Our social:

July 11, 2015

News Feed ကို ထိန်းချုပ်နိုင်မည့် See First feature သစ်ကို Facebook မိတ်ဆက်



နာမည်ကျော် လူမှုကွန်ရက်ကြီး ဖြစ်သော Facebook သည် သုံးစွဲသူများက News Feed ကို အကောင်းဆုံး ထိန်းချုပ် အသုံးပြုနိုင်စေမည့် feature သစ်တစ်မျိုးကို မိတ်ဆက်ပေးခဲ့သည်။


See First ဟုခေါ်သော feature သစ်သည် မိမိမြင်တွေ့လိုသော Facebook သူငယ်ချင်းများ၏ post များကို feed ၏ ထိပ်ဘက်ပိုင်းတွင် အမြဲတမ်း ဖော်ပြပေးမည် ဖြစ်သည်။

၎င်း feature ကို လက်ရှိတွင် iOS ထုတ်ကုန်များတွင်သာ အသုံးပြုနိုင်သေးပြီး Android နှင့် desktop အတွက် မကြာခင်တွင် ဖြန့်ချိပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။


See First feature ကို အသုံးပြုလိုသူများသည် iOS တွင် Facebook app ကို ဖွင့်ပြီးနောက် ညာဘက်အောက်ထောင့်ရှိ More ခလုတ်ကို နှိပ်ရမည် ဖြစ်သည်။ ထို့နောက် menu ၏ အောက်ခြေဘက် သို့ scroll လုပ်ပြီး News Feed Preferences ကို နှိပ်ကာ Facebook သူငယ်ချင်းများကို ရွေးချယ် သတ်မှတ်နိုင်သည်။

Ref: CNET
Credit to ==> Internet Journal


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ



0 comments:

Post a Comment