Our social:

July 02, 2015

Toshiba က 4K Display တပ်ဆင်ထားသော Laptop ကို ပြသ

                     1
Toshiba က သူ၏ ပထမဆုံး 4K Display တပ်ဆင်ထားသော ခေါက်ချိုး အသွင်ပြောင်းနိုင်သည့် Laptop ကိုမိတ်ဆက်လိုက်ပါသည်။ Toshiba Satellite Radius 15 4K Ultra HD Edition ဟု အမည်ပေးထားပြီး 3840×2160 pixels အရည်အသွေးရှိသော မျက်နှာပြင် တပ်ဆင်ထားပါသည်။ တစ်လက်မလျှင် Pixelသိပ်သည်းဆမှာ ၂၈၂ ဖြစ်ပြီး မျက်နှာပြင်အရွယ်အစားမှာ ၁၅.၆ လက်မဖြစ်ပါသည်။

လက်တော့ကို ၃၆၀ ဒီဂရီ ခေါက်ချိုးနိုင်ပြီး တက်ဘလက်ကဲ့သို့ အသုံးပြုနိုင်ပါသည်။ အခြား သတင်းအချက်အလက် အသေးစိတ်ကို မသိရသေးသော်လည်း ပဉ္စမမျိုးဆက် Intel Core Processor ထည့်သွင်းထားမည် ဖြစ်သည်။ USB 3.0 Port နှစ်ခု၊ USB 2.0 Port တစ်ခု ၊ SD Card Slot တို့ ပါရှိပါသည်။ 802.11ac WiFi ကို အထောက်အပံ့ပေးမည် ဖြစ်သည်။

Toshiba က ဈေးနှုန်းနှင့် ရောင်းချမည့် ရက်ကို ကြေညာခြင်းမရှိသေးသော်လည်း အခြေခံဈေးနှုန်းမှာ စတာလင်ပေါင် ၅၃၃ ၀န်းကျင်ဖြစ်မည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။ လက်တော့တွင် Windows 10 ထည့်သွင်းထားမည် ဖြစ်သည်။

Myanmar Digital Life Journal

ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


0 comments:

Post a Comment