Our social:

July 10, 2015

အနာဂတ် Samsung Galaxy ဖုန်းများ၏ အချက်အလက်များ ပေါက်ကြားထွက်ပေါ်လာ


Samsung သည် အရွယ်ကြီးမားသော display များနှင့် အစိတ်အပိုင်းသစ်များ ပါဝင်သော အသစ်ဖြန့်ချိမည့် စမတ်ဖုန်းများအတွက် အဆင်သင့် ဖြစ်နေကြောင်း သိရသည်။

Galaxy Note 5 နှင့် Galaxy S6 Edge Plus တို့ကို စက်တင်ဘာလတွင် ဘာလင်မြို့၌ ကျင်းပမည့် IFA 2015 ကွန်ဖရင့်စ်၌ တွေ့မြင်ရဖွယ်ရှိကြောင်း၊ Galaxy Note 5 တွင် ၅.၇ လက်မ screen ပါဝင်ပြီး stylus ကဲ့သို့သော digital pen ဖြင့် သုံးနိုင်ရန်အတွက် Samsung ၏ S Pen နည်းပညာ ပါဝင်ကြောင်း၊ Galaxy S6 Edge Plus တွင်လည်း ၅.၇ လက်မ screen ကို အသုံးပြုထားကြောင်း Sammobile မှ ဖော်ပြခဲ့သည်။ လက်ရှိ Galaxy S6 မော်ဒယ်များတွင် ၅.၁ လက်မ screen များကို အသုံးပြုထားသည်။

ထို့အပြင် ကောလာဟလ သတင်းများကလည်း Galaxy Note 5 နှင့် Galaxy S6 Edge Plus က Samsung ၏ စမတ်ဖုန်းလုပ်ငန်းကို မြှင့်တင်ပေးနိုင်ဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။ ကုမ္ပဏီသည် ဧပြီလက Samsung Galaxy S6 နှင့် S6 Edge စမတ်ဖုန်းတို့ကို မိတ်ဆက်ပေးခဲ့သည်။ ထို့နောက်တွင် အဆိုပါ ထုတ်ကုန်များအတွက် ဝယ်လိုအား မြင့်တက်လာခဲ့ကြောင်း Samsung မှ ပြောကြားခဲ့သည်။ သို့သော်လည်း ကုမ္ပဏီ၏ ဒုတိယသုံးလပတ် အမြတ်ငွေသည် ၇ ကြိမ်ဆက် ကျဆင်းဖွယ်ရှိကြောင်း Samsung မှ ကြေညာခဲ့သည်။

Sammobile ၏ ဖော်ပြချက်အရ Galaxy Note 5 တွင် ၅.၇ လက်မ screen အပြင် Exynos 7422 ဟုခေါ်ဆိုသော Samsung ပရိုဆက်ဆာသစ်ကို အသုံးပြုထားကြောင်း သိရသည်။ Exynos 7422 တွင် CPU နှင့် GPU ပေါင်းစပ်ထားပြီး onboard memory, storage, cellular connectivity နှင့် wireless network တို့ကို ချစ်ပ်တစ်ခုတည်းတွင် ထည့်သွင်းထားကြောင်း ဆိုသည်။

Galaxy S6 Edge Plus ကိုမူ ယခင်ဒီဇိုင်းအတိုင်း တွေ့မြင်ရဖွယ်ရှိပြီး ၎င်းတွင် Qualcomm Snapdragon 808 ပရိုဆက်ဆာကို အသုံးပြုဖွယ်ရှိကြောင်း Sammobile မှ ဖော်ပြခဲ့သည်။ ထို့အပြင် ၎င်းတွင် 32GB internal storage နှင့် 16-megapixel rear-facing ကင်ရာတို့ကို တွေ့မြင်ရမည်ဖြစ်ပြီး Google ၏ Android 5.1.1 (Lollipop) operating system ကို အသုံးပြုဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။

Ref: CNET

Credit to ==> Internet Journal


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


0 comments:

Post a Comment