Our social:

July 10, 2015

XIAOMI MI 5 နှင့် MI 5 PLUS နှစ်မျိုးထုတ်မလား



ကမ္ဘာ့တတိယအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီ Xiaomi က ပထမလေးလပတ်အတွင်း စမတ်ဖုန်းပေါင်း ၃၅ သန်းကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ထိုကဲ့သို့ အောင်မြင်မှု ကြီးမားလာသကဲ့သို့ လုပ်ငန်း များထပ်မံတိုးချဲရာ ထိုင်ဝမ်နိုင်ငံမှ ကမ္ဘာအကြီးဆုံးမိုဘိုင်းဖုန်းတပ်ဆင်ရေး ပစ္စည်း ထုတ်လုပ်သည့် Foxconn နဲ့ ပူးတွဲ ပြီး ဘရာဇီးလ်နိုင်ငံမှာ စမတ်ဖုန်းများထုတ်လုပ်တော့မှာဖြစ်သကဲ့သို့ မကြာခင်အချိန်အတွင်းမှာ ဥရောပ ကိုထိုးဖောက်ဖို့ ချက်နိုင်ငံ၊အမေရိကတိုက် မက္ကဆီကို ၊အိန္ဒိယ တို့မှာလည်း စမတ်ဖုန်းများထုတ်လုပ်ရန် စီစဉ်လျက်ရှိသည်။ 
ကြော်ငြာခကုန်ကျစရိတ်များကိုလျော့ချပြီး သုံးစွဲ သူများကိုတန်ဖိုးသက်သာစွာဖြင့် အရည်အသွေးမြင့်စမတ် ဖုန်းများထုတ်လုပ်ပေးလေ့ရှိသည့်အတွက် ၎င်းတို့ထုတ်ကုန်များမှာနာမည်ကျော်သည်။ MI series များမှာ Xiaomi ရဲ့ Master piece ထုတ်ကုန်ဖြစ်ပြီးအကောင်းဆုံးထုတ်ကုန်များဖြစ်ရာ ယခုအခါ MI 4 ကိုကြော်ငြာ မိတ်ဆက်ခဲ့သည်မှာ တစ်နှစ်ပြည့်သွားပြီဖြစ်ပြီး MI 5 ကိုသုံးစွဲသူများစောင့်မျော်လျက်ရှိသည်။ MI 5 ကို နှစ်မျိုးထုတ်လုပ်ဖွယ်ရှိပြီး MI 5 Plus သို့ MI5 Pro နာမည်ဖြင့်ထွက်လာဖွယ်ရှိသည်။ 
MI 5 ကို 5.7 inch Quad HD Display ကို 2.5 D Gorilla Galss ဖုးံအုပ်ထားဖွယ်ရှိသည်။Snapdragon 810 (v 2.1) ဗားရှင်းအသစ်အသုံးပြုဖွယ်ရှိပြီး RAM 4GB မောင်းနှင်မည်ဟုခန့်မှန်းသည်။ 16MP ပင်မကင်မရာနှင့် 13 MP font facing ကင်မရာ တပ်ဆင်ထားပြီး Battery 3000 mAh အသုံးပြုထား၍ ဈေးနူန်း မှာ အကြမ်းဖျင်အားဖြင့် $386 ဝန်းကျင်ဖြစ်နိုင်ဖွယ်ရှိသည်။ 
MI 5 Plus ကိုမှု 5.7 inches Display, Snapdragon 820 ,23 MP ပင်မကင်မရာ ၊12 MP မျက်နှာပြင်ကင်မရာ၊3500 mAh Battery တပ်ဆင်ထားဖွယ်ရှိပြီး RAM 5 GB သုံး ပထမဆုံးစမတ်ဖုန်း ဖြစ်လာဖွယ်ဖြစ်ပြီး ဈေးနူန်း သိရှိရခြင်းမျိုးမရှိသေးပဲ MI 5 ထက်အနည်းငယ်သာ ပိုမိုများပြားနိုင်ကြောင်း သိရပြီး MI series စမတ်ဖုန်းများမှာ MicroSD ထပ်မံတိုးမြင့် အသုံးပြုနိုင်သောစမတ်ဖုန်းများမဟုတ်ဘဲ Build-in Memory ဖြင့်သာအသုံးပြုနိုင်သည့်အတွက် 16GB ,64 GB ,128 GB ဟု Version သုံးမျိုး ထွက်လာနိုင်ဖွယ်ရှိကြောင်းဖော်ပြထားသည်။ 

Ref:upleaks ,technobuffelo,  Phone News Up To Date
 
 


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ






0 comments:

Post a Comment