နာကျင်မူ့ တွေကင်းတဲ့နေ
ဆော့ချင် တိုင်း
ဆော့ ကစားဝ လို့ 
နာနေတဲ့  ငါ့ အသဲကို
နေသာ သလို နေဖို့ 
နင် မပြောနဲ့ 
အသံထွက် မငိုပေမယ့်
ရှိုက့် ကြီး တငင် နဲ့ 
ကြိတ် ငိုခဲ့တာ
နင် သိလေ မလား
ခခယယ နဲ့ 
အချစ်ကို တောင်းယူစဉ်က
နင်............
အသုံး မ၀င်တော့ဘူးလို့ 
ခု မှ ဘာကြောင့်
နင်ပြောရက်တာလဲ
ငါ့ အချစ်က သတင်းစာ စက်ရုံက
မိတ္တူ ပွားစက် မဟုတ်ဘူး
တစ်ယောက်ထဲ နေတတ်ဖို့ 
ကျေနပ် ခြင်း အချို့ 
အဖော်လုပ် ခဲ့သလို
ခြေရာ မကျန်အောင်
ဝေဒနာ တွေ
မိုးညို ရင် ၀ုန်းဒိုင်းကျဲ
ပြိုဆင်း တတ်တဲ့
မြစ်aရလိုပဲ
နင် နဲ့  ပတ်သက်လေသမျှ
အချစ်တွေ မြစ် ရေထဲ
မျှော ....ပစ်ခဲ့တော့
ရင်ဘတ်ကြီးထဲ
နင် နဲ့  ပတ်သက်လေ သမျှ
နာကျင် မှု့ တွေ
ခြေရာတောင် မကျန်ခဲ့တာ
နင် နဲ့  ပတ်သက်ဖူးလို့ 
ပရမ်း ပဒါ တုန်ရီ နေတဲ့ 
ငါ့ ရဲ့  နှလုံးခုန်သံ တွေတောင်
ခုဆို ငြိမ့်ငြိမ့် လေး
စီးဆင်းနေတဲ့  မြစ်ရေ လိုပဲ
တည်တည်ငြိမ်ငြိမ်
ရှိနေတတ်ပြီ။
ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် like နှိပ်ပါ
မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။
ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။
0 comments:
Post a Comment