Our social:

Latest Post

February 19, 2015

Android Root ရှိတဲ့ဖုန်းတွေအတွက် Internal Memory ထပ်တိုးနည်း




တချို့ Android ဖုန်းတွေမှာ ဖုန်းတွင်း Memory အရမ်းနည်းနေတတ်ပါတယ် 256MB လောက်ပဲ ပါပဲ တဲ့ Version နိမ့် Android ဖုန်းမျိုး မြင်ဖူးပါတယ်... ခု Memory နည်းလို့ စိတ်ညစ်နေသူများ ဒါမှ မဟုတ် အတေည်သင့်ပါရဲ့နဲ့ App တွေ များများသုံးချင်သူများအတွက် (တစ်ချို့ဖုန်းတွေမှာ default stroage location) ပြောင်း တာမပါဘူးလေ :D) SD ကတ်မှ Memory တစ်ချို့တစ်ဝက်ကို ဖုန်းတွင်း Internal Memory နဲ့ ချိတ် ဆက်ပုံကိုဘာဘီ ပြောပြပါမယ်....

ဖုန်းကနေပဲ လုပ်မှာမို့ အဆင့်တွေတော့များတယ်နော် ပြိးတော့ ဒီ ဆော့ဖ်ဝဲက App2SD ရဲ့သဘောနဲ့ တူတယ် ဒါပေမယ့် သူ့လောက် Error မရှိပါဘူး App2SD သုံးရင် imei ပျောက်သွားတာတို့ Internal Memory လုံးဝသုံးမရတာတို့ဖြစ်တတ်ပါတယ်
ခုပြောပြမယ် ကောင်က သဘောချင်တူပေမယ့် အလုပ်လုပ်ပုံချင်မတူပါဘူး ပြီးတော့ ဒီတော့ ဒီကောင်က Error ကင်းတယ်လေ တော်တော်များများလဲ သိပြိးသားဖြစ်မှာပါ ဒါပေမယ့် မသိသေးသူများအတွက် ဘာဘီ ပြောပြမယ်နော်....

လိုအပ်တာကတော့ အနည်းဆုံး
4GB ရှိတဲ့ microSD ကတ်လိုပါတယ် အကြံပေးချင်တာကတော့ တတ်နိုင်ရင် 8GB သုံးစေချင်ပါတယ် ပြီးတော့ 8GB ဆိုရင် Classes 6 လောက် ရရင်ပိုကောင်းတာပေါ့နော် ပြိးတော့ Data တွေ ရှိရင်လဲ တစ်ခုခုမှာသိမ်းထားပေါ့ SD ကတ်ကို အဲ app လေးက format ချသွားမှာမို့ပါ

ဟုတ် ပြိးတော့ ဒီ Software တွေကိုဒေါင်းလိုက်ပါ


- Aparted



-Link2SD ဒီကောင်က (plus) နော် Update ပေးရင်လဲ မလုပ်နဲ့


ဟုတ် Software တွေ Install လုပ်ပြိးရင်တော့ စကြတော့မယ်နော်

၁ ။ Sotware တွေ Install လုပ်ပီးရင် အရင်ဆုံး အဲဒီ Software တွေမသုံးခင် ဖုန်း Setting ထဲကိုသွားလိုက်ပါ Storage ဆိုပြိးပါပါတယ် အဲမှာ SD card ဒါမှ မဟုတ် external SD ဆိုပြိး ပါပါတယ် အဲ SD ကို Unmount SD card လုပ်လိုက်ပါ

၂ ။ Ok လား Cancel လားမေးရင် Ok ပေးလိုက်ပါ

၃ ။ mount sd card ဆိုပြိး ပြောင်းသွားရင်ရပါပြိး အဲ Setting ထဲက ထွက်လိုက်ပါ

၎ ။ ခု Install လုပ်ခဲ့တဲ့ app တွေ ထဲက Aparted ဆိုတဲ့ app ကိုဝင်ပါ ပြိးရင် အစိမ်းရောင် အပေါင်းလက္ခဏာလေးပါပါတယ် အဲကောင်ကို တစ်ချက်စိ ၃ ခေါက်နှိပ်လိုက်ပါ

၅ ။ နှိပ်ပြိးပါက Part1 ၊ Part2 ၊ Part3 ဆိုပြိး သုံးခုတွေ့ရမှာပါ ပြိးရင် Internal Memory ကို ဘယ် လောက် GB ထိတိုးမှာလဲ 1GB လား 2GBလား 4GB လား
ဟုတ် ဘယ်လောက်ပဲတိုးတိုး အဲတိုးမယ့် GB ကို Part2 မှာသွားသတ်မှတ်ရမှာပါ Part1 နဲ့ မဆိုင်ပါဘူး

၆ ။ ဒါဆို Part2 ကွင်းထဲက fat32 ကိုသွားနှိပ်လိုက်ပါ

၇ ။ နှိပ်တာနဲ့ Format တွေ အများကြိးပေါ်လာမှာပါ ext2, ext3, ext4, fat32/fat16, f2fs,swap
အဲ Format များထဲက အနိမ့်ဆုံး ext2 ကိုတော့ ဖုန်းတော်တော် များများ support ပေးပါတယ် ဒါပေမယ့် နောက်ပိုင်း huawei model မြင့် တစ်ချိုနဲ့ ဈေးကွက်မှာ နာမည်သိပ်မထင်ရှားတဲ့ ဖုန်းအချိုကတော့ fat32 ပဲ support ရပါတယ် huawei အစောပိုင်းတွေကထွက်ခဲ့တဲ့ဖုန်းတွေကတော့ ext support ရပါတယ် ext format support လုပ်ရင် Software ရဲ့ အရသာကို အပြည့်ဝခံစားရမှာဖြစ်ပြိး fat32 ဆိုရင်တော့နည်းနည်း အကန့်သတ်ရှိပါတယ် အဲဒီက မိမိဖုန်းနဲ့ကိုက်ညီမယ့် format တစ်ခုရွေးလိုက်ပါ

၈ ။ ပြီးရင် Part2 ကပဲ 0MB ဆိုတာ Click လိုက်ပါ

၉ ။ နံပါတ်ရိုက်ရမယ့် Boxတစ်ခုပေါ်လာပါမယ် အဲဒီမှာ Internal အတွက်
2GB စဉ်းစားထားတယ်ဆိုရင်2044 ရိုက်ပါ
4GB စဉ်းစားထားရင် 4088 ရိုက်ပါ

SD ကတ်သာ 4GB ပဲရှိတယ်ဆိုပါက
1GB ပဲ ရိုက်ပါ 1022 ပေါ့ ပြိးရင် OK နှိပ်

၁၀ ။ ပြီးရင် Part3 ကိုဆက်သွားပါမယ် Part1 ကိုချန်ထားခဲ့ပါနောက်ဆုံးမှ လုပ်ပါမယ်
Part3 မှ fat32 ကိုပဲ Click ပါ

၁၁ ။ Format တွေအများကြီးပေါ်လာပါမယ် swap ကိုပဲရွေးပေးပါ

၁၂ ။ ပြီးရင် Part3 မှပဲ 0MB ကိုနှိပ်ပါ

၁၃ ။ နံပါတ်ရိုက်မယ် box တစ်ခုပေါ်လာပါမယ် 256 ဟုရိုက်ပါ 256 ထက်မပိုပါစေနဲ့ ဒီ Part3 အသုံးပြုနည်းကို ဒီပိုစ်မှာ မရှင်းပြသေးပါဘူး ရှုပ်သွားပါမယ် သူက Ram ကို support လုပ်တဲ့ format ဖြစ်ပါတယ် ဘာအတွက် ဒီမှာ ခုကတည်းလုပ်သလဲဆိုတော့ နောက် ဒီကောင်ကို လုပ်ချင်လာရင် ထပ် Partition ခွဲရင် အရင်လုပ်ထားတာတွေ အကုန်ပျက်သွားမှာမို့ပါ

၁၄ ။ Part2 နဲ့ Part3 ပြီးရင် Part1 ကိုခုမှ သွားလုပ်ပါမယ်
Part1 ကတော့ fat32 ပဲထားရမှာမို့ fat32 ပဲထားပါ ပီးရင် 0MB ကိုနိပ်ပြီး New Partition Table msdos အောက်မှ part2 နှင့် Part3 ကိုလုပ်ပြိး ကျန်သော memory ပမာဏ နံပါတ်ကို ရိုက်ထည့်ရမှာပါ

၁၅ ။ တစ်ခုနဲ့တစ်ခုမတူပါဘူး ဘာပဲဖြစ်ဖြစ် Total MB မှ Part2 နင့် Part3 ကိုနှုတ်လို့ရလာတဲ့ နံပါတ်ကိုထည့်ရမှာပါ

၁၆ ။ ပြီးရင်အပေါ်ထောင့်က Menu ကိုနိပ်ပြီး Apply Changes နိပ်ပါ

၁၇ ။ ပြီးရင် ok ကိုထပ်နှိပ်ပါ

၁၈ ။ sd card ready ဆိုပြီးပြလာရင် ထပ်ပြီး ok ကိုနှိပ်ပါ

၁၉ ။ ပြီးရင် App ထဲမှထွက်လိုက်ပါ

၂၀ ။ ခု Link2SD ဆိုတဲ့ software ကိုစဖွင့်လိုက်ပါ Part2 တွင်မိမိ လုပ်ခဲ့သော format ကိုရေးလိုက်ပါ

၂၁ ။ reboot ချလိုက်ပါ

၂၂ ။ reboot


၂၂ ။ reboot ပြန်တက်လာရင် Link2SD ကိုပြနိဝင်ပြီး Yပုံစံလေးကို နှိပ်ပါ ပြီးရင် user ကိုနိပ်ပါ
user applications အောက်ရောက်သွားပါမည်

၂၃ ။ Menu ကိုနိပ်ပီ multi select လုပ်လိုက်ပါ

၂၄ ။ အပေါ်က select all ကိုနိပ်ပါ

၂၅ ။ Menu ကိုထပ်နိပ်ပြီး crate link ကိုနိပ်ပါ

၂၆ ။ Link တွေအကုန် အမှန်ခြစ်ပေးပါ

၂၇ ။ linked->SDcard ဆိုရင် ထပ်တိုးထားတဲ့ memory ထဲရောက်သွားပါပြီး

၃၀ ။ Menu ကိုနိပ်ပါ stroage info ဆိုပီးပါပါတယ် ၀င်လိုက်ပါ

၃၁ ။ sdcard 2nd part ဆိုတာ ထပ်တိုးးထားတဲ့ memory ပါပဲ

၃၂ ။ cache တွေ ရှင်းပေးတဲ့ shortcut တစ်ခု ဒါမှ မဟုတ် widget မှတဆင့် Desktop ပေါ်တင်ရပါတယ်
ပြိးတော့ တခြား Tool တွေလဲပါပါသေးတယ်။



ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ

မြန်မာလူမျိုးများအတွက်မြန်မာဘာသာစကားဖြင့်ဖုန်းအတွက်ဝန်ဆောင်မှုပေးတဲ့ myanmar answer call apk




ဒီနေ့ တော့မြန်မာလူမျိုးများအတွက် မြန်မာapkတခုတင်ပေးလိုက်ပါတယ်
ခုဦးလေးကြီးတင်ပေးတဲ့ apkလေးကို လူမျိုးဘာသာမရွေးသုံးဆွဲလိုရပါတယ်
မြန်မာဘာသာစကားဖြင့်ဖွဲစည်းထားလို မြန်မာလူမျိုးများအတွက်လိုခေါင်းစဉ်တပ်ပေးလိုက်တာပါ
တော်ကြာ ဦးလေးကြီးက ခွဲခြားခြားလုပ်တယ်လိုထင်နေအုံးမယ်နော်
သတိ-မိမိတွေရှိသောအရာများကို တခြားသူများအတွက်ပြန်လှန်shareပေးဖို့ 
တိုက်တွန်းလိုက်ပါတယ်

ဒီကောင်းလည်းလေးရဲ့  ၀န်ဆောင်မှုပေးချက်များကတော့
များပြာလှပါတယ် သို့ ပေမယ့် မိမိရဲ့ ရွေးချယ်မှုအပေါ်ကို မှုတည်ပါတယ်



ဖွဲ့ စည်ပုံ

 နာရွတ်အနီးကတ်ခြင်းဖြင့် ဖုန်းကိုင်ခြင်း
လှုပ်ခါခြင်းဖြင့် ဖုန်းကိုင်ခြင်း
ဖုန်းမှောက်ခြင်းဖြင့် ဖုန်းချခြင်း
လှုပ်ခါခြင်းဖြင့် ဖုန်းချခြင်း
စပီကာ အမျိုးမျိုးကို သင့်စိတ်ကြိုက်ပြုပြင်လိုရခြင်း
ဖုန်းကိုင်လိုက်ရင် အချက်ပေးခြင်း
ဖုန်းချလိုက်တဲ့ အခါ အချက်ပေးခြင်း
ဖုန်းမှောက်ခြင်းဖြင့် ဖုန်းမြည်သံရပ်
အ၀င်နံပါတ်ပြောပြခြင်း
ဖုန်းခေါ်ဆိုမှုပြီးလျှင် မှုလစာမျက်နှာသို့ ရောက်ခြင်း
ဇယားဖြောက်ထားလိုရခြင်း
ဖုန်းကိုင်သောအခါ နားရွတ်နှင့်အကွာအဝေးပေးလိုရခြင်း
လှုပ်ခါအား ကိုယ်ကိုတိုင်း ချိန်ဆလိုရခြင်း

စသည်ဖုန်းအတွက်လုပ်ဆောင်ချက်များစွာပါဝင်တဲ့ myanmar answer call apkလေးဟာ
မိမိကြုက်နှစ်သက်သလို အလွယ်တကူ သင့်ကိုယ်တိုင်း
စိတ်တိုင်းကျရွေချယ် အသုံးပြုလိုရပါတယ်
မြန်မာဘာသာဖြင့်ပြုလုပ်ပေးထားတာကြောင့်
မြန်မာလူမျိုးများကြိုက်နှစ်သက်လိမ့်မယ်လိုထင်ပါတယ်




ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


computer ရှိသူတိုင်းဆောင်ထားသင့် တဲ့  ဆော့ ဝဲနှစ်ခုမိတ်ဆက်


computer ရှိသူတိုင်းဆောင်ထားသင့် တဲ့  ဆော့ ဝဲနှစ်ခုမိတ်ဆက်
========================================
ကွန်ပျူတာရဲ့ လုပ်ဆောင်မှူ့ ကိုအမြဲအပြုံးလေးတွေနဲ့ ပြပေးမဲ့ advaned system care pro နှင့်  unlocker
Windows 2000/XP/Vista/7/8 တွေမှာအသုံးပြုလို့ ရပြီး ( ဘာကီးမှမထည့် ပေးရပဲ ) အလိုလျောက် full version ရမယ်ဗျာ။အသုံးပြုရတာလည်းလွယ်တယ် ကျွန်တော်ဆိုနှစ်မျိုးလုံးသုံးနေပါတယ်။ တစ်ခုက မိမိကွန်ပျူတာအတွက်သန် ရှင်းရေးလုပ်ပေးဖို့ ဖြစ်ပြီး တစ်ခုက uninstall လုပ်မရ တဲ့ software တွေကိုရှင်းလင်းဖို့ ဖြစ်ပါတယ်။အိပ်ခါနီးကျလောက်မှာ စက်ကို auto repair  & shut down မှာ အမှန်လေးခြစ်ပေးထားရုံနဲ့ အလိုအလျောက်အလုပ်လုပ်ပေးနိုင်တာမို့ ။စက်ရှင်းဖို့ ပျင်းတဲ့ မိတ်ဆွေတွေအတွက်လည်း
သင့် တော်မှာပါ။သူ့ ကိုအသုံးပြုမယ်ဆိုရင် နှစ်ခုလုံးကို download ယူရမှာဖြစ်ပါတယ်။



အားလုံးအဆင်မပြေတာလေးတွေများရှိတယ်ဆိုရင်ဆိုရင်    comment လေးရေးပေးထားခဲ့ပါ


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


fb ကိုအလန်းသုံးလိုသူများအတွက်




fb ကိုအလန်းသုံးလိုသူများအတွက်


သုံးချင်မယ်ထင်လို့ သူများPageပေါ်
က Copy ရိုက်လာတာလေးပါ10မျိုးတောင်ပါတယ
်နော်
သေချာဖတ်ပြီး သေချာDownပြီး သုံးနိုင်ကြပါပြီ)
ကိုယ် Download သွားခဲ့လဲဆိုတာ ကွန်မန့်လေးတော့
ရေးခဲ့ပေးပါ ဗျာ)
အမြင်ဆန်းဆန်းလေးနဲ့ လန်းချင်သော သူငယ်ချင်
းများအတွက် Facebook ကာတွန်း ၁၀ ခုတင်ပေး
လိုက်ပါတယ်။ ၁၀ ခုလုံး Facebook Offical
Version 18.0.0.13.14 ဖြစ်ပြီး အားလုံး 24Mb
ဆိုဒ်အားပါ။ Offical Version ကိုပြင်ထားတာဖစ်
တဲ့အတွက် Photo Comment, Sticker
Comment, Feeling, Change Photo Cover
or Change Profile Photo မည်သည့် Erro ပြ
သနာမှ မရှိပါဘူး။ စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။
ယူမဲ့သူများ မိမိကြိုက်နှစ်သော Facebook
ဆော့ဝဲလ်နာမည်အလိုက် အောက်မှာ Download
ရယူနိုင်ပါတယ်။
မှတ်ချက်။ ။ယခုလက်ရှိ အသုံးပြုနေသော
Facebook ဆော့ဝဲလ်ကို အရင်ပြစ်ထုတ်
(Uninstall) ပြီးမှ ထည့်သွင်း
(Install) ပေးပါ။
•••••••••••••••••••••••••••••••••••••••••••••
••••••••••••••
ScreenShot အပုံများ အသေးစိတ် ကြည့်ချင်လျှင်
ဒီလင့် ( http://pc.cd/WbP ) ကိုနှိပ့်ပြီး ကြည့်မဲ့
အပုံကို တချက်နှိပ့်ပေးလိုက်ယုံဖြင့် ပုံကြီးချဲ့ ကြည့်
နိုင်ပါတယ်။
( 1 ) Facebook Chelsea
Download Link >> http://pc.cd/ihP
( 2 ) Facebook Conan
Download Link >> http://pc.cd/ehP
( 3 ) Facebook MickyMouse
Download Link >> http://pc.cd/hhP
( 4 ) Facebook Minion
Download Link >> http://pc.cd/PA6
( 5 ) Facebook Onepiece
Download Link >> http://pc.cd/bbP
( 6 ) Facebook Reborn
Download Link >> http://pc.cd/kmP
( 7 ) Facebook Stitch
Download Link >> http://pc.cd/NhP
( 8 ) Facebook Kuma
Download Link >> http://pc.cd/ua6
( 9 ) Facebook Kitty
Download Link >> http://pc.cd/tr6
( 10 ) Facebook Doraemon
Download Link >> http://pc.cd/2SP



ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


ဖုန်းတစ်​လုံးမှာ ​ဖေ့ဘုတ်​​တွေအများကြီးတင်​သုံးမယ်​ (1)



ဒီ ​app ​လေး​တွေက ​ပေါ်တာ​တော့ကြာပါပြီ ​​ချက်​​ဘောက်​တာင်းဆိုထားတဲ့သူရှိလို့ တင်​​ပေးလိုက်​တာပါ ရှိပြီးသားလူ​တွေက​တော့​ကျော်​သွား​ပေါ့။ မြန်​မာမှုပြုထားတဲ့ ​ဖေ့ဘုတ်​​လေး​တွေဆိုလည်းမမှားဘူး​ပေါ့ဗျာ။
တစ်​ခု​တော့ရှိတယ်​ အနိမ့်​ဖုန်း​တွေမှာ​တော့ ဒါမျိုးမသုံးသင့်​ပါဘူး။ ဘာလို့လဲဆို​တော့ ram မနိုင်​မှာ စိုးလို့ပါ။
တစ်​ချို့လူ​တွေက ​ဖေ့ဘုတ်​အ​ကောင့်​နှစ်​ခု သုံးခုရှိတယ်​ log out လပြ်​လိုက်​ sign in လုပ်​လိုက်​ အလုပ်​ရှုပ်​လို့ပါ ဆိုတဲ့သူ​တွေအတွက်​က​တော့ အကြိုက်​​တွေ့မှာပါ။scrren shoot ​လေး​တွေကို ကြည့်​လိုက်​ပါဦး
။ အဆင်​မ​ပြေတဲ့သူများ မန့်​ထားခဲ့ကြ​ပေါ့​နော။ chat box မှာလည်း​ရေးထားခဲ့နိုင်​ပါတယ်​။
လိုချင်​တဲ့သူများ​အောက်​ကလင့်​မှာ​ဒေါင်းလိုက်​ပါကွယ်​ ။

ဖေ့ဘုတ်​ အနီ​ရောင်​  >>> http://pc.cd/NfI

ဖေ့ဘုတ်​ အစိမ်း​ရောင်​>>>  http://pc.cd/mBI

ဖေ့ဘုတ်​ အ၀ါ​ရောင်​>>>  http://pc.cd/0WI

ဖေ့ဘုတ်​အနက်​​ရောင်​ (not offical)>>>   http://pc.cd/mWI

နောက်​ထပ်​လည်း ရှိတာ​လေး​တွေ တင်​​ပေးသွားပါ့မယ်​တင်​​ပေးသွားပါ့မယ်



ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ

Font Sytle ပါပြီးသား ဖုန်းအားလုံးကို Root စရာမလိုပဲ မြန်မာစာ အလွယ်တကူထည့်ယူနိုင်တဲ့ ဆော့ဝဲ-iFont(Expert of Fonts) v5.3


iFont(Expert of Fonts) v5.3
မင်္ဂလာပါ
iFont ဆိုရင် လူတိုင်းသိလောက်မှာပါ
တကယ် perfect replacement font အမျို အစားပါ

 ပြီးတော့ ဒီဆော့ဝဲလေးဟာ Font Sytle ပါပြီးသား ဖုန်းအားလုံးကို
 Root စရာမလိုပဲ မြန်မာစာ အလွယ်တကူထည့်ယူနိုင်တဲ့ ဆော့ဝဲဖြစ်ပါတယ်။

Android အတွက် သောင်းပေါင်းများစွာသော
Font Apk တွေထဲမှာတော့ The best အဖြစ်ရပ်တည်နေတာပါ။

 အထူးသဖြင့် ဒီဆော့ဝဲလေးဟာ Samsung ဖုန်းသမားတွေအတွက်
Font Style ပါထားပြီးသား Galaxy ဖုန်းအားလုံးကိုရော့
ပြီးတော့ Galaxy S3,S4,Note,Note II အထက် ဖုန်းအားလို
မြန်မာစာ လုံးဝအမှန်ထည့်ပေးနိုင်တဲ့ တစ်ခုတည်းသော
Font Apk လေးဖြစ်ပါတယ်။

Official ရဲ့ တရားဝင် စာရင်းထဲမှာလည်း
Korean,Japanese,Arabic,Russian,French,
Spanish,Vietnamese,Myanmar... font ဆိုပြီ
ပါထားပြီးသား ဖြစ်နေတာကိုက Credit ပေးသင့်နေပါပြီ။

Change the font, Change your mood!
Main functions

=============== 
1.Support Samsung, XiaoMi (MIUI), Meizu,HuaWei
(Emotion UI)phone perfect replacement font
2.Support Htc, Sony, Motolora phone replacement font(Need Root)
3.Support to modify the font size, support for custom fonts
4.Easy to operate,eliminate the tedious steps.
5.Automatic backup fonts easily restore the factory font
6.Change font size,make size from small to big. 


Download Here

OR

Downlaod Here

အဆင်ပြေပါစေ


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ

Samsung latest official firmware တွေကို တနေရာတည်းကနေဒေါင်းလော့ရယူနိုင်ပါပြီ 9:22 AM Android Firmwares


မင်္ဂလာပါ
တောင်းဆိုမှုများနေတဲ့ Samsung Firmware ဆိုင်ရာ
တစ်နေရာတည်းမှာ ဒေါင်းလော့ရယူနိုင်မယ့် လင့်တစ်ခုကို
အားလုံးအတွက် တင်ပေးလိုက်ပါတယ်။

Android Version 4.4.4 တွေချည်းပါ စိတ်ကြိုက်ရွေးပြီး
ဒေါင်းလော့ရယူနိုင်မှာဖြစ်ပါတယ်။

အလိုရှိတဲ့ ညီအကိုများကတော့ အောက်ကလင့်မှာ
ဒေါင်းလော့ရယူနိုင်ပါပြီ။

Samsung latest Official Firmwares 

ဒေါင်းလော့ရယူနည်းများ
============ 
၁။ Download ဆိုတဲ့ အပြာလေးနဲ့ စာတန်းကို နှိပ်လိုက်ပါ
အနီရောင်နဲ့ ၀ိုင်းပြထားပါတယ်။


၂။ အောက်ပုံအတိုင်းပေါ်လာခဲ့ရင်တော့ အ၀ါရောင်လေးကိုနှိပ်ပါ


၃။ ကျနော် အနီရောင်လေးနဲ့ ၀ိုင်းပြထားတဲ့
 Slow speed Download ဆိုတာကိုနှိပ်ပေးလိုက်ပါ။


၎။ အောက်ကပုံအတိုင်းပြနေခဲ့ရင်တော့ အနီရောင်လေးနဲ့
ဝိုင်းပြထားတဲ့နေရာမှ စာသားတွေကို Your Answer နေရာမှာ
ဖြည့်ပေးလိုက်ပါ၊ ပြီးရင် အ၀ါရောင်း Button နေရာ Send ဆိုကိုနှိပ်ပေးလိုက်ပါ။


၅။ အောက်ကပုံအတိုင်း ပြနေခဲ့ရင်တော့
 Click Here to Download ဆိုတာကို နှိပ်ပေးလိုက်ပါ။


၆။ အောက်ကပုံအတိုင်း ပေါ်လာရင်တော့ Start Download
ဆိုတာကိုသာနှိပ်ပေးလိုက်ပါ။


(မှတ်ချက်=အထက်ပါဒေါင်းလော့လုပ်နည်းများတွင် ဒေါင်းလော့
ရခြင်း မရခြင်းများသည် သင့်အင်တာနက် ကော်နယ်ရှင်နဲ့သာဆိုင်ပါကြောင်း)

အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်
ခင်မင်လေးစားလျှက်

အဆင်ပြေပါစေ



ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ

ဗိုင်းရပ်ကြောင့် Window ကျသွားတဲ့ စက်တွေမှာ ဒေတာတွေကိုဘယ်လိုပြန်လိုက်မလဲ




ဒီနေ့ပြောပြချင်တဲ့ အကြောင်းကတော့ ဗိုင်းရပ်ထိပြီး အကြောင်းအမျိုးမျိုးကြောင့် Window ပြန်မတတ်နိုင်တော့တဲ့ စက်တွေက
Data တွေကိုဘယ်ဘယ်လိုပြန်ယူလို့ရမလဲဆိုတာ ပြောပြပေးပ့ါမယ်။
ကွန်ပျူတာအသုံးပြုသူတွေရဲ့ အကြောက်ဆုံးတခုကတော့ ဗိုင်းရပ်ပါဘဲ လူတွေက ဗိုင်းရပ်ဆို အသံကြားတာနဲ့တင်လန့်နေတတ်ကြပါတယ်
ဗိုင်းရပ် အမျိုးအစားများစွာရှိတဲ့အထဲက ကွန်ပျုတာအသုံးပြုသူတွေရဲ့ စိတ်အနှောက်အယှက်ဖြစ်စေတဲ့ ဗိုင်းရပ်အမျိုးအစား တွေကလဲတော်တော်များပြားလှပါတယ်
တချို့ ဗိုင်းရပ်တွေဆိုရင် တော်တော်အစွမ်းထက်လှအောင် ကြောက်စရာကောင်းလှတဲ့ ဗိုင်းရပ်တမျိုးကို
ကျွန်တော်တွေ့ခဲ့ဘူးပါတယ် ကျွန်တော်ကွန်ပျုတာစသုံးဖြစ်ခဲ့တဲ့ 2010 ခုနှစ်လောက်ကပါ။
အဲ့တုံးက အရမ်းခောတ်စားတဲ့ အင်တာနက်မှာနံမယ်ကြီးသီးချင်းတွေကို စုစဉ်းပြီး DVD အယ်ဘမ် လုပ်ထားတဲ့ အခွေတစ်ခွေကို သူငယ်ချင်းတယောက်က MP3
ပြန်ပြောင်းခိုင်းခဲ့တာက ဖြစ်ခဲ့တာပါ အဲ့ဗိုင်းရပ်က ဘယ်လောက်ဆိုးလဲ ဆိုတော့  DVD အခွေကို Drive ထဲ ထည့်ပြီးတုံးခဏဘဲရှိသေးတယ် Window ပြုတ်ကျသွားပါတယ်
အဲ့တုံးက Window တင်တတ်ခါစဆိုတော့ပြသနာကိုသေသေချာချာ ဂဃနဏဏ မသိသေးပါဘူး Window ဘဲအလွယ် ပြန်တင်ခဲ့ပါတယ် ....
ဗိုင်းရပ်တွေက အမျိုးအစားတော်တော်များသလို တော်တော်ဒုက္ခပေးတဲ့ အရမ်းအစွမ်းထက်တဲ့ ဗိုင်းရပ်မျိုးကို ဗိုင်းရပ်ရေးသူတွေက ဖန်းတီးခဲ့ပါတယ်
ဗိုင်းရပ်တွေထဲမှာ Microsoft Window တိုက်ခိုက်တဲ့ဗိုင်းရပ်အမျိးစားတွေက အများဆုံးလို့သိရပါတယ်။

ဒီကနေ့သူငယ်ချင်းတို့ ကွန်ပျုတာထဲကို ကျွန်တော်ကြုံခဲ့သလိုမျိုး Window ကျသွားတဲ့အထိဆိုးရွားတဲ့ ဗိုင်းရပ်ထိပြီး Window ကျတဲ့သူငယ်ချင်းတွေအတွက် ကျသွားခဲ့တဲ့ Window ထဲက ဒေတာတွေ
ကိုယ်မသိမ်းရသေးတဲ့ အရေးကြီးတဲ့ File တွေ Folder တွေကို မိမိကွန်ပျုတာ Windowတင်မထားတဲ့ Drive D: ထဲမှဲာ့(သို့မဟုတ်)အခြားနေရာမှာလုံလုံခြုံခြုံ အမြဲသိမ်းထားဘို့လိုပါလိမ့်မယ်
ဒီလိုမှမဟုတ်ရင်တော့ ကိုယ်အချိန်ပေးပြီးစုဆောင်လာတဲ့(သို့မဟုတ်)ကိုယ်တိုင်အချိန်ပေးပြီးဖန်တီးထားတဲ့ ဒေတာတွေဆုံးရှုံးရပါလိမ့်မယ် တကယ်လို့ဒီပြသနာတက်ခဲ့မယ်ဆိုရင် ကိုယ်ကဘာမှပြင်ဆင်မထားရသေးဘဲ
အကြောင်းအမျိုးမျိုးကြောင့် Window ကျခဲ့မယ်ဆိုရင် Window ကျသွားခဲ့တဲ့ ထဲမှာမိမိလိုချင်တာတွေ ပြန်ယူလို့ ရနိုင်တဲ့နည်းလမ်းတွေအများကြီးရှိပါတယ်ဗျာ....

အခုအဆင်ပြေဆုံးနည်းလမ်းလေးတခု ပြောပြပေးလိုက်ပါမယ်....

လိုအပ်တာတွေကိုအရင်ဒေါင်းလော့ဆွဲလိုက်ပါအုံးနော်..ဗားရှင်းနှစ်ခုတင်ပေးထားပါတယ်

 ဒေါင်းလော့ဆွဲပြီးပြီဆိုရင်  အောက်ကပုံတွေအတိုင်း အခွေအရင်ဘမ်းလိုက်ပါနော်
 1.ဒေါင်းလော့ဆွဲလို့ရလာတဲ့  Zip ဖိုင်လေးကိုဖြည့်လိုက်ပါ








        2.ဖြေလိုရလာတဲ့အထဲက BurnToCD .Bat File လေးကိုRun လိုက်ပါ




    

       3. Star Button လေးကကလစ်ပြီး DVD Drive အဖုံးပွင့်လာရင် အ ထဲကို CD      
           အလွတ်တချပ်ထည့်လိုက်ပါ။




4.Pleace insert a"blank"disc into the drive. "OK" 
   ခုဏက အခွေထည့်ပြီးလို "OK" နှိပ်ပြီးရင် အခွေစဘမ်းနေပါလိမ့်မယ်။



 အဲ့အပေါ်ကပုံစံအတိုင်း ပေါ်နေပြီဆို အခွေဘမ်းနေတာသေချာပါပြီ ခဏစောင့်နေလိုက်ပါ။

  ပြီးရင်အောက်က လိုပုံလေး အခွေကူးပြီးစီးကြောင်းပြပါလိမ့်မယ်


 Complete ပြနေပြီဆို  Close နဲ့ပိတ်လိုက်ပါ ပြီးပြီးဆို Hiren BootCD 

 အခွေရပါပြီ ဒါဆိုရင် အောက်ကအဆင့်တွေအတိုင်းလုပ်ပေးလိုက်ပါ

Hiren BootCD အသုံးပြုနည်းတွေကအများကြီးရှိပါတယ်
ဒီအကြောင်းတွေကိုလဲ နောက်မှ အပြည့်အစုံစာအုပ်ထပ်ရေးပါအုံးမယ်
လောလောဆယ် Window ကျသွားတဲ့ စက်တွေမှာ ဒေတာတွေကို
ပြန်ဆယ်နည်းလေးရေးပေးလိုက်ပါ့မယ်.



Hiren BootCD အသုံးပြုနည်း
-------------------------------
 Window ကျသွားပြီဒေတာတွေပြန်လည်ရယူလိုတယ်ဆိုရင်တော့ မိမိကွန်ပျုတာကို ဝင်းဒိုးတင်သလိုဘဲ
 Boot အရင်ခေါ်လိုက်ပါ Hiren BootCD  နဲ့တတ်လာရင် အောက်ကလို ပုံလေးပါ



  အဲထဲမှာ Mini Window XP ကိုရွေးပြီး Enter နှိပ်လိုက်ပါ Window XP တတ်လာပါလိမ့်မယ် 
  အဲ့ဒီတော့မှ ကိုယ်မသိမ်းရသေးတဲ့ ဝင်းဒိုးအဟောင်းထဲက ဖိုင်တွေပြန်ရှာပြီး သိမ်းထားလိုက်ပါ။
Hiren BootCDမှာ အသုံးဝင်တဲ့ အခြားဟာတွေအများကြီးပါဝင်ပါသေးတယ်
အဲ့ဒါတွေကတော့
1. Administrator အကောက် Pressword ကိုမေ့နေရင်ပြန်ဖြုတ်နိုင်ပါတယ်
2. Window  တင်ပြီးသားတွေကို Clone ရိုက်ပြီး အခြားစက်တွေမှာ ပြန်သုံးနိုင်ပါတယ်
    ဒီလိုအသုံးပြုခြင်းအားဖြင့် ဝင်းဒိုးတင်တာပုံမှန် 1နာရီ လောက်အချိန်းပေးစရမလိုဘဲ ခဏလေး
    ဝင်းဒိုးအသစ်ပြန်ရနိုင်ပါတယ်
3. Window ကျသွားတဲ့အချိန် Window အဟောင်းထဲက ဒေတာတွေပြန်လည်ရယူနိုင်ပါတယ်
4. မိမိကွန်ပျူတာထဲကို ဝင်ရောက်နေတဲ့ဗိုင်းရပ်ကုတ်တွေကို Hiren BootCD  Boot တတ်ပြီးရှင်းလင်းနိုင်ပါတယ်
5. Bios Pressword တွေကိုလဲဖြုတ်ပေးနိုင်ပါတယ်
    ဒါကတော့ မားသားဘုတ်အလိုက် ရတဲ့ဟာရှိသလိုမရတာတွေလဲ ရှိတတ်ပါတယ်

 ကဲဒီညတော့ဒီလောက်ပါဘဲ နောက်မှ အသုံးပြုနည်းစာအုပ်ရေးပေးပါအုံးမယ်နော်
 အဆင်ပြေပါစေဗျာ။။


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ