Our social:

July 02, 2015

How to Jailbreak iOS 8.4 using PP Jailbreak tool on Windows......


  iOS 8.4 ထွက်ရှိခဲ့ပြီးတာနဲ့ များမကြာမီမှာပဲ တရုတ်Hacker များဟာ iOS 8.4 အတွက် PP Jailbreak tool ကိုထုတ်ပေးခဲ့ပါတယ်....  PP Jailbreak ဟာ အရင် iOS 8.1.2 တုန်းကလဲ Mac OS X အသုံးပြုသူများအတွက် PP Jailbreak for Mac ဆိုပြီး ထွက်ခဲ့ဖူးသေးပါတယ်... ဒီတခေါက်မှာတော့Windows OS ပေါ်မှာ ရော Mac OS X ပေါ်မှာပါ Run ပြီးအသုံးပြုနိုင်မယ့် Jailbreak tool ကို iOS 8.4 အတွက်ထုတ်ပေးခဲ့ပါပီ......

iOS 8.4 ကို Jailbreak ပြုလုပ်ချင်သူများကတော့ jailbreak tool နှစ်ခုကို ကြိုက်ရာနဲ့ရွေးပြီးလုပ်နိုင်ပါလိမ့်မယ်... ဘာလို့လဲဆိုတော့ ဒီတခါ iOS 8.4 ကို jailbreak လုပ်နိုင်တာ PP Jailbreak tool တစ်ခုတည်းတင်မဟုတ်ပါဘူး.... မကြာသေးခင်ကမှ Jailbreak ပြုလုပ်နိုင်တာဖြစ်တဲ့ iOS 8.3 အတွက် Jailbreak tool တဖြစ်လဲ TaiG Jailbreak tool(Version 2.2.0) နဲ့လဲ iOS 8.4 ကို Jailbreak ပြုလုပ်နိုင်ပါသေးတယ်...
iOS 8.3 ကို Windows PC များပေါ်မှ Jailbreak ပြုလုပ်ပုံ Tutorial ကိုသိချင်ရင်တော့ ဤနေရာ မှာဖတ်နိုင်ပါတယ်
ယခုတော့ PP Jailbreak tool ကို Windows PC ပေါ်ကနေ သုံးပြီး iOS 8.4 Jailbreak ပြုလုပ်ပုံတင်ပြပေးသွားပါမယ်....
Jailbreak မပြုလုပ်မီ သိရှိထားသင့်တဲ့အရာများလဲ ရှိပါသေးတယ်...
~ PP Jailbreak ဟာ iOS 8.1.3, iOS 8.2, iOS 8.3 နှင့် iOS 8.4 တို့ကို Jailbreak ပြုလုပ်ပေးနိုင်ပါတယ်
~ Device မှ Data များကို iCloud သို့မဟုတ် iTunes နှင့် Backup ပြုလုပ်ထားပါ 
~ Anti-virus software များနှင့် Firewall prevent လုပ်ထားပါက ခေတ္တခန ပိတ်ထားပါ...
~ မိမိ PC ကို Internet Connection ချိတ်ဆက်ထားဖို့လိုအပ်ပါတယ်
~ မိမိ Device ကို Passcode ဖြုတ်ထားပါ... Settings App > Touch ID & Passcode 
Find my iPhone ကိုလဲပိတ်ထားပါ ... Settings App > iCloud > Find my iPhone
How to Jailbreak iOS 8.4 using PP Jailbreak on Windows

~ PP Jailbreak tool for Windows  ကို အရင် Download ရယူပါ...
~ ထို့နောက် Cable အသုံးပြုပြီး Device ကို PC နဲ့ချိတ်ပါ
~ Download ရယူထားသော Jailbreak tool ကို "Run as Administrator" နှိပ်၍ Run ပါ...
~ အောက်တွင်ပြထားသောပုံအတိုင်း အလယ်မှ Jailbreak button ကိုနှိပ်ပါ


~ Jailbreak စလုပ်နေပြီပဲဖြစ်ပါတယ်


~ မကြာခင် သင့် Device ပေါ်မှာ Restore Progress ဆိုပြီးတွေ့မြင်ရမှာဖြစ်ပြီးအောက်ကပုံအတိုင်းဖြစ်နေပါမယ်

iOS 8.4 အတွက် Jailbreak tool ဟာနှစ်မျိုးရှိတဲ့အထဲမှ အခုလို PP Jailbreak tool နဲ့ Jailbreak ပြုလုပ်တာအပြင် TaiG Jailbreak tool သုံးပြီး Jailbreak ပြုလုပ်ချင်တယ်ဆိုရင်တော့ မည်သို့မည်ပုံပြုလုပ်ပုံကို ဤနေရာ မှာ ပုံနဲ့တကွ ဖတ်ရှုနိုင်ပါတယ်...

 http://www.iosknowledgebank.info

ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


0 comments:

Post a Comment