Our social:

July 08, 2015

Samsung ၏အပါးလွှာဆုံးစမတ်ဖုန်း Galaxy A8



ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်း ထုတ်လုပ် သူ ကိုရီးယား နိုင်ငံအခြေစိုက် Samsung ကုမ္ပဏီ ကြီးမှ တရုတ် နိုင်ငံ မှာစတင်ရောင်းချမယ့် Galaxy A8 ဟာ 5.9 mm ပါးလွှာတာကြောင့် Samsung ကုမ္ပဏီ ထုတ်ဖုန်းတွေထဲမှအပါးဆုံးဖြစ်လာသည်။

မျက်နှာပြင်အကျယ် 5.7 inches ဖြစ်ပြီး Super AMOLED display ကိုသုံးထားပြီး Full HD 1080×1920 ရှိတာကြောင့် အရောင်အသွေးစိုပြည်တဲ့မျက်နှာပြင်မျိုးဖြစ်ပါတယ်။ Corning Gorilla Glass 4 နဲ့ဖုံးအုပ် ထားပြန်တာကြောင့် မာကျော ပြီးအကြမ်းခံမှာမလွဲပါဘူး။Body ကိုလည်း Metal type ဖြစ်တာမို့ ကျစ်လစ်ပြီး ပါးလွှာပေါ့ပါးတာကြောင့် 151 g ပဲရှိပါတယ်။Qualcomm Snapdragon 615 Octa-core ကိုသုံးထားပြီး RAM 2 GB ဖြင့် မောင်းနှင်ထားသည်။ Internal Memory 16GB ပါဝင်ပြီး MicroSD 128 GB ထပ်မံ ထည့်သွင်းအသုံးပြုနိုင်ပါသည်။

ကင်မရာကို Main အနေဖြင့် ပါးလှပ် ပြီးအရည်အသွေးကောင်းမွန်သော ISOCELL 16MP သုံးထားပြီး မျက်နှာပြင်ကင်မရာကို 5MP ဖြင့်တပ်ဆင်ထားသည်။Home Button Fingerprint Scanner ဖြစ်သောကြောင့် Galaxy S6 နှင့် S6 edge တို့ကဲ့သို့ ဖန်တီး ထားသည်ကိုတွေ့ရသည်။ ဘက်ထရီ ကို 3050 mAh တပ်ဆင်ထားပြီး ဈေးနူန်း မှာ US $500 ဝန်းကျင်ဖြစ်မည်ဖြစ်ပြီး ယခုလ အကုန်ပိုင်းတွင် တရုတ်နိုင်ငံတွင်စတင်ရောင်းချဖွယ်ရှိကြောင်း Phone Arena တွင်ဖော်ပြထားသည်။


Credit to ==> Phone News Up To Date


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ



0 comments:

Post a Comment