Our social:

Latest Post

Showing posts with label သတင်. Show all posts
Showing posts with label သတင်. Show all posts

October 27, 2014

Windows 10 ကို Microsoft မိတ်ဆက်




Microsoft သည် operating system အသစ်ဖြစ်သော Windows 10 ကို အင်္ဂါနေ့က မိတ်ဆက်ခဲ့ပြီးနောက် ဆန်ဖရန်စ္စကိုမြို့တွင်ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲ၌ အသေးစိတ် အချက်အလက်များကို ရှင်းပြခဲ့သည်။ အဆိုပါ Windows 10 သည် Microsoft က Windows 8 ကို မိတ်ဆက်ပေးခဲ့ပြီး နောက်ပိုင်း Windows 9 ကို ချန်လှပ်ကာ မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်သည်။

" Windows 10 ကို ထုတ်ကုန် အများအပြားမှာ အသုံးပြုနိုင်ပါမယ်။ ထုတ်ကုန်တစ်ခုမှာ အသုံးပြုတိုင်း မတူညီတဲ့ အတွေ့အကြုံတွေကိုလည်း ရရှိမှာပါ" ဟု Microsoft operating system ဌာန၏ ဒုဥက္ကဌဖြစ်သူ တယ်ရီမေယာဆန်က ပြောကြားခဲ့သည်။

ဆက်လက်ပြီး ၎င်းက Windows 10 ကို မျက်နှာပြင် ၄ လက်မ စမတ်ဖုန်းများမှ ၈၀ လက်မ နံရံကပ် မော်နီတာများဖြင့်လည်း သုံးစွဲနိုင်မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

Microsoft ၏ operating system သစ်သည် သုံးစွဲသူများ၏ ထုတ်ကုန်များအားလုံးတွင် အသုံးပြုနိုင်ရန် အတွက် ဖန်တီးထားခြင်း ဖြစ်သည်။ ထို့အပြင် လုပ်ငန်းပိုင်းဆိုင်ရာ သုံးစွဲသူများအတွက် မေယာဆန်က " Windows 10 ဟာ ယနေ့ခေတ်မှာ အသုံးပြုနေကျတဲ့ သမရိုးကျ စီမံခန့်ခွဲမှု စနစ်တွေနဲ့ တွဲဖက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်" ဟု ပြောဆိုခဲ့သည်။

Windows 8 သည် touch screen သို့မဟုတ် ကီးဘုတ်တို့ဖြင့် တွဲဖက်အသုံးပြုနိုင်ရန် ဒီဇိုင်းထုတ်ထားသော်လည်း သုံးစွဲသူများက Windows 7 ကိုသာ နှစ်သက်ကြသည်။ ထို့ကြောင့် Microsoft ၏ Operating system အတွက် ဒုဥက္ကဌ ဂျိုးဘဲဖီအိုရီက "ကျွန်တော်တို့အနေနဲ့ Windows 7 သုံးစွဲသူတွေ ရပ်တည်ချက်တစ်ခု ရှိတာမျိုး လိုချင်ပါတယ်။ အဲဒါကတော့ သုံးစွဲသူတွေ အနေနဲ့ မနေ့က ပထမမျိုးဆက် Prius ကားမောင်းနေခဲ့ပြီး ဒီနေ့မှာတော့ Windows 10 လိုမျိုး Tesla ကားကို မောင်းနှင်စေချင်တဲ့ ရည်ရွယ်ချက်ပါ" ပြောဆိုသွားသည်။

ဆက်လက်ပြီး ဘဲဖီအိုရီက "ကျွန်တော်တို့ရဲ့ Windows 10 ရည်မှန်းချက်ကတော့ Windows 7 က mouse နဲ့ ကီးဘုတ် အသုံးပြုထားတဲ့ အတွေ့အကြုံကို ချဉ်းကပ်ပြီး UI သစ်ကို ရှာဖွေပေးဖို့ပါပဲ။ ဒါမှပဲ touch screen သုံးစွဲသူအတွက်လည်း ပင်ကိုယ်အရည်အသွေး တစ်ခုကို ရရှိလာပါမှာ" ဟုဆိုခဲ့သည်။

Microsoft သည် ၎င်း၏ Windows 10 တွင် window တစ်ခုအတွင်း စာသားများကို paste လုပ်နိုင်သော Control + V ကဲ့သို့ ပြန်လည် ဆန်းသစ်ထားသော feature များလည်း ထည့်သွင်းပေးခဲ့သည်။

Microsoft အနေဖြင့် Windows 10 ကို ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် April Build conference နောက်ပိုင်းတွင် စတင် တင်ပို့ ရောင်းချသွားမည် ဖြစ်သည်။

Ref: CBSNews


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ

October 07, 2014

အမှုတွဲတစ်ခုလုံး စစ်ဆေးခွင့် မြန်မာသံရုံးအထူးအဖွဲ့ တောင်းဆို




ဗြိတိန်စုံတွဲ မှုခင်းဖြစ်ပွားရာ ခိုတောင်ကျွန်းသို့ မြန်မာ သံရုံးမှ အထူးအဖွဲ့သွားရောက်စစ်ဆေးရာ ဒေသခံများနှင့် တွေ့ ဆုံပြီးနောက် ဖမ်းဆီးခံမြန်မာလုပ်သားသုံးဦး၏ အမှုတွဲတစ်ခုလုံးကို တောင်း၍ စစ်ဆေးခွင့်ပြုရန် ယင်းအဖွဲ့က တောင်းဆိုလိုက်သည်။
အောက်တိုဘာ ၅ ရက်တွင် ဗြိတိန်စုံတွဲကို သတ်ဖြတ်မှုဖြင့် ဖမ်းဆီးခံမြန်မာလုပ်သားသုံးဦး၏ ဖြစ်စဉ် မှန်ကန်မှု ရှိ၊ မရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အထူးဖွဲ့ စည်းထားသောအဖွဲ့က မှုခင်းဖြစ်ပွားရာ ခိုတောင်ကျွန်းသို့ သွားaရာက်စစ်ဆေးခဲ့သည်။
ထိုအဖွဲ့တွင် ထိုင်းနိုင်ငံရှေ့နေများ ကောင်စီမှ ငှားရမ်းထားသော ထိုင်းရှေ့နေနှစ်ဦးလည်း ပါဝင်ခဲ့သည်။
ယင်းအဖွဲ့သည်  ခိုတောင် ကျွန်းသို့ သွားရောက်စစ်ဆေးရာ ထိုကျွန်းတွင် နေထိုင်လုပ်ကိုင်aသာ လူအများစုက ဖမ်းဆီးခံမြန်မာ လုပ်သားသုံးဦး သတ်ဖြတ်ခဲ့jခင်း မဟုတ်ကြောင်း မြန်မာသံရုံးအဖွဲ့အား ပြောဆိုကြသည်ဟု သွားရောက်စစ်ဆေးရာတွင် ပါဝင်သည့် ရှေ့နေဦးအောင်မျိုးသန့်က 7Day Daily အား ပြောကြားသည်။
ထိုသို့ ပြောဆိုခြင်းကြောင့် မြန်မာသံရုံးအဖွဲ့သည် ယင်းအမှုအား ကိုင်တွယ်သော ထိုင်းနိုင်ငံရှိ ရှေ့နေများ၊ တရားသူကြီးများနှင့် တွေ့ဆုံ၍ အမှုတွဲတစ်ခုလုံးအား စစ်ဆေးရန်တောင်းဆိုသွားမည်ဖြစ်ကြောင်း ရှေ့နေဦးအောင်မျိုးသန့်က ပြောသည်။
‘‘ဒီအမှုကို မြန်မာနိုင်ငံက အစိုးရကိုလည်း တင်ပြရမယ်။ သူတို့တွေ မလုပ်ဘူးဆိုတာ ယုံကြည်နေလို့ အမှုတွဲတောင်းပြီး တော့ ပြန်စစ်မှာပါ။ ဒီနေ့ညပဲ ထိုင်းဘက်က ရှေ့နေတွေနဲ့ အစည်းအဝေးလုပ်ဖို့ ချိန်းထားပါတယ်’’ ဟု ၎င်းက ပြောသည်။
မြန်မာသံရုံးအဖွဲ့သည် ဖမ်းဆီးခံ မြန်မာလုပ်သားများနှင့် အောက်တိုဘာ ၅ ရက်တွင် တွေ့ဆုံခွင့် မရရှိသေးကြောင်း ဦးအောင်မျိုးသန့်က ပြောသည်။
‘‘ကလေးတွေကို အတူတူ မထားဘူး။ နှစ်ယောက်က ကော့စမွတ်ထောင်မှာ ထားတယ်။  တစ်ယောက်က အခြားထောင်တစ်ခုမှာ သက်သက်ထားတယ်။ သူတို့လုပ်တာ ကိုင်တွယ်တာတွေကို သံသယဖြစ်မိတယ်။ ဒီမှာ တော့ အကုန်လုံးက မြန်မာသတ်တာ မဟုတ်ဘူးလို့ဘဲ ပြောနေကြပါတယ်’’ ဟု ဖမ်းဆီးခံမြန်မာလုပ်သားသုံးဦး သွားရောက် မေးမြန်းစစ်ဆေးရာတွင်ပါဝင်သည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့(MAT)အမှုဆောင် ဒါရိုက်တာ ဦးကျော်သောင်းက ပြောသည်။
ယင်းအဖွဲ့သည် ဖမ်းဆီးခံ မြန်မာသုံးဦးနှင့် ယနေ့မှသာ တွေ့ ခွင့်ရမည်ဖြစ်သည်။ ထိုင်းအခြေစိုက် Cross Cultural (NGO) အဖွဲ့အစည်းတစ်ခုကလည်း မြန်မာ ရွှေ့ပြောင်းလုပ်သား သုံးဦးအား တရာခံဟု ထုတ်ပြန်လိုက်ခြင်းနှင့်ပတ်သက်၍ အမှုပြန်လည်စစ်ဆေးပေးရန် ထိုင်းရဲတပ်ဖွဲ့ထံ တောင်းဆိုထားသည်။
ထိုင်းနိုင်ငံသို့ လာရောက် လည်ပတ်သော အသက်(၂၄) နှစ်အရွယ် ဗြိတိန် နိုင်ငံသား ဒေးဗစ်မီလာနှင့် အသက်(၂၃) နှစ်အရွယ် ဟန်နာယီသာရစ်ခ်ျ တို့သည် စက်တင်ဘာ ၁၄ ရက် ညဥ့်သန်းခေါင်တွင် ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဆူရတ်ဌာနီခရိုင်၊ ခိုတောင်ကျွန်း (လိပ်ကျွန်း)၌ အသတ်ခံခဲ့ရခြင်းဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်တွင် ၎င်းတို့၏ အလောင်းများ တွေ့ရှိခဲ့သည်။



ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


ဗြိတိန်စုံတွဲသတ်သူ တရားခံမှာ မြန်မာလုပ်သားသုံးဦးဟုဆိုခြင်းကို မြန်မာသံရုံးမယုံကြည်၍ ရှေ့နေငှား သက်သေပြမည်





 ဗြိတိန်စုံတွဲကို သတ်ခဲ့ကြောင်းဝန်ခံသော မြန်မာနှစ်ဦး၏ DNA မှာ သေဆုံးသူကိုယ်ပေါ်မှ နမူနာနှင့် ကိုက်ညီနေ၍ လူသတ် တရားခံများမှာ မြန်မာလုပ်သား များဖြစ်သည်ဟု ထိုင်းရဲတပ်ဖွဲ့က အတည်ပြုထုတ်ပြန်လိုက်သော် လည်း ထိုင်းနိုင်ငံဆိုင်ရာမြန်မာ သံရုံးက ယုံကြည်မှုမရှိ၍ ထိုင်း ရှေ့နေသုံးဦး ငှားရမ်းကာ လုပ်သားသုံးဦး ဖမ်းဆီးထားရှိရာအကျဉ်းထောင်သို့  ယနေ့သွားရောက်၍ တွေ့ဆုံမေးမြန်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။


ဗြိတိန်စုံတွဲအသတ်ခံရမှုနှင့် ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့က မြန်မာလုပ်သားသုံးဦးကို အောက် တိုဘာ ၁ ရက်တွင် ဖမ်းဆီးခဲ့ သည်။ ဖမ်းဆီးခံရသည့် မြန်မာလုပ်သားသုံးဦးအနက် နှစ်ဦးသည် လူသတ်တရားခံများဖြစ်သည်ဟု ထိုင်းရဲ တပ်ဖွဲ့ထံ အောက်တိုဘာ ၂ ရက် တွင် ၀န်ခံခဲ့သည်ဟု ထိုင်းရဲတပ် ဖွဲ့ကထုတ်ပြန်သည်။ ၀န်ခံခဲ့ သော မြန်မာလုပ်သားနှစ်ဦးသည် ဗြိတိန်စုံတွဲအသတ်ခံရမှုနှင့် ပတ် သက်၍ ထိုင်းရဲတပ်ဖွဲ့က အခင်း ဖြစ်ပွားပြီး နောက်တစ်နေ့ဖြစ် သော စက်တင်ဘာ ၁၆ ရက်တွင် ဖမ်းဆီး၍ စစ်ဆေးမေးမြန်းခဲ့ပြီး တရားခံများမဟုတ်ဟုဆိုကာ ထို နေ့၌ပင် ပြန်လွှတ်ပေးခဲ့သော သူ နှစ်ဦးဖြစ်သည်။
ဝန်ခံသည့် မြန်မာလုပ်သား နှစ်ဦးထံမှ DNA ကို အောက်တို ဘာ ၂ ရက်တွင် စစ်ဆေးရာ သေ ဆုံးသူကိုယ်ပေါ်မှ နမူနာနှင့် ကိုက်ညီနေ၍ လူသတ်တရားခံဖြစ် ကြောင်း ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၃ ရက်၌ အတည်ပြု လိုက်သည်။
ပြစ်မှုကျူးလွန်ကြောင်း စွပ် စွဲခံရသူ အသက် (၂၁) နှစ်အရွယ် ၀င်းကျော်ထွန်းသည် ပြစ်မှုကျူး လွန်ကြောင်း ၀န်ခံခြင်းမရှိသေး ပေ။ အခြားစွပ်စွဲခံရသူ နှစ်ဦးဖြစ် သော အသက် (၂၃) နှစ်အရွယ် မောင်မောင်နှင့် အသက် (၂၁) နှစ်အရွယ် ဇော်လင်းတို့သည် DNA စစ်ချက်နှင့် ကိုက်ညီနေသူ များဖြစ်ပြီး ပြစ်မှုကျူးလွန်ကြောင်း ၀န်ခံထားသူများဖြစ်သည်။ ၎င်း တို့နှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၃ ရက်တွင် အခင်းဖြစ်ပွားသည့်နေရာ၌ သရုပ်ပြမှု များပြုလုပ်ခိုင်းခဲ့သည်။
ဗြိတိန်စုံတွဲကို သတ်သော တရားခံများမှာ မြန်မာလုပ်သား များ မဟုတ်ကြောင်း ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက သက်သေပြရန် ထိုင်းရှေ့နေ သုံးဦးကို ငှားရမ်းကာ ဆူရတ်ဌာနီမြို့ရှိ ဖမ်းဆီးခံမြန်မာလုပ်သား သုံးဦး ထားရှိသော အကျဉ်းထောင်သို့သွား ရောက်သက်သေပြသွားမည်ဟု ဆိုသည်။
‘‘လူသတ်တရားခံက မြန်မာ တွေဖြစ်တယ်ဆိုတာကို လက် မခံပါဘူး။ ၀န်ခံတယ်ဆိုတာက လည်း ရဲလက်ထဲမှာပဲ ၀န်ခံတာ ပါ။ ဒါကသူတို့လုပ်ချင်သလို လုပ် လို့ရပါတယ်။ သံရုံးကလည်း ယုံ ကြည်မှုမရှိပါဘူး။ ဒီပုံစံအတိုင်းဆိုကျန်တဲ့တစ်ယောက်ကလည်း ၀န် ခံတော့မှာပါ။ အရင်ကသူတို့ဖမ်း ပြီး တရားခံမဟုတ်ပါဘူးလို့ လွှတ် ပေးလိုက်တဲ့ သူနှစ်ယောက်က ပြန်ဖမ်းခံပြီး ၀န်ခံလိုက်တာပါ။ ထိုင်းရှေ့နေသုံးဦးနဲ့ အတူအထူး တာဝန်ပေးထားတဲ့ အဖွဲ့က မနက်ဖြန် သူတို့ထားရှိတဲ့ ထောင်ကို သွားပြီး ဘာဖြစ်လို့ ၀န်ခံရတာလဲ။ အဖြစ်မှန်က ဘာလဲဆိုတာ တွေ့ ဆုံမေးမြန်းမှာပါ’’ဟု ထိုင်းနိုင်ငံ ဆိုင်ရာမြန်မာသံရုံးက ထိုဖြစ်စဉ် ကို အနီးကပ်လေ့လာစောင့်ကြည့် ရန် စေလွှတ်ထားသည့် ရှေ့နေ ဦးအောင်မျိုးသန်းက 7 Day Dailyအား ပြောကြားသည်။
အခင်းဖြစ်ပွားရာ ခိုတောင် ကျွန်းတွင် Full Moon (လပြည့် ည)ပွဲတော်ပြုလုပ်လေ့ရှိရာ ထိုညတွင် ဗြိတိန်စုံတွဲ အသတ်ခံရပြီး ကျွန်းတာဝန်ရှိသူများက ပွဲတော် ပြုလုပ်လေ့ရှိသည့် နေရာသို့ ရွှေ့ပြောင်းမြန်မာလုပ်သားများ လာရောက်ခွင့် မရှိကြောင်း ရှေ့နေဦးအောင်မျိုးသန်းက ဆက်လက်ပြောကြားသည်။
‘‘သူတို့လုပ်တာဟုတ်တယ် ဆိုရင်လည်းပဲ ကျွန်တော်တို့က သံရုံးနဲ့ ပူးပေါင်းပြီး ကူညီမှုတွေ ပေးသွားမှာပါ။ ဒီကိစ္စက ထိုင်း မှာ အသံအမျိုးမျိုး ထွက်နေပါ တယ်။ အများစုကတော့ မြန်မာ မဟုတ်ဘူးလို့ပဲ ပြောနေကြပါ တယ်။ နိုင်ငံတကာက စိတ်ဝင် စားတဲ့ သတင်းဖြစ်နေတော့ မြန်မာဟုတ်၊ မဟုတ်ဆိုတာ စုံစမ်းဖို့ လိုပါတယ်’’ဟု ထိုင်းနိုင်ငံ ဆိုင်ရာမြန်မာသံရုံးက ထိုဖြစ်စဉ်ကို အနီးကပ်လေ့လာစောင့်ကြည့်ရန် စေလွှတ်ထားသည့် ထိုင်းနိုင်ငံပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED) အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။
‘‘ခရီးသွားနှစ်ယောက် အ သတ်ခံရလို့ ရဲတပ်ဖွဲ့ကို ဖိအား ပေးခံနေရတာ။ ငွေပေးပြီး ၀န်ခံ ခိုင်းတာလည်း ဖြစ်နိုင်သလို ရိုက် နှက်လို့ ၀န်ခံပေးတာလည်း ဖြစ် နိုင်တယ်။ ထိုင်းလူမျိုးတွေက တောင် မြန်မာ မဖြစ်နိုင်ဘူးလို့ ပြောနေကြတယ်။ မြန်မာအစိုးရ ကလည်း ဒီကိစ္စကို စုံစမ်းပေး သင့်ပါတယ်။ သေချာတာက ဒီ လူသတ်မှုမှာ မြန်မာမဟုတ်တာ ပဲ’’ ဟု အခင်းဖြစ်ပွားရာ ခိုတောင် ကျွန်းတွင် လုပ်ကိုင်သည့် ရွှေ့ ပြောင်းမြန်မာလုပ်သားတစ်ဦးက ပြောသည်။
‘‘ဘန်ကောက်ပို့စ်က တင်တဲ့  သတင်းအောက်မှာ ပေးထားတဲ့ ကွန်မန့်တွေဖတ်ရင်း ငိုချင်စိတ် တောင်ပေါက်တယ်။ ဒီကိစ္စမှာ မြန်မာတွေမပါဘူး။ မြန်မာတွေ မဖြစ်နိုင်ဘူးလို့ ရေးထားကြတာ။ သူတို့ရဲတပ်ဖွဲ့ကို အယုံအကြည် မရှိတော့ဘူးလို့တောင် ရေးထား ကြတာပါတယ်။ မြန်မာတွေ သက်သက်အစားထိုးခံရတာပါ’’ ဟု ဘန်ကောက်မြို့တွင် နေထိုင် သော အသက် (၃၀) အရွယ် မြန်မာ အမျိုးသားတစ်ဦးက ဆို သည်။
ထိုင်းနိုင်ငံသို့ လာရောက် လည်ပတ်သော အသက် (၂၄) နှစ်အရွယ် ဗြိတိသျှနိုင်ငံသား ဒေး ဗစ်မီလာနှင့် အသက် (၂၃) နှစ် အရွယ် ဟန်နာယီသာရစ်ခ်ျတို့ သည် စက်တင်ဘာ ၁၄ ရက် ညဥ့် သန်းခေါင်တွင် ထိုင်းနိုင်ငံ တောင် ပိုင်း၊ ဆူရတ်ဌာနီခရိုင်၊ ခိုတောင် ကျွန်း(လိပ်ကျွန်း)၌ အသတ်ခံ ခဲ့ရခြင်းဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်တွင် ၎င်းတို့၏ အလောင်း များတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ထိုင်းရဲတပ်ဖွဲ့သည် အခင်း ဖြစ်ပွားပြီးနောက်နေ့တွင် ထို ကျွန်းရှိ ရွှေ့ပြောင်းမြန်မာလုပ် သားနှစ်ဦး (ယခု ၀န်ခံထားသူများ) ကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး တရားခံ မဟုတ်ဟုဆိုကာ ပြန် လွှတ်ပေးခဲ့သည်။ နောက်ပိုင်း တွင် ထိုကျွန်းရှိ ရွှေ့ပြောင်းမြန်မာ လုပ်သားများကို ရိုက်နှက်စစ်ဆေး မှုများ ထပ်မံပြုလုပ်ခဲ့သည်။
ထို့နောက် ဗြိတိန်စုံတွဲနှင့် အဖော်အဖြစ်ပါလာသည့် သူတစ် ဦးကို စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ထိုင်းနိုင်ငံသား နှစ်ဦးကိုလည်း ထပ်မံစစ်ဆေးမှုများ ပြုလုပ်ခဲ့ သည်။
ခိုတောင်ကျွန်းတွင် ရွှေ့ ပြောင်း မြန်မာလုပ်သား ၄၀၀၀ ၀န်းကျင်ရှိပြီး အလုပ်သမား အများစုမှာ ထိုကျွန်းရှိ ဟိုတယ်နှင့်စားသောက်ဆိုင်များ၌ လုပ်ကိုင် နေကြောင်း သတင်းရရှိသည်။


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ

September 27, 2014

မြေနိမ့်ရာလှံစိုက်ခံရသော မြန်မာအလုပ်သမားများနှင့် နာမည်ပျက်လာသော ထိုင်းနိုင်ငံမှ အပန်းဖြေစခန်းများ

                          

ထိုင်းနိုင်ငံမှ လိပ်ကျွန်းဟု အဓိပ္ပာယ်ရသည့် ကော့တောင်အို ကျွန်းတွင် လတ်တလောဖြစ်ခဲ့ သည့် လူသတ်မှုသည် ထိုင်းနိုင်ငံ ၏ လှပသောအပန်းဖြေစခန်းများ ပုံရိပ်နှင့် ခြားနားစွာ အရုပ်ဆိုး အကျည်းတန်လှသည်။
ကော့တောင်အိုအပန်းဖြေ ကျွန်းမှာ ဗြိတိန်ကမ္ဘာလှည့်ခရီး သည်အသက် (၂၃)နှစ်အရွယ် အမျိုးသမီးဟန်နာဝီသာရစ်ခ်ျနှင့် အသက်(၂၄)နှစ်အရွယ် အမျိုး သားဒေးဗစ်မေလာတို့ ရက်ရက် စက်စက်အသတ်ခံလိုက်ရသည့် သတင်းသည် ကမ္ဘာတစ်ဝန်းကို အုတ်အော်သောင်းတင်းဖြစ်သွား စေသည်။
စက်တင်ဘာ ၁၅ ရက်က ကမ်းခြေသန့်ရှင်းရေးသမားများ က သူတို့နှစ်ဦး၏ ကိုယ်လုံးတီး ရုပ်အလောင်းများကို မီတာ ၂၀ ခန့် အကွာအဝေးတွင် ကမ်းခြေ ကျောက်တုံးများအကြားမှ တွေ့ ရှိခဲ့၏။ ရုပ်အလောင်းတွေအနား တွင်တွေ့ရသည့် ကမ်းခြေက ဘားများ၌ မီးတိုင်စိုက်ထူရန်သုံး သည့်တူးရွင်းက ၎င်းတို့နှစ်ဦးကို သတ်ခဲ့သည့် အဓိကလက်နက်ဟု ယူဆရသည်။
ထိုင်းနိုင်ငံ အမျိုးသားရဲတပ် ဖွဲ့ ရဲချုပ်ဆွန်ရွတ်က လက်နက် များကိုကြည့်ရခြင်းအားဖြင့် လူ သတ်သမားများသည် အနည်းဆုံး နှစ်ဦးဖြစ်မည်ဟု သတင်းထောက် များအား ပြောကြားသည်။
ဟန်နာဝီသာရစ်ခ်ျသည် ခေါင်းမှဒဏ်ရာများကြောင့် သေ ဆုံးရခြင်းဖြစ်ပြီး ဒေးဗစ်မေလာမှာ ခေါင်းကိုအရိုက်ခံရပြီး ရေနှစ် သတ်ခံရခြင်းတို့ကြောင့် သေဆုံး ခဲ့ရသည်ဟု ထိုင်းရဲတပ်ဖွဲ့က ဆို သည်။ထိုင်းရဲတွေကတော့ မြေနိမ့် ရာလှံစိုက်ဆိုသလို အဆိုပါအပန်း ဖြေစခန်းများမှ အလုပ်ကြမ်းလုပ် ကိုင်နေသည့် မြန်မာအလုပ် သမားများကို လူသတ်မှုအတွက် အပြစ်ဖို့ချခဲ့ပါသည်။
‘‘ထိုင်းတွေက ဒါမျိုးတွေ မလုပ်ဘူး’’ဟု ထိုင်းတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ထို့နောက် ထိုင်းရဲများက မြန်မာအလုပ်သမားများကိုဖမ်း ဆီးကာ စုံစမ်းမေးမြန်းခြင်း၊ ဒီ အင်န်အေ(ခေါ်) မျိုးရိုးဗီဇယူပြီး စစ်ဆေးခြင်းတို့ကို ပြုလုပ်ခဲ့ သည်။ မြန်မာအလုပ်သမားများ ကို ငှားရမ်းထားသော အလုပ်ရှင် များကိုလည်း စည်းကမ်းများတင်း ကျပ်လိုက်သည်။
သို့သော်လည်း ဒီအင်န်အေ စစ်ဆေးခြင်းအပါအဝင် စစ်ဆေး တွေ့ရှိရသောအထောက်အထား များအရ မြန်မာအလုပ်သမားများ နှင့်ပတ်သက်ခြင်းမရှိကြောင်း တွေ့ရပါသည်။ ထို့ကြောင့် တရား ခံရှာခြင်းက အနောက်တိုင်းသား များဆီသို့ဖြစ်သည်။
သေဆုံးသူဒေးဗစ်မေလာ နှင့် အခန်းအတူငှားနေခဲ့သူ ဗြိတိန်လူမျိုးခရစ္စတိုဖာအလန်ဝါ ရီကို အစ်ကိုဖြစ်သူဂျိမ်းစ်နှင့်အတူ ဘန်ကောက်လေဆိပ်မှာဖမ်းခဲ့ သည်။ စီးကရက်ပေါ်ကတွေ့ရ သော ဒီအင်န်အေစစ်ဆေးချက် အရ ဝါရီ၏ဒီအင်န်အေဖြစ်နေ သဖြင့် လောလောဆယ်မသင်္ကာ သူစာရင်းဝင်နေသည်။
နောက်ထပ်မသင်္ကာသူစာ ရင်းဝင်သူကား ထိုင်းလူမျိုးနှစ်ဦး ဖြစ်သည်။ ရှန်မက်ကာနာဆိုသည့် သေဆုံးသူအမျိုးသား၏မိတ်ဆွေ စကော့လူမျိုးက ထိုထိုင်းနှင့်ဦး သည် ၎င်းတို့အသတ်ခံရသည့် ညမှာ သူ့ကိုနှောင့်ယှက်နေကြ သည်ကို မြင်ခဲ့ရသည်ဟုဆိုသည်။ အသတ်ခံရသူအမျိုးသမီးကို ထို သူများက နှောင့်ယှက်၍ ဒေးဗစ် မေလာက ကယ်ဆယ်ရင်း သူပါ အသတ်ခံရခြင်းဖြစ်နိုင်သည်ဟု သူက ပြောကြားသည်။
မက်ကာနာက အဆိုပါထိုင်း များ၏ပုံကို အင်တာနက်ပေါ်တင် လိုက်ရာ အသက်အန္တရာယ်ခြိမ်း ခြောက်မှုများကြောင့် ယခုအခါ သူက အသက်ဘေးကလွတ် အောင်တိမ်းရှောင်နေရသည်။ ထိုင်းရဲတွေက အဆိုပါထိုင်းလူ မျိုးနှစ်ဦးကို စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်ပေးခဲ့သည်။
‘‘ဒီပြဿနာကမလွယ်ဘူး။ ရဲတွေဟာ ပြည်တွင်းမီဒီယာတွေ တင်မကဘူး နိုင်ငံတကာက အမှု အခြေအနေနဲ့ပတ်သက်ပြီး ဖိအား ပေးတာခံနေရတယ်’’ဟု ဘန် ကောက်အခြေစိုက်သုတေသီ တစ်ဦးဖြစ်သူ ကွာဂီလ်ယာက ပြောသည်။
ဟန်နာဝီသာရစ်ခ်ျနှင့် ဒေး ဗစ်မေလာတို့ အသတ်ခံရမှုက နာမည်ကျော်မင်းသား လီယိုနာဒို ဒီကာပရီယိုရုပ်ရှင်ရိုက်ကူးခဲ့သည့် စာရေးဆရာအဲလက်စ်ဂါးလန်း၏ နာမည်ကျော်ကမ်းခြေဆိုသည့် ဝတ္ထုဇာတ်လမ်းထဲကလိုဖြစ်နေ သည်။ မူးယစ်ဆေးဝါးနှင့် အမျိုး သမီးများကို မတရားကျင့်မှုများ က ထိုင်းနိုင်ငံကို နာမည်ဆိုးဖြင့် ကျော်ကြားစေပြီး ဒုစရိုက်သမား များကို ဆွဲဆောင်နေသလိုဖြစ်ခဲ့ သည်။
လှပသော သဲဖြူသောင် ကမ်းခြေများ၊ ဘုရားကျောင်းကန် များနှင့် အရသာရှိသော အစား အသောက်များကြောင့် ထိုင်းနိုင်ငံ ကတစ်နှစ်ကို ကမ္ဘာလှည့်ခရီး သည် သန်း ၂၀ လောက်ကို လက် ခံနေရသည်။
လာရောက်သူအများစု အတွက်မူ ထိုင်းနိုင်ငံကဘေးကင်း ပြီး ပျော်စရာကောင်းသောခရီး စဉ်ဖြစ်ခဲ့ကြပါသည်။ သို့သော် ကံ မကောင်းသူအနည်းစုလည်းရှိပါ သည်။ ထိုင်းနိုင်ငံ၏ နာမည်ကျော် ပတ္တရားကမ်းခြေပင်လျှင် လု ယက်ခြင်း၊ ပစ်ခတ်ခြင်း၊ ကား တိုက်မိခြင်း၊ ရေနစ်ခြင်းစသည့် သတင်းဆိုးများဖြင့် ကျော်ကြား လာပါသည်။
ကော့်ဖဂန်အပန်းဖြေကျွန်း ၏ ကမ္ဘာကျော်လပြည့်ညပါတီ များမှာလည်း လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုများနှင့် မတရား ကျင့်ခံရမှုများရှိသည်ဟု သတင်း တွေထွက်နေသည်။
ထိုင်းဝန်ကြီးချုပ်သစ်ပါရာ ယွတ်ကတော့ ထိုကဲ့သို့ဖြစ်လာမှု များကြောင့် ဧည့်သည်များ၏ လုံခြုံဘေးကင်းရေးကို ဖြေရှင်း ဆောင်ရွက်ရမည့်အစား အသတ် ခံရသူများကိုသာ မဆင်မခြင်နေ ထိုင်မှုကြောင့်ဆိုပြီး လက်ညှိုးထိုး ခဲ့ပါသည်။
‘‘တစ်ဖက်ကလူတွေရဲ့ (အသတ်ခံရသူ ဟန်သာဝီသာ ရစ်ခ်ျနဲ့ ဒေးဗစ်မေလာ)အနေ အထိုင်ကိုလည်း ကျွန်တော်တို့က ကြည့်ရမယ်’’ဟု ဆိုသည်။
သို့သော်လည်း အဆိုပါပြော ကြားမှုနှင့်ပတ်သက်ပြီး ဘန် ကောက်မြို့က ဗြိတိသျှသံရုံးနှင့် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ များက ပြစ်တင်မေးမြန်းမှုများပြု လာသည့်အတွက် ပါရာယွက်မှာ ပြန်လည် တောင်းပန်ခဲ့ရပါသည်။ သို့သော် တောင်းပန်စကားတွင် သူက ဘီကီနီ(ခေါ်)ရေကူးဝတ်စုံ ဝတ်၍ ဘာမှမဖြစ်ဘဲဘေးကင်း နိုင်သူမှာ ရုပ်မလှသူများသာဖြစ် မည်ဟု ပြောထားပါသည်။
ဟန်နာဝီသာရစ်ခ်ျနှင့် ဒေး ဗစ်မေလာတို့ အသတ်ခံရမှုနှင့် ပတ်သက်ပြီး စုံစမ်းမှုများ ဘယ် လိုအခြေအနေရှိသည်ဆိုသည်ကို တော့ သူ့မိန့်ခွန်းမှာ ထိုင်းဝန်ကြီး ချုပ်ပါရာယွတ်က ပြောကြားခြင်း မရှိသည်ကို တွေ့ရသည်။ ထိုင်း နိုင်ငံ၏ အားအင်ချည့်နဲ့သော တရားရေးစနစ်ကို ကောင်း ကောင်းသိထားသူများအတွက် ထိုအဖြစ်အပျက်မျိုးက အံ့ဩ စရာမကောင်းလှပါ။

September 16, 2014

( viber)ဗိုက်ဗာတွင် မိုဘိုင်းလ် ဗီဒီယို ခေါ်ဆိုမှုစနစ် သုံးနိုင်ပြီ


                           Viber


မြန်မာနိုင်ငံတွင်း ဗိုက်ဗာ (Viber) ခေါ်ဆို အသုံးပြုမှုတွင် မိုဘိုင်းလ် ဗီဒီယို ခေါ်ဆိုမှုစနစ်ကို နိုင်ငံတကာနှင့် တန်းတူ သုံးစွဲနိုင်ပြီ ဖြစ် ကြောင်း 
သိရသည်။
“လက်ရှိရနေတဲ့ အင်တာနက်မှာ ဒီစနစ် ပါရှိမှာပါ။ ဗားရှင်းအသစ် တင်ပေးထားပါတယ်။ အရင်ပုံစံ အတိုင်းမှာ ကိုယ့်ဘက်က ဗီဒီယို ရိုက်ပြီး ပို့ပေးနိုင်ပါပြီ”ဟု ဗိုက်ဗာ ကုမ္ပဏီ၏ ရန်ကုန်ရုံး ပြန်ကြားရေး တာဝန်ခံ Mr.Kris Banyar က ပြောသည်။
မိုဘိုင်းလ် ဗီဒီယို ခေါ်ဆိုမှုကို သုံးစွဲမည်ဆိုပါက လက်ရှိသုံးစွဲနေသည့် ဗားရှင်းကို အဆင့်မြှင့်တင်မှု(update) လုပ်ရန် လိုအပ်ကြောင်း၊ ဗားရှင်းအသစ်တွင် ဗီဒီယို စတစ်ကာများကို ထည့်သွင်းထားကြောင်း သိရသည်။
“ထူးခြားချက် အနေနဲ့ အခု ဗားရှင်းအသစ်မှာ ဗီဒီယို ခေါ်ဆိုမှုအပြင် သူငယ်ချင်းတွေရဲ့ နံပါတ်တွေကို အလွယ်တကူ စီမံခန့်ခွဲနိုင်အောင် စီစဉ်ထားပါတယ်။ ဒီဗားရှင်း အသစ်က ဗီဒီယိုခေါ်ဆိုမှုကို ဖုန်းတွေအပြင် ကွန်ပျူတာတွေ၊ apple ဖုန်းတွေ လက်ပ်တော့ တွေနဲ့ အသုံးအဆောင် ပစ္စည်းတွေမှာပါ သုံးနိုင်မှာပါ”ဟု ဗိုက်ဗာ အလုပ်အမှုဆောင် Talmon Marco က ဆို သည်။
လက်ရှိ၌ ဗိုက်ဗာ သုံးစွဲမှုတွင် ရုပ်ပြောင် စတစ်ကာများ(Sticker packs) သုံးခြင်း၊ ဓာတ်ပုံပေးပို့ခြင်း၊ အသံလှိုင်း ပေးပို့နိုင်ခြင်း စသည်တို့ကို အသုံးပြုနိုင်ကြောင်း၊ ထပ်မံ ထွက်ပေါ်လာမည့် စနစ်သစ်တွင် ယခုထက်ပိုမိုသော နည်းစနစ်များကို သုံးစွဲသူများ ထိတွေ့ခံစားနိုင်ရန် လုပ်ဆောင်ထားကြောင်း ဗိုက်ဗာ၏ ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။
“ဗိုက်ဗာ က မိုဘိုင်းလ် ဗီဒီယို ခေါ်နိုင်မယ်ဆိုတော့ ဝမ်းသာပါတယ်။ ဒါပေမယ့် ဒီက အင်တာနက် ကွန်နက်ရှင်နဲ့ ရပါ့မလားပဲ သိချင် တာ။ အခုက မေးလ်ပို့တာထက် ဗိုက်ဗာကို ပိုသုံးဖြစ်တယ်။ သူက မြန်တာကိုး။ တခုက တချို့ Laptop တွေမှာ ဗိုက်ဗာ စနစ် က သိပ်အဆင် မပြေသေးဘူး။ သူတို့ဘက်က ပြင်ဆင်ထားတယ် ဆိုရင်တော့ တော်တော်လေး အဆင်ပြေမှာပါ”ဟု ရန်ကုန် တာမွေမြို့နယ် သီတာလမ်းထိပ်ရှိ Lucky ဂိမ်းနှင့် ဆော့ဖ်ဝဲလ် အခွေဆိုင်မှ မသီတာဦးက ပြောသည်။
နိုင်ငံတကာ သုတေသန အဖွဲ့အစည်း တခုဖြစ်သော On Device Research က ဗိုက်ဗာ သည် မြန်မာနိုင်ငံတွင် သုံးစွဲသူ အများဆုံး မိုဘိုင်းလ် အပလီကေးရှင်း တခုဖြစ်သည်ဟု ပြီးခဲ့သည့် ဇွန်လ အတွင်းက ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတွင် လူမှုကွန်ရက် ဆက်သွယ်ရေးအတွက် မိုဘိုင်းလ် စာပို့စနစ်နှင့် အသုံးပြုမှုများကို ဗိုက်ဗာ အသုံးပြုမှုနည်းတူ ဖေ့စ် ဘုတ်၊ ဂျီတော့လ် တို့ကိုလည်း ယှဉ်တွဲ အသုံးပြုကြသည်။
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ရခဲ့သည့် Telenor ကုမ္ပဏီက ယခုနှစ် ဧပြီလအတွင်း ဖေ့စ်ဘုတ် တွင် ပြုလုပ်ခဲ့သော အွန်လိုင်း သုတေသနပြုချက် အရ သုံးပုံနှစ်ပုံခန့်သော မိုဘိုင်းလ်ဖုန်း သုံးစွဲသူတို့သည် ၎င်းတို့ အနှစ်သက်ဆုံး စာပို့စနစ် အပလီကေးရှင်း အဖြစ် ဗိုက်ဗာ ကို ရွေးချယ်ခဲ့ကြသည်ဟု ဗိုက်ဗာ ၏ သတင်းထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။
ဗိုက်ဗာ ကို လက်ရှိ အချိန်တွင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံက အသုံးပြုနေကြပြီး သုံးစွဲသူဦးရေ စုစုပေါင်း သန်း ၄၀၀ ကျော် ရှိကြောင်း၊ လက်ရှိ မြန်မာနိုင်ငံတွင် သုံးစွဲသူပေါင်း ၅ သန်းခန့် ရှိကြောင်း ဗိုက်ဗာ က သတင်းထုတ်ပြန် ထားသည်။



                                 download here pc