်ပါတယ်။ ဦးနှောက်ကို တက်ကြွစေတဲ့ စဉ်းစားတွေးခေါ်မှုတွေ လုပ် မပေးရင်ဦးနှောက်ကို ကျုံ့စေပါတယ်။
၃) ကျန်းမာရေးမကောင်းချိန်မှာ ဦးနှောက်ကို အသုံးပြုခြင်း
ကျန်းမာရေးမကောင်းချိန်မှာ (ဦးနှောက်သုံးရတဲ့) အလုပ်ပြင်းထန်စွာလုပ် တာမျိုး၊စာကျက် စာဖတ်တာမျိုးတွေဟာ ဦးနှောက်ရဲ့ စွမ်းဆောင်နိုင် မှုတွေကို လျော့ကျစေသလိုဦးနှောက်ကိုလည်း ပျက်စီးစေပါတယ်။
၎) အိပ်ချိန်မှာ ခေါင်းကို ဖုံးအုပ်ထားခြင်း
ခေါင်းကိုဖုံးအုပ်ပြီး (ခေါင်းမြီးခြုံပြီး) အိပ်ခြင်းအားဖြင့်ကာဗွန်ဒိုင်အောက် ဆိုဒ်တွေ စုစည်းမှုကို တိုးလာစေပြီး အောက်ဆီဂျင်စုစည်းမှုကိုတော့
လျော့ကျစေတာကြောင့် ဦးနှောက်ကို ပျက်စီးစေတဲ့ အကျိုးဆက်ကို ရစေ ပါတယ်။
၅) အိပ်ချိန်မလုံလောက်ခြင်း
အိပ်စက်ခြင်းဟာ ဦးနှောက်ကို အနားရစေပါတယ်။ အိပ်ချိန်မလုံလောက် တာမျိုးရေရှည်ဖြစ်လာတဲ့အခါမှာ ဦးနှောက်ရဲ့ဆဲလ်တွေ သေဆုံး တဲ့နှုန်း မြင့်မားလာစေပါတယ်။
၆) လေထုညစ်ညမ်းခြင်း
ဦးနှောက်ဟာ ကိုယ်ခန္ဓာမှာ အောက်ဆီဂျင်ကို အများဆုံးအသုံးပြုတဲ့
အစိတ်အပိုင်းဖြစ်ပါတယ်။ ညစ်ညမ်းတဲ့လေကို ရှုသွင်းခြင်းအားဖြင့် ဦးနှောက်ကိုအောက်ဆီဂျင်ထောက်ပံ့မှု လျော့နည်းစေပြီး ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကိုကျဆင်းစေပါတယ်။
၇) အချိုများလွန်ကဲစွာစားခြင်း
အချိုဓာတ်တွေ လွန်ကဲနေခဲ့ရင် ပရိုတိန်းဓာတ်နဲ့ အာဟာရတွေ စုပ်ယူမှုကို
အဟန့်အတားဖြစ်စေပြီး အာဟာရချို့တဲ့စေတဲ့အပြင် ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ
အနှောင့်အယှက် ဖြစ်စေပါတယ်။
၈) ဆေးလိပ်သောက်ခြင်း
ဒါကတော့ ကျွန်တော် ကိုယ်တိုင်လည်းသောက်တာပါ ပဲ ဆေးလိပ်ေ သာက်ခြင်းကြောင့်ဦးနှောက်ကို ကျုံ့စေသလို အယ်လ်ဇိုင်းမားရောဂါ (လူရဲ့ မှတ်ဥာဏ်နဲ့စဉ်းစားဆင်ခြင်နိုင်စွမ်းတွေကို ကျဆင်းစေတဲ့ရောဂါ) ပါ ဖြစ် လာနိုင်ပါတယ်။
၉) လွန်ကဲစွာစားသောက်ခြင်း
လိုအပ်တာထက် ပိုစားသောက်ခြင်းအားဖြင့် ဦးနှောက်ရဲ့ သွေး လွှတ်ကြောတွေကိုတင်းမာစေပြီး စိတ်စွမ်းရည်ကိုပါ ကျဆင်းစေပါတယ်။
၁၀) မနက်စာမစားခြင်း
မနက်စာမစားသူတွေရဲ့ သွေးထဲမှာ သကြားဓာတ် ပိုနည်းတတ်ပါတယ်။ အဲဒါရဲ့အကျိုးဆက်အနေနဲ့ ဦးနှောက်အတွက် လုံလောက်တဲ့အာဟာရ မရတော့ဘဲ ဦးနှောက်ရဲ့စွမ်းရည်ကို ကျဆင်းစေပါတယ်။
မြ၀တီ

ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


ကျွန်တော် ငယ်စဉ်က အတွေးများ

                                

ငယ်ငယ်က မြင်းမိုရ်တောင် ဘယ် နိုင်ငံမှာ ရှိတာလဲဟု ဆရာမကို မေးမိရာ ထိပ်ခေါက် ခံရသည်။ အဖြေကား မရ။
သားသား ကြီးရင် ဘာလုပ် မလဲဟု အမေက မေးသော အခါ အာကာသ ယာဉ်မှူး လုပ်မည်ဟု ဖြေဖြစ်သည်။ နတ်ပြည်ကို တက်ကြည့်ချင် သည်ကိုး။
အိမ်ရှေ့က အဝီစိ တွင်းကြောင့် ငရဲပြည်တွင် ချိုးရေ သုံးရေ သောက်ရေ အလျှံအပယ် ရှိလိမ့်မည်ဟု အယူမှား မိပြန်သည်။

အိမ်က ဘုရားစင်သည် ကျွန်တော့် မုန့်ဖိုးထက် ပို၍ အကုန်အကျ များ၏။ အမေသည် ဘုန်းဘုန်း ကြွလာသော အခါ နံနက် စောစောထ၍ ချက်ပြုတ် ထားသော ဆွမ်းကို ကပ်၏။ သီလရှင်များ လာသော အခါ ကန်တော့ ပါသေးရဲ့ဟု ဆို၏။ gender ခွဲကြောင်း ဝေဖန် မိ၍ အမေက မျက်စောင်းခဲ၏။

မနက်တိုင်း ကြေးစည် ထု၍ ဘုရား ရှိခိုးသော အဘွားထံတွင် ဘုရားရှိခိုး ပါဠိ စာသားများ၏ အဓိပ္ပာယ်ကို ကျွန်တော် မေးကြည့်၏။ အဖွားက ကုသိုလ် ရတယ် လူလေးရဲ့ ဟုသာ ပြောတတ် ရှာလေသည်။

ဘုရား ဆွမ်းတော်ကို အမက သူစား ချင်သော သစ်သီးများ ဝယ်၍ တစ်နေ့ တစ်မျိုး မရိုးအောင် ကပ်၏။ ဘုရားကား သူ့ အကြိုက်ကို လိုက်နေရ၏။ ဘုရားပန်း များကိုကား ရက်ခြား လွှင့်ပစ် ရသဖြင့် အမရယ် နင်ပန်ဖို့ ဝယ်တာ ဆိုလည်း တော်သေးတယ်။ အခုဟာက ဘုရားက ပန်လို့လား ဟဟု မေးခဲ့ရာ နားရွက် လိမ်ဆွဲခံ ရပြန်သည်။

အဖေသည် တစ်ရက် ထူးထူး ဆန်းဆန်း စကားကို ဆို၏။ ပုဂံ ညောင်ဦး ပုပ္ပား ဘုရားဖူး သွားမည်တဲ့။ ရှိစုမဲ့စု စုထားသော ငွေကလေးကို ကျွန်တော့် အတွက် စက်ဘီး ဝယ်ပေး လိမ့်မည်ဟု ထင်မှတ်မှား နေခဲ့ဖူးသည်။ ယခုမူ ဘုရားဖူး စရိတ်တဲ့။ အဖေ့ သူငယ်ချင်းသည် အရက်ဆိုင် ဖွင့်ထားသည်။ ချဲဒိုင်လည်း ကိုင်သည်။ ဘုရားဖူး လုပ်ငန်းလည်း ကားတွေ ထောင်ထားပြီးလုပ်သည်။ ရွာတွင် အလှူ အလုပ်ဆုံး ပုဂ္ဂိုလ် ဖြစ်သည်။

ကျွန်တော် အဖေ့ကို မေးမိသည်။ အဖေ အိမ်က ဘုရားက ဖူးရတာ ရိုးသွား လို့လားဟု။
အဖေက အခု သွားဖူးမယ့် ဘုရားတွေက တန်ခိုးကြီး ဘုရားတွေ ဆုတောင်းပြည့် ဘုရားတွေတဲ့။

ဂေါဓမ မြတ်စွာ ဘုရား၏ ဆင်းတုတော် တို့သည် အိမ်တွင် ထား၍ ကိုးကွယ်လျှင် တန်ခိုး အာနိသင် လျော့နည်းကြောင်း နှင့် ကြီးကြီး ထုဆစ် ထားသော ဆင်းတုတော် တို့သာ တန်ခိုး ကြီးကြောင်းကို ထိုစဉ်ကမှ ကျွန်တော် သိလိုက် ရသည်။ ဟုတ်ပေမည်။ အိမ်က ဆင်းတုတော် လေးသည် ဖုန်တက်သည် ကိုပင် သူ့ဘာသာသူ မသုတ် သင်နိုင် ရှာတော့ပေ။ နောက် ပြီး သောက်တော်ရေနှင့် ဆွမ်းတော်လည်း နေ့တိုင်း ကပ်လှူ ပသ ရသည်။ ဘုရားရှင်သည် ပရိနိဗ္ဗာန် စံတော် မူပါလျက် စားခြင်း သောက်ခြင်း မကင်းနိုင်သေး။ အိမ်ဘုရား မဟုတ်ဘဲ အများ ကိုးကွယ်သည့် ဘုရား ဆင်းတု ကြီးကြီးများ တွင်မူ ဆွမ်းစားရန် မလို။ စားခြင်း သောက်ခြင်း မရှိ။ တန်ခိုးကြီး လိုက်ပါပေ့။

အဖေ့ ညီမ ကျွန်တော့် ဒေါ်လေးသည် အတော်လေး ကျန်းမာရေး ဖောက်ပြန် နေရှာ၏။ အဖေ့ထံ ဒေါ်လေး သမီး ကျွန်တော့် အမ ဝမ်းကွဲက ငိုယို၍ ငွေကြေး အကူအညီ လာတောင်းသည်။ အဖေက ဘုရားဖူးရန် စုထားသော ပိုက်ဆံများ ပဲ့မည် ဆို၍ အထိမခံ။ ငါ့မှာ ငွေပို မရှိတော့ဘူးဟု ပြောလွှတ်သည်။ တန်းခိုးကြီး ဘုရားတွေမှာ ဒေါ်လေး အတွက်အလှူ ပြုကာ ဆုတောင်း ပေးမည် ဖြစ်ကြောင်း ဖြောင့်ဖျပြောဆို သဖြင့် အမဖြစ်သူသည် ငိုမဲ့မဲ့ မျက်နှာနှင့် ပြန်သွားရ ရှာလေ၏။

သို့နှင့် ကျွန်တော်လည်း ဘုရားဖူး လိုက်ပါ ခဲ့ရ၏။ မြန်မာပြည်တွင် တောင်းစား နေသော သူတောင်းစား ပေါများကြောင်းကို ဘုရားစောင်းတန်း အနီးတွင် တွေ့ရမှ ကျွန်တော်သိ၏။ ဘုရားတွင် ကပ်လှူ ထားသော ရွှေပြားများသည် ထိုသူတောင်းစား လူမွဲ ဖွပ်ဘိုးအေ များကို လှောင်ပြ နေသကဲ့သို့ဖြစ်၏။

ဘုရားသည် ၇ရက် သားသမီး များကို တစ်ပြိုင်နက် ဆုတောင်း ပူဇော်ခြင်း မခံလိုပေ။ ကျွန်တော်၏ ကလေး အတွေးလည်း ဖြစ်ကောင်း ဖြစ်မည်။ အဖေက သောကြာ ထောင့်တွင် သွားရောက် ပူဇော် ဆုတောင်း၏။ အမေက အင်္ဂါထောင့်တွင် သွားရောက် ပူဇော် ဆုတောင်း၏။ ဘုရားသည် အာရုံ မများအောင် ကိုယ်ခွဲ၍ တာဝန်ခွဲယူ ထားပုံရသည်။

လူတချို့သည် မွေးနေ့ အထူး အစီအစဉ် အဖြစ် ဘုရားရေ သပ္ပာယ် နေကြ၏။ သက်စေ့ ပူဇော်၏။ မုနိမြတ်စွာသည် ရေမွန်းလျက် နေရှာ၏။ ချမ်းတုန်နေရော့ မလားဟုလည်း ကျွန်တော်တွေး မိ၏။
ဤအဖြစ်ကို ရိပ်စား မိပုံရသော လူတစ်စုသည် ဘုရားအနီးတွင် ဖယောင်းတိုင်မီး ထွန်းညှိပူဇော်၍ အနွေးဓာတ်ပေး၏။

နောက်တော့ သူတို့သည်လည်း စေတနာကြောင့် ဟုတ်ဟန် မတူဟု ကျွန်တော်တွေး မိသည်။ ယတြာအရ လာရောက် ပူဇော် စီရင်နေခြင်း ဖြစ်ဟန် တူ၏။ အကြောင်းမှာ ဖယောင်းတိုင်ကို အရေအတွက် အတိအကျ ပူဇော်နေ သောကြောင့် ဖြစ်သည်။ လောင်ကျွမ်း ကုန်ဆုံးစေရုံ မျှသာ အာရုံ ရှိနေ၏။ အမွှေးတိုင် တစ်ထုပ်လည်း ထွန်းသေး၏။ ဘုရားရှင်သည် မီးခိုးမှိုင်း တို့ဖြင့် ကျပ်တိုက်ခြင်း ခံနေရ ရှာ၏။

ဘုရားစောင်းတန်းများတွင် ဆင်းတုတော်ထုဆစ်နေသူများကို တွေ့ရသည်။ ပန်းပုဆရာသည် သူ၏ပေါင်တွင်ဆင်းတုကို ညှပ်၍ထု၏။ ငရဲမကြီးဘူးလားဟု အဖေ့ကို ကျွန်တော်မေးကြည့်မိသောအခါအဖေက အနေကဇာမတင်ရသေးသဖြင့် ငရဲမကြီးကြောင်းဆိုသည်။ ပါဝါမတင်ရသေးသောကြောင့် တန်ခိုးမရှိ။ တန်ခိုးမရှိသောကြောင့် ငရဲမကြီး။ ဤသို့သာ ကလေးအတွေးဖြင့် ကျွန်တော်မှတ်ထားလိုက်သည်။

ကျွန်တော် ဘဝင်မကျသည့် အချက် တစ်ခု ရှိသေး သည်။ ဗုဒ္ဓ ဘုရားရှင်ခြင်း တူပါလျက် အဘယ်ကြောင့် အိန္ဒိယမှ ဆင်းတု များသည် နှာခေါင်းချွန်၍ တရုတ်ပြည်မှ ဆင်းတုများသည် နှာခေါင်း ပြားကာ ကျွန်တော်တို့ ဆီတွင် ဗမာဆန်နေ ရတာ ပါလဲဟု အဖေ့ကို ကျွန်တော် မေးခဲ့သည်။

အဖေသည် ပါရမီ ရင့်သန် နေပုံရ၏။ ထို့ကြောင့်ရှေ့ဖြစ်ကို ဟော၏။ မင်း ဘာသာမဲ့ ဖြစ်မယ့် အကောင်တဲ့။ အမေကတော့ တစ်မျိုးပြောသည်။

မိုးကြိုးပစ်မယ် သတိထား နေတဲ့။ မိုးကြိုးသည် ကျွန်တော့်အား မပစ်။ ရွာတောင်ပိုင်းက မိဘကို လုပ်ကျွေး ပြုစုနေရှာသော မောင်ကျော်ဆိုသည့် တရားသမားလေးအား ပစ်သွားသည်။ 

သိကြားမင်းသည် အိုပြီထင်၏။ လက်မတည့် ရှာတော့ပေ။

( PK Myanmar )

Original link - https://www.facebook.com/profile.php?id=100007066786660&fref=photo

ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


July 01, 2015

Samsung Galaxy J7

                                           


Network - GSM/HSPA/LTE CPU - QC 1.4GHz & QC 1GHz Memory - 16GB, up to 128GB OS -Android OS, v5.1 Bluetooth - v4.1 ၆ လပိုင်းမှာ Samsung သည် ဈေးကွက်ထဲကို ဟန်းဆက် အသစ်များအား ထပ်မံပို့ဆောင်ပါဦးမယ်။ အခုထပ်မံရောင်းချ မယ့် ဟန်းဆက် Series နာမည်ကတော့ J5 နှင့် J7 ဖြစ်ပါတယ်။

ဒါကြောင့် A Series နှင့် E Series ဟန်းဆက်တွေရဲ့ရှေ့ကို J Series ရောက်ရှိလာပါလိမ့်မယ်။ Samsung ထုတ်ကုန်ကို သုံးစွဲတဲ့သူများအနေဖြင့်ကတော့ မိမိရဲ့ဟန်းဆက်သည် အချိန် အနည်းငယ်အနေဖြင့်သာ အသစ်အဖြစ် ရပ်တည်နိုင်ပါလိမ့်မယ်။ သုံးလေးငါးလအတွင်း Samsung ဟန်းဆက်အသစ်များဟာ မကြာခဏ ထွက်ရှိနေခြင်းကြောင့်ပါ။ J5 ကတော့ မျက်နှာပြင်အကျယ်အ၀န်း 5 inches ရှိမှာဖြစ်ပြီး၊ J7 ကတော့ ၅ လက်မခွဲ မျက်နှာပြင်ကို ပိုင်ဆိုင်ထားပါတယ်။

J5 မှာပါရှိမယ့် pixels ပမာဏ သိပ်သည်းဆကတော့ 720x1280 ဖြစ်ပါတယ်။ တစ်လက်မမှာရှိမယ့် pixel ပမာဏ သိပ်သည်းဆဟာ 267ppi ပါ။ J5 နဲ့ J7 ဟန်းဆက်နှစ်မျိုးစလုံးသည် ဆင်းကတ်နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်မယ့် Dual Sim အမျိုးအစား ဖုန်းတွေဖြစ်ပါတယ်။ ဖုန်းနှစ်မျိုးစလုံး၏ အဓိကနှင့် ဒုတိယကင်မရာငယ်တို့၏ စွမ်းရည်များလည်း တူညီကြပါတယ်။ အဓိကကင်မရာသည် 13MP စွမ်းရည်ဖြစ်ကာ၊ ရှေ့ကင်မရာငယ်ကတော့ 5MP စွမ်းရည်ပါ။ Auto Focus, LED Flash နှင့် အခြားကင်မရာနဲ့ ဆက်စပ်ပတ်သက်သည့် စနစ်များလည်း ပါရှိပါတယ်။

ဖုန်းရဲ့ရှေ့ဘက်ခြမ်း တွင်လည်း LED Flash ပါရှိပါတယ်။ 1080p စွမ်းရည်ဖြင့် ဗီဒီယိုရိုက်ကူးပါက တစ်စက္ကန့်ကို 30 frames နှုန်းရရှိပါမယ်။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ကို 1.5GB နှင့် Insternal Storage ကို 16GB ထည့်သွင်းပေးထားပါတယ်။ Processor စွမ်းရည်မြင့်မားသည့် ဖုန်းတစ်လုံးပါ။ Android Version Lollipop ကို သုံးစွဲနိုင်ပါမယ်။

Qualcomm Snapdragon 615 chipset ကို အသုံးပြုပေးထားပါတယ်။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစားကတော့ Li-Ion 3000mAh ဖြစ်ပြီး၊ အရောင် သုံးမျိုးဖြင့်ထုတ်လုပ်ပါမယ်။

Credit to ==>Mobile Guide Journal





ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ

Samsung ၏ Tizen စမတ်ဖုန်းသစ်များကို ယခုနှစ်တွင် ဖြန့်ချိဖွယ်ရှိ

                      

ကိုယ်ပိုင် Tizen operating system အသုံးပြုထားသော စမတ်ဖုန်းသစ်အချိ့ကို ယခုနှစ်တွင် ဖြန့်ချိသွားရန် Samsung မှ စီစဉ်နေကြောင်း Reuters မှ ဖော်ပြခဲ့သည်။

ကုမ္ပဏီ၏ အစီအစဉ်များနှင့် နီးစပ်သိကျွမ်းသူများ၏ ပြောကြားချက်များကို Retuers မှ ကိုးကားဖော်ပြချက်အရ Samsung သည် ဟန်းဆက်အမျိုးမျိုးကို ဈေးအမျိုးမျိုးဖြင့် ဖြန့်ချိသွားဖွယ်ရှိကြောင်း သိရသည်။

Google ၏ Android ကဲ့သို့ပပင် Tizen သည် စမတ်ဖုန်းများ၊ tablet များနှင့် တယ်လီဗွီးရှင်းများ အပါအဝင် ထုတ်ကုန်အမျိုးအစား အားလုံးပေါ်တွင် အသုံးပြုနိုင်ရန် ရည်ရွယ်ထားသည့် open-source operating system တစ်ခု ဖြစ်သည်။ အဆိုပါ platform ဖွံ့ဖြိုးတိုးတက်လာရန် Samsung က ဦးစီးဆောင်ရွက်ခဲ့ပြီး Tizen Association အဖွဲ့ဝင်များဖြစ်သော Intel, Huawei နှင့် Panasonic အပါအဝင် နာမည်ကျော် နည်းပညာကုမ္ပဏီကြီးများက ထောက်ပံ့ကူညီခဲ့ကြသည်။

Tizen ကို မူလက Android နှင့် iOS တို့၏ မိုဘိုင်း operating system ဈေးကွက်တွင် ကြီးစိုးနေမှုကို အဖြေရှာရန်အတွက် ရည်ရွယ်ဖန်တီးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း နှောင့်နှေးကြန့်ကြာမှုများနှင့် အခက်အခဲများကြောင့် Samsung က တန်ဖိုးနည်း ဈေးကွက်များကို ရှာဖွေနေသော ဖွံ့ဖြိုးစဈေးကွက်များရှိ သုံးစွဲသူများအတွက် ရည်ရွယ်ချက် ပြောင်းလဲခဲ့သည်။

Samsung သည် ၎င်း၏ Tizen အသုံးပြု စမတ်ဖုန်းဖြစ်သော Z1 ကို ဇန်နဝါရီလက အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့တွင် ဖြန့်ချိပေးခဲ့သည်။ အဆိုပါ စမတ်ဖုန်းကို စာချုပ်မပါ အမေရိကန်ဒေါ်လာ ၁၀၀ ဖြင့် ရရှိနိုင်သောကြောင့် ၎င်းဈေးနှုန်းမှာ စမတ်ဖုန်း အသုံးပြုချင်သော်လည်း Android နှင့် iOS အတွက် ဈေးမတတ်နိုင်သည့် သုံးစွဲသူများအတွက် အဆင်ပြေခဲ့သည်။

Tizen ကို ကုမ္ပဏီ၏ ဝတ်ဆင်နိုင်သော ထုတ်ကုန်များအပါအဝင် အခြားသော Samsung ထုတ်ကုန်များတွင် အသုံးပြုခဲ့သည်။ Samsung Gear S နှင့် Gear 2 အပါအဝင် ဝတ်ဆင်နိုင်သော ထုတ်ကုန်များတွင် Tizen ကို အသုံးပြုထားပြီး ၂၀၁၅ ခုနှစ်တွင် ကုမ္ပဏီ၏ စမတ်တီဗွီများ၌ Tizen ကို အသုံးပြုသွားမည်ဟု Samsung က ဇန်နဝါရီလတွင် ပြောကြားခဲ့သည်။

Ref: CNET
Credit to ==> Internet Journal



ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


Li-on ဘက်ထရီသက်တမ်း နှစ်ဆမြှင့်ပေးမည့် နည်းပညာသစ်ကို Samsung ဖန်တီးနေ


                 


Samsung ရှိ သုတေသီများစွာသည် နာနိုနည်းပညာအရ ဘက်ထရီသက်တမ်း ပိုမိုတာရှည်ခံသော lithium-ion ဘက်ထရီများ တည်ဆောက်ရန် နည်းလမ်းသစ်တစ်ခုကို တိုးတက်အောင် လုပ်ဆောင် လျက်ရှိကြောင်းသိရသည်။

သုတေသီများသည် lithium-ion ဘက်ထရီများတွင် ဆီလီကွန်အသုံးပြုမှုကို ကျယ်ပြန့်စွာ လေ့လာနေ ကြသည်။ သို့ရာတွင် Li-On ဘက်ထရီကဲ့သို့ စွမ်းအင်အရာဝတ္ထုများတွင် ဆီလီကွန်အသုံးပြုမှုသည် အားဝင်ခြင်းနှင့် အားမဝင်ခြင်း လည်ပတ်မှုများအတွင်း ထုထည်ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်။ ထို့ကြောင့် စွမ်းအင်သိပ်သည်း လည်ပတ်သော ဘက်ထရီသက်တမ်းကို အားပျော့စေကြောင်း သိရသည်။

ထိုအတွက်ကြောင့် သုတေသီများသည် အဆင့်မြှင့်တင်ထားသော လျှပ်စစ်စွမ်းအင်အတွက် ဆီလီကွန် အဖိုတိုင် (anode) များ အသုံးပြုခဲ့သလို ဘက်ထရီ၏မျက်နှာပြင်၌ graphene အလွှာများကို ဖုံးအုပ်လိုက်သည်။ သုတေသီများအနေဖြင့် ဆီလီကွန် နာနိုအမှုန်များထိပ်တွင် graphene ဖုံးအုပ်ခြင်းဖြင့် ဆီလီကွန် အဖိုတိုင် စွမ်းဆောင်ရည်ကို ချိန်ညှိပေးနိုင်ကြောင်း တွေ့ရှိခဲ့သည်။

Graphene သည် အလျား၊ အနံ၊ အမြင့်၊ ထုထည် ၂ ခုစီဖြင့် ဖန်တီးထားသော ကာဗွန်ဝတ္ထုဖြစ်ပြီး ၎င်းကို သိပ္ပံပညာဆိုင်ရာ တွေ့ရှိချက်များစွာတွင် အသုံးပြုလျက်ရှိသည်။ ထို့အပြင် အဆိုပါ ဒြပ်စင်ကို သုတေသန ပြု လုပ်ရန် Graphene Flagship Consortium အဖွဲ့မှ ကန်ဒေါ်လာ ၁.၃၅ ဘီလီယံ ထောက်ပံ့ထားသည်။

၎င်းနည်းပညာသစ်ဖြင့် ဖန်တီးထားသော ဘက်ထရီများကို စမ်းသပ်ခဲ့ရာ သမားရိုးကျ Li-On ဘက်ထရီများ ထက် စွမ်းအင်သိပ်သည်းဆ ၁.၅ မှ ၁.၈ ဆအထိ ရှိလာကြောင်း သိရသည်။ အကယ်၍ စမတ်ဖုန်းများတွင် အဆိုပါ ဘက်ထရီနည်းပညာ ပါဝင်လာပါက ၁၃ နာရီသာ အသုံးပြုနိုင်သည့်ဘက်ထရီသည် အားသွင်းစရာ မလိုအပ်ဘဲ ၂၄ နာရီအပြည့် သုံးစွဲလာနိုင်မည် ဖြစ်သည်။ သို့သော်လည်း ယခုနည်းပညာသည် သုတေသန ပြုလုပ်နေဆဲ အဆင့်တွင်သာ ရှိသေးသည်။

Ref: SlashGear
Credit to ==> Internet Journal



ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ

Telenor က Call Me Back ဝန်ဆောင်မှုကို ပြန်လည် အဆင့်မြှင့်တင်

                                           
               


မိုဘိုင်းဖုန်းအတွင်း ဘီလ်ကုန်ဆုံးနေသည့်အခါ ပြန်လည်ခေါ်ဆိုရန် စာတိုပေးပို့နိုင်သည့် Call Me Back ဝန်ဆောင်မှုကို Telenor က ပြန်လည်အဆင့်မြှင့်တင်၍ မိတ်ဆက်လိုက်သည်ဟု သိရသည်။

ဝန်ဆောင်မှုကို အသုံးပြုလိုပါက *1*09(ပေးပို့လိုသော ဖုန်းနံပါတ်)# ရိုက်နှိပ်၍ ပေးပို့ရမည်ဖြစ်ပြီး ပေးပို့ လိုက်သော ဖုန်းနံပါတ်သို့ “ကျေးဇူးပြု၍ ဖုန်းပြန်လည်ခေါ်ဆိုပါ” ဟူသော SMS ကို မြန်မာစာ၊ အင်္ဂလိပ် စာ နှစ်ဘာသာဖြင့် ရောက်ရှိသွားမည်ဟု သိရသည်။

အဆိုပါဝန်ဆောင်မှုအတွက် ငွေကြေးပေးဆောင်ရန် မလိုအပ်သည့်အပြင် အသုံးပြုနိုင်သည့် အကြိမ်အရေ အတွက်ကိုလည်း ကန့်သတ်ထားမည်မဟုတ်ကြောင်း၊ ထို့အပြင် ဝန်ဆောင်မှုကို အခြားသော အော်ပရေ တာများ၏ မိုဘိုင်းဖုန်းလိုင်းများဆီသို့လည်း ပေးပို့နိုင်ကြောင်း Telenor က ကြေညာထားသည်။

Call Me Back ဝန်ဆောင်မှုကို Telenor က ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် စတင်မိတ်ဆက် ခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါ အသုံးပြုသူများ လွယ်ကူစေရန်နှင့် အခြားသော မိုဘိုင်းကွန်ရက်များဆီ သို့ ရောက်ရှိနိုင်ရန် ပြန်လည်အဆင့်မြှင့်တင်ခဲ့ခြင်း ဖြစ်သည်။

“ဒီဝန်ဆောင်မှုက ကျွန်တော်တို့ရဲ့ နောက်တစ်ကြိမ် ငွေဖြည့်မှ ပြန်ပေးရမယ့် ‘ကြိုသုံး’ လို့ခေါ်တဲ့ အရေးပေါ် ဖုန်းလက်ကျန်ငွေ ၅၀၀ ကျပ် ငှားရမ်း အသုံးပြုနိုင်စေမယ့် ဝန်ဆောင်မှုကို ပံ့ပိုးပေးတဲ့ ဝန်ဆောင်မှုနောက် တစ်ခု ဖြစ်ပါတယ်။ ကြိုသုံးဝန်ဆောင်မှုကို အသုံးပြုပြီးထားသူတွေအတွက် အခုအဆင့်မြှင့်တင် ထားတဲ့ ‘Call Me Back’ ဝန်ဆောင်မှုကို ဆက်လက်အသုံးပြုပြီး မိသားစု၊ သူငယ်ချင်းတွေနဲ့ အမြဲတမ်း ဆက်သွယ်မှု ရှိနေမှာပါ” ဟု Telenor မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Telenor ၏ မိုဘိုင်းဖုန်းလိုင်းများသည် လက်ရှိအချိန်၌ တိုင်းနှင့်ပြည်နယ် ၁၁ ခုတွင် ဖြန့်ကြက်ပြီး မကြာခင်တွင် ကယားပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် ကွန်ရက်စတင် ဖွင့်လှစ်ခြင်းများ ပြုလုပ်တော့ မည်ဟု သိရသည်။

Credit to ==> Internet Journal

                                                       Telenor - Internet for All
                                                          


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ

June 30, 2015

အနိမ့်ဆုံး လုပ်ခ သတ်မှတ်



အနိမ့်ဆုံး လုပ်ခ သတ်မှတ်
မြန်မာနိုင်ငံမှာ ရှိတဲ့ အလုပ်သမားတွေ အတွက် အနိမ့်ဆုံး လုပ်ခကို တစ်နာရီ ကျပ် ၄၅၀ နှုန်းနဲ့၊ ပုံမှန် အလုပ်ချိန် ၈ နာရီ အတွက် ၃၆၀၀ ကျပ် သတ်မှတ်လိုက်ပါတယ်။
အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီ ကနေ အခုလို သတ်မှတ်ကြောင်း တနင်္လာနေ့မှာ ထုတ်ပြန် ကြေညာလိုက်တာပါ။ အကြံပြု လိုသူတွေနဲ့ ကန့်ကွက်လိုသူတွေ အနေနဲ့ နှစ်ပတ်အတွင်း စာနဲ့ ရေးသား တင်ပြနိုင်တယ် လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီသတ်မှတ်ချက်ဟာ အလုပ်သမား ၁၅ ဦး အောက် ရှိတဲ့ တနိုင်တပိုင် လုပ်ငန်းငယ်တွေနဲ့ မိသားစု လုပ်ငန်းတွေမှ အပ မြန်မာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ အလုပ်သမားတွေ အတွက် လုပ်ငန်း အမျိုးအစား နေရာဒေသ မခွဲခြားဘဲ သတ်မှတ်လိုက်တာပါ။
အခု သတ်မှတ်ချက်ကို အများစုက ကန့်ကွက်ခဲ့ရင်တော့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြန်လုပ်ရမယ့် သဘော ရှိတယ်လို့ အလုပ်သမား အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။
အနိမ့်ဆုံး လုပ်ခ အတွက် ကန့်ကွက်သူ မရှိဘူး ဆိုရင်တော့ ဒီသတ်မှတ်ချက်ဟာ ထုတ်ပြန်ပြီး ရက်ပေါင်း ၆၀ အတွင်းမှာ အတည်ဖြစ်လာမှာ ဖြစ်ပါတယ်။
အခုလို အနိမ့် ဆုံးလုပ်ခ သတ်မှတ်နိုင်တာဟာ အခု အစိုးရလက်ထက်မှာ ဆောင်ရွက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမား ကိုယ်စားလှယ်တွေ၊ ပညာရှင်တွေ စုပေါင်းပြီး ၂ နှစ်ကျော် အချိန်ယူ ဆွေးနွေးခဲ့ပြီး အခုလို ထုတ်ပြန်နိုင်တာ ဖြစ်ပါတယ်။



ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ

June 29, 2015

ကျနော် သိသော Android အကြောင်း What is Android?( Android ဆိုတာ ဘာလဲ)


Android လို့ ပြောလိုက်တာနဲ့ ကျနော်တို့ တတွေမျက်လုံးထဲမှာ အစိမ်းရောင် စက်ရုပ်ကလေးကတာ့ မြင်ယောင် နေမယ်ထင်တယ်။ မြန်မာ mobile ဖုန်းအသုံးပြုသူအများစုကတော့ Android ဆိုတဲ့နာမည်ကို တီးမြည့်ခေါက်မည့်ရှိပြီးသားဖြစ်မှာပါ။ အခုမှ ဘာလို့  ထရေးရလည်းဆိုတော့ မသိသေးတဲ့သူတွေလဲ သိရအောင် ကျနော်သိထားတဲ့ Android အကြောင်းလေး အနည်းငယ်ကို ဝေမျှတဲ့သဘောလောက်ပါပဲ။
တကယ်တော့ Android ဆိုတာ Linux Kernel ကိုအခြေခံရေးသားထားတဲ့ Operating System တခုဖြစ်ပါတယ်။ mobile ကိရိယာများ ဖုန်းများနဲ့  tablet computer တွေအတွက် အဓိက ရည်ရွယ်ပြီး ထုတ်လုပ်ထားသော အသုံးပြူရလွယ်ကူတဲ့ Open source platform တခုဖြစ်ပါတယ်။ Android ကုမ္မဏီကို ၂၀၀၃ အောက်တိုဘာလောက်က Andy Rubin ၊ Rich Miner ၊ Chris White ၊ Nick Sears တို့ တတွေ က US California မှာ တည်ထောင်ခဲ့ ကြပါတယ်။ mobile phone တွေအတွက် သူတို့ တွေကြိုးပန်းနေရင်း Rubin တစ်ယောက် ငွေကြေး အဆင်မပြေမှုတွေ စတင်လာခဲ့ပါတော့တယ်။၂၀၀၅ လောက်မှာတော့ ကျနော်တို့ အားလုံးသိပြီးသားဖြစ်တဲ့ နာမည်ကြီး Google က Android Inc. ကို ၀ယ်ယူလိုက်ပါတော့တယ်။ အဲဒီအချိန်မှာ ကျနော်တို့ အားလုံးက တော့ Google ကတော့ Mobile လောကထဲ ၀င်လာတော့မယ်လို့ သုံးသပ်ထင်မြင် နေကြတာပေါ့။ Google ဖုန်းထွက်ပေါ် လာလိမ့်မယ် ဆိုပြီး ထင်မြင်ချက်တွေ ပေးပြီး မျှော်လင့်နေပေမယ့် Google ဟာ တိတ်ဆိတ်ငြိမ်သက်စွာနဲ့ အသံတိတ်နေခဲ့ပါတယ်။ အချိန် အတော်ကြာ Google က ဘာထူးခြားမှုမှ မလုပ်ခဲ့ပါဘူး။
ဒါပေမယ့် ၂၀၀၇ ခုနှစ်လောက်မှာ Google က OHA (Open Handset Alliance ) အဖွဲ့ ကိုစတင် ဖွဲ့ စည်းတည်ထောင်တယ်ဆိုတာ ကြေငြာ လိုက်ပါတယ်။ တဆက်တည်း Android ကို Open Source လွတ်လပ်သော မည်သူမဆို ရယူသုံးစွဲနိုင်သော အရင်းမြစ် (ပွင့်လင်း ရင်းမြစ်) အဖြစ် တရားဝင်ကြေငြာလိုက်တဲ့အချိန်မှာ အားလုံး မျက်သေသေကုန်ကြရလောက်အောင်ဖြစ်ခဲ့ရပါတယ်။ ဒီနေရာမှာ OHA အဖွဲ အကြောင်းအနည်းငယ် ဝေမျှရှင်းလင်းလိုပါတယ်။
What is Open Handset Alliance (OHA)?
Open Handset Alliance အဖွဲ့ ကြီးဟာ mobile ကိရိယာများအတွက် open standard တွေကို အကောင်ထည်ဖော်ဖို့  mobile ကိရိယာတွေထုတ်လုပ်တဲ့သူတွေ နောက် mobile နက်ဝက်ကွန်ယက် ၀န်ဆောင်မှုရောင်းချမှုလုပ်တဲ့သူတွေ နဲ့ mobile နှင့် သက်ဆိုင်တဲ့ အခြားသက်ဆိုင်တဲ့အဖွဲ့ စည်းတွေ ပူးပေါင်းတည်ထောင်ထားသော Non -Profit အဖွဲ့ ကြီး တဖွဲ့ ဖြစ်ပါတယ်။ OHA က mobile users တွေကို ပိုမိုကောင်းမွန်တဲ့ Features တွေ ပေးနိုင်ဖို့  တီထွင်ဆန်းသစ်မှုတွေ ပိုပြီး တိုးတက် ပွင့်လင်းလာဖို့ ဈေးသက်သာတဲ့ mobile ဆက်သွယ်ရေးရရှိဖို့  ရည်ရွယ် ဦးတည်ပါတယ်။ Android ဟာ Google ကပဲ ပိုင်ဆိုင်တဲ့ အနေအထားတင် မဟုတ်တော့ဘဲ OHA က ပိုင်ဆိုင်တဲ့အခြေအနေဖြစ်သွားတဲ့သဘောပေါ့။ OHA အဖွဲ့ ကြီးမှာ Google, Sony , HTC, Samsung, LG, T-Mobile , Nividia, Dell စတဲ့ ကုမ္ဗဏီကြီးတွေပါဝင်ပါတယ်။
ဒီနေရာမှာ အရင်တုန်းကလို ကုမ္ဗဏီကြီးတွေဟာ သက်ဆိုင်ရာ နယ်ပယ်အလိုက် ရပ်တည်ချင်းမရှိတော့ပဲနယ်ပယ်စုံမှာ ပါဝင်လှုပ်ရှားလာတာကိုသတိပြုရမှာပါ။ အရင်ကလို Google ဟာလည်း Search Engine နယ်ပယ်တင်မကတော့ပဲ mobile phone နယ်ပယ် လူမှုဆက်သွယ်ရေး နယ်ပယ်တွေအထိဝင်ရောက်လုပ်ကိုင်လာတာကို သတိပြုမိကြမှာပါ။


Google က၂၀၀၇ ခုနှစ်မှာ OHA ကိုတည်ထောင်ကြောင်းနှင့် Android ကို Open Source ဖြစ်ကြောင်းကြေငြာပြီးတဲ့နောက် ၂၀၀၈ ခုနှစ်မှာ Android SDK (Software Development Kit) version 1.0 ကို စတင်ဖြန့် ချီလိုက်ပါတယ်။ သိပ်တောင် မကြာလိုက်ပါဘူး T-Moblie ဆက်သွယ်ရေး ၀န်ဆောင်မှု ကုမ္ဗဏီက US မှာ HTC ကထုတ်တဲ့ G1 mobile ဖုန်းမှာ စတင်အသုံးပြုခဲ့ပါတယ်။
၂၀၀၉ -၂၀၁၀ လောက်မှာတော့ Android အသုံးပြုတဲ့ ဖုန်းတွေ Tablet computer တွေ device တွေဟာ မှိုလိုပေါက်အောင် ထွက်ပေါ်လာခဲ့ပါတော့တယ်။ Android ဟာ Open Source ဖြစ်တာကြောင့် အချို့ သောထုတ်လုပ်သူတွေဟာ မိမိတို့ လိုအပ်ချက်အလိုက်ပြင်ဆင်ထုတ်လုပ်ထားတဲ့ မူကွဲတဲ့ Version အသစ်တွေ (Donut , Eclair , Cupcake ) ဟာလဲ အတော်များများထွက်ပေါ်လာတယ်။ ခုဆို Smart phone လောကထဲမှာ ထိပ်တန်းကို တိုးထွက်လာခဲ့ပြီး ခေါင်းဆောင်ဖို့ တောင် ဖြစ်နေပြီပဲ။ နေ့ စဉ် Android User တွေဟာလဲ တိုးပွားလျှက်ရှိပါတယ်။
Android ဟာ developer တွေအတွက်တော့တကယ့်ကို ပြည့်စုံကောင်မွန်တဲ့ နတ်ဘုရားသခင်တပါးလိုပါပဲ။ လူသားတွေအတွက် အကြိုးပြုစက်ရုပ်လေး ပေါ့ဗျာ။ကျနော်တို့ တွေ Android Touch Screen ဖုန်းတွေကို ဈေးသက်သက် သာသာ အရည်သွေးကောင်းကောင်းမွန်နဲ့  သုံးနိုင်တာဟာ Open Souce ဖြစ်တာကလဲ တကယ့်ကို အရေးကြီးတဲ့ အပိုင်း တခုပါ။ ပိုပြီးကောင်းမွန်အောင် ဖန်တီးပြုပြင်၇င်း ပိုပြီးကောင်းမွန်လာခဲ့တာပါပဲဖြစ်ပါတယ်။ ဒီထက်လဲ ပိုကောင်းလာကြအုန်းမှာပါ လူသားတို့ ရဲ တီထွင်ဖန်တီးနိုင်မှုကို ဘောင်တွေဖယ်ရှားပေးလိုက်တာ လူသားတွေအတွက် အကြီးမားဆုံးအထောက်အပံ့ဖြစ်စေတာ အားလုံးသတိပြုမိမှာပါ။ ဒါဟာ Open Source ဖြစ်တာကြောင့်ပဲမဟုတ်ပါလော။ Android ဟာ ဘယ်သူမဆို ရယူသုံးစွဲနိုင် တာ ပြုပြင်နိုင်တာတာ လွတ်လပ်စွာ ဆင့်ပွားအသုံးပြုနိုင်တဲ့ မူပိုင်ခွင့် အမျိုးစားထဲကပါ။ ဒီလို Open Source လုပ်တဲ့နေရမှာ တကယ့် Meaching Level မှာအလုပ်လုပ်တဲ့ Low Level Linux module တွေအထိ နောက် Android သုံး ကိရိယာ ဘယ်ကိရိယာပေါ်မှာမဆို အလုပ်လုပ်တဲ့ code အစုအဝေး code library ဖြစ်တဲ့ Native Library တွေ Application Framework တွေ အိုး နောက်ဆုံးအဆင့် complete application တွေထိအောင် မည်သူမဆို မည်သည့် developer မဆို ရယူသုံးဆွဲ နိုင်တဲ့ Open Source ပဲဖြစ်ပါတယ်။ တချို့ သိပ်ပြီး ၀ါသနာကြီးလွန်းတဲ့ developers တွေဆို application lelvel ကနေ Kernel အထိဆင်းကုန်ကြတော့တာပါပဲ။ ဒီလိုတွေကြောင့် developer တစ်ယောက်ဘက်ကကြည့်မယ်ဆိုရင် platform တခုလုံးရဲ့  source ကိုသိရှိနိုင်မှတော့ Operating System တခုလုံးဘယ်လိုတည်ဆောက်ထားလဲဆိုတာ လုံးဝအသေးစိတ်နားလည်နိုင်ပါတယ်။ ဒီတော့ သူ့ အတွက် ရေးသား develop လုပ်မယ့် applications တွေဟာ OS ပေါ်မှာ ကောင်းမွန်စွာအလုပ်လုပ်ပြီး စွမ်းရည်မြင့်တဲ့ application တခုအဖြစ်ရရှိနေနို်င်မှာပဲလေ။ Handset တွေ Devices တွေထုတ်လုပ်တဲ့သူဘက်ကြည့်မယ်ဆိုရင်လဲ ကိုယ်ထုတ်လုပ်မယ့် Hadware devices တွေနဲ့ ကိုက်ညီမယ့်၊ customer ၇ဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမယ့် ကိုယ်ပိုင် Android OS အခုလိုမျိုးဖြစ်အောင် ပြင်ဆင်ထုတ်လုပ် ထည့်သွင်းနိုင်ပါတယ်

                           

Android ရဲ့ တကယ့်ရည်ရွယ်ချက်တွေကလဲ mobile user တွေဈေးသက်သာဖို့ နောက် developer တွေ ထုပ်လုပ်သူတွေ အဆင်ပြေပြေထုတ်လုပ်နို်ဖို့ ရည်ရွယ်ခဲ့တာပဲလေ။ ဒီလို Mobile လောကအတွက် mobile devices တွေအတွက် ရည်ရွယ်တည်ဆောက်ထားခြင်းဖြစ်သလို mobile devlce တွေရဲ့ အားနည်ချက်တွေဖြစ်တဲ့ battery life ၊ နောက် RAM speed , processign speed တွေကိုပါထည့်သွင်းစဉ်းစားပြီးထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ mobile ကိရိယာအများစုဟာ battery ရဲ့ ပါဝါနဲ့  အလုပ်လုပ်ကြတာ အားလုံး သတိထားမိမယ်ထင်ပါတယ်။ ဘထ္ထရီသက်တန်းကို လည်း အရမ်းကြီး ကောင်းမွန် အောင် မလုပ်နိုင်သေးတဲ့အခြေအနေမျိုးမှာ ဘယ်လိုလုပ်ချင်းအားဖြင့် battery ကိုသက်သာစေနိုင်မလဲ နောက် Mobile ဆိုတဲ့အတိုင်း သယ်ရပြုရလွယ်ကူစေဖို့ တဲ့ ရည်ရွယ်ချက်ကရှိနေပြန်တော့ size ကိုလဲ သေးနိုင်သမျှသေးအောင် လုပ်ရပြန်တယ် ဒီတော့ မှတ်ဥာဏ် Memory ပိုင်းမှာလဲ အကန့် အသတ် တွေ ကရှိနေပါသေးတယ်။ ဒီလိုအခြေအနေမျိုးတွေကိုပါထည့်သွင်းစဉ်းစားထားတဲ့ Android OS ဟာ device ရဲ့  size အလိုက် screen size ၊ resolution ရုပ်ထွက်ပြင်းအား နောက် အတွင်းပိုင်း ပါဝါပိုင်းဆိုင်၇ာလုပ်ဆောင်မှု တွေကို ကိုလိုသလိုလိုက်လျှောညီထွေမှုရှိအောင် ပြုပြင်ရေးသားနိုင်တဲ့ Bionic ကိုထည့်သွင်းထားပါတယ်။ Bionic အကြောင်းကို နောက်ပိုင်း ရေးသားမယ် အပိုင်းများမှာရှင်းလင်းတင်ပြပေးပါ့မယ်။
နောက်ပြီး ကျနော်တို့ အနေနဲ့  စိတ်ပါဝင်စားလာလို့ စမ်းသပ် မယ်ဆိုရင် တောင် Application developer တစ်ယောက်အဖို့ Application တခုကို လွယ်ကူလျှင်မြန်စွာရေးသားနိုင်ဖို့  tools တွေ Framework တွေအားလုံးရရှိပါဝင်နေပါတယ်။နောက်ဆုံးဗျာ စတင်စမ်းသပ်ရေးသား ဖန်တီးဖို့  Android Device တောင် ၀ယ်နေစရာမလိုပဲ Android Software Developement Kit (SDK) ရှိလျှင်ကိုဖြစ်နေပါပြီ။ ဒီတော့ကိုေ၇းသားမယ့်စက်ပေါ်မှာတင်စမ်းသက်နိုင်တာပေါ့ဗျာ။ ကျနော်ရေးတာလဲနဲနဲ ရှည်သွားပါပြီ ။ လိုအပ်တာများရှိရင်လဲ ထောက်ပြသွားကြပါအုံး။ နောက်တပတ်မှပဲ ဆက်ရေးတော့မယ်ဗျာ။


Credit >>> Tayzar Kyaw

                                      


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ

Google Chrome သုံးစွဲသူတွေအတွက် အသုံးဝင်မယ့် အချက် (၁၀) ချက်

                                             

Google Chrome သုံးစွဲသူတွေအတွက် အသုံးဝင်မယ့် အချက် (၁၀) ချက်
============================================
Statcounter ရဲ့တွက်ချက်မှုအရ ၂၀၁၄ ခုနှစ်မှာအသုံးအများဆုံး Browser ဟာ Google Chrome ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ အမြန်နှုန်း၊ ရိုးရှင်းမှုနဲ့လုံခြုံရေး Feature တွေကြောင့်သုံးစွဲသူတွေများပြားလာခဲ့ရတာပါ။ ဒါ့အပြင်သင့်ရဲ့Chrome Browser ဟာ အင်တာနက်ဝက်ဆိုက်တွေကိုလည်ပတ်ဖို့ထက်ပိုပြီးအသုံးဝင်ပါသေးတယ်။ အခုသူ့ရဲ့စမတ်ကျတဲ့လုပ်ဆောင်ရည်တွေကိုဖော်ပြသွားမှာ ဖြစ်ပါတယ်။
01. Sign-in with multiple accounts
Google အကောင့်ခွဲတွေရှိတဲ့သူတွေအတွက် ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာအကောင့်၊ အလုပ်အတွက်အကောင့်စသဖြင့်ခွဲခြား ထားနိုင်ပါတယ်။ ဒါပေမယ့်အကောင့်တစ်ခုကိုသုံးချင်ရင် လက်ရှိအကောင့်ကို sign out လုပ်ပြီးမှသုံးရတာက အချိန်ကြာပြီး လက်ဝင်စေ တယ်။ Chrome ဟာဒီပြဿနာကိုဖြေရှင်းပေးနိုင်ပြီးတစ်ခုထက်ပိုတဲ့အကောင့်တွေတပြိုင်ထဲ sign in ပြုလုပ်ထားနိုင်တဲ့အတွက် Gmail နဲ့ Google Drive လိုဝန်ဆောင်မှုတွေကို တစ်ခုထက်ပိုတဲ့အကောင့်တွေနဲ့ switch လုပ်ပြီးအသုံးပြုနိုင်မှာပါ။
02. Install apps for use offline
Windows နဲ့ OS X ပလက်ဖောင်းတွေလိုပဲ Chrome browser မှာလဲသီးသန့် app တွေကို install လုပ်နိုင်တယ်။ တစ်ချို့က ရှိပြီးသားဝက်ဘ်ဆိုက်ကို Launch လုပ်ပေးသလို တစ်ချို့ကတော့ Chrome ပေါ်မှာသီးသန့်လုပ်ဆောင်တဲ့ app တွေဖြစ်တယ်။ App အရေအတွက်တိုးပွားလာတာနဲ့အမျှ Offline အသုံးပြုနိုင်တဲ့ Tools တွေပါပါဝင်လာတာကိုတွေ့ရမှာပါ။ Chrome Store ကနေ offline app တွေကိုသွင်းထားပြီး Desktop ပေါ်က Chrome app launcherသို့မဟုတ်Chrome browser ကနေအသုံးပြုနိုင်တယ်။ စိတ်ဝင်စား စရာဂိမ်းတွေကိုလဲ မြင်တွေ့ရမှာပါ။
03. Manage Chrome Processes
Chrome browser ကိုအသုံးပြုနေရင်းနဲ့ Shift + Esc ကိုနှိပ်လိုက်ရင် လက်ရှိ Chrome မှာ run နေတဲ့ process တွေရဲ့ စာရင်းကို ပြသပေးမှာဖြစ်ပြီး ဖွင့်ထားတဲ့ Tabs, extensions နဲ့ app တွေအပါအဝင်ဖြစ်ပါတယ်။ process တစ်ခုစီရဲ့ memory, CPU, Network usage တွေကိုလဲပြသထားမှာပါ။ လေးလံနှေးကွေးနေတယ်လို့ခံစားရရင် Chrome task manager ရဲ့အောက်မှာပါတဲ့ button ကနေပိတ်ပစ်နိုင်ပါတယ်။
04. Use Chrome as a notepad
ဒီတစ်ခုကတော့ Chrome တွက်သီးသန့်မဟုတ်ပဲအခြား HTML-5 ရနိုင်တဲ့ browser တွေမှာလဲသုံးနိုင်တယ်။ အသုံးဝင်တဲ့ feature တစ်ခုဖြစ်ပြီး ကိုယ့်ရဲ့ browser ကို notepad တစ်ခုလိုစာရေးသားနိုင်စေတယ်။
တခြား style နဲ့ feature တွေလဲရှိပြီးသင့်ရဲ့စိတ်ကြိုက် search engine ထဲမှာ “contenteditable” နဲ့ “notepads” လို့ရိုက်ပြီး ရှာဖွေနိုင်ပါတယ်။ ကိုယ်လိုချင်တဲ့ပုံစံနဲ့တစ်ခုကိုတွေ့တာနဲ့ page ကို bookmark ထားပြီး chrome ကိုစွန့်ခွာစရာမလိုပဲနဲ့ notepad တစ်ခုအမြန်ဖွင့်နိုင်ပါတယ်။ ဒါဟာ ဖုန်းခေါ်ဆိုနေတုန်းအမြန်မှတ်သားထားဖို့လိုတဲ့အချိန် စတာတွေမှာအသုံးဝင်ပြီးမှတ်ထားတဲ့စာတွေကို HTML file အနေနဲ့ save ထားနိုင်ပြီး လိုတဲ့အချိန်မှာပြန်လည်ရယူနိုင်ပါတယ်။
05. Voice Search
စာရိုက်ဖို့ထက်စကားပြောဖို့ကိုပိုအားသန်တဲ့လူတွေအတွက်Chrome browser မှာအသံနဲ့ရှာဖွေနိုင်တဲ့Feature ပါဝင်ပါတယ်။ Voice Search ကိုသွားချင်ရင် Google Search စာမျက်နှာကိုသွားပြီး search box ရဲ့ထောင့်က မိုက်ကရိုဖုန်းပုံစံခလုတ်လေးကို နှိပ်လိုက်ရုံပါပဲ။ ထောက်ပံ့ပေးတဲ့ဘာသာစကားတွေအတွက် browser setting ကိုသွားပြီး OK Google search command ကို enable လုပ်ပါ။ ဒါဟာ Google search သို့မဟုတ် tab အသစ်တွေမှာ voice search ကိုချက်ချင်းထွက်ပေါ်လာစေတဲ့ အမိန့်စကားတစ်ခု ဖြစ်ပါတယ်။
Voice search အများစုဟာသုံးစွဲသူကို result စာရင်းကိုပြသလေ့ရှိပေမယ့် Chrome Browser ကတော့သင့်ရဲ့အဖြေကို ပြန်လည်ပြောဆိုမှာဖြစ်ပါတယ်။
06. Access another computer’s desktop
တကယ်လို့နေရာမတူတဲ့ကွန်ပြူတာတွေကို တပြိုင်ထဲအသုံးပြုနေတာ ဒါမှမဟုတ် နည်းပညာနဲ့သိပ်မကျွမ်းဝင်တဲ့လူကိုအမြဲ ကူညီနေရတာမျိုးဆိုရင်တော့ Remote Desktop Tool ဟာအလွန်အသုံးဝင်မှာပါ။ ၄င်းကသုံးစွဲသူကိုမတူညီတဲ့နေရာတစ်ခုက အခြား ကွန်ပြူတာတစ်လုံးကိုချိတ်ဆက်ပေးစေနိုင်သလို remote helper ကနေသင့်ရဲ့ကွန်ပြူတာကိုထိန်းချုပ်နိုင်စေတယ်။
Chrome Remote Desktop app ကိုထည့်သွင်းထားခြင်းဖြင့် Chrome Browser ကိုသုံးပြီးအခုလိုပြုလုပ်နိုင်မှာပါ။ ဒီ app ကို ကွန်ပြူတာနှစ်ခုလုံးမှာထည့်ထားရမှာဖြစ်ပြီး ကိုယ့်ရဲ့ Desktop ကိုသူများနဲ့ဝေမျှသုံးချင်တဲ့သူက share ခလုတ်ကိုနှိပ်ပြီး code တစ်ခု ရယူရမှာပါ။ ဒီကုဒ်နံပါတ်ကနေသူတို့ရဲ့ကွန်ပြူတာကို ကူညီမယ့်လူက ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။ သင့်ရဲ့ကိုယ်ပိုင်ကွန်ပြူတာတွေကို app ထဲမှာထည့်ထားနိုင်ပြီး code နံပါတ်မလိုပဲနဲ့လဲ access လုပ်နိုင်မှာဖြစ်ပါတယ်။
07. Search specific sites from the Omnibar
Chrome Browser ရဲ့Omnibar ကနေဝက်ဆိုက်တွေကိုရှာဖွေနိုင်တယ်။ Chrome ရဲ့ Address bar သို့ Omnibar မှာ ရှာဖွေလိုတဲ့အရာကိုတိုက်ရိုက် Type ပြီးရှာဖွေနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Gmail ထဲမှာရှိတဲ့အီးမေးလ်တစ်စောင် ဒါမှမဟုတ် Google Drive ထဲကဖိုင်တစ်ခုစတာတွေကိုလဲအလားတူရှာဖွေနိုင်မှာဖြစ်ပါတယ်။ settings ထဲက Search heading ထဲမှာ Manage search engines ကိုရွေးချယ်ပါ။ အဲ့ဒီ Chrome နဲ့ရင်းနှီးပြီးဖြစ်တဲ့ search engine တွေကိုတွေ့ရမှာဖြစ်ပြီး ရှိပြီးသားကို edit လုပ်နိုင်သလို အသစ်တစ်ခုကိုလဲ add နိုင်ပါတယ်။
Entry တစ်ခုလုပ်ဖို့ဆိုရင် ရှိပြီးသားဝက်ဆိုက်ရဲ့ keyword ကိုရိုးရှင်းစွာပြောင်းလဲပြီး Trigger လုပ်နိုင်သလို မရှိသေးရင်တော့ ဆိုက်ရဲ့နာမည်နဲ့ URL ကိုထည့်ထားရမှာပါ။ ပြီးတာနဲ့ရွေးချယ်ထားတဲ့ keyword ကို Omnibar မှာရိုက်ပြီး Tab ကီးကိုနှိပ်လိုက်ရင် noti တစ်ခုပေါ်လာမှာပါ။
08. Generate new passwords on sign-up pages
Chrome browser ဟာဝန်ဆောင်မှုအသစ်တွေအတွက် passwords တွေကို generate လုပ်ပေးနိုင်ပါတယ်။ ဝက်ဆိုက်တစ်ခုစီ အတွက် စကားဝှက်အသစ်အသုံးပြုဖို့စဉ်းစားနေရပါသလား။ Chrome ကသင့်အတွက်စဉ်းစားပေးမှာပါ။ ဒါဟာလက်ရှိစမ်းသပ်ဆဲ feature တစ်ခုဖြစ်ပြီးဒါကို activate လုပ်ဖို့အတွက် address bar ထဲမှာ about:flags ဆိုတာကိုရိုက်ထည့်ပါ။ option ထဲမှာ “Enable password generation” ကိုရွေးချယ်ပြီးရင် chrome browser ကို restart လုပ်လိုက်ပါ။
ပြီးသွားတာနဲ့ Chrome browser ဟာ သင်အသုံးပြုလိုတဲ့ ဝက်ဆိုက်တိုင်းရဲ့account creation page တွေကိုသိရှိမှတ်သား ထားနိုင်ပြီ ဖြစ်ပါတယ်။ သင်ဟာ Register form ကိုပုံမှန်အတိုင်းအချက်အလက်တွေဖြည့်ပါ။ ပြီးရင် choose password box ကို click လိုက်ရုံပါပဲ။ noti အသေးလေးတစ်ခုဟာ သင့်အတွက်အကြံပေးထားတဲ့ password တစ်ခုနဲ့အတူပေါ်လာမှာဖြစ်ပြီး အဲ့ဒါကိုသုံးမလား၊ ကိုယ်ပိုင်နောက်တစ်ခုလုပ်မလားဆိုတာကိုလဲရွေးချယ်နိုင်ပါတယ်။
09. View a website as a mobile device
Chrome browser ဟာသုံးစွဲသူတွေကို ဝက်ဆိုက်တစ်ခုရဲ့မိုဘိုင်းဗားရှင်းကိုပါကြည့်ရှုနိုင်စေပါတယ်။ ဒါဟာ web developer တွေအတွက် အသုံးဝင်တဲ့အချက်တစ်ခုဖြစ်ပြီး အသုံးပြုဖို့အတွက်ဆိုရင် F12 ကိုနှိပ်ပြီး browser ရဲ့ developer tool ကိုသွားဖို့ လိုအပ် ပါတယ်။ Loading ပြီးတာနဲ့ ဖုန်းပုံစံ Icon လေးကို click နှိပ်ပြီး drop-down menu ကနေ device-type ကိုရွေးချယ်လိုက်ပါ။
10. Pin tabs to the browser
သင်တစ်ချိန်လုံးဖွင့်ထားချင်တဲ့ဝက်ဘ်ဆိုက်တွေရှိနေမယ်ဆိုရင် ၄င်းတို့ကိုအခါခါ address bar ထဲမှာရိုက်ထည့်နေရမယ့် ပြဿနာကို Chrome ကဖြေရှင်းပေးနိုင်တယ်။ browser မှာ Pin လုပ်ထားချင်တဲ့ tab ကို right-click နှိပ်ပြီးရွေးချယ်ရမှာပါ။
Tab ရဲ့အရွယ်အစားဟာအလွန်သေးငယ်သွားမှာဖြစ်ပြီး tab တွေအားလုံးရဲ့ဘယ်ဘက်ထောင့်ဆုံးကိုရောက်သွားမှာပါ။ tab တွေကိုပြန်ပိတ်ဖို့ဆိုရင် browser ကို restart လုပ်ပြီးရင်တောင်မှ အဲ့ဒီ tab ကိုပြန်ဖွင့်ပြီးမှပိတ်နိုင်မှာပါ။ tab ကို right-click နှိပ်ပြီးတော့ လဲ unpin လုပ်နိုင်ပါတယ်။
Credit : Mobile Informer

ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ

Android ဖုန်းအား Root ​ဖောက်​ခြင်းအ​ကြောင်းအရင်း


                                              
Android ဖုန်းအား Root ဖောက်ခြင်း
Credit>>> Brighter Myanmar
Android Device ပေါ်မှာ လိုသလို ပြုပြင်ပြောင်းလဲနိုင် လိုအပ်သမျှ အစိတ်အပိုင်းတွေကို ၀င်နိုင်တဲ့ အခွင့် အရေးကို ရအောင် လို့ ကြိုးပန်းကြပါတယ်၊ ဒီကြိုးပန်းမှုအောင်မြင်သွားရင်တော့ super user ဖြစ်သွားပြီပေါ့၊ ဒီလို ဖန်တိးခြင်းကိုပဲ rooting လုပ်တယ် root ဖောက်တယ် လို့ခေါ်တယ်၊ System super user အကောင့်ကိုလဲ root လို့ခေါ်ပါတယ်၊ ဒီ Super User အကောင့်က UNIX-Base system ရှိ Files တွေအားလုံး programs တွေအားလုံးကို လိုသလို ပြုပြင်ပြောင်းလဲနိုင်တဲ့ အခွင့် အရေးရှိပါတယ်၊ Operating System ပေါ်မှာလဲ အပြည့်အ၀ ထိန်းချုပ်နိုင်တဲ့ အခွင့်အရေးရှိပါတယ်၊ Android Device ပေါ်မှာ Administartive privileges ခေါ်တဲ့ Admin အခွင့်အရေးရအောင် ကြိုးစားရတဲ့ အကြောင်း အရင်း အချို့ရှိပါတယ်၊ တစ်ချို့ကတော့ System files တွေကို အသုံးပြုချင်တယ် လိုအပ်တဲ့ ပြောင်းလဲမူတွေ လုပ်ချင်တယ် ဒီလိုပြောင်းလဲလိုက်ခြင်းအားဖြင့် အဓီက ဗဟိုလုပ်ဆောင်ချက်စနစ် နဲ့ လုပ်ကိုင်တဲ့ နည်း တို့ကိုပြောင်းလဲ လိုက်နိုင်သလို custom theme တစ်ခုကိုဖြစ်စေ boot animations ဖြစ်စေပြောင်းလဲနိုင်ပါတယ်၊ Root ဖောက်ခြင်းအားဖြင့် ရလာတဲ့အခြား အခွင့်အရေးက ဖုန်းဝယ်ကတည်းက ကြိုတင်ထည့်သွင်းထားလို့ ပါလာတဲ့ applicatoin တွေကို ဖြတ်ပြစ်နိုင်ပါတယ်၊ Full System backup နဲ့ Restore လုပ်နိုင်တယ်၊ custom kernel images နဲ့ module တွေကို ၀န်တင်နိုင်တယ်၊ ဒီလိုပဲ Root access လိုအပ်တဲ့ apps တွေကိုလဲ Install လုပ်နိုင်လာပါတယ်၊ apps တွေထဲမှာ root app လို့ခေါ်တဲ့ apps အမျိုးအစားတွေလဲရှိပါတယ်၊ သူတို့က iptables-base firmware တွေလို programs တွေပါဝင်ပါတယ် ad-blockers တို့ overclocking တို့လို Application တွေ၊ TeamViewer လို Application တွေကတော့ Root Access ရရှိဖို့လိုအပ်တဲ့ Applications တွေဖြစ်ပါတယ်၊ ဒီသင်ခန်းစာရဲ့ ရည်ရွယ်ချက်က လုံခြုံရေး ထိုးဖောက်ဖို့ အတွက်ဖြစ်သည့် အတွက် UNIX System က ကန့်သတ်မထားတဲ့ Android Device တစ်ခုရဲ့ လုံခြုံရေးအားလုံးကို တည်းဖြတ်သွားမှာဖြစ်ပါတယ်၊ (သင်ခန်းစာကို သက်ဆိုက်ရာ ကဏ္ဍ အလိုက် အပိုင်းတွေခွဲပြီး သင်ပေးသွားမှာဖြစ်ပါတယ်)၊
သတိပြုရန်
ဘာကြောင့်ပဲ root လုပ်လိုလုပ်လို Root ဖောက်လိုက်ခြင်းက ဖုန်းရဲ့ လုံခြုံရေးကို ထိခိုက်စေတယ်ဆိုတာကိုတော့ သဘောပေါက်ပါ၊ Root ဖောက်လိုက်ရင် root permission ရထားတဲ့ applications တွေအားလုံးက user data အစိတ်အပိုင်းက အချက်အလက်တွေအားလုံးကို ရယူအသုံးပြုနိုင်သွားပါတယ်၊ ဒီတော့ တစ်ချို့ အခွင့် အရေးစောင့်နေတဲ့ applicatoins တွေက user data တွေအားလုံးကို device ကနေ ထုတ်ယူ (ခိုးယူ) သွားနိုင်ပါတယ်၊ ဒီလို ဖြစ်စေတဲ့ အဓီက အကြောင်းအရင်းက လုံခြုံ ရေးအရ ချမှတ်ထားတဲ့ boot loader locks လို signed recovery update တို့လို အချက်တွေကို Root ဖောက်လိုက်တဲ့ အခါ ဖယ်ရှားပြစ်လိုက် လို့ပါ၊ (Android api level 12 အထက် ပုံမှန် Root မဖောက်ထားတဲ့ ဖုန်းတွေမှာလှမ်းယူလို့မရတဲ့ Data တွေကို Android Root ဖောက်ထားတဲ့ဖုန်းမှာ ကိုယ့် application က မဟုတ်တဲ့ Logcat Feeds တွေလှမ်းယူ အသုံးပြုကို လက်တွေ့ application နောက်ရက်ရေးပြသွားပါမယ်၊ သိစေချင်တဲ့ အချက်က ဒီလို logcat feeds ကိုယူနိုင်ပြီဆိုရင်တော့ Facebook တို့ မြန်မာ ဘဏ် application တို့ကိုသုံးနေတဲ့ ပရိတ်သတ်ရဲ့ ဖုန်းထဲက Logcat ဖတ်ပြီးသူတို့ရဲ့ password တွေကိုလှမ်းယူနိုင်ပါပြီ)၊
ဒီသင်ခန်းစာမှာတော့ root လုပ်ရတဲ့ ဆင့်ကဲ လုပ်ကိုင်ပုံတွေကို Tool မသုံးဘဲ အသေးစိတ် လုပ်ပြ ရှင်းပြသွားမှာပါ၊ Android version အလိုက် Device အလိုက် ကွဲပြားတဲ့ အသေးစိတ် အချက်တွေကိုတော့ရှင်းပြသွားမှာမဟုတ်ပါဘူး၊ Root access ကိုရယူဖို့ အဆင့်ဆင့် လုပ်ဆောင်ရာမှာ လုံခြုံရေး ချိုးဖြတ်သွားတဲ့ အစိတ်အပိုင်းတွေ ပါလာတဲ့ အတွက် ထိုအပိုင်းများကို အသေးစိတ်ရှင်းပြထားပါတယ်၊ ဒီအခန်းရဲ့ နောက်ဆုံး အပိုင်းမှာတော့ ယခင် Android Rooting လုပ်ရာမှာ တွေ့ကြုံခဲ့ရတဲ့ အားနည်းချက်တွေအကြောင်းကို ရှင်းပြထားပါတယ်၊ ထိုအားနည်းချက်တွေကို ယနေ့ Android versions တွေမှာတော့ ပြုပြင်ပြီးသွားပါပြီ၊
အချို့အခြေအနေတွေမှာ ဖုန်းကို Root ဖောက်ခြင်းက phone ရဲ့ အလုပ်လုပ်ပုံတွေကို ပုံမှန်အခြေအနေကနေ သွေဖယ်သွားစေနိုင်ပါတယ်၊ ဒီလိုဖြစ်ပေါ်စေခြင်းရဲ့ အဓီက အချက်ကတော့ System Files တွေကို Modify လုပ်ခြင်းကြောင့်ပါ၊ ဒီလိုဖြစ်လာရင်တော့ Android ဖုန်းတိုင်းမှာပါတဲ့ factory state ကို Restore လုပ်ဖို့လိုပါတယ်၊
အဆင့်ဆင့်နားလည်ခြင်း
လက်တစ်လော ကာလမှာတော့ Root ဖောက်တယ်ဆိုတာ ပြဿနာတစ်ခု လို့သတ်မှတ်လို့မရအောင် လွယ်ကောင်းလွယ်နေပါမယ်၊ Google ဆိုတာ သာမာန် အပျော်တမ်း အဖွဲ့အစည်းလေးမဟုတ်ပါဘူး၊ Android အတွက် အဓီက ထားပြီး ဖွဲ့စည်းထားတဲ့ Security Team ကလည်း ကမ္ဘာ့ အတော်ဆုံး ဆိုတဲ့ Linux Hackers တွေ Security Researcher တွေနဲ့ဖွဲ့စည်းထားတာပါ၊ ကနေ့အထိ ကံကောင်းထောင်းမ ပြီး Android ဖုန်းတွေကို လွယ်လွယ်ကူကူ Root ဖောက်နိုင်နေတာက Google Security Team က ပြင်ဆင်ထားတဲ့ လုံခြုံရေး အချက် ၁၀၀ ကျော်ကို Android မှာလက်တွေ့ မထည့်သွင်းသေးလို့ပါ၊ ဒီလို မထည့်သွင်းရသေး ခြင်:နဲ့ အားနည်းချက်ဆက်လက်ဖြစ်ပေါ်နေခြင်း ရဲ့ ခြွင်းချက်ကတွေထဲမှာ Linux Kernel က အခရာ ကျတဲ့ အစိတ်အပိုင်း အဖြစ်ပါတယ်၊ Open Source ဖြစ်တဲ့ Linux Kernal ရှိ leaking Holes တွေထဲက အချက်တစ်ချို့ကို ပိတ်ထားလိုက်နိုင်ရင် root တစ်ခါဖောက် ၃၀၀၀ ထောင် ကနေ ၁၀၀၀၀၀ တစ်သိန်းလောက်တော့ အေးဆေးခုန်တက်သွားနိုင်ပါတယ်၊ အကယ်၍ Google Security Team က ချမှတ်ထားတဲ့ အချက်တွေအားလုံးကို လက်တွေ့ အသုံးချလိုက်မယ်ဆိုရင်တော့ Android ရဲ့ လုံခြုံရေး က iphone ရဲ့ လုံခြုံရေး အဆင့် နဲ့ တန်းတူ (သို့) ပို သာဖို့ပဲ ရှိပါတယ်၊ ဒါပေမယ့် Open Source တို့ရဲ့ သဘောအရ ဒီအဆင့်မျိုးကို တက်လှမ်းနိုင်ဖို့တော့ အရမ်းကိုခက်ခဲလှပါတယ်၊ Linux Kernal နဲ့ Webkit library Open Source နှစ်ခုနဲ့တင်ကို လုံခြုံရေးက ချာချာလည်နေပါပြီး (အခုပြောနေတာက အချက်ကျကျ မဟုတ်ဘဲ ယေဘယျ သဘောပါ၊ ဘယ် အချက်တွေကို Google က လုံခြုံရေးမြင့်နေလဲ၊ Linux Keranl နဲ့ ပက်သက်ပြီး ဘယ်အချက်တွေကို ပိတ်ခွင့်ပေးဖို့ Linux ကို ထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းနည်း ညှိနိုင်းနေလဲ စသဖြင့် အသေးစိတ်အချက်ကတော့ 25 ရက်နေ့ထုတ်ဝေမယ့် Android Hack စာအုပ်ထဲမှာဖတ်ပါ၊) သေချာ တဲ့ အချက်တစ်ခုကတော့ မဝေးတော့တဲ့ အနာဂတ်မှာ Android လုံခြုံရေး System အရမ်းကို အားကောင်းလာပါမယ်၊ အဲ့ဒီ့အခါ မျိုးမှာ Root ဖောက်မယ်ဆိုရင်တော့ Tools လေးတစ်ခု ပြစ်ထည့်ပြီး ခလစ်တစ်ချက်နှိပ်ရုံနဲ့မရတော့ပါဘူး၊ Android System တစ်ခုလုံးကို ကောင်းကောင်းနားလည်ထားဖို့ လိုအပ်ပါတယ်၊ လုံခြုံရေးအရအဆင့်မြင့်လာမယ့် အချက်တွေကို ကြိုတင်မလေ့လာနိုင်ရင်တောင် အနည်းဆုံးတော့ တတ်နိုင်တဲ့ဘက်ကနေ လေ့လာထားသင့်တာကို ကြိုတင်လေ့လာထားရပါမယ်၊ အခု အောက်က အချက်တစ်ချို့ကိုလေ့လာကြည့်ကြမယ်၊
၁. Android partitions layout တွေကိုနားလည်ထားဖို့ လိုအပ်တယ်၊ ဘယ် patition မှာ ဘယ် data ကိုသိမ်းထားတယ် ဆိုတာသိဖို့လိုတယ်၊ mounting point ရှာဖို့ အတွက် partiton layout တွေကို သက်ဆိုင်ရာ နားမည်အလိုက်သိဖို့လိုအပ်သလိုပေါ့၊
၂. Android Booting Process ကိုနားလည်ရမယ်၊ boot process ကိုနားလည်ထားခြင်းက ဘယ် Services က boot စတက်တာနဲ့ Super user Privileges နဲ့ အလုပ်လုပ်လဲ ဆိုတာနားလည်လာမယ်၊ Boot process ရဲ့ ဆင့်ကဲ ဖြစ်စဉ်အတွင်းမှာ ပါဝင်တဲ့ လုံခြုံရေး နဲ့ အားနည်းချက်တွေကို သဘောပေါက်လာမယ်၊
၃. Lock ချထးတဲ့ Bootloader နဲ့ Lock မချထားတဲ့ bootloader တို့အကြောင်း နားလည်ထားခြင်း
၎. Booted System ပေါ်မှာ Root access ရယူခြင်း အကြောင်းနားလည်ထားခြင်း၊
၅. NAND Locks, Temporary Root နဲ့ Parmanent root တို့ အကြောင်းနှင့် လုပ်ကိုင်ပုံ အဆင့်ဆင့်ကိုနားလည်ထားခြင်း၊
၆. Softroot ရယူခြင်း အကြောင်းနားလည်ထားခြင်း၊
၇. Hacker များထိုးဖောက်ခဲ့သည့် သမိုင်းဝင်တိုက်ခိုက်မှုများအား လေ့လာထားခြင်း၊
Kernel: Wunderbar/asroot
Recovery: Volez
Udev: Exploid
Adbd: RageAgainstTheCage
Zygote: Zimperlich and Zysploit
Ashmem: KillingInTheNameOf and psneuter
Vold: GingerBreak
PowerVR: levitator
Libsysutils: zergRush
Kernel: mempodroid
File Permission and Symbolic Link–Related Attacks
Adb Restore Race Condition
Exynos4: exynos-abuse
Diag: lit / diaggetroot
Partition Layout အားနားလည်ခြင်း
Android ဖုန်းကို Root ဖောက်ဖို့ဖြစ်စေ၊ root ဖောက်ထားတဲ့ဖုန်းမှာ မြန်မာစာထည့်သွင်းလိုရင်ဖြစ်ရင်ဖြစ်စေ၊ font-changer တည်ဆောက်လိုရင်ဖြစ်စေ၊ Adb ကို super user အခွင့်အရေးရယူပြီးတော့ ဖုန်းရဲ့ system ပိုင်းမှာ လိုအပ်သမျှကို ပြုပြင်ပြောင်းလဲ ရာမှာဖြစ်စေ၊ Network Lock ဖြေရာမှာဖြစ်စေ၊ Bootloader Unlock လုပ်ရာမှာဖြစ်စေ File System partition တွေဘယ်လိုအစိတ်အပိုင်းခွဲထားတယ်၊ ဘယ် partition တွေ ဖုန်းမှာပါဝင်တယ်ဆိုတာကို အတိအကျသိထားဖို့လိုအပ်ပါတယ်၊
Partitions တွေကတော့ logical Stroage units တွေဖြစ်ပါတယ်၊ သူတို့ကို ဖုန်းရဲ့ အမြဲ တည်ရှိနေမယ့် memory storage (persistent storage memory) ထဲမှာ သိုလှောင်ထားပါတယ်၊ သက်ဆိုင်ရာ အစိအစဉ်အလိုက်၊ offsets နဲ့ အရွယ်အစားအလိုက် Layout တွေမတူညီကြပါဘူး၊ ဖုန်းအများစုမှာတော့ partition layout တွေကို bootloader တွေက သတ်မှတ်ကြပါတယ်၊ အချို့ဖုန်းတွေမှာတော့ Partitions တွေကို Kernel က ကိုင်တွယ်တွယ်သတ်မှတ်ပါတယ်၊ low-level storage partitioning ခွဲခြင်းက device အလုပ်လုပ်ဆောင်မှု အတွက် အထူး အရေးကြီးလှပါတယ်၊ partition layout ခွဲပုံက ဖုန်းကုမ္မဏီ နဲ့ platform အလိုက် ကွာခြားပါတယ်၊ ဒါပေမယ့် အချို့သော partitions တွေကတော့ ဖုန်းတိုင်မှာ ပါဝင်မူ အတူတူပါပဲ၊ အမြင်ရအများဆုံး partitions တွေကတော့ boot,system,data,recovery,chche partitions တွေဖြစ်ပါတယ်၊ အခုဖုန်းကိုယ်ပိုင်အသုံးပြုနေတဲ့ဖုန်းထဲမှာပါ ဘယ် Partitions တွေပါဝင်လဲ ဆိုတာကို လေ့လာကြည့် ကြမယ်၊
Partition Layout များအားဆုံးဖြတ်ခြင်း
အခုဖုန်းကိုယ်ပိုင်အသုံးပြုနေတဲ့ဖုန်းထဲမှာပါ ဘယ် Partitions တွေပါဝင်လဲ ဆိုတာကို လေ့လာကြည့် ကြမယ်၊ ဖုန်းတစ်လုံးရဲ့ Partition Layout ဘယ်လိုခွဲထားလည်းကို ဖတ်ဖို့အတွက် အဲ့ဒီ့ဖုန်းက MTD base (Memory Technology Device) လား၊ EMMC base (Embedded MultiMedia Card) လား MMC base (MultiMedia Card) အမျိုးအစားလား Nand Flash base ဆိုတာကို သိရပါမယ်၊ (MTD,EMMC,MMC,NAND flash တို့အကြောင်းကို ပိုစ့်တစ်ခုအနေနဲ့ အသေးစိတ် ရေးပေးမယ်)၊
MTD နဲ့ EMMC သုံးတဲ့ဖုန်းတွေအတွက်တော့ paratition Layout နာမည်တွေကို /proc/mtd နဲ့ /proc/emmc ဖိုင်တွေကို ဖတ်ခြင်းဖြင့် သိနိုင်ပါတယ်၊ အောက်မှာ EMMC device ဖြစ်တဲ့ HTC Desire S ရဲ့ Partition တွေ ကို ဖတ်ပြထားတာပါ၊ Partition တစ်ခုစီရဲ့နာမည်တွေက အဲ့ဒီ့ partition ကိုဘာအတွက် အသုံးထားလဲဆိုတာကိုညွန်ပြနေပါတယ်၊
Adb shell
cat /proc/emmc
mccblk-0p117: 00040000 00000200 “misc”
mmcblk0p21: 0087f400 00000200 “recovery”
mmcblk0p22: 00400000 00000200 “boot”
mmcblk0p25: 22dffe00 00000200 “system”
mmcblk0p29: 002ffc00 00000200 “local”
mmcblk0p27: 090ffe00 00000200 “cache”
mmcblk0p26: 496ffe00 00000200 “userdata”
mmcblk0p30: 014bfe00 00000200 “devlog”
mmcblk0p31: 00040000 00000200 “pdata”
mmcblk0p28: 09800000 00000200 “lib”
အကယ်၍ Device က MMC base ဖြစ်နေမယ်ဆိုရင်တော့ partition layout ကို /proc/partitions ဖိုင်ကနေ လှမ်းယူကြည့်ရှု့နိုင်ပါတယ်၊ ဒါပေမယ့် အောက်ကပုံစံအတိုင်း output ထွက်လာရင်တော့ partition တစ်ခုစီရဲ့နာမည်ကို mapping လုပ်လို့ရမှာမဟုတ်သေးပါဘူး၊
cat /proc/partitions
major minor ‪#‎blocks‬ name
7 0 958 loop0
253 0 524288 zram0
179 0 3830784 mmcblk0
179 1 1 mmcblk0p1
179 2 10240 mmcblk0p2
179 3 10240 mmcblk0p3
179 4 6144 mmcblk0p4
179 5 1048576 mmcblk0p5
179 6 196608 mmcblk0p6
179 7 129024 mmcblk0p7
179 8 2375168 mmcblk0p8
179 64 2048 mmcblk0boo
179 32 2048 mmcblk0boo
179 96 7761920 mmcblk1
179 97 7757824 mmcblk1p1
အထက်ကလို partition layout တွေကို သက်ဆိုင်ရာနာမည်နဲ့ ဖော်မပြထားတဲ့ MMC base device တွေအတွက်တော့ dev ဖိုဒါထဲမှာ ထဲမှာ နာလည်ကို by-name နဲ့သွားကြည့်နိုင်ပါတယ်၊
Adb shell
su
Ls –l /dev/block/platfrom/msm_sdcc.1/by-name/
အထက်ကလိုရေးပြီး Enter ခေါက်လိုက်တာနဲ့ သက်ဆိုင်ရာ partitions တွေကို သူတို့ကိုဘာအတွက်သုံးထားလဲ ဆိုတဲ့ နာမည်တွေနဲ့ တွဲပြီးဖော်ပြပေးသွားမှာဖြစ်ပါတယ်၊
အကယ်၍ ဖုန်းကို Root ဖောက်ထားတယ် ROM မှာ Parted Utility လဲပါရှိတယ်ဆိုရင် တော့ Super User နဲ့ ROM ကိုသုံးပြီးလည်း Partition Layout ကိုအောင်က အတိုင်းရယူနိုင်ပါသေးတယ်၊
Partition တွေနဲ့ ပတ်သတ်ပြီးအသေးစိတ်ထက်လေ့လာတဲ့အခါမှာ အမှားတွေလုပ်တာ ဖြတ်မိတာတို့ဖြစ်တဲ့ပါတယ်၊ အဲ့ဒီ့လို မျှော်လင့်မထားတဲ့ အခြေအနေတွေကို ဖြေရှင်းဖို့ အတွက် အသေးစိတ်မလေ့လာခင် partitions တွေအားလုံးကို SD card ထဲကို backup လုပ်ထားသင့်ပါတယ်၊ ဒီလိုလုပ်ပြီးရင်တော့ စိတ်ကြိုက် dump လုပ်ပြီး အသေးစိတ်ခွဲခြမ်းစိတ်ဖြာလေ့လာနိုင်ပါပြီ၊ နောက်ပိုစ့်မှာ Android partitions တွေကနေ Dump ဖိုင်ဖန်တီးနည်းကိုရှင်းပြသွားပါမယ်၊
အခု partition entry ဖြစ်တဲ့ /proc file system ကိုကြည့်ရအောင် အောက်က ဖိုင်တွေကတော့ Samsung Galaxy Nexus မှာ Run နေတဲ့ Partition ဖြစ်ပါတယ်၊
cat /proc/partitions
major minor #blocks name
31 0 1024 mtdblock0
179 0 15388672 mccblk0
179 1 128 mccblk0p1
179 2 3584 mccblk0p2
179 3 20480 mccblk0p3
179 4 8192 mccblk0p4
179 5 4096 mccblk0p5
179 6 4096 mccblk0p6
179 7 8192 mccblk0p7
259 0 12224 mccblk0p8
259 1 16384 mccblk0p9
259 2 669696 mccblk0p10
259 3 442368 mccblk0p11
259 4 14198767 mccblk0p12
259 5 64 mccblk0p13
179 16 512 mccblk0boot1
179 8 512 mccblk0boot0
Proc entry နှင့်အတူ Device ထဲမှာ သုံးနေတဲ့ တွေနဲ့ သူတို့ရဲ့ logical functions တွေကိုလဲ ရယူဖို့လိုအပ်ပါတယ်၊ ဒီလိုပြုလုပ်ဖို့အတွက်တော့ System-On-Chip(Soc) ရဲ့ dirctory ဖြစ်တဲ့ /dev/block/platform ထဲက ဖိုင်တွေကိုစစ်ဆေး ကြည့်ရူ့နိုင်ပါတယ်၊ အဲ့ဒီ့ထဲမှာ by-name ဆိုတဲ့ directory ကိုတွေ့လိမ့်မယ်၊ partition တစ်ခုစီက သက်ဆိုင်ရာ block device ကိုချိတ်ဆက်ကြတယ်၊ အောက်က excerpt ကတော့ Samsung Galaxy Nexus ထဲက ရလာတဲ့ Directory ထဲက Contents တွေဖြစ်ပါတယ်၊
Partition Layout ထဲက အချက်အလက်တွေကိုရယူနိုင်တဲ့အခြား အစိတ်အပိုင်းတွေလဲရှိနေပါသေးတယ်၊ /etc/vold.fstab file ထဲကိုယူနိုင်သလို recover log ထဲက (/cache/recovery/last_log) ထဲကနေလဲ ယူနိုငပါတယ်၊ ဒီလိုပဲ kernel logs ရဲ့ dmesg ကနေ ဖြစ်စေ /proc/kmsg တို့မှာလဲ partition layout အချက်အလက် တွေပါဝင်ပါတယ်၊ အခြားအချက်တွေ အားလုံး fails ဖြစ်နေရင်တော့ partitions တွေအကြောင်း ကို mount command သုံးပီးဖြစ်စေ /proc/mounts မှာဖြစ်စေရှာဖွေနိုင်ပါတယ်၊
/dev/block/platform/omap/omap_hsmmc.0/by-name $ ls – l
1rwxrwxrwx root root 2013-01-30 20:43 boot -> /dev/block/mccblk0p7
1rwxrwxrwx root root 2013-01-30 20:43 cache -> /dev/block/mccblk0p11
1rwxrwxrwx root root 2013-01-30 20:43 dgs -> /dev/block/mccblk0p6
1rwxrwxrwx root root 2013-01-30 20:43 efs -> /dev/block/mccblk0p3
1rwxrwxrwx root root 2013-01-30 20:43 metadata -> /dev/block/mccblk0p13
1rwxrwxrwx root root 2013-01-30 20:43 misc -> /dev/block/mccblk0p5
1rwxrwxrwx root root 2013-01-30 20:43 param -> /dev/block/mccblk0p4
1rwxrwxrwx root root 2013-01-30 20:43 radio -> /dev/block/mccblk0p9
1rwxrwxrwx root root 2013-01-30 20:43 recovery -> /dev/block/mccblk0p8
1rwxrwxrwx root root 2013-01-30 20:43 sbl -> /dev/block/mccblk0p2
1rwxrwxrwx root root 2013-01-30 20:43 system -> /dev/block/mccblk0p10
1rwxrwxrwx root root 2013-01-30 20:43 userdata -> /dev/block/mccblk0p12
1rwxrwxrwx root root 2013-01-30 20:43 xloader -> /dev/block/mccblk0p1
boot loader:
splash:
boot:
system:
userdata:
cache
recovery
misc
■ boot loader: ဖုန်းရဲ့ bootl loader program ကို သိုလှောင်တယ်၊ bottloader က Phone Boots တက်တာနဲ့ hardware စတင်အလုပ်လုပ်ဆောင် စတင်ပေးပါတယ်၊ Android Kernal ကို စတင် boot တင်ခြင်း download mode ကဲ့သို့သော boot တက်တဲ့ အခြား စနစ်ကိုပြောင်း လဲခြင်းတို့ပါဝင်ပါတယ်၊
■ splash: Stores ကိုတော့ power စဖွင့်လျှင်ဖွင့်ခြင်း မြင်ရတဲ့ screen image အတွက်သုံးပါတယ်၊ ပုံမှန်တော့ ထုတ်လုပ်တဲ့ ကုမ္မဏီရဲ့ logo ပါဝင်တယ်၊ အချို့ device များမှာတော့ splash screen bitmap ကို အခြား partition မှာခွဲပီး မသိမ်းတော့ပဲ bootloader ထဲမှာ embedded လုပ်ထားတယ်၊
■ boot: Stores Android boot image ကို သိမ်းထားတယ်၊ ဒီထဲမှာ Linux kernel (zImage) နဲ့ root file system ram disk (initrd) တို့ပါဝင်ပါတယ်၊
■ recovery: functions တွေနဲ့ failsafe ကဲ့သို့သော ပြုပြင်မူမျိုးကို ထောက်ပံ့ပေးတဲ့ Android boot image ကိုသိမ်းထားတယ်၊
■ system: Stores မှာတော့ Android System image ကို သိုလှောင်ထားပီး Device /system on က Mount တက်တတ်တဲ့ အချိန်မှာအလုပ်လုပ်တယ်၊ ဒီ image ဖိုင်ထဲမှာ Android Framework, Libraries, System Binaries နဲ့ preinstalled application တွေပါဝင်ပါတယ်၊
■ userdata: Also data partition လို့လဲ ခေါ်တယ်၊ application တွေက သတ်မှတ်တဲ့ ပုံတွေ သီချင်းတွေ ဗွီဒီယို ဒေါင်းလုပ် တို့လို data တွေကို data တွေကို သိမ်းစည်းတဲ့ နေရာပါ၊ သူကတော့ boot system မှာ /data အဖြစ် Mount လုပ်ပါတယ်၊
■ cache: Used ကတော့ recovery logs တို့လို Update packages downloaded over-the-air တို့လို utility file တွေ ကိုသိုလှောင်တဲ့ အစိတ်အပိုင်းပါ၊ Device ပေါ်မှာ application ကို installed လုပ်တာနဲ့ dalvik-cache ပါဝင်တဲ့ Davlik Virtual Machine (VM) cache တွေ SD card ထဲမှာ သိမ်းပါတယ်၊
■ radio: baseband image တွေကို သိုလှောင်တဲ့ partition ဖြစ်ပါတယ်၊ ဒီ partition ကတော့ telephony capabilities တွေအတွက်သာ အသုံးဝင်တဲ့ ဖော်ပြတဲ့ partition ဖြစ်ပါတယ်၊
မနက်ဖြန် partitions layout တွေနဲ့ ပက်သက်ပြီး လက်တွေ့တစ်ခုလုပ်ကြည့်မယ်၊ အခုရေးတဲ့ ပိုစ့်က ဖုန်းတစ်လုံးကို Root ဖောက်တဲ့ အကြောင်းကို အစအဆုံးရေးပေးဖို့ ဖြစ်ပါတယ်၊ အစအဆုံးကို ဒီစာမျက်နှာမှာ တင်ချင်မှတင်ဖြစ်မယ်၊ ၂၅ ရက်နေ့ကြရင် Android Hack စာအုပ်ကို စဖြန့်ချီမယ်၊ အဲ့ဒီ့ထဲမှာ ဖုန်း Root ဖောက်ခြင်းအကြောင်း အသေးစိတ်ရေးပေးထားတယ်၊ မည်သူအတွက်မဆို Tool မသုံးပဲ Root ဖောက်တတ်အောင် အဆင့်ဆင့် လိုအပ်ချက်တွေ ဖုန်းအလိုက် ဖြတ်ကျော် ရမယ့် လုံခြုံရေး အတားအဆီးတွေအကြောင်းကိုရှင်းပြထားတယ်

Posted by Yè Naung Tun

ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ

Android Devices ​တွေကို လျှင်​မြန်​စွာအသုံးပြုနိုင်​​စေမယ့်​ အချက်​(၁၀)ချက်

                                 

မင်္ဂလာပါ
လက်​ရှိအချိန်​မှာ​တော့ Android Device ​တွေဟာဆိုရင်​ အ​ရေအတွက်​အားဖြင့်​ အလွန်​ကို မြင့်​တက်​လာတဲ့အ​နေအထားမှာရှိ​နေပါတယ်​။တန်​ဖိုးအားဖြင့်​လည်းသင့်​တင့်​လာပြီးရွေးချယ်​စရာ Brand အမျိုးအစားများပြားလာခြင်း​ဟာလည်း Android ရဲ့ အားသာချက်​ပဲဖြစ်​ပါတယ်​။ Android Device အသုံးပြုသူ​များအ​နေနဲ့ မိမိအသုံးပြုထားတဲ့ Android Version နဲ့မကိုက်​ညီတဲ့အခါမှာဖြစ်​​စေ၊ Hardware ရဲ့အားနည်းချက်​​ကြောင့်​ Application ​တွေကို အသုံးပြုရာမှာ ​လေးလံမှု​တွေရှိလာနိုင်​ပါတယ်​။ ဒီလို​လေးလံ​နှေး​ကွေးမှု​တွေအတွက်​​တော့မဟုတ်​​ပေမယ့်​ မိမိရဲ့ Android Device မြန်​မြန်​ဆန်​ဆန်​​လေး​​အသုံးပြုချင်​တယ်​ဆိုရင်​​တော့ ​အောက်​ပါ အချက်​​ ဆယ်​ချက်​ကို​လုပ်​​ဆောင်​ကြည့်​ခြင်းအားဖြင့်​ လုပ်​​ဆောင်​ချက်​​တွေကို မြန်​မြန်​ဆန်​ဆန်​လုပ်​​ဆောင်​နိုင်​မှာဖြစ်​ပါတယ်​။
1. Hardware နှင့်​ Version မမျှတခြင်းမဖြစ်​​စေရန်​ စစ်​​ဆေးပါ။Android ရဲ့ ICS Version ကိုအသုံးပြုချင်​​ပေမယ့်​ မိမိရဲ့ Hardware အ​ကြောင်းကိုနားလည်​ထားဖို့လိုအပ်​မှာဖြစ်​ပါတယ်​။ Hardware နဲ့ကိုက်​ညီမှုမရှိဘူးဆိုရင်​ Version Upgrade ပြုလုပ်​ခြင်းကို ​ရှောင်​ကြဉ်​ရမှာဖြစ်​ပါတယ်​။ Hardware ကိုက်​ညီမှုရှိမရှိသိချင်​တယ်​ဆိုရင်​​တော့ Android Forum ​တွေမှာဝင်​​ရောက်​​ဆွေး​နွေးနိုင်​မှာဖြစ်​သလို၊ နားလည်​တတ်​ကျွမ်းသူများနဲ့လည်းတိုင်​ပင်​နိုင်​မှာဖြစ်​ပါတယ်​။
2.Launcher ကို စနစ်​တကျအသုံးပြုပါ။တချို့​သော Android Device ​တွေမှာဆိုရင်​ Launcher တစ်​ခုထက်​မကအသုံးပြုတာကို​တွေ့ရပြီး၊ တစ်​ချို့​သော Launcher များဟာလည်းလုပ်​ဆောင်​မှုကို ပိုမို​လေးလံ​စေပါတယ်​။ တစ်​ခါတစ်​ရံမှာဆိုရင်​ Launcher Error ဖြစ်​​ပေါ်တတ်​ပြီး အဆိုပါ Error အရ Reset ပြုလုပ်​ရခြင်းမျိုး​တွေ ကြုံ​တွေ့ရတတ်​ပါတယ်​။ဒါ​ကြောင့်​မို့ မိမိနဲ့ သင့်​​တော်​နိုင်​မယ့်​ Launcher အမျိုးအစားတစ်​ခုထဲကိုသာ သတ်​မှတ်​အသုံးပြုသင့်​ပါတယ်​။
3.Home Screen ကို စနစ်​တကျပြင်​ဆင်​ထားပါ။Android Device တစ်​ခုမှာ အရင်​ဆုံးထိ​တွေ့ရတာ Home Screen ပဲဖြစ်​ပါတယ်​။ လုပ်​​ဆောင်​ချက်​​တွေကိုလည်း Home Screen ​ပေါ်မှာ ပြင်​ဆင်​ထားနိုင်​ပြီး၊ အလွန်​များပြားတဲ့ ထည့်​သွင်းမှုမျိုးက​တော့ လုပ်​​ဆောင်​ချက်​တိုင်းရဲ့ အချိန်​ကိုပိုမိုကုန်​​စေနိုင်​မှာဖြစ်​ပါတယ်​။
Wi-fi,Bluetooth,GPS,Lights တို့ပါဝင်​တဲ့ Widgets လိုမျိုးထည့်​သွင်းထားမယ်​ဆိုရင်​​တော့ လုပ်​​ဆောင်​ချက်​​တွေကို ပိုမိုမြန်​ဆန်​​စေမှာဖြစ်​ပါတယ်​။
4. Favourite App များကို Home Screen တွင်​ထားပါ။
အထက်​မှာဆိုခဲ့သလိုပဲ Home Screen ​ဟာဆိုရင်​ Android Device တစ်​ခုရဲ့ပင်​မလုပ်​​ဆောင်​မှု​နေရာတစ်​ခုဖြစ်​ပါတယ်​။ မိမိရဲ့အသုံးပြုမှုများတဲ့ Favourite App ​တွေကို Home Screen ​ပေါ်မှာထားရှိခြင်းအားဖြင့်​ လုပ်​​ဆောင်​ချက်​​တွေကို ပိုမိုမြန်​ဆန်​လာ​စေနိုင်​မှာဖြစ်​ပါတယ်​။ App ​တွေကို Page တစ်​ခုအတွင်းမှာ စုစည်းထားရှိပြီး အသုံးပြုမယ်​ဆိုရင်​ ပိုမိုအဆင်​​ပြေ​စေနိုင်​မှာဖြစ်​ပါတယ်​။
5.Animation လုပ်​​ဆောင်​ချက်​ကိုပိတ်​ထားပါ။Animation လုပ်​​ဆောင်​ချက်​ကို Display Setting မှတစ်​ဆင့်​ပိတ်​ထားမယ်​ဆိုရင်​ ပိုမိုမြန်​ဆန်​တဲ့ Android Device တစ်​ခုကိုအသုံးပြုနိုင်​မှာဖြစ်​ပါတယ်​။ Animation ​တွေဟာ System ပိုင်းလုပ်​​ဆောင်​​ချက်​​တွေကို ထိခိုက်​မှုရှိလာနိုင်​တဲ့အတွက်​ ပိတ်​ထားဖို့လိုအပ်​မှာဖြစ်​ပါတယ်​။ Animation ကိုပိတ်​မယ်​ဆိုရင်​​တော့ Setting>Display>Animation ထဲက No Animation ကို​ရွေးချယ်​​ပေးရမှာဖြစ်​ပါတယ်​။
6.Browser မှ Plugin ​တွေကိုပိတ်​ထားပါ။Android Device တစ်​ခုဟာဆိုရင်​လက်​ရှိအချိန်​မှာ​တော့ အင်​တာနက်​အသုံးပြုနိုင်​ဖို့ အားထားရာတစ်​ခုဖြစ်​လာပြီဖြစ်​ပါတယ်​။ Web browser ​တွေရဲ့ Plugins ​တွေဟာဆိုရင်​လုပ်​​ဆောင်​ချက်​ပိုင်းကို ထိခိုက်​နိုင်​တဲ့အတွက်​​ကြောင့်​ အသုံးမလိုချိန်​မှာ ပိတ်​ထားသင့်​ပါတယ်​။ Browser Plug-ins ​တွေကိုပိတ်​ထားချင်​တယ်​ဆိုရင်​​တော့ Browser>Setting>Enable Plug-ins ထဲက Off ကို ​ရွေးချယ်​​ပေးရမှာဖြစ်​ပါတယ်​။
7.သာမန်​ Wall paper များကိုသာ ဦးစား​ပေးအသုံးပြုပါAndroid Device ​တွေရဲ့ စွမ်း​ဆောင်​ရည်​​တွေဟာ တစ်​လုံးနဲ့တစ်​လုံး မတူညီကြ​ပေမယ့်​ သာမန်​ Wall Paper ကို အဓိကထားအသုံးပြုခြင်းဟာ စက်​အတွက်​များစွာသက်​သာ​စေနိုင်​မှာဖြစ်​ပါတယ်​။ Live Wall Paper ​တွေဟာဆိုရင်​ လုပ်​​ဆောင်​ချက်​​တွေကို​နှေး​ကွေး​စေနိုင်​မှာဖြစ်​လို့ အသုံးပြုရာမှာ အခက်​အခဲဖြစ်​​စေနိုင်​ပါတယ်​။ ဒါ​ကြောင့်​ သာမန်​ Wall Paper ​တွေကိုသာအသုံးပြုသင့်​ပါတယ်​။
8.အသုံးမပြု​သော App များကို ဖျက်​ပစ်​ပါAndroid Device တစ်​ခုအတွင်းမှာ အသုံးမပြု​တော့တဲ့ App ​တွေကို ဖျက်​ပစ်​သင့်​ပါတယ်​။မလိုလားအပ်​တဲ့ Space​ ​တွေ ကုန်​ဆုံး​စေနိုင်​မှာဖြစ်​သလို၊ Background Process အ​နေနဲ့ Run ​နေမယ်​ဆိုရင်​ လုပ်​​ဆောင်​ချက်​ပိုင်းကို များစွာထိခိုက်​​စေနိုင်​မှာဖြစ်​ပါတယ်​။ ဒါ​ကြောင့်​ အသုံးမပြု​တော့တဲ့ App ​တွေကိုဖျက်​ပစ်​ရမှာဖြစ်​ပါတယ်​။
9.App End အတွက်​ Task Killer အသုံးပြုပါTask Killer ဟာဆိုရင်​ Android ​ပေါ်မှာ Background Process ​တွေကိုပိတ်​ချင်​တဲ့အခါမျိုးမှာ အသုံးပြုနိုင်​မှာဖြစ်​ပါတယ်​။ မလိုလားအပ်​တဲ့ App ​တွေ​ကြောင့်​ စက်​​လေးလံမှုကိုဖြစ်​​စေနိုင်​ပြီး၊ Task Killer လိုမျိုး App ​တွေဟာ Android Device ​တွေကို အမြန်​ဆန်​ဆုံးအ​နေအထားနဲ့ အသုံးပြုနိုင်​​အောင်​ ကူညီ​ပေးမှာဖြစ်​ပါတယ်​။
10.Wi-fi, Bluetooth တို့ကို အသုံးပြုချိန်​တွင်​သာ ဖွင့်​ထားပါWi-fi, Bluetooth တို့ကိုအသုံးမပြုချိန်​မှာ ပိတ်​ထားမယ်​ဆိုရင်​ Battery Life Time ပိုမိုကြာမြင့်​​စေနိုင်​မှာဖြစ်​သလို၊ အခြား​သော လုပ်​​ဆောင်​ချက်​ပိုင်းဆိုင်​ရာကို အ​နှောင့်​အယှက်​​ပေးနိုင်​မှာ မဟုတ်​​တော့ပါဘူး။ ဒါ​ကြောင့်​ Home Screen ​ပေါ်မှာ Widget တစ်​ခုဖန်​တီးထားပြီး အလွယ်​တကူ အဖွင့်​အပိတ်​ပြုလုပ်​နိုင်​ဖို့ ဖန်​တီး​ပေးထားသင့်​ပါတယ်​။

ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ