Our social:

Latest Post

Showing posts with label နည်းပညာ သတင်း. Show all posts
Showing posts with label နည်းပညာ သတင်း. Show all posts

July 15, 2015

Dual-SIM Archos 50d Helium 4G ကို အမေရိကန်တွင် ဒေါ်လာ ၁၂၉ ဖြင့် ရောင်းချ

Archo က အမေရိကန်ဈေးကွက်အတွက် Dual-SIM အသုံးပြုနိုင်သော 50d Helium 4G ကို မိတ်ဆက် လိုက်ပါသည်။ ဈေးနှုန်း သက်သာသော စမတ်ဖုန်းကို ယခုလကုန်တွင် ဒေါ်လာ ၁၂၉ ဖြင့် ရောင်းချမ ည် ဖြစ်ပြီး Android 5.1 မောင်းနှင်မည် ဖြစ်သည်။

Archos 50d Helium သည် ဒီဇိုင်းအပိုင်းတွင် OnePlus One နှင့် ဆင်တူပါသည်။ Archos 50d Helium တွင် Qualcomm Snapdragon 410 SoC, 1GB RAM, 8GB Storage, 5” 720p Display, 13MP Main Camera, 5MP Front Camera, 2100mAh Battery တပ်ဆင်ထားပါသည်။ WiFi, Bluetooth 4.0 LE , GPS ဆက်သွယ်မှုများ ပါရှိပါသည်။

၈.၄ မီလီမီတာ အထူရှိပြီး ၁၅၄ ဂရမ် အလေးချိန် ရှိပါသည်။

Credit to ==> Myanmar Digital Life Journal


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ

Google က အိန္ဒိယတွင် Android One Phone အသစ်တစ်လုံးကို ရောင်းချမည်


Google က ဇူလိုင် ၁၄ ရက်တွင် Android One Phone အသစ်တစ်လုံးကို ရောင်းချမည်ဟု Economic Times က ရေးသားထားပါသည်။ အိန္ဒိယပြည်တွင်း ကုမ္ပဏီ Lava က ထုတ်လုပ်မည့် ဖုန်းအသစ်ကို ရူပီး ၁၂ ၀၀၀ ( ဒေါ်လာ ၁၉၀) ၀န်းကျင်ဖြင့် ရောင်းချမည် ဖြစ်သည်။

အဆိုပါဖုန်းကို Lava နှင့် MediaTek တို့ ပူးပေါင်း ဖန်တီးခြင်း ဖြစ်ပြီး MediaTek SoC , 2GB RAM, 5” Display တပ်ဆင်ထားမည် ဖြစ်သည်။

Android One စမတ်ဖုန်းများကို Google က စံနှုန်း သတ်မှတ်ပေးထားပြီး ဖွံ့ဖြိုးဆဲနိုင်ငံများမှ စမတ်ဖုန်းကို စတင်အသုံးပြုမည့်သူများအတွက် ရည်ရွယ်ထားပါသည်။ Google က ဒီဇိုင်း၊ ဈေးကွက်၊ ထောက်ပံ့မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို စီမံခန့်ခွဲပါသည်။ Android One စမတ်ဖုန်းများတွင် Stock Android နှင့် နီးစပ်သော ဆော့ဝဲ မောင်းနှင်ထားပြီး စမတ်ဖုန်း ထုတ်လုပ်သူများ၏ အပိုဆော့ဝဲများမပါရှိပါ။ Security နှင့် System Updates များကို Google က ကိုင်တွယ်ပါသည်။

Android One ဖုန်းများကို ၂၀၁၄ တွင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ သီရိလင်္ကာနှင့် အခြား တောင်အာရှနိုင်ငံများတွင် စတင်ရောင်းချပေးခဲ့ပါသည်။

Credit to ==> Myanmar Digital Life Journal

ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


ကမ္ဘာပေါ်တွင် လုံခြုံစိတ်ချရမှု အရှိဆုံးနဲ့ အခိုင်ခံ့ဆုံး စူပါစမတ်ဖုန်းဟုဆိုသည့် Turing Phone


(အဆုံးထိ မဖတ်ခင် ဈေးနှုန်း ဘယ်လောက် ရှိနိုင်မလဲဆိုတာ ခန့်မှန်းကြည့်ပါဦး။
Steve Chao ဆိုတဲ့ ပုဂ္ဂိုလ်က ယင်းရဲ့ လက်ဆွဲသေတ္တာကို စားပွဲပေါ်ကို တင်လိုက်ပါတယ်။ ဖွင့်လိုက်တဲ့အခါမှာတော့ အဖြူရောင် အဝတ်နဲ့ ပတ်ထားတဲ့ ထောင့်မှန်စတုဂံပုံစံ ပစ္စည်း ၃ ခုနဲ့ လက်အိတ်တစ်စုံ ထွက်လာပါတယ်။ ဒီအခြေအနေက Iron Man ရုပ်ရှင်ထဲက စူပါဗီလိန်တစ်ယောက် ကမ္ဘာဖျက်မယ့် လက်နက်ဆန်းတွေကို ထုတ်ဖော်ပြသ မယ့်ပုံစံမျိုး ပေါက်နေပါတယ်။

Stave Chao က လက်အိတ်ကို စိမ်ပြေနပြေဝတ်ပြီး အဝတ်ပတ်ထားတဲ့ ပစ္စည်း ၃ ခုထဲက ၁ ခုကို ဖြည်းဖြည်းခြင်း ဖြေလိုက်တဲ့အခါမှာတော့ ဘယ်အရာနဲ့မှ မတူတဲ့ ချွန်မြတဲ့ ထောင့်ချိုးတွေနဲ့ ထူထဲတဲ့ ကိုယ်ထည်ရှိတဲ့ စမတ်ဖုန်းတစ်လုံး ထွက်ပေါ်လာခဲ့ပါတယ်။
အဲဒီဖုန်းကတော့ ကမ္ဘာပေါ်မှာ လုံခြုံစိတ်ချရမှု အရှိဆုံးနဲ့ အခိုင်ခံ့ဆုံး စမတ်ဖုန်းလို့ ဆိုထားတဲ့ Turing Phone ပဲ ဖြစ်ပါတယ်။

                                 
                                    

Steve Chao ကလည်း အခြားသူတော့ မဟုတ်ပါဘူး။ ဒီ Turing Phone ကို တီထွင်ဖန်တီးခဲ့သူဖြစ်သလို Turing Robotic Industries ရဲ့ အမှုဆောင်ချုပ်လည်း ဖြစ်ပါတယ်။

ဖုန်းတွေကို တစ်ခုခြင်းစီ ထုတ်ဖော်ပြသနေစဉ် Steven Chao က ယင်းရဲ့ Turing Phone အကြောင်းကို ရှင်းပြခဲ့ပါတယ်။ “ကားလောကနဲ့ ယှဉ်ကြည့်မယ်ဆိုရင် လက်ရှိ ဈေးကွက်ထဲက စမတ်ဖုန်းတွေဟာ Volkswagen တွေ၊ Toyota တွေ ပေါ့ဗျာ။ ဒီကားတွေက အများစုအတွက်တော့ အဆင်ပြေပေမယ့် တစ်ချို့သော သူတွေကတော့ Lamborghini တွေ၊ Ferrari တွေ၊ Aston Martin လို စူပါကားတွေကို ဝယ်စီးချင်ကြတာ သေချာပါတယ်။”

ဆိုလိုချင်တာကတော့ Chao ရဲ့ လက်ထဲက Turing Phone ဟာ ဖုန်းလောကရဲ့ စူပါကားပါပဲ။ ဒီလောက်တောင် အမွှန်းတင်နေတဲ့ ဒီစမတ်ဖုန်း တကယ်ကော သူပြောသွားတဲ့ ဂုဏ်အင်္ဂါများ နဲ့ ပြည့်စုံပါရဲ့လား။

                                    
Turing Phone ဟာ ၅.၅ လက်မအရွယ် စမတ်ဖုန်းဖြစ်ပြီး 2.5 GHz Quad-core Snapdragon 801 ပရော်ဆက်ဆာနဲ့ 3GB RAM တပ်ဆင်ပေးထား ပါတယ်။ သိုမှီးမှုပမာဏ 16GB ၊ 64GB နဲ့ 128GB ၃ မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ Android 5.1 (Lollipop) ကို Turing ရဲ့ မူပိုင် Æmæth User Interface ထပ်ဆောင်းထည့်သွင်း ပေးထားပါတယ်။ နောက်ကျောပြင် ကင်မရာက 13-megapixel ပုံထွက်နှုန်းရှိပြီး ရှေ့ဖက် Selfie ကင်မရာကတော့ 5-megapixel ရှိပါတယ်။

Turing Phone ရဲ့ အဓိက ထူးခြားချက် ၁ ခုကတော့ ဈေးကွက်ထဲက အခြားစမတ်ဖုန်းများနဲ့ လုံးဝကွဲပြားခြားနားပြီး ထူးခြားဆန်းသစ်တဲ့ ပုံစံဒီဇိုင်းပဲ ဖြစ်ပါတယ်။ Steve Cho ရဲ့ အဆိုအရ Turing Phone ရဲ့ ဒီဇိုင်းဟာ Interstellar ရုပ်ရှင်ထဲက အာကာသယာဉ် Endurance ကို မှီငြမ်းထားတယ်လို့ သိရပါတယ်။ ချွန်မြတဲ့ အနားဘောင်များ၊ အရောင်စုံ ပုံဖော်ထားတဲ့ ကိုယ်ထည်၊ အာကာသယာဉ် တစ်စီးအလား အကွက်ဖော်ထားတဲ့ နောက်ကျောပြင်တို့ဟာ အမှန်တကယ်ကို ထူးခြားလှပါတယ်။

ဒီဖုန်းမှာ USB အပေါက်တွေ၊ Headphone အပေါက်တွေ မပါဝင်ပါဘူး။ အားသွင်းဖို့နဲ့ Data ကူးပြောင်းဖို့ Bluetooth နဲ့ Apple ရဲ့ သံလိုက်သုံး MagSafe နဲ့တူတဲ့ အပေါက်တစ်ခုသာ ပါရှိပါတယ်။

Turing Phone ဟာ ဈေးကွက်ထဲမှာ အခိုင်ခံ့ဆုံး စမတ်ဖုန်းလို့ ဆိုထားတာလည်း အလကား မဟုတ်ပါဘူး။ ဖုန်းရဲ့ ကိုယ်ထည်ဟာ သံမဏိနဲ့ အလူမီနီယံတို့ထက် ခိုင်ခံတဲ့ Liquidmorphium လို့ခေါ်တဲ့ သတ္တုတစ်မျိုးနဲ့ ပြုလုပ်ထားပါတယ်။ ယင်းသတ္တုဟာ ထုတ်လုပ်မှု အပိုင်းမှာလည်း ပိုမိုလွယ်ကူပြီး အနာဂတ် စမတ်ဖုန်းများမှာ အသုံးများလာဖို့ ရှိနေပါတယ်။ Apple ပင်လျှင် လက်ရှိ iPhone 6 နဲ့ 6 Plus တို့ရဲ့ ဆင်းမ်ကဒ်အကန့်များကို Liquidmorphium နဲ့ ပြုလုပ်ထားပြီး iPhone 7 မှာတော့ ပိုမိုကျယ်ပြန့်စွာ သုံးစွဲလာမယ်လို့ ယူဆရပါတယ်။
                                    
ရေစိုခံ၊ ဖုန်ဝင်ခံ၊ အကြမ်းခံတဲ့ အပိုင်းမှာလည်း ထိပ်တန်းပါပဲ။ ဖုန်းအတွင်းပိုင်းက အစိတ်အပိုင်းများကို nano-coating အလွှာပါးတစ်ထပ် အုပ်ပေးထားလို့ ရာဘာအနားကွပ်များ အသုံးပြုစရာ မလိုတော့ပါဘူး။ ရေထဲကျပြီး ဖုန်းထဲရေဝင် သွားတဲ့အခါမှာ ဝင်သွားတဲ့ရေကုန်အောင် ခါပြီးတာနဲ့ ဆက်သုံးနိုင်ပါလိမ့်မယ်။

ဆော့ဖ်ဝဲပိုင်းမှာတော့ Turing Phone ဟာ Android 5.1 ကို ကြီးမားတဲ့ ပြောင်းလဲ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ထားပါတယ်။ Steve Chao ကတော့ ဖုန်းရဲ့ ပုံစံဒီဇိုင်းထက် ဆော့ဖ်ဝဲပိုင်းကို ပိုမိုအားရမိကြောင်း ပြောသွားပါတယ်။ လက်တွေ့မှာလည်း Turing Phone ဟာ အထူးလုံခြုံပြီး မသမာသူများရဲ့ ဖောက်ထွင်းဝင်ရောက်မှုကို ကာကွယ်ပေးနိုင်အောင် ဆောင်ရွက်ထားပါတယ်။

ဖုန်းရဲ့ ပင်မ App တွေအားလုံးကို End-to-End Encryption ပြုလုပ် ကာကွယ်ပေးထားပြီး “Turing Coin” လို့ အမည်ပေးထားတဲ့ Bitcoin ကဲ့သို့ လျှို့ဝှက်ငွေကြေး (Cryptocurrency) ထည့်သွင်းပေးထားပါတယ်။ ဒီ ငွေကြေးကိုသာ လူသုံးများလာမယ်ဆိုရင် Turing Phone ဝယ်ထားသူ တစ်ဦးအနေနဲ့ ဖုန်းဈေးတက်ပြီး အမြတ်တောင် ရရှိမယ့် အနေအထားလို့ Chao က နောက်ပြောင်ခဲ့ပါသေးတယ်။

ဖုန်းရဲ့ နဘေးမှာ လက်ဗွေ လုံခြုံရေးစနစ်လည်း ထည့်သွင်းပေးထားပြီး ပြင်ပ ဆာဗာများနဲ့ ကွန်ယက်များကနေ ခွင့်ပြုချက်မရှိပဲ ချိတ်ဆက်လို့ မရနိုင်အောင် ဆောင်ရွက်ထားပါတယ်။

အတိုချုပ်ပြီး ပြောရမယ်ဆိုရင် Turing Phone ရဲ့ အဓိက အားသာချက် ၃ ခုကတော့ - လုံခြုံစိတ်ချရမှုအတွက် (Privacy Features) ၊ ခိုင်ခံမှုအတွက် Liquidmorphium သတ္တု၊ နဲ့ အတွင်းပိုင်းက အစိတ်အပိုင်းများကို Nano-coating အလွှာပါး ဖုံးအုပ်ထားမှုတို့ ဖြစ်ပါတယ်။

Turing Phone ကို လာမယ့် ဂျူလိုင်လ ၃၁ ရက်နေ့မှာ www.turingphone.com ၌ ကြိုတင်မှာယူနိုင်မှာဖြစ်ပြီး ဈေးနှုန်းများကတော့ 16GB မော်ဒယ်အတွက် ဒေါ်လာ ၆၁၀၊ 64GB မော်ဒယ်အတွက် ဒေါ်လာ ၇၄၀ နဲ့ 128GB မော်ဒယ်အတွက် ဒေါ်လာ ၈၇၀ ကျသင့်မှာ ဖြစ်ပါတယ်။

Credit to ==> Myanmar Consumer Guide

ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ

July 14, 2015

မကြာမီ ထွက်ရှိလာမည့် GALAXY NOTE 5 တွင် 4GB LPDDR4 RAM ပါရှိလာဖွယ်ရှိ



အင်တာနက်ပေါ် ယနေ့မှာ ပြန့်နှံ့ရောက်ရှိလာတဲ့ ကောလာဟလများအရ လာမယ့် သြဂတ်စ်အတွင်း Samsung မှ ထုတ်ဖော်ပြသဖို့ ရှိနေတဲ့ Galaxy Note 5 ဟာ 4GB ပမာဏရှိ LPDDR4 RAM ထည့်သွင်းပေးထားမယ်လို့သိရှိရပါတယ်။ 
ဤပမာဏဟာ သာမန် လက်ပ်တော့ပ် တစ်လုံးမှာ ပါဝင်တဲ့ RAM ပမာဏဖြစ်နေပြီး လက်ရှိ Asus ZenPhone 2 နဲ့ မကြာမီ ထွက်ရှိလာမယ့် OnePlus Two ကလည်း 4GB RAM ပါဝင်မှာဖြစ်လို့ 4GB RAM ထည့်သွင်းထားတဲ့ စမတ်ဖုန်းများ တစ်ခေတ်ဆန်းလာတော့မယ့် အခြေအနေ ဖြစ်နေပါတယ်။  
LPDDR4 ဟာ ယခင် ပါဝင်နေကျ LPDDR3 RAM ထက် ပိုမိုလျှင်မြန်ပြီး စွမ်းအင်သုံးစွဲမှု နည်းပါးလို့ ဘက်ထရီသက်တမ်း ပိုမိုကြာရှည်ခံစေမှာ ဖြစ်ပါတယ်။
 
ထို့အပြင် Note 5 ဟာ ၅.၇ လက်မအရွယ် qHD မျက်နှာပြင် ပါရှိမှာဖြစ်ပြီး Galaxy S6 ထက် စွမ်းရည်ပိုမိုမြင့်မားပြီး စွမ်းအင်သုံးစွဲမှု သက်သာတဲ့ Exynos 7422 All-in-One ပရော်ဆက်ဆာကို သုံးစွဲထားမယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။
 
Exynos 7422 ဟာ ပရောက်ဆက်ဆာ (CPU) ၊ ဗီဒီယိုယူနစ် (GPU) ၊ RAM နဲ့ LTE Modem တို့ကို ပေါင်းစပ်ဖန်တီးထားတဲ့ စနစ်ဖြစ်လို့ All-in-One လို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။
 
ပုံစံဒီဇိုင်းပိုင်းမှာတော့ Note 5 ဟာ Galaxy S6 အကြီးစား ဖြစ်လာဖွယ်ရှိနေပြီး သတ္တုနဲ့ ဖန်သား ပေါင်းစပ်မှုပုံစံနဲ့ပဲ ထုတ်လုပ်မယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။ 

Credit to ==> Myanmar Consumer Guide
 
Credit t0==>www.pyaephyo.com
 
ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ

July 13, 2015

ဈေးနူန်း သက်သာပြီးအရည်အသွေးကောင်းမွန်တဲ့ Asus Zenpad 8.0




ထိုင်ဝမ် နိုင်ငံမှ ကမ္ဘာ့အကြီးဆုံး PC ထုတ်လုပ် သူအဖြစ် ၂၀၁၄ ခုနှစ်ကရပ်တည်ခဲ့တဲ့ Asus ကုမ္ပဏီ ဟာ ယနေ့စမတ်ဖုန်းလောကမှာလည်းနာမည်အတော်ရလာခဲ့ပြီး ကမ္ဘာ့ပထမဆုံး 4GB RAM မောင်းနှင်ထား သည့် Asus Zenfone 2ကို ဈေးနူန်း သက်သာစွာဖြင့်ရောင်းချခဲ့ပြီးနောက်ပိုင်း ပိုမိုလူသိများအောင်မြင်ခဲ့ ပါတယ်။

ယခုထပ်မံပြီး ဈေးနူန်း သက်သာပြီးစွမ်းဆောင်ရည်ကောင်းမွန်တဲ့ Tablet ကိုအမေရိကန်နိုင်ငံမှာ စတင်ရောင်းချမှာဖြစ်ပါတယ်။အဆိုပါ Tablet ဟာ 8" ရှိပြီး 2048×1536 Resolution ရှိသည့်အတွက် ကျပ်ငွေ ၆ သိန်းနီးပါရှိ HTC nexus 9 tablet နဲ့ရုပ်ထွက်အရည်အသွေးတူညီနေတာကိုတွေ့ရပါတယ်။ CPU ကို Intel Quad-core ကိုသုံးထားပြီး RAM 2 GB ဖြင့်မောင်းနှင်ထားပြီး မကြာမီ 4GB RAM Version လည်းထွက်လာမှာဖြစ်သလို ယင်းVersion ဟာ 2K Resolution, Octa-core အသုံးပြုမယ်လို့ Asus တရားဝင် Website မှာဖော်ပြထားပါတယ်။ Internal Memory 32GB ဖြစ်ပြီး MicroSD ဖြင့်ထပ်မံ၍ 64GB အသုံးပြုနိုင်သည်။


ကင်မရာကို ပင်မ 5MP နှင့် Font Facing 2MP တပ်ဆင်ထားပြီး ဘက်ထရီ 4000 mAh သို့ 15.2 wh ဖြစ်သည်။Wifi ဖြင့်အသုံးပြုနိုင်ပြီး Android 5.0 ZenUI ဖြင့်လည်ပတ်ထားသည်။ ဈေးနူန်း မှာ US $200 ဖြစ်သည်။

Credit to ==> Phone News Up To Date


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


July 11, 2015

BLOATWARE ခေါ် ဖယ်ရှားမရနိုင်သည့် ထပ်ဆောင်း APP များကြောင့် SAMSUNG နဲ့ OPPO တရုတ်နိုင်ငံတွင် တရားစွဲခံရ


Bloatware ဆိုတာကတော့ ထုတ်လုပ်သူများက ယင်းတို့ရဲ့ စမတ်ဖုန်းတွေထဲကို ကြိုတင်ထည့် သွင်း ပေးထားပြီးသုံးစွဲသူက မကြိုက်သော်လည်း Uninstall လုပ် ဖယ်ရှားလို့ မရနိုင်တဲ့ App များကို ခေါ်တာဖြစ်ပါတယ်။ 
ဒါဟာ ကျွန်တော်တို့ စမတ်ဖုန်း သုံးစွဲနေသူတွေ အားလုံး နေ့စဉ်ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုဖြစ်ပြီး Bloatware တွေကို အာရှထုတ် စမတ်ဖုန်းတွေမှာ အများဆုံး တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကို သည်းမခံနိုင်တော့တဲ့ တရုတ်နိုင်ငံက စားသုံးသူဆိုင်ရာ အဖွဲ့အစည်းတစ်ခုက ဥပဒေကြောင်းအရ တရားစွဲဆိုပြီး ဖြေရှင်းသွားရန် ဆောင်ရွက်နေကြောင်း သိရှိရပါတယ်။ 
 
ရှန်ဟိုင်း စားသုံးသူ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ကော်မရှင်က (SCPC) စမတ်ဖုန်း ကုမ္ပဏီကြီး ၂ ခုဖြစ်တဲ့ ကိုရီးယားအခြေစိုက် Samsung နဲ့ တရုတ်အခြေစိုက် Oppo တို့ကို ပြီးခဲ့တဲ့ သတင်းပတ် အတွင်းက တရားစွဲဆို ခဲ့တာဖြစ်ပါတယ်။
 
တရားလိုရဲ့ စွပ်စွဲချက်များကတော့ Samsung နဲ့ Oppo ထုတ် စမတ်ဖုန်းများဟာ အသစ်စက်စက် ဖြစ်လင့် ကစား များပြားလှတဲ့ထပ်ဆောင်း App များ ထည့်သွင်းထား မှုကြောင့် ကြေငြာထားတဲ့ သိုမှီးမှုပမာဏထက် များစွာလျော့နည်းနေခြင်း၊ အဆိုပါ Bloatware App များကြောင့် သုံးစွဲသူ မသိရှိရပဲ Mobile Data သုံးစွဲမှုများ မြင့်တက်လာခြင်း စတာတို့ပဲ ဖြစ်ပါတယ်။
 
SCPC ရဲ့ အဆိုအရေ သုံးစွဲသူများရဲ့ Bloatware ဆိုင်ရာ ကွန်ပလိန်းတက်မှု အများပြားအား ယင်းတို့အနေနဲ့ အပတ်စဉ် လက်ခံရရှိနေရကြောင်း၊ ယင်းတို့ရဲ့ စစ်ဆေးမှုအရ အသစ်စက်စက် Samsung စမတ်ဖုန်းတစ်လုံးမှာ စုစုပေါင်း App ၄၄ ခု ပါဝင်နေပြီး Oppo စမတ်ဖုန်းတစ်ခု၌ App ၇၁ ခုအထိ ပါဝင်နေတာကို တွေ့ရှိခဲ့ရကြောင်း သိရှိရပါတယ်။
 
ထို့အပြင် ကုမ္ပဏီများအနေနဲ့ App နဲ့ သိုမှီးမှုပမာဏ ဆိုင်ရာများကို ဖုန်းဘူးခွံပေါ်၌ ရေး သားဖော်ပြထားချက်များနဲ့ ဖုန်းထဲ၌ အမှန်တကယ် ပါဝင်သည့် အချက်အလက်များမှာ ကိုက်ညီမှု မရှိကြောင်း၊ ထည့်သွင်းထားသည့် ထပ်ဆောင်း App များကို သုံးစွဲသူများ အနေနဲ့ မလိုအပ်ပါက ဖယ်ရှားလို့ပင် မရကြောင်း တရားရုံးသို့ လျှောက်ထားခဲ့ကြောင်း သိရပါတယ်။
 
စမတ်ဖုန်းများ၌ အဘိဓာန်နှင့် ဗေဒင်ကဲ့သို့ App များ၊ Game များ၊ Shopping ဆိုင်ရာ App များ ထည့်သွင်းပေးထားလေ့ ရှိပြီး ယင်း App များဟာ ထုတ်လုပ်သူနဲ့ App ဖန်တီးသူတို့ လက်ဝါးခြင်းရိုက် ထည့်သွင်းထားခြင်းကြောင့် ဖယ်ရှား၍ မရနိုင်သလို Mobile Data ကိုလည်း နောက်ကွယ်၌ အသုံးပြုနေသဖြင့် သုံးစွဲသူ မသိလိုက်ရပဲ ဖုန်းဘီလ်တက်ခြင်းများနဲ့ ရင်ဆိုင်နေရတာကို တွေ့နေရပါတယ်။
 
SCPC ရဲ့ တရားစွဲဆိုမှုအား တုန့်ပြန်ဖြေရှင်းရန် Samsung နှင့် Oppo အား အချိန် ၁၅ ရက် ပေးထားပြီး ယင်းနောက်တွင် တရားရုံး၌ ကြားနာစစ်ဆေး သွားမည်ဟု သိရှိရပါတယ်။ SCPC အနေနဲ့ အဓိက တောင်းဆိုထားသည်မှာ သုံးစွဲသူများအား မလိုအပ်သည့် App များကို အချိန်မရွေး Uninstall လုပ်ခွင့် ရရှိစေရေးနှင့် ဖုန်းဘူးခွံပေါ် ဖော်ပြထားသည့် အချက်အလက်များနဲ့ လက်တွေ့ ရရှိသည့် အချက်အလက်များ တူညီနေစေရေးတို့ ဖြစ်ပါတယ်။ 

Credit to ==> Myanmar Consumer Guide
 
 

ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


သင့်ရဲ့ Facebook News Feed ပေါ်မှာ အလိုရှိရာ Friends နဲ့ Pages များရဲ့ Posts များကို အရင်ဆုံး မြင်တွေ့ရစေနိုင်မယ့် See First လုပ်ဆောင်ချက်အား iOS ပေါ်၌ စတင်သုံးစွဲနိုင်ပြီဖြစ်


Facebook ရဲ့ News Feed လို့ခေါ်တဲ့ မိတ်ဆွေသူငယ်ချင်း Friends များနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာများ Like လုပ်ထားတဲ့ Page များထံမှ သတင်းအချက်အလက်များကို ဖော်ပြပေးနေတဲ့ ပင်မစာမျက်နှာကို အားလုံး သိကြမှာပါ။ ဒါ့ပေမယ့် ဒီ News Feed ပေါ်မှာ ဘယ်သူ့ရဲ့ ဘယ်အကြောင်းအရာတွေကို သင်ဦးစွာ မြင်ရအောင် အရေးပေး ဖော်ပြပေးသလဲ ဆိုတာကိုတော့ Facebook ရဲ့ Algorithm (တွက်ချက်မှုစနစ်) က ဆုံးဖြတ်ပေးနေပါတယ်။

အဓိပ္ပါယ်ကတော့ သင့်ရဲ့ Friends တွေနဲ့ Like လုပ်ထားတဲ့ Page တွေရဲ့ Post တွေကို News Feed ပေါ်မှာ သင်မြင်ရအောင် ဆုံးဖြတ်ပေးနေတာက New Feed ရဲ့ Algorithm ဖြစ်ပြီး သင့်အနေနဲ့ စိတ်ဝင်စားမှု မရှိလို့ Unfollow လုပ်ခြင်းမှတစ်ပါး အခြား ရွေးစရာ မရှိခဲ့ပါဘူး။

ယနေ့မှာတော့ Facebook ဟာ သင့်ရဲ့ News Feed ကို သင့်စိတ်ကြိုက် ထိန်းချုပ်နိုင်စေမယ့် “See First” ဆိုတဲ့ လုပ်ဆောင်ချက် အပါအဝင် လုပ်ဆောင်ချက် ၄ ခုကို မိတ်ဆက်ပေးခဲ့ပါတယ်။ လတ်တလောမှာတော့ ဤလုပ်ဆောင်ချက် ၄ ခုဟာ iOS သုံး Device များ၌သာ သုံးစွဲလို့ ရဦးမှာဖြစ်ပြီး Android Device များနဲ့ Desktop များအတွက်တော် သတင်းပတ် အနည်းငယ်အတွင် အသုံးပြုနိုင်မယ်လို့ သိရှိရပါတယ်။

“Priority who to see first” လုပ်ဆောင်ချက်ကတော့ သင့် အလိုရှိရာ Friends များနဲ့ Page များရဲ့ Post များကို News Feed ရဲ့ ထိပ်ဆုံးမှာ Facebook ဖွင့်လိုက်တာနဲ့ မလွတ်တမ်း ပေါ်နေစေဖို့ ပြုလုပ်နိုင်မှာ ဖြစ် ပါတယ်။ နောက်တစ်ခုကတော့ “Unfollow people to hide their posts” လုပ်ဆောင်ချက်ဖြစ်ပြီး မိမိ မတွေ့မြင်လိုသည့် Friends များ၏ Post များ News Feed ပေါ်တွင် ပေါ်မလာစေရန် အလွယ် တကူ ရွေးချယ်ကန့်သတ် ပေးနိုင်မှာ ဖြစ်ပါတယ်။ အခြားတစ်ဖက်မှာတော့ “Reconnect with people you unfollowed” လုပ်ဆောင်ချက်က သင် တစ်ချိန်တစ်ခါက “Unfollow” လုပ်ထားခဲ့တဲ့ Friend များကို News Feed ပေါ်မှာ ပြန်ပေါ်လာစေဖို့ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

နောက်ဆုံးဖြစ်တဲ့ “Discover new Pages” လုပ်ဆောင်ချက်ကတော့ စိတ်ဝင်စားဖွယ်ရာ Page အသစ်များကို ရှာဖွေပြီး Like လုပ်နိုင်စေမှာ ဖြစ်ပါတယ်။ သင်ရဲ့ လက်ရှိ Like လုပ်ထားတဲ့ Page များပေါ် မူတည်ပြီးတော့ အလားတူ Page များကို ရှာဖွေတွေ့ရှိ နိုင်အောင် စီစဉ်ပေးထားခြင်း ဖြစ်ပါတယ်။

အတိုချုပ် အားဖြင့်တော့ News Feed အား ထိန်းချုပ်ပေးမယ့် ယခု လုပ်ဆောင်ချက် အသစ် ၄ ခု ဟာ သင့် Facebook News Feed မှာ သင့်အတွက် အရေးပါတဲ့ Friends များနဲ့ Page များရဲ့ Post များကို ထိပ်ဆုံးမှာ ဖော်ပြပေးမှာဖြစ်လို့ အရေးကြီး အချက်အလက်များကို မတွေ့လိုက်ရာမှာကို ပူစရာ မလိုတော့ ပါဘူး။ လက်ရှိ News Feed Preferences ထက် များစွာ ရိုးရှင်းလွယ်ကူလာမှာ ဖြစ်ပါတယ်။

News Feed ရဲ့ Algorithm ဟာ အလွန်ရှုပ်ထွေးလှပြီး Post တစ်ခုရဲ့ သင့်အပေါ် အကျိုးသက်ရောက်မှု၊ အရေးပါမှုနဲ့ စိတ်ဝင်စားနိုင်မှု စသည်ဖြင့် အချက်အလက်ပေါင်း များစွာတို့ကို တွက်ချက်ပေး ပြီး ဖော်ပြပေးနေခြင်း ဖြစ်ပါတယ်။ ယခင်က ကွန်ပြူတာနဲ့ သုံးတဲ့အခါမှာ News Feed ကို နောက်အကျဆုံး (most recent) Post များကို အရင်ဆုံး မြင်ရအောင် စီစဉ်ပေးနိုင်တဲ့ လုပ်ဆောင်ချက် ရှိပေမယ့် Mobile ပေါ်မှာ အသုံးပြုတဲ့ အခါမှာတော့ ယင်းလုပ်ဆောင်ချက်ဟာ အသုံးပြုရ ခက်ခဲနေပါတယ်။

အသုံးပြုပုံ အဆင့်များမှာ -
၁) သင့်၏ iOS Device မှ Facebook ထဲသို့ ဝင်လိုက်ပါ။
၂) ညာဖက် အောက်ထောင့်၌ရှိသည့် More အား နှိပ်လိုက်ပါ။
၃) အောက်ဖက်သို့ Scroll Down လုပ်ပြီး News Feed Preferences ကို ရှာပြီး နှိပ်လိုက်ပါ။
၎) အထက်မှာ ဖော်ပြထားတဲ့ လုပ်ဆောင်ချက် ၄ ခုထဲမှ နှစ်သက်ရာကို ရွေးချယ်ပြီး အသုံးပြုပါ။

Link - http://mmconsumerguide.com/?p=6215




ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


News Feed ကို ထိန်းချုပ်နိုင်မည့် See First feature သစ်ကို Facebook မိတ်ဆက်



နာမည်ကျော် လူမှုကွန်ရက်ကြီး ဖြစ်သော Facebook သည် သုံးစွဲသူများက News Feed ကို အကောင်းဆုံး ထိန်းချုပ် အသုံးပြုနိုင်စေမည့် feature သစ်တစ်မျိုးကို မိတ်ဆက်ပေးခဲ့သည်။


See First ဟုခေါ်သော feature သစ်သည် မိမိမြင်တွေ့လိုသော Facebook သူငယ်ချင်းများ၏ post များကို feed ၏ ထိပ်ဘက်ပိုင်းတွင် အမြဲတမ်း ဖော်ပြပေးမည် ဖြစ်သည်။

၎င်း feature ကို လက်ရှိတွင် iOS ထုတ်ကုန်များတွင်သာ အသုံးပြုနိုင်သေးပြီး Android နှင့် desktop အတွက် မကြာခင်တွင် ဖြန့်ချိပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။


See First feature ကို အသုံးပြုလိုသူများသည် iOS တွင် Facebook app ကို ဖွင့်ပြီးနောက် ညာဘက်အောက်ထောင့်ရှိ More ခလုတ်ကို နှိပ်ရမည် ဖြစ်သည်။ ထို့နောက် menu ၏ အောက်ခြေဘက် သို့ scroll လုပ်ပြီး News Feed Preferences ကို နှိပ်ကာ Facebook သူငယ်ချင်းများကို ရွေးချယ် သတ်မှတ်နိုင်သည်။

Ref: CNET
Credit to ==> Internet Journal


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


Andriod Digital TV Receiver




Smart phone, tablet များဖြင့် တွဲဖက်ပြီး အခမဲ့ ဒီဂျစ်တယ် ရုပ်သံလိုင်းများကို အခမဲ့ဖမ်းယူ ကြည့်ရှုနိုင်မည့် Andriod Digital TV Receiver ဖြစ်သည်။ OTG အထောက်အပံ့ ပေးသော Phone, tablet များတွင် အလွယ်တကူ တပ်ဆင်အသုံးပြုနိုင်မည် ဖြစ်သည်။

DVB-T2 System ဖြင့် ထုတ်လွှင့်သော အခမဲ့ဒီဂျစ်တယ် ရုပ်သံများ အားလုံးကို ကြည်လင် ပြတ်သားစွာဖြင့် ကြည့်ရှုနိုင်မည် ဖြစ်သည်။ မိမိနှစ်သက်ရာ အစီစဉ်များကိုလည်း Recording  ပြုလုပ်ကာ သိမ်းဆည်း ထားနိုင်မည် ဖြစ်သည်။ Portable Design ဖြစ်သည့်အတွက် သွားလေရာသို့ သယ်ဆောင်သွားနိုင် သလို နေရာဒေသမရွေး ကြည့်ရှုနိုင်မည် ဖြစ်သည်။

တန်ဖိုးမှာ ၄၉,၈၀၀ ကျပ်ဖြစ်ပြီး F@X Computer ဖုန်း ၀၁- ၂၅၂၆၂၇ ၌ ဆက်သွယ်ဝယ်ယူနိုင် မည်ဖြစ်သည်။

Credit to ==> Internet Journal



ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


Line App တရားဝင်မိတ်ဆက်ပွဲ ကျင်းပ


စမတ်ဖုန်း အသုံးပြု သူတွေ ကြားမှာ ရေပန်းစားတဲ့ တဦးနဲ့ တဦး မက်ဆေ့ခ်ျ ပေးပို့၊ အပြန် အလှန် Chatting ပြုလုပ်၊ Video Calls၊ တွေပြုလုပ် နိုင်တဲ့ Mobile Application တွေထဲက တခုဖြစ်တဲ့ LINE Application ကို မြန်မာနိုင်ငံမှာ တရားဝင် စတင် မိတ်ဆက်ပွဲ အခမ်းအနားကို ဇူလိုင် ၃ရက်နေ့က ရန်ကုန်မြို့၊ ပြည်လမ်းပေါ်က Novotel Max ဟိုတယ်မှာ ကျင်းပ ပြုလုပ် ခဲ့ပါတယ်။

အဲဒီပွဲမှာ မြန်မာနိုင်ငံရဲ့ LINE Ambassador အဖြစ် ခန့်အပ် ထားတဲ့ ပြည်သူချစ် အနုပညာရှင်တွေဖြစ်တဲ့ သရုပ်ဆောင် အောင်ရဲလင်းနဲ့ အလှမယ် ခင်ဝင့်ဝါတို့ကိုလည်း တရားဝင် မိတ်ဆက်ခဲ့ပြီး သူတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ LINE Application TV ကြော်ငြာကိုပါ မိတ်ဆက်ပြသခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ LINE Ambassador အောင်ရဲလင်းနဲ့ခင်ဝင့်ဝါတို့ရဲ့ တရားဝင် Official Account တွေနဲ့ပါ မိတ်ဆက်ပေးခဲ့ပြီး အဲဒီအကောင့်နှစ်ခုကို Add လုပ်ထားမယ်ဆိုရင် သူတို့ရဲ့ အနုပညာလှုပ်ရှားမှု သတင်းအချက်အလက်တွေကို LINE Timeline မှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် LINE Application အသုံးပြုသူတွေ အချင်းချင်း အပြန်အလှန် မက်ဆေ့ခ်ျပေးပို့ စကားပြောတဲ့အခါ ပိုမို အသက်ဝင်ပြီး ချစ်စရာကောင်းမယ့် အောင်ရဲလင်းနဲ့ ခင်ဝင့်ဝါတို့ရဲ့ မျက်နှာပုံနဲ့ ပြုလုပ်ထားတဲ့ ရယ်စရာကောင်းတဲ့ LINE Stickers တွေကိုလည်း အခမဲ့ ဒေါင်းလုပ်ဆွဲယူပြီး အသုံးပြုသွားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။



“LINE Application ကို ကျနော် စသုံးဖြစ်ခဲ့တာတော့ ထိုင်းမှာရှိ တဲ့ သူငယ်ချင်းဆီကနေတ ဆင့်ပေါ့။ အဲဒီမှာ စသုံးရင်းနဲ့ ကျနော် LINE မှာ သဘောကျမိတာက ချစ်စရာကောင်းတဲ့ Stickers လေးတွေပါ။ ဒီစတစ်ကာလေးတွေက ကျနော်တို့ရဲ့ စိတ်ခံစားချက်တွေကိုဖော်ပြပေးပါတယ်။ အထူးသဖြင့် Brown

ဆိုတဲ့ ဝက်ဝံလေးရဲ့Character ကို ကြိုက်ပါတယ်။ ဒီကောင်လေးရဲ့Character က ကျနော်တို့လို ယောက်ျားလေးတွေကို ကိုယ်စားပြုတယ်လို့ထင်ပါတယ်” လို့ အောင်ရဲလင်းက ပြောပါတယ်။

အလှမယ် ခင့်ဝင်ဝါကလည်း “ညီမကတော့ စတစ်ကာတွေထဲမှာ အကြိုက်ဆုံးက Cony ပါ။ သူက ချစ်စရာကောင်းပြီး မိန်းကလေးတွေကို ကိုယ်စားပြုတဲ့ Character ရှိတယ်လို့ ထင်ပါတယ်။ ညီမက LINE အသုံးပြုရတာကို ကြိုက်တယ်။ ဘာကြောင့်ကြိုက်လဲဆိုတော့ သူက ဖုန်းပြောတာ၊ မက်ဆေ့ခ်ျ ပို့တာ Free Call တွေ အပြင်ကို ကိုယ့်ရဲ့Timeline မှာလည်း ဓာတ်ပုံတွေတင်ပြီး သူငယ်ချင်းတွေကို ဝေမျှနိုင်တယ်။ ချစ်စရာကောင်းတဲ့ စတစ်ကာလေးတွေနဲ့လည်း Comment ပေးနိုင်တယ်။ အခုဆိုရင် ညီမတို့ ရုပ်ပုံနဲ့ စတစ်ကာလေးတွေပါ သုံးနိုင်တော့မယ်” လို့ ဆိုပါတယ်။

LINE Application အနေနဲ့မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး ကုမ္ပဏီ MPT နဲ့ ချိတ်ဆက်လက်တွဲပြီး အကျိုးတူပူးပေါင်းမှု လုပ်ငန်းတွေ လုပ်ဆောင်သွားဖို့ရှိသလို မြန်မာနိုင်ငံမှာလည်း LINE ကုမ္ပဏီရဲ့ ရုံးခန်းတွေ လာရောက်ဖွင့်လှစ်သွားဖို့ အစီအစဉ်တွေ ရှိတယ်လို့ သိရပါတယ်။

LINE က Samsung နဲ့လည်း ပူးပေါင်းပြီးတော့ပထမဆုံး လှုပ်ရှားမှု အနေနဲ့ “LINE Lucky Chance” အစီအစဉ်အဖြစ် ဇွန်လအတွင်းက ရက် (၃၀) တိတိ၊ ဖုန်းအလုံး (၃၀) ကို တရက်တလုံး LINE Application အသုံးပြုသူတွေကံစမ်းမဲ ဖောက်ပေးခဲ့ပါတယ်။ အခုအချိန်မှာဆိုရင်လည်း LINE FUN Official အကောင့်ကို ဇူလိုင်လ ၂ ရက်နေ့မှာ စတင် မိတ်ဆက်ခဲ့ပြီး အဲဒီမှာလည်း Samsung Galaxy S6 အလုံး (၃၀) ကို တရက်တလုံး ကံစမ်းနိုင်ပြီလို့ သိရပါတယ်။

LINE မှာဆိုရင် Corporate brand တွေ၊လူထုရုပ်ပုံတွေ၊ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေရဲ့ တရားဝင်အကောင့်တွေနဲ့ Facebook လိုပဲ တည်နေရာ၊ သတင်းအချက်အလက်တွေ၊ ဗီဒီယို၊ ရုပ်ပုံတွေကို တင်ပြီး မိမိဘဝမှတ်တမ်းတွေကို Share လုပ်နိုင်တဲ့ ကိုယ်ပိုင်နေရာ Home နဲ့ Timeline ဆိုပြီး Social Communication Feature တွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် Smartphone Life Platform တခုကို ဖြစ်ပေါ်လာစေတဲ့ LINE Games တွေနဲ့ Selfie Stickers, LINE Camera စတဲ့ Application တွေလည်း များစွာပါဝင်ပါတယ်။

ဂျပန်၊ ထိုင်း၊ အင်ဒိုနီးရှား၊ထိုင်ဝမ်နဲ့ စပိန် နိုင်ငံတွေမှာ အသုံးများ ရေပန်းစားတဲ့ LINE App ဟာ အွန်လိုင်းရှိရုံနဲ့ အခမဲ့ မက်ဆေ့(ခ်ျ)ပေးပို့ခြင်း၊ Voice calls ၊ Video calls နဲ့ ပြည်တွင်းပြည်ပ အဖွဲ့လိုက် စကားပြော ဆိုခြင်း၊ Chatting လုပ်ခြင်းများပြုလုပ်နိုင်တဲ့ Mobile Application တခုဖြစ်ပြီး LINE ကို စမတ်ဖုန်းတွေမှာသာမက ကွန်ပျူတာနဲ့ Tablet တွေမှာလည်း အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်တယ်လို့သိရပါတယ်။

သီဟတိုး

The Irrawaddy's Blog by thae thae 

Original link - http://blog.irrawaddy.org/2015/07/line-app.html

ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


July 10, 2015

Facebook က iOS App အတွက် Image Uploader အသစ်ပြုလုပ်ပေး


Facebook က iOS App အတွက် စွမ်းဆောင်ချက်များ ပိုမိုပါရှိသော Image Uploader အသစ်ကို ပြုလုပ်ပေးလိုက်ပါသည်။

Facebook ၏ iPhone App တွင် ဓါတ်ပုံများ Upload ပြုလုပ်သည့်အခါတွင် အရောင်မျိုးစုံဖြင့် စာသားများကို ဓါတ်ပုံတွင် ရေးသားနိုင်ပြီး Stickers များကိုလည်း ထည့်သွင်းနိုင်ပါသည်။ ထို့အပြင် Preview ကြည့်နိုင်သော Filters များ ပါရှိပါသည်။

အဆိုပါ ဓါတ်ပုံ ပြင်ဆင်သည့် ကိရိယာများကို အသုံးပြုရန် စကရင်၏ ဘယ်ဘက်အောက်ခြေမှ Wand Button ကို နှိပ်ရမည် ဖြစ်သည်။ ယခင်ကမူ iOS App တွင် သာမာန် Filters အနည်းငယ်နှင့် စတစ်ကာ အနည်းငယ်သာ ပါရှိခြင်း ဖြစ်ပါသည်။

ယခု Image Uploader အသစ်တွင် Instagram နှင့် ဆင်တူသော Filter များ ထည့်သွင်းနိုင်ခြင်း၊ ဓါတ်ပုံတွင် သူငယ်ချင်းများကို Tag ပြုလုပ်နိုင်ခြင်း၊ အရွယ်အစားကို ချိန်ညှိနိုင်သော Emojis များ ထည့်သွင်းနိုင်ခြင်း၊ ဓါတ်ပုံများကို Crop ပြုလုပ်နိုင်ခြင်းတို့ ပါရှိပါသည်။

Credit to ==>Myanmar Digital Life Journal



ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


BlackBerry က iOS နှင့် Android ရှိ သူ၏ Messenger တွင် Private Chat Feature ကို ထည့်သွင်းပေး


BlackBerry က သူ၏ BlackBerry Messenger တွင် Private Chat Feature ကို ထည့်သွင်းပေးလိုက် ပါသည်။ Private Chat ကို အသုံးပြုလျှင် အသုံးပြုသူ၏ အမည်နှင့် Profile Picture ကဲ့သို့ သတင်း အချက်အလက်များကို ဖွက်ထားပေးမည် ဖြစ်သည်။ Private Chat သည် အချိန်အနည်းငယ်အကြာတွင် အလိုအလျှောက် ပိတ်ပေးမည်ဟု BlackBerry က ပြောပါသည်။

Private Chat ကို အသုံးပြုရန် တစ်လလျှင် ၀.၉၉ ဒေါ်လာ ပေးသွင်းရမည့် Privacy and Control Subscription ကို ၀ယ်ယူရမည် ဖြစ်သည်။ အဆိုပါ ၀န်ဆောင်မှုတွင် အချိန်ကြိုတင်သတ်မှတ်၍ Message ပေးပို့နိုင်သော စွမ်းဆောင်ချက်၊ ပေးပို့လိုက်သော Message ကို Cancel ပြုလုပ်သည့် စွမ်းဆောင်ချက်များအပြင် Private Chat စွမ်းဆောင်ချက်တို့ ပါရှိပါသည်။

Android အတွက် BBM ကို မကြာမီကပင် Material Design အဖြစ် ပြုလုပ်ပေးခဲ့ပြီး ယခုအခါ စတစ်ကာများနှင့် Quote Message များကို ပေးပို့နိုင်ပါသည်။ Private Chat ကို iOS , Android နှင့် BlackBerry 10 Device များတွင် အသုံးပြုနိုင်ပြီ ဖြစ်သည်။

Credit to ==>Myanmar Digital Life Journal


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


BlackBerry နှင့် Android စမတ်ဖုန်း လုံခြုံရေး ပိုင်းဆိုင်ရာပူးပေါင်း


အမေရိကန် သမ္မတ ကြီး ဘားရက်အိုဘားမားအသုံးပြုသည့် လုံခြုံရေး မြင့်မားထိုးဖောက်ရခက်ခဲသည့် BlackBerry ဖုန်းထုတ်လုပ်ပြီး ကိုယ်ပိုင် Operation System ဖြင့်ရပ်တည်လျက်ရှိကာ Research In Motion Limited (RIM) ကစတင်တည်ထောင်ခဲ့သည်။

RIM ကုမ္ပဏီ သည်ကနေဒါနိုင်ငံအခြေစိုက် ဖြစ်ကာ Keypads (ခလုတ်)ဖုန်းများကိုစတင်ရောင်းချ ပြီး အောင်မြင်မှုများရရှိခဲ့သော်လည်း Android နှင့် iOS တို့ပေါ်ပေါက်လာသည့်အခါ Touch Screen အသုံးပြုမှုပိုမိုများပြားလာသည့်အပြင် Android ၏ Open Source ကဲ့သို့ စနစ်များကြောင့် သုံးစွဲ သူလျော့နဲပြီး တဖြည်းဖြည်း ယိုင်နဲ့ လာခဲ့သည်။ ၎င်းတို့အခြေအနေကိုပြန်လည်တည့်မတ်ရန် Android Os သုံး စမတ်ဖုန်း များထုတ်လုပ်မည်ဟုကောလဟလများထွက်လာခဲ့သည်။

Androidသည်လည်း၎င်းတို့ဖုန်းများ၏ လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် BlackBerry အကူအညီရယူဖြေရှင်း ရန် နှစ်ဦးနှစ်ဘက်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုမျိုးကို ပိုမိုလိုလားသည့်အလျောက်လုံခြုံရေးပိုင်းဆိုင် ရာစတင်ပူးပေါင်းခြင်းဖြစ်ပြီး များမကြာမီ BlackBerry Android ဖုန်းများလည်းပေါ်ထွက်လာဖွယ်ရှိသည်။

Credit to ==> Phone News Up To Date



ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


XIAOMI MI 5 နှင့် MI 5 PLUS နှစ်မျိုးထုတ်မလား



ကမ္ဘာ့တတိယအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီ Xiaomi က ပထမလေးလပတ်အတွင်း စမတ်ဖုန်းပေါင်း ၃၅ သန်းကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ထိုကဲ့သို့ အောင်မြင်မှု ကြီးမားလာသကဲ့သို့ လုပ်ငန်း များထပ်မံတိုးချဲရာ ထိုင်ဝမ်နိုင်ငံမှ ကမ္ဘာအကြီးဆုံးမိုဘိုင်းဖုန်းတပ်ဆင်ရေး ပစ္စည်း ထုတ်လုပ်သည့် Foxconn နဲ့ ပူးတွဲ ပြီး ဘရာဇီးလ်နိုင်ငံမှာ စမတ်ဖုန်းများထုတ်လုပ်တော့မှာဖြစ်သကဲ့သို့ မကြာခင်အချိန်အတွင်းမှာ ဥရောပ ကိုထိုးဖောက်ဖို့ ချက်နိုင်ငံ၊အမေရိကတိုက် မက္ကဆီကို ၊အိန္ဒိယ တို့မှာလည်း စမတ်ဖုန်းများထုတ်လုပ်ရန် စီစဉ်လျက်ရှိသည်။ 
ကြော်ငြာခကုန်ကျစရိတ်များကိုလျော့ချပြီး သုံးစွဲ သူများကိုတန်ဖိုးသက်သာစွာဖြင့် အရည်အသွေးမြင့်စမတ် ဖုန်းများထုတ်လုပ်ပေးလေ့ရှိသည့်အတွက် ၎င်းတို့ထုတ်ကုန်များမှာနာမည်ကျော်သည်။ MI series များမှာ Xiaomi ရဲ့ Master piece ထုတ်ကုန်ဖြစ်ပြီးအကောင်းဆုံးထုတ်ကုန်များဖြစ်ရာ ယခုအခါ MI 4 ကိုကြော်ငြာ မိတ်ဆက်ခဲ့သည်မှာ တစ်နှစ်ပြည့်သွားပြီဖြစ်ပြီး MI 5 ကိုသုံးစွဲသူများစောင့်မျော်လျက်ရှိသည်။ MI 5 ကို နှစ်မျိုးထုတ်လုပ်ဖွယ်ရှိပြီး MI 5 Plus သို့ MI5 Pro နာမည်ဖြင့်ထွက်လာဖွယ်ရှိသည်။ 
MI 5 ကို 5.7 inch Quad HD Display ကို 2.5 D Gorilla Galss ဖုးံအုပ်ထားဖွယ်ရှိသည်။Snapdragon 810 (v 2.1) ဗားရှင်းအသစ်အသုံးပြုဖွယ်ရှိပြီး RAM 4GB မောင်းနှင်မည်ဟုခန့်မှန်းသည်။ 16MP ပင်မကင်မရာနှင့် 13 MP font facing ကင်မရာ တပ်ဆင်ထားပြီး Battery 3000 mAh အသုံးပြုထား၍ ဈေးနူန်း မှာ အကြမ်းဖျင်အားဖြင့် $386 ဝန်းကျင်ဖြစ်နိုင်ဖွယ်ရှိသည်။ 
MI 5 Plus ကိုမှု 5.7 inches Display, Snapdragon 820 ,23 MP ပင်မကင်မရာ ၊12 MP မျက်နှာပြင်ကင်မရာ၊3500 mAh Battery တပ်ဆင်ထားဖွယ်ရှိပြီး RAM 5 GB သုံး ပထမဆုံးစမတ်ဖုန်း ဖြစ်လာဖွယ်ဖြစ်ပြီး ဈေးနူန်း သိရှိရခြင်းမျိုးမရှိသေးပဲ MI 5 ထက်အနည်းငယ်သာ ပိုမိုများပြားနိုင်ကြောင်း သိရပြီး MI series စမတ်ဖုန်းများမှာ MicroSD ထပ်မံတိုးမြင့် အသုံးပြုနိုင်သောစမတ်ဖုန်းများမဟုတ်ဘဲ Build-in Memory ဖြင့်သာအသုံးပြုနိုင်သည့်အတွက် 16GB ,64 GB ,128 GB ဟု Version သုံးမျိုး ထွက်လာနိုင်ဖွယ်ရှိကြောင်းဖော်ပြထားသည်။ 

Ref:upleaks ,technobuffelo,  Phone News Up To Date
 
 


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


အင်တာနက်လိုင်း မြန်အောင် လုပ်နည်း




နဂိုရှိ မှ နားကိုင်းထွက် ဆိုသလို န ဂိုအဝင် အင်တာနက် လိုင်း မကောင်းရင် ကိုယ်ရမယ့် Output အင်တာနက် လိုင်း ကလည်း မကောင်းနိုင်ပါဘူး။
ဒီကြားထဲ Waste ဖြစ်သွားတာတွေ လည်း မိမိ ကွန်ပြူတာ တစ်လုံးတည်း မှာ တင် အများကြီး ရှိနေတတ်တော့ မကောင်းတဲ့ ကော်နက် ရှင်က တက်ကို မလာဘူး ဖြစ်သွားရပါရော။ 

ဒီလို အလဟဿ           ဖြစ်သွားမယ့် Bandwidth တွေကို Waste မဖြစ်ပဲ အပြည့် အဝ အသုံးချ လိုက်ရင် အင်တာနက် ကော်နက်ရှင်က အနည်း နဲ့ အများ ပြန်တက် လာမှာတော့ အမှန်ပါပဲ။ 

လုပ်ပုံလုပ်နည်းလေး က အောက်ပါ အတိုင်း ဖြစ် ပါတယ်။
၁။ Bndwidth မြင့်ခြင်း  
Start Menu >Run > gpedit.msc ဟူသော စာကို ရိုက်> Enter ခေါက်။ Screen ဘယ်ဘက်က administrative templates ကိုရွေး> Network ကိုရွေး> QoS packet scheduler ကို click နှိပ်>limit reservable bandwidth ကို click နှိပ်။ Enabled ပြောင်း၊ Bandwidth ကို 0 သို့ထား။
လက်ရှိ အင်တာနက် မြန်နှုန်းထက် ၂၀ ရာခိုင်နှုန်း တက်ပါတယ်။

 


၂။ Window network socket reset လုပ်ခြင်း
OS တစ်ခု ကနေ အချက်အလက်တွေ ကို ပို့ဖို့ အတွက် network socket များအား အသုံးပြုပါတယ်။ သူတို့က ကြာလာရင် overload ဖြစ်ပြီး အင်တာနက် အသုံးပြု ရလေးစေပါတယ်။
run>cmd ရိုက် enter ခေါက်> command prompt တက်လာရင် netsh winsock reset စာကို ရိုက် Enter ခေါက်> ပြီးရင် ကွန်ပြူတာ ကို Restart လုပ်ရပါမယ်။
ဒီလောက် ဆိုရင်မြန်သင့် သလောက် မြန်လာမယ် လို့ ထင်ပါတယ်။ အခြား နည်းလမ်းများ ရှိရင်လည်း စာဖတ်သူ တို့ လာရောက် မျှဝေ နိုင်ပါတယ်။


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


အနာဂတ် Samsung Galaxy ဖုန်းများ၏ အချက်အလက်များ ပေါက်ကြားထွက်ပေါ်လာ


Samsung သည် အရွယ်ကြီးမားသော display များနှင့် အစိတ်အပိုင်းသစ်များ ပါဝင်သော အသစ်ဖြန့်ချိမည့် စမတ်ဖုန်းများအတွက် အဆင်သင့် ဖြစ်နေကြောင်း သိရသည်။

Galaxy Note 5 နှင့် Galaxy S6 Edge Plus တို့ကို စက်တင်ဘာလတွင် ဘာလင်မြို့၌ ကျင်းပမည့် IFA 2015 ကွန်ဖရင့်စ်၌ တွေ့မြင်ရဖွယ်ရှိကြောင်း၊ Galaxy Note 5 တွင် ၅.၇ လက်မ screen ပါဝင်ပြီး stylus ကဲ့သို့သော digital pen ဖြင့် သုံးနိုင်ရန်အတွက် Samsung ၏ S Pen နည်းပညာ ပါဝင်ကြောင်း၊ Galaxy S6 Edge Plus တွင်လည်း ၅.၇ လက်မ screen ကို အသုံးပြုထားကြောင်း Sammobile မှ ဖော်ပြခဲ့သည်။ လက်ရှိ Galaxy S6 မော်ဒယ်များတွင် ၅.၁ လက်မ screen များကို အသုံးပြုထားသည်။

ထို့အပြင် ကောလာဟလ သတင်းများကလည်း Galaxy Note 5 နှင့် Galaxy S6 Edge Plus က Samsung ၏ စမတ်ဖုန်းလုပ်ငန်းကို မြှင့်တင်ပေးနိုင်ဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။ ကုမ္ပဏီသည် ဧပြီလက Samsung Galaxy S6 နှင့် S6 Edge စမတ်ဖုန်းတို့ကို မိတ်ဆက်ပေးခဲ့သည်။ ထို့နောက်တွင် အဆိုပါ ထုတ်ကုန်များအတွက် ဝယ်လိုအား မြင့်တက်လာခဲ့ကြောင်း Samsung မှ ပြောကြားခဲ့သည်။ သို့သော်လည်း ကုမ္ပဏီ၏ ဒုတိယသုံးလပတ် အမြတ်ငွေသည် ၇ ကြိမ်ဆက် ကျဆင်းဖွယ်ရှိကြောင်း Samsung မှ ကြေညာခဲ့သည်။

Sammobile ၏ ဖော်ပြချက်အရ Galaxy Note 5 တွင် ၅.၇ လက်မ screen အပြင် Exynos 7422 ဟုခေါ်ဆိုသော Samsung ပရိုဆက်ဆာသစ်ကို အသုံးပြုထားကြောင်း သိရသည်။ Exynos 7422 တွင် CPU နှင့် GPU ပေါင်းစပ်ထားပြီး onboard memory, storage, cellular connectivity နှင့် wireless network တို့ကို ချစ်ပ်တစ်ခုတည်းတွင် ထည့်သွင်းထားကြောင်း ဆိုသည်။

Galaxy S6 Edge Plus ကိုမူ ယခင်ဒီဇိုင်းအတိုင်း တွေ့မြင်ရဖွယ်ရှိပြီး ၎င်းတွင် Qualcomm Snapdragon 808 ပရိုဆက်ဆာကို အသုံးပြုဖွယ်ရှိကြောင်း Sammobile မှ ဖော်ပြခဲ့သည်။ ထို့အပြင် ၎င်းတွင် 32GB internal storage နှင့် 16-megapixel rear-facing ကင်ရာတို့ကို တွေ့မြင်ရမည်ဖြစ်ပြီး Google ၏ Android 5.1.1 (Lollipop) operating system ကို အသုံးပြုဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။

Ref: CNET

Credit to ==> Internet Journal


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ

Samsung Galaxy Tab A 8.0 ရဲ့အားနည်းချက် ၊ အားသာချက် ၊ သုံးသပ်ချက် နှင့် အသေးစိတ်ဖော်ပြချက်များ



တန်ဖိုး - ကန်ဒေါ်လာ ၁၉၉
အားသာချက်
Premium App တွေထည့်သွင်းပေးထားပြီး ဈေးနှုန်းပိုင်းလည်း မျှတအောင် စီစဉ်ပေးထားတဲ့ Tablet အမျိုးအစားတစ်ခုဖြစ်ပြီး microSD Card ကို 128GB အထိ ထည့်သွင်းအသုံးပြုနိုင်စေရန် စီစဉ်ပေး ထားတဲ့ tablet အမျိုးအစားတစ်ခုလည်း ဖြစ်ပါတယ်။

အားနည်းချက် 
အသံပိုင်းမှာ စပီကာတစ်လုံးတည်း အသုံးပြုထားတဲ့အတွက် အသံပိုင်းမှာ အနည်းငယ် အားရ ဖွယ် ရှိမှာမဟုတ်သလို ပလတ်စတစ်ကိုယ်ထည်နဲ့ တည်ဆောက်ထားတဲ့အတွက် ဈေးပေါတယ်လို့ ခံစားမှု ရှိစေမှာဖြစ်ပါတယ်။

သုံးသပ်ချက်
ဈေးနှုန်းမျှတပြီး ၈ လက်မ အရွယ်အစားရှိတဲ့ tablet တစ်ခုဖြစ်တဲ့အတွက် သုံးစွဲသူတွေ စိတ်တိုင်းကျစေမယ့် tablet တစ်လုံးလည်း ဖြစ်ပါတယ်။ ပါးလွှာတဲ့ ဒီဇိုင်းပုံစံနဲ့ ဖွဲ့စည်းထားတာကို တွေ့မြင်ရ မှာဖြစ်ပြီး ကင်မရာပိုင်းကလည်း ဓာတ်ပုံရိုက်ဝါသနာပါသူများအတွက် နှစ်သက်စေမှာဖြစ်ပါတယ်။


အသေးစိတ်ဖော်ပြချက်
Quad Core Processor ကို အသုံးပြုထားပြီး၊ Processor ရဲ့ အမြန်နှုန်းကတော့ 1.2 GHz ရှိမှာ ဖြစ်ပါတယ်။ RAM ကို 1.5GB ထည့်သွင်းပေးထားပြီး အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 16GB ပမာဏရှိတဲ့ Storage ပါဝင်မှာဖြစ်ပါတယ်။ Tablet ကို အသုံးပြုနိုင်ဖို့အတွက် အသုံးပြုထားတဲ့ System ကတော့ Android 5.0 Version ကို အသုံးပြုထားပြီး Display Screen မှာ TFT capacitive Touchscreen ကို အသုံးပြုထားပါတယ်။ Resolution ကတော့ 1024 x 768 resolution ရှိမှာ ဖြစ်ပါတယ်။ Screen အရွယ်အစားမှာ ၈လက်မ ခန့်ရှိမှာဖြစ်ပြီး အသံပိုင်းမှာတော့ စပီကာတစ်လုံးတည်းကိုသာ အသုံးပြုထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ကင်မရာပိုင်းမှာလည်း rear camera မှာ 5 Megapixels ရှိမှာဖြစ်ပြီး Front Camera ကတော့ 2 Megapixels ရှိမှာဖြစ်ပါတယ်။ ဘက်ထရီကို Li-lon အသုံးပြုထားပါတယ်။ ဘက်ထရီရဲ့ သိပ်သည်းဆကတော့ 4200mAh ရှိမှာဖြစ်ပါတယ်။

ဒီဇိုင်း
microSD Card ထည့်သွင်းတဲ့ Slot ကို ညာဘက်အခြမ်းဘောင်ဘေးမှာ ထည့်သွင်းထားပြီး USB Port, Microphone Jack Pin နဲ့ စပီကာတို့ကို tablet ရဲ့ အောက်ခြေမှာ ထည့်သွင်းပေးထားတာ ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Ref : CNET
Credit to ==> Internet Journal
ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


July 08, 2015

♪ ZTE က တန်ဖိုးနည်း Maven နှင့် Sonata 2 စမတ်ဖုန်းများကို အမေရိကန်တွင် ရောင်းချ


ZTE က Maven နှင့် Sonata 2 ဟု အမည်ပေးထားသော တန်ဖိုးနည်း စမတ်ဖုန်းနှစ်လုံးကို အမေရိကန် တွင် ရောင်းချပေးလိုက်ပါသည်။

Maven တွင် Quad-Core 1.2GHz Processor တပ်ဆင်ထားသော Snapdragon 400 SoC , 4.5” 854X480 Display, 1GB RAM, 8GB Storage , 2100mAh Battery ပါရှိပါသည်။ 5MP Rear Camera, VGA Front Camera တပ်ဆင်ထားပါသည်။ 4G LTE ကို ထောက်ပံ့ပေးပြီး Android 5.1 Lollipop မောင်းနှင်မည် ဖြစ်သည်။

Sonata 2 တွင် Quad-Core 1.2GHz CPU တပ်ဆင်ထားပါသည်။ လေးလက်မ 800×480 Display , 1GB RAM, 4GB Storage, 5MP Rear Camera, 2MP Front Camera, 1650mAh Battery , Android 4.4 KitKat ပါရှိပါသည်။

Myanmar Digital Life Journal


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


Dell IN5558 Notebook


နောက်ဆုံးထွက်ရှိလာသည့် Inspiron 5000 series Dell IN5558 Notebook သည် Intel Core i5-5200 U Processor အသုံးပြုထားပြီးအမြန်နှုန်းမှာ 2.2GHz ရှိမည်ဖြစ်သည်။ Memory အတွက် 4GD3L/ 1600MHz ထည့်သွင်းအသုံးပြုထားသည်။

အချက်အလက်သိမ်းဆည်းရန်အတွက် 500GB HDD ပါဝင်သည်။ Graphic အတွက် အမြင့်ပိုင်း graphic card ဖြစ်သော Nvidia GeForce GT920M 2GB DDR3 ကို အသုံးပြုထားသည်။ HD webcam ပါဝင်သည်။ မျက်နှာပြင်မှာ ၁၅.၆ လက်မ ကျယ်ဝန်းသည်။ External port အဖြစ် HDMI,LAN,Card Reader, USB ports များ ပါဝင်သည်။  4cell battery ကို အသုံးပြုထားသည်။ Dell ၏ ထူးခြားဆန်းသစ်သော Feature များစွာ အပြင် Multimedia ပိုင်းတွင် Waves MaxxAudioကို အသုံးပြုထားသည့်အတွက် Song system ကို ပိုမိုကောင်းမွန်စွာဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။

အာမခံ သက်တမ်းကို တစ်နှစ် (part & service) ပေးထားပြီး တန်ဖိုးမှာ ကန်ဒေါ်လာ ၆၁၉ ဖြစ်သည်။ Golden Power Technology ဖုန်း - ၂၃၀၄၈၄၈၊ ၂၃၀၄၈၄၉  နှင့် ကွန်ပျူ တာဆိုင်အများစု၌ ဝယ်ယူရရှိနိုင် သည်။

Credit to ==> Internet Journal


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


Samsung ၏အပါးလွှာဆုံးစမတ်ဖုန်း Galaxy A8



ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်း ထုတ်လုပ် သူ ကိုရီးယား နိုင်ငံအခြေစိုက် Samsung ကုမ္ပဏီ ကြီးမှ တရုတ် နိုင်ငံ မှာစတင်ရောင်းချမယ့် Galaxy A8 ဟာ 5.9 mm ပါးလွှာတာကြောင့် Samsung ကုမ္ပဏီ ထုတ်ဖုန်းတွေထဲမှအပါးဆုံးဖြစ်လာသည်။

မျက်နှာပြင်အကျယ် 5.7 inches ဖြစ်ပြီး Super AMOLED display ကိုသုံးထားပြီး Full HD 1080×1920 ရှိတာကြောင့် အရောင်အသွေးစိုပြည်တဲ့မျက်နှာပြင်မျိုးဖြစ်ပါတယ်။ Corning Gorilla Glass 4 နဲ့ဖုံးအုပ် ထားပြန်တာကြောင့် မာကျော ပြီးအကြမ်းခံမှာမလွဲပါဘူး။Body ကိုလည်း Metal type ဖြစ်တာမို့ ကျစ်လစ်ပြီး ပါးလွှာပေါ့ပါးတာကြောင့် 151 g ပဲရှိပါတယ်။Qualcomm Snapdragon 615 Octa-core ကိုသုံးထားပြီး RAM 2 GB ဖြင့် မောင်းနှင်ထားသည်။ Internal Memory 16GB ပါဝင်ပြီး MicroSD 128 GB ထပ်မံ ထည့်သွင်းအသုံးပြုနိုင်ပါသည်။

ကင်မရာကို Main အနေဖြင့် ပါးလှပ် ပြီးအရည်အသွေးကောင်းမွန်သော ISOCELL 16MP သုံးထားပြီး မျက်နှာပြင်ကင်မရာကို 5MP ဖြင့်တပ်ဆင်ထားသည်။Home Button Fingerprint Scanner ဖြစ်သောကြောင့် Galaxy S6 နှင့် S6 edge တို့ကဲ့သို့ ဖန်တီး ထားသည်ကိုတွေ့ရသည်။ ဘက်ထရီ ကို 3050 mAh တပ်ဆင်ထားပြီး ဈေးနူန်း မှာ US $500 ဝန်းကျင်ဖြစ်မည်ဖြစ်ပြီး ယခုလ အကုန်ပိုင်းတွင် တရုတ်နိုင်ငံတွင်စတင်ရောင်းချဖွယ်ရှိကြောင်း Phone Arena တွင်ဖော်ပြထားသည်။


Credit to ==> Phone News Up To Date


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ