Our social:

Latest Post

Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

October 29, 2014

" ရင်ကွဲမိုး "

မိုးတော့မိုးပါပဲ
ဒါပေမယ့် ရာသီမိုးမဟုတ်ဘူး
အချိန်ခါမဟုတ် ရွာသွန်းခဲ့တဲ့
ငါ့ရင်ထဲက မိုးပါ ။

တိမ်မညို အုံ့မဆိုင်း
မိုးချုန်းသံတောင် မပေးခဲ့ပဲနဲ့
နေပူပူမှာ ၀ုန်းဒိုင်းကျဲပြီး
တစ်ကမ္ဘာလုံး ရေနစ်အောင်
ရွာခဲ့သလားကွယ်.. ။

ဘာအငြိုးတွေကြောင့်
ခုလို ရွာစေလဲ ငါ မသိခင်မှာ
အလွမ်းမုန်တိုင်း ခပ်ကြမ်းကြမ်းတို့
ဆိုးဝါးစွာ ၀င်တိုက်ပြန်တာကြောင့်
နာပြီးရင်းနာ အထိနာလှတယ်။

အမုန်းကြွေးတွေ များလှတယ်ထင်ပါ့
မိုးနဲ့လေ ပြင်းထန်နေတုန်း
ဝုန်းခနဲ အသံနဲ့ သံယောဇဉ်လှေလေး
တိမ်းမှောက်သွားစဉ်ခဏ
ဂျိန်းခနဲ အသံနဲ့အတူ
နာကျင်ခြင်း မိုးကြိုးတို့ ပစ်ချပုံက
ထပ်တူကျနေခဲ့ပြန်တယ်။

ဝေဒနာမှ ဖြေရာမရှိအောင်ပဲ
သောကတွေ အလီလီဖြစ်ပေမယ့်
ငါ့အမှားကို ရှာမတွေ့ခင်မှာ
စစ်ခရာသံပေး တိမ်စိုင်တိမ်ခဲတို့
နယ်မြေသိမ်းပိုက်နေချိန်
ငါ့နှလုံးသားနေမင်းကတော့
အမှောင်ထုရဲ့ ဟိုး ....
အောက်ဆုံးတစ်နေရာ ရောက်ရှိနေခဲ့ပေါ့ ။

အဖြေမရှိတဲ့ ဒီ မုန်တိုင်းထဲမှာ
အနာကျင်ဆုံးလူက ငါဖြစ်မယ်လို့
တွေးလို့မှ မဆုံးသေး

" လမ်းခွဲကြစို့နော်" ဆိုတဲ့ သူ့စကားသံကြောင့်

သေချာတာ တစ်ခုက
အပြစ်မဲ့တဲ့ ဒီမိုးဟာ ဘယ်တော့မှ မစဲနိုင်တော့မယ့်
" ရင်ကွဲမိုး " ပါလို့ နာကျင်စွာ ပြုံးရင်း
ရင်တွင်းတစ်နေရာက နားလည်နေလေရဲ့ ။


လွမ်းဆုလေး




                                                   

ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ 

စိုးထိတ်မိပါတယ်လေ..




တိတ်ဆိတ်တဲ့ ညတစ်ညမှာပေါ့..
အဖော်မပါတစ်ယောက်ထဲ
ကောင်းကင်ကိုကြည့် တွေးနေမိတယ်။

လှပတဲ့လမင်းကြီးနဲ့
ကြယ်တာရာတွေ အလယ်မှာ
အတိတ်ရဲ့ အရိပ်များ
ပီပြင်စွတရိပ်ရိပ်ထင်..။

ဟိုအရင်က မိဘနဲ့ မောင်နှမမျက်နှာ
တရေးရေးမြင်မိ
တမ်းတကာ လွမ်းပါသော်လည်း
ဝေးလှစွာ ရေမြေခြားခဲ့လို့
စိတ်သွားတိုင်း ကိုယ်မပါနိုင်။

မိသားစုအရေး
ရှေ့ရေးသာ တွေးရသူမို့
ရပ်နေတဲ့ ချောက်ကမ်းပါ
ဘယ်လော်နက်မလဲ
ကြောက်နေဖို့ ငါ မအား
ဝမ်းစာရေးအတွက် ရှာဖွေရသူပါ..။

မျှော်လင့်ချက်တို့ပြည်စုံတဲ့နေ့
ကိုယ်မြေရပ်ရွာ ပြန်လာခဲ့ရင်
အရင်လိုနွေးထွေးစွာ ကြိုလေမလား
အေးစက်နေမလား မသိနိုင်ပေမယ့်
ပြန်ရမယ့် အိမ်ပြန်လမ်းမှာ
ကြုံရမယ့်အဖြစ်ကိုတော့
ငါ....
စိုးထိတ်နေခဲ့ ။

တွေးပုံရိပ်
Lwan Saung


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ 


အမေ့အိမ်သို့ ......... အပြန်


ဘယ်ဆီကို လှမ်း မျှော်မှန်းကြည့်လဲ 
ပြာလဲ့လဲ့ ရေပြင်သာ အုပ်စိုး
လှုပ်ခတ်နေတဲ့ ရေပြင်ကျယ်ကိုသာ
မြင်တွေ့နေခဲ့ ဘ၀ပင်လယ်ပြင်မှာ
မုန်တိုင်းတို့ အလီလီ ကျနိုင်မှန်း
ငါသိပေမယ့် ......
ငါ ဆောက်ခဲ့တဲ့ ရွက်လှေ
အိမ်ပြန်ကမ်းရောက်သည်အထိ
ခိုင်ခံ့ဖို့တော့ လိုသည်လေ။

လောကဓံရွက်လှေတစ်ခုနဲ့
အနာဂတ်သမုဒ္ဒရာထဲ
ပန်းတိုင်တွေ့ဖို့ ဆင်းရှာမိသူ
ငါ့ကို ..
ရူးတယ်လဲ ပြောချင်ပြောကြမှာပေါ့.. ။

ငါ သွားနေတဲ့ခရီး
ငါ ရောက်နေတဲ့ နေရာ
ငါ တည်ရှိတဲ့ ဒီလှေပေါ်မှာ
အားလုံး ကိုယ်စီ ရှိနေကြတာ
မေ့နေကြတာကိုး .. ။

ထားပါတော့လေ
ဘ၀နေ၀င်ချိန် တောင်စွယ်စီက
နွမ်းလျလျ မျက်ဝန်းတစ်စုံနဲ့
ပုလဲလုံးစီလျက်
မျှော်လင့်နေမဲ့ အမေ့အိမ်ကို ရောက်ဖို့က
ပိုအရေးကြီးတယ် မဟုတ်လား ။

အိမ်ရောက်ရင် ....
အမေရင်ခွင် တိုးဝင်
ပန်းသမျှ နွမ်းစရာမကျန်အောင်
အမေ့မျက်နှာမော့ကြည့်
အေးချမ်းစွာ အတူနေမယ်နော်လို့
ကြည်းနူးစွာ ပြောမိရင်း ...

သားတစ်ယောက် အိမ်ပြန်လမ်းမှာ
တုန်ယင်နေတဲ့ ခြေလှမ်းများနဲ့
ကမ်းစပ်က စောင့်နေတဲ့ အမေ့ကို
မျက်ဝန်းထဲ မြင်မိ
မိုးလင်းမိုးချုပ်
တစ်နေ၀င် တစ်နေ့ကူး
တွေ့ချင်ဇောနဲ့ မျှော်နေမယ့် အမေရေ..

သား အပြန်ခရီးမှာ
လမ်းတ၀က် ရောက်နေပြီလို့
ရင်ထဲ နက်ရှိုင်းဆုံးနေရာက
အမေ့ဆီလှမ်း
သတင်းပေးနေမိရဲ့ ။

လွမ်းဆုလေး


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


နားလည်လာတဲ့နေ့



ဖော်မပါ တစ်ယောက်ထဲ
မင်းလျှောက်နိုင်ရဲ့လားတဲ့... 
မေးရက်လိုက်တာလို့ မပြောတော့ပါဘူး
အဖော်ဆိုတာ လိုချင်ခဲ့တောင်
ကိုယ့်အနားမှာ ကူညီပြီး နေပေမယ့်လူ
မရှိတာကို မင်းမှ မသိခဲ့ပဲ။

ဖော်မပါ တစ်ယောက်ထဲ
ခရီးဆက်မှာ မကြောက်ဘူးလားတဲ့..
ပြောရက်လိုက်တာလို့ မပြောတော့ပါဘူး
အဖော်ကောင်းရခဲ့ရင်တော့ကောင်းပါရဲ့
ကိုယ့်ကို သောကပေးမယ့်အဖော်ဆိုရင်
သွားရမယ့်ခရီး နှောင့်နှေးမယ်ဆိုတာ မင်းမှ နားမလည်ပဲ ။

ဖော်မပါ တစ်ယောက်ထဲ
အဝေးကို ခွဲသွားရက်လားတဲ့ ..
ခံစားရလိုက်တာလို့ မပြောတော့ပါဘူး
ကိုယ်ဆွဲခေါ်တောင် ကိုယ့်လက်ကို ဖြတ်ချခဲ့တဲ့အရာတွေကို
မင်းမှ မသိသေးပဲ။

ဖော်မပါ တစ်ယောက်ထဲ
ရှင်သန်နိုင်ရဲ့လားတဲ့ ..
စာနာမှု ကင်းမဲ့လိုက်တာလို့ မပြောတော့ပါဘူး ..
အဖော်မပါပဲ ရှင်သန်ဖို့ မဖြစ်နိုင်ပေမယ့်
ကိုယ့်အပါးမှာ အတူရှိနေပေးဖို့
ဂုဏ်ပကာသန လိုအပ်တယ်ဆိုတာ မင်းမှ နားမလည်သေးပဲ။

ဖော်မပါတစ်ယောက်ထဲ
အဝေးဆုံးကို ထွက်သွားနိုင်တာ
သိပ်ရက်စက်တယ်လို့ မထင်မိဘူးလားတဲ့ ...
ဘယ်လိုမေးလိုက်တာလဲလို့ မပြောတော့ပါဘူး
ကိုယ့်ရဲ့ နားခိုရာကနေ ဘယ်သူမဆို ခွဲမသွားချင်ဘူးဆိုတာ
မင်းမှ ကိုယ်ချင်းမစာတတ်သေးပဲ။




ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


အပြစ်မမြင်ပါဘူး


ချစ်သူရေ...
မောင့်နောက်ကွယ်မှာ
လုပ်ချင်ရာလုပ်နေပေမယ့်
နာကျင်အောင်မဆိုရက်
မပြောရက်ခဲ့သူ ဒီမောင်က
ဒီအချိန်မှာ အညံ့ဆုံးပေါ့နော်.. ။
ချစ်သူရေ...
မောင့်ကွယ်ရာတစ်ခုဆီက
ချစ်သူ အသွင်ပြောင်း
မောင့် အချစ်ကိုမြောင်းထဲ ချလိုက်ပေမယ့်
အချစ်နောက်ကိုမှ လိုက်ခဲ့သူ မောင်..
ဒီတစ်ခါလဲ မှားပြန်ပြီပေါ့နော်..။

ချစ်သူရေ....
မောင် မသိစေချင်လို့
မောင့်ရှေ့မှာပြုံး
အပြင်က အမုန်းတွေနဲ့
မုသားဖြူဖြူတွေ သုံးနေခဲ့မှန်း
ရင်ထဲက သိနေပေမယ့်
ဒီတစ်ကြိမ်လဲ ရှုံးပြန်ပြီပေါ့နော်..။

ချစ်သူရေ...
မောင် မကြားစေချင်ခဲ့လို့
လမ်းတစ်ဝက်မှာ ထားခဲ့ပေမယ့်
စိတ်မချလို့ပြေးလိုက်သူ
အကြောင်းစုံ ကြားမြင်ရမှ
ဆွံ့အကာ ငြိမ်သက်နေမိ
ဒီတစ်ခေါက်လဲ ခံစားရပြန်ပြီပေါ့နော်..။

ချစ်သူရေ...
အခြားသူရင်ခွင်ပြောင်း
ရင်ခွင်ဟောင်းလဲ မစွန့်ပစ်
တစ်ချိန်ထဲ နှစ်ယောက်ချစ်နိုင်တာကို
အံ့သြပေမယ့် ...
ဒီမောင်မှာ အားနည်ချက်တွေ ရှိနေတယ်လို့
ဖြေမိပါတယ်။


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


ချစ်သူအတွက် ကဗျာ.....

ချစ်သူ...
ငါ အမြဲအကောင့်စိမ်းနေလို့ ချက်နေတယ်လို့
မထင်လိုက်ပါနဲ့
ငါတောင့်တနေတာ ပြောချင်တာ မင်းတစ်ယောက်ထဲမို့
မင်း အကောင့်လေး စိမ်းလာမယ့်အချိန်ကို စောင့်နေမိတာပါ ။

ချစ်သူ...
ငါအမြဲလိုင်းမှာရှိနေလို့ စိတ်မချဘူး မဖြစ်ပါနဲ့
နင် မရှိတဲ့ချိန်တိုင်း ငါတို့ပိုင်တဲ့ ဆိုဒ်လေးတွေနဲ့
နင့်အတွက် အလွမ်းလေးတွေ ဖွဲ့ရင်း
မင်းရောက်လာမယ့်ချိန်ကိုမျှော်နေတာပါ။

ချစ်သူ.....
အနေဝေးလို့ ငါ မေ့သွားမယ်လို့ မတွေးပါနဲ့
အနေဝေးပေမယ့် နှလုံးသားချင်းနီးနေလို့
မင်းဘာဖြစ်ဖြစ် ငါ မပြောပဲ သိနေခဲ့တာပါ။

ချစ်သူ ...
တကယ်ချစ်တာ ဟုတ်ရဲ့လားလို့ သံသယ မဖြစ်ပါနဲ့
မင်းကို တကယ်ချစ်တယ်ဆိုတာ
သူများတွေပြောနေတာထက် ကိုယ်တိုင်သာ အသိဆုံးမို့
မင်း နားဆင်မယ်ဆို နှလုံးသားချင်းနီး စိတ်ချင်းဆက်ပေးပါ။ 

                                                                    


ချစ်သူ...
အရမ်းချစ်တယ်လို့ နှုတ်ဖျားက ခဏခဏ မပြောလို့
စိတ်မကောင်းမဖြစ်ပါနဲ့
နှလုံးသား ကသွေးတစ်ချက်တိုးတိုင်း
ချစ်တယ် လို့ အကြိမ်ကြိမ်ပြောနေပြီးသားမို့ပါ ။

လွမ်းဆုလေး(ခ) ဆုလေးနွယ်


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


ကျွန်မ ချစ်ခဲ့ပါသည်


ဖြူစင်ရိုးသား
ကျွန်မနှလုံးသားနဲ့ 
အပြစ်မမြင်မိ
အဆုံးထိ ချစ်ချင်သူပါမောင်။

ငြိမ်းချမ်းချင်မိ 
အချစ်လရိပ်အောက်မှာ 
အေးချမ်းစွာ ရှိချင်ခဲ့လို့
အရာရာကိုစွန့် မောင့်ဆီကိုလှမ်း 
လက်ကမ်းမိသူပါ။ 

အချစ်ရဲ့တစ်ဖက်က 
သောကမီးတောင် ဝေဒနာထောင်ချောက်
မောင် ဆင်ထားတာကိုလဲ 
တစ်ချက်လေးမှ မသိခဲ့သူပါမောင်။ 

မောင် ခင်းပေးတဲ့လမ်း 
မာယာဓားလက်နက် 
ဘယ်လောက်ထက်လဲ 
ဝေဖန်စဉ်းစား မတွေးခဲ့သူပါ ။

အချစ်တစ်ခု ...  
အတုလား အစစ်လား 
သေချာတွေးဖို့ ကျွန်မ 
ကြောက်နေမိလို့ 
သံကွန်ချာအထပ်ထပ်နဲ့ 
ချောင်ပိတ်ခံရသူပါမောင်။ 

မောင်ပေးတဲ့အချစ်
အဆိပ်လက်နက်ပြောင်း 
ကျွန်မရင်ကို လောင်းခဲ့ပေမယ့် 

လောင်ကျွမ်းနေ ဒီအသဲ 
မောင့်ကိုမှ ချစ်ဆဲ  တမ်းတဆဲမို့
ပြာကျသွားတောင် အမှတ်သည်းခြေ 
ထားရမှန်းမသိ နာကျည်းရမှန်း မသိနဲ့ 
တ၀ဲလည်လည် ဖြစ်နေအုံးမယ့် သူပါမောင်။ 

အမုန်းကုဋေကဋာနဲ့ ကျွန်မရင်ကိုခွဲ   
ကျွန်မ အသဲကို ဆွဲထုတ်လိုက်တောင်မှ
အချစ်ကြီးတဲ့ ဒဿဂီရိလို 
ကျွန်မ နှလုံးသား 
မောင့်အတွက် နှင်းအပ်ထားမယ့်သူပါ မောင် ။

     လွမ်းဆုလေး

ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ

နှင်းပွင့်လေးရဲ့ ဒိုင်ယာရီ



နှင်းပွင့်လေးတွေဆိုတာ
နေမထွက်မီ ကမ္ဘာတစ်ခွင်ကို 
မှုန်မှိုင်းအောင် မင်းမူနိုင်ပေမယ့်
နေမင်း ဆိုတာ ထွက်လာခဲ့ရင်
အရည်စက်ကနေ အငွေ့ပျံပြီး
ကြွေပျက်ပေးရသူပါ .. ။

မပိုင်နိုင်တာကို သိပေမယ့်
မမီမကမ်းလှမ်းခဲ့တဲ့ ကျွန်မ
နှင်းပွင့်လေးတွေ အသွင်ပြောင်း
မောင် နင်းရာလမ်းတစ်လျှောက်
ခြေဖ၀ါးအောက်မှာ
မွမွကြေအောင် နာကျင်နေခဲ့ရသူပါ ... ။

မရနိုင်တာကို နားလည်ပေမယ့်
မောင့် ကိုမှ ချစ်မိလေတော့
မောင် ပြုသမျှ အဝေးကငေး
မောင် မတွေးခင် အပြေးလေး
ကွယ်ပျောက်ရပြန်သူပါ ... ။

မောင် မြင်သာအောင် နေပြချင်ပေမယ့်
ကျွန်မဘ၀ ကျွန်မ အလှတွေက
မောင်နဲ့ ယှဉ်ရင်
မောင် လာရင် ကြွေလွှင့်ရမယ့်
နှင်းစက်လေး တစ်စက်လိုပါပဲ ။

မောင် ရက်စက်တယ်လို့
အားလုံးထင်ကြပေမယ့်
ကျွန်မ အတွေးမှာတော့
မောင့် အတွက် ...
ကျွန်မ အမြဲကွယ်ပျောက်နေရတဲ့
နှင်းကလေး ဖြစ်နေရတာကို ကျေနပ်ပါတယ်... ။

တကယ်တော့ ....
နေမင်း နဲ့ နှင်းစက် ဆိုတာ
ဆုံတွေ့ဖို့မှ မဖြစ်နိုင်ခဲ့ပဲလေ ... ။

နှင်းဥကြွေ (အရုပ်ကလေး)


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ 

October 15, 2014

သူမာန်ထန်သွားပြီလေ..






သူ့အကောင့်လေး စိမ်းနေပေမယ့်
မခေါ်ဖြစ်တော့ဘူး...မမြင်သလိုနေ
ပေးလိုက်တယ်
သူမှ စကားမပြောချင်တာလေ.....

သူစာမျက်နှာလေးကို သတိရတိုင်း
သွားမကြည့်ဖြစ်တော့ဘူး
သူနှလုံးသားလေးက
ကိုယ့်ဘ၀လေးထဲမှ မပျော်နိုင်တော့တာ

လွမ်းဆွတ်တိုင်း မငိုဖြစ်တော့ဘူး
သူသိဖို့လည်း မကြိုးစားဖြစ်တော့ပါဘူး
သူမှာ ငါကိုမလိုအပ်တော့တာပဲလေ.......

ငါ့လွမ်းတယ်ဆိုတာ သူသိဖို့ 
မရေးဖြစ်တော့ပါဘူး
ငါတမ်းတနေတယ်ဆိုတာ သူသိဖို့ 
ကဗျာမဖွဲ့ တော့ဘူး
ငါအချစ်တွေ မပျက်ပဲ
အရင်လို ချစ်နေဆဲဆိုတာ သူသိဖို့ 
မကြိုးစားတော့ဘူး...............
သူနှလုံးသားက ငါအတွက်
မာန်ထန်နေခဲ့ပြီလေ...........




ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


September 27, 2014

နာကျင်မူ့ တွေကင်းတဲ့နေ

                         


  ဆော့ချင် တိုင်း

ဆော့ ကစားဝ  လို့ 
နာနေတဲ့    ငါ့  အသဲကို
နေသာ  သလို  နေဖို့ 
နင်   မပြောနဲ့ 

အသံထွက်  မငိုပေမယ့်
ရှိုက့် ကြီး  တငင်  နဲ့ 
ကြိတ် ငိုခဲ့တာ
နင် သိလေ  မလား 
ခခယယ   နဲ့ 
အချစ်ကို  တောင်းယူစဉ်က
နင်............

အသုံး  မ၀င်တော့ဘူးလို့ 
ခု  မှ ဘာကြောင့်
နင်ပြောရက်တာလဲ
ငါ့   အချစ်က   သတင်းစာ စက်ရုံက
မိတ္တူ  ပွားစက်  မဟုတ်ဘူး

တစ်ယောက်ထဲ   နေတတ်ဖို့ 
ကျေနပ် ခြင်း အချို့  
အဖော်လုပ်  ခဲ့သလို
ခြေရာ  မကျန်အောင်
ဝေဒနာ  တွေ
မိုးညို ရင် ၀ုန်းဒိုင်းကျဲ
ပြိုဆင်း  တတ်တဲ့
မြစ်aရလိုပဲ
နင်  နဲ့   ပတ်သက်လေသမျှ
အချစ်တွေ မြစ်  ရေထဲ
မျှော  ....ပစ်ခဲ့တော့

ရင်ဘတ်ကြီးထဲ
နင်  နဲ့  ပတ်သက်လေ  သမျှ 
နာကျင် မှု့ တွေ
ခြေရာတောင်  မကျန်ခဲ့တာ
နင် နဲ့  ပတ်သက်ဖူးလို့ 
ပရမ်း ပဒါ  တုန်ရီ နေတဲ့  
ငါ့  ရဲ့   နှလုံးခုန်သံ  တွေတောင်
ခုဆို    ငြိမ့်ငြိမ့် လေး
စီးဆင်းနေတဲ့   မြစ်ရေ လိုပဲ
တည်တည်ငြိမ်ငြိမ်

ရှိနေတတ်ပြီ။

ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  like နှိပ်ပါ
မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ 
ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။





မုန်းလို့  ဝ ရင်ပြန်လာပါ

                                          



တိမ်တွေပေါ်လမ်းလျှောက်ရင်း
လေထဲမှာအိမ်ဆောက်ခဲ့တယ်….
ရေပေါ်မှာ ဆွဲတဲ့ပန်းချီကား
ထာဝရတည်မြဲမယ်ထင်မိတဲ့အချိန်
ရုတ်တရက်ရွာချလိုက်တဲ့မိုးက
အငြိုးကြီးလွန်းပါတယ်…..
လက်တွေ့မကျတဲ့ ငါ့ဘ၀ထဲ….
မာယာဆိုတာတွေလွင့်ပျံချိန်…
ပြက္ခဒိန်ပေါ်က အလွမ်းတွေ..                              

အလန့်တကြားနိုးထလာချိန်..
နှလုံးသွေးတွေ မနွေးထွေးတော့အချိန်မှာ
စည်းမခြားဘဲ ဝေးသွားခဲ့ပြီ……….
ကိုယ်တိုင်မသိတဲ့အပြစ်…
ခွင့်မလွှတ်နိုင်တဲ့နင်…
ကံတရားရဲ့ မျက်လှည့်ပြကွက်နဲ့အတူ
လွဲမှားမှုတွေကြား
အဖြေရှာချိန်တောင်မရလိုက်ပါလား…..
နှလုံးသားတစ်ခုလုံး ငိုပွဲဆင်…
အသွေးအသားတစ်ခုလုံး ကြေကွဲနေရချိန်
ဖြည်းဖြည်းချင်းမျှဉ်း သတ်နေတဲ့
မင်းရဲ့အမုန်းတွေက..
သိပ်ပြင်းထန်လွန်းတယ်…
မျှော်လင့်နေမယ်…
နင်ယုံကြည်လာမယ့်တနေ့…
အပြစ်မဲ့နှလုံးသားတစ်ခု
ကြိုးစင်တင်ခံလိုက်ရတာကို
မင်းသိလာမယ့်တနေ့ကို
ငါ..ဆက်ဆက်စောင့်မယ်…
ငါ့အချစ်တွေ မင်းအပေါ်…
ဖြူစင်ခဲ့တာ……..        
နှလုံးသားနဲ့ရင်းပြီး ငါ..သက်သေပြမယ်…
အဝေးဆုံးကိုလှည့်ထွက်သွားတဲ့နင်
မုန်းလို့ဝရင်… ပြန်လာခဲ့ပါ…
ဒဏ်ရာတွေနဲ့ နာကျင်နေပေမယ့်….
ငါ့အချစ်တွေကဖြူစင်နေတုန်းပါ
ချစ်သူရာ…….။         


ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  like နှိပ်ပါ
မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ 
ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။




အဝေးက အမေ့အိမ်လေး လွမ်းတယ်...


                                        
   
ငယ်ငယ်တုန်းက

ကျေးငှက်သံလေးတွေနဲ့ 
နိုးထခဲ့ဖူးတဲ့ 
မွှေးရပ်မြေဆောင်းရာသီ နံနက်ခင်းတွေကို 
လွမ်းတယ်.... 
စပါးခင်းစိမ်းစိမ်းတွေကို
 ဖြတ်တိုက်လာတဲ့ 
မွှေးမြေ လယ်ကွင်းတွေဆီက 
လတ်ဆတ်တဲ့ 
ရနံ့ကိုလည်း လွမ်းတယ်... 
သက်ကယ်မိုး ထရံကာ 
ဘယ်တော့မှ မရိုးနိုင်တဲ့ 
အမေ့အိမ်လေး 
လွမ်းတယ်...   



ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  like နှိပ်ပါ
မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ 
ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။


ဖြေပေးပါ ချစ်သူ....

                                     



 နွေကန္တာရလို...

ပူပြင်းတဲ့နှလုံးသားလမ်းကို...

ဖြတ်သန်းလာခဲ့ရသူငါ့ကို... 

အကြင်နာရေအေးနဲ့စောင့်ကြိုသူ...ချစ်သူ...

နာကျင်မှုတွေနဲ့... 

နှလုံးသားကြေမွမတတ်....

ဒဏ်ရာတွေကို... မေတ္တာတွေနဲ့.. 

ကုစားပေးသူ... ချစ်သူ....

ယိုင်နဲ့နဲ့နှလုံးသားနဲ့...

နွမ်းနယ်နေတဲ့ငါ့ကို..

ညင်သာစွာဖေးကူသူ...ချစ်သူ...

အချိန်ကြာလာလို့....

အသစ်သစ်တွေလာရင်ရော...

ချစ်ခြင်းမေတ္တာတွေနဲ့....

ငါ့လက်ကိုမလွှတ်ဘဲ...

အသက်ထက်ဆုံး....


တွဲခေါ်မှာလား... ချစ်သူ..။


September 08, 2014

အပျိုးစစ်လေးတွေ ဖတ်ဖို့ တော်တော့လေးတော့ပြင်ရခက်လိမ့်မယ်(online ချစ်သူ)

                         
                                       အပျို စစ်စစ် များသာ ဖတ်ရန်
Wednesday, December 11, 2013

ခေါင်းစဉ်ကြည့်ပြီး တမျိုး မထင်ပါနဲ့ နော်
အအိုတွေဖတ်မိရင် စိတ်ဓါတ်ကျမှာစိုးလို့ ပါ

အပျိုစစ်စစ်ဆိုတာက ခုခေတ်က ၁၆ နှစ်၁၇နှစ်ဆိုရင်ကို ရည်းစားက ရှိနေကြတာ ။ ရည်းစားဖြစ်တာ ၁ ရက်မကြားဘူး living together က နေနေကြပြီလေ

တကယ်တော့ လက်မထပ်ရသေးပဲနဲ့ အတူတူနေကြတာ မိန်းခလေးတစ်ယောက်အတွက် လုံးဝတန်ဖိုးကျသွားပါပြီ

အပျိုစင် ဘဝဆိုတာ ယောင်္ကျားတိုင်းရဲ့  တန်ဖိုးထားခြင်းကို ခံထားရသူလို့ တောင် တင်စားထားကြပါတယ်

အပျိုစင်ကနေ အအို ဖြစ်ဖို့ က ၅မိနစ်မကြာပါဘူး ။ ဒါပေမယ့် အအိုကနေ အပျို ပြန်ဖြစ်ဖို့ က ရှိသမျှ စည်းစိမ်း ပုံပေးမယ်ဆိုရင်တော့ ဒီ ဘဝအတွက်ပြန်မရနိုင်တော့ပါဘူး

ချစ်သူရှိခဲ့ရင်လည်း ဒီအပျိုစင်ဘဝကို ထိန်းသိမ်းပါ။ ချစ်သူကို နားလည်အောင် သူသဘောပေါက်အောင် ပြောပြထားပါ။ ဒါမှ သူဘက်က လက်မခံဘူး ။စိတ်ခုသွားတယ်ဆိုရင်တော့

ရဲရဲကြီးသာ လမ်းခွဲလိုက်ပါ။ သူ တကယ်ချစ်တာမဟုတ်တာသေချာနေပါပြီ။သေလောက်အောင်ချစ်နေပါစေ အပျိုစင် ဘဝကိုထိန်းသိမ်းထားပါ။

ဘဝမှာ ရည်းစားဦးနဲ့ လွဲကျတာ ၁၀၀မှာ ၉၀ အထိ ရှိထားတာပါ။ ရည်းစားဦးကတည်းက အပျိုစင်ဘဝကို ပေးထားခဲ့လို့ ။ အကြောင်းတစ်ခုခုကြောင့် သူနဲ့ များ လွဲသွားခဲ့ရင်

နောင်တွင် ကိုယ်နဲ့ တကယ်လက်တွဲရမယ့် ယောင်္ကျားနဲ့ တွေ့ မှာ အကြီးကြီးနောင်တရပါလိမ့်မယ် ။ အဲကျမှတော့ နောင်တရပါတယ်လို့ သိသွားလည်းနောက်ကျသွားပါပြီ။အခန့် မသင့်ရင် အိမ်ထောင်ရေပြသာနာတွေတောသ်ဖြစ်လာနိုင်ပါတယ်။

ထိုင်ဝမ်မှာ အိမ်ထာင်ကျပြီးလို့ ကလေးတောင် ၃ယောက် ရပြီးမှ အပျိုဘဝတုန်းက ရည်းစားဟောင်းနဲ့ အတူတူနေခဲ့တဲ့ video ဖိုင်တွေ laptopကနေတဆင့်ပြန့် ပြီး အိမ်ထောင်ရေးကွဲသွားခဲ့တာ တကယ်လက်တွေ့ ပါ။

အတုမယူသင့်တာတော့ အတုမယူပါနဲ့ ညီမတို့ ။

(နောက်တစ်တစ်ခု အွန်လိုင်းမှာ statusတင်ရင်လည်း စောက်ဘာဖြစ် စောက်ညာဖြစ်တယ် ။ အဲလို စောက်တွေထည့်ထည့်ပြီး ရိုင်းတာတွေ မတင်ကျဖို့ လည်း တောင်းဆိုပါတယ်။

ကိုယ်ဟာကိုယ် ဘာထင်နေလဲတော့မသိပါ။ အများအမြင်မှာ အရမ်းရိုင်းတဲ့မိန်းမဆိုတာတော့ လူတိုင်းအထင်သေးသွားတတ်ကြပါတယ်။ )

မိန်းမတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ လှတာ ချမ်းသာတာကို ပြောတာ မဟူတ်ပါဘူး ။ အပျိုစင် ဘဝကိုပြောထားတာပါ ။ သေလောက်အောင်လှနေပါစေ လက်မထပ်သေးပဲ အအိုဖြစ်သွားရင် မိန်းမတန်ဖိုးက ကျသွားပြီဆိုတာ သတိရှိကြပါ ညီမငယ်တို့ 

living together ( လက်မထပ်သေးပဲ အတူတူနေခြင်း) ဘဝမှာ ဆင်ချင်နိုင်ကြပါစေလို့ ဆုတောင်းပေးရင် ခင်မင်လျက်

Online Chitthu


အပျို စစ်စစ် များသာ ဖတ်ရန်


Wednesday, December 11, 2013
ခေါင်းစဉ်ကြည့်ပြီး တမျိုး မထင်ပါနဲ့ နော်


အအိုတွေဖတ်မိရင် စိတ်ဓါတ်ကျမှာစိုးလို့ ပါ
အပျိုစစ်စစ်ဆိုတာက ခုခေတ်က ၁၆ နှစ်၁၇နှစ်ဆိုရင်ကို ရည်းစားက ရှိနေကြတာ ။ ရည်းစားဖြစ်တာ ၁ 
ရက်မကြားဘူး living together က နေနေကြပြီလေ
တကယ်တော့ လက်မထပ်ရသေးပဲနဲ့ အတူတူနေကြတာ မိန်းခလေးတစ်ယောက်အတွက် 
လုံးဝတန်ဖိုးကျသွားပါပြီ
အပျိုစင် ဘဝဆိုတာ ယောင်္ကျားတိုင်းရဲ့  တန်ဖိုးထားခြင်းကို ခံထားရသူလို့ တောင် တင်စားထားကြပါတယ်
အပျိုစင်ကနေ အအို ဖြစ်ဖို့ က ၅မိနစ်မကြာပါဘူး ။ ဒါပေမယ့် အအိုကနေ အပျို ပြန်ဖြစ်ဖို့ က ရှိသမျှ 
စည်းစိမ်း ပုံပေးမယ်ဆိုရင်တော့ ဒီ ဘဝအတွက်ပြန်မရနိုင်တော့ပါဘူး
ချစ်သူရှိခဲ့ရင်လည်း ဒီအပျိုစင်ဘဝကို ထိန်းသိမ်းပါ။ ချစ်သူကို နားလည်အောင် သူသဘောပေါက်အောင် 
ပြောပြထားပါ။ ဒါမှ သူဘက်က လက်မခံဘူး ။စိတ်ခုသွားတယ်ဆိုရင်တော့
ရဲရဲကြီးသာ လမ်းခွဲလိုက်ပါ။ သူ တကယ်ချစ်တာမဟုတ်တာသေချာနေပါပြီ။သေလောက်အောင်ချစ်နေပါစေ 
အပျိုစင် ဘဝကိုထိန်းသိမ်းထားပါ။
ဘဝမှာ ရည်းစားဦးနဲ့ လွဲကျတာ ၁၀၀မှာ ၉၀ အထိ ရှိထားတာပါ။ ရည်းစားဦးကတည်းက အပျိုစင်ဘဝကို 
ပေးထားခဲ့လို့ ။ အကြောင်းတစ်ခုခုကြောင့် သူနဲ့ များ လွဲသွားခဲ့ရင်
နောင်တွင် ကိုယ်နဲ့ တကယ်လက်တွဲရမယ့် ယောင်္ကျားနဲ့ တွေ့ မှာ အကြီးကြီးနောင်တရပါလိမ့်မယ် ။ 
အဲကျမှတော့ နောင်တရပါတယ်လို့ သိသွားလည်းနောက်ကျသွားပါပြီ။အခန့် မသင့်ရင် 
အိမ်ထောင်ရေပြသာနာတွေတောသ်ဖြစ်လာနိုင်ပါတယ်။
ထိုင်ဝမ်မှာ အိမ်ထာင်ကျပြီးလို့ ကလေးတောင် ၃ယောက် ရပြီးမှ အပျိုဘဝတုန်းက ရည်းစားဟောင်းနဲ့ 
အတူတူနေခဲ့တဲ့ video ဖိုင်တွေ laptopကနေတဆင့်ပြန့် ပြီး အိမ်ထောင်ရေးကွဲသွားခဲ့တာ 
တကယ်လက်တွေ့ ပါ။
အတုမယူသင့်တာတော့ အတုမယူပါနဲ့ ညီမတို့ ။
(နောက်တစ်တစ်ခု အွန်လိုင်းမှာ statusတင်ရင်လည်း စောက်ဘာဖြစ် စောက်ညာဖြစ်တယ် ။ အဲလို 
စောက်တွေထည့်ထည့်ပြီး ရိုင်းတာတွေ မတင်ကျဖို့ လည်း တောင်းဆိုပါတယ်။
ကိုယ်ဟာကိုယ် ဘာထင်နေလဲတော့မသိပါ။ အများအမြင်မှာ အရမ်းရိုင်းတဲ့မိန်းမဆိုတာတော့ 
လူတိုင်းအထင်သေးသွားတတ်ကြပါတယ်။ )
မိန်းမတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ လှတာ ချမ်းသာတာကို ပြောတာ မဟူတ်ပါဘူး ။ အပျိုစင် 
ဘဝကိုပြောထားတာပါ ။ သေလောက်အောင်လှနေပါစေ လက်မထပ်သေးပဲ အအိုဖြစ်သွားရင် 
မိန်းမတန်ဖိုးက ကျသွားပြီဆိုတာ သတိရှိကြပါ ညီမငယ်တို့ 
living together ( လက်မထပ်သေးပဲ အတူတူနေခြင်း) ဘဝမှာ ဆင်ချင်နိုင်ကြပါစေလို့ ဆုတောင်းပေးရင် 
ခင်မင်လျက်
Online Chitthu