Our social:

July 10, 2015

BlackBerry နှင့် Android စမတ်ဖုန်း လုံခြုံရေး ပိုင်းဆိုင်ရာပူးပေါင်း


အမေရိကန် သမ္မတ ကြီး ဘားရက်အိုဘားမားအသုံးပြုသည့် လုံခြုံရေး မြင့်မားထိုးဖောက်ရခက်ခဲသည့် BlackBerry ဖုန်းထုတ်လုပ်ပြီး ကိုယ်ပိုင် Operation System ဖြင့်ရပ်တည်လျက်ရှိကာ Research In Motion Limited (RIM) ကစတင်တည်ထောင်ခဲ့သည်။

RIM ကုမ္ပဏီ သည်ကနေဒါနိုင်ငံအခြေစိုက် ဖြစ်ကာ Keypads (ခလုတ်)ဖုန်းများကိုစတင်ရောင်းချ ပြီး အောင်မြင်မှုများရရှိခဲ့သော်လည်း Android နှင့် iOS တို့ပေါ်ပေါက်လာသည့်အခါ Touch Screen အသုံးပြုမှုပိုမိုများပြားလာသည့်အပြင် Android ၏ Open Source ကဲ့သို့ စနစ်များကြောင့် သုံးစွဲ သူလျော့နဲပြီး တဖြည်းဖြည်း ယိုင်နဲ့ လာခဲ့သည်။ ၎င်းတို့အခြေအနေကိုပြန်လည်တည့်မတ်ရန် Android Os သုံး စမတ်ဖုန်း များထုတ်လုပ်မည်ဟုကောလဟလများထွက်လာခဲ့သည်။

Androidသည်လည်း၎င်းတို့ဖုန်းများ၏ လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် BlackBerry အကူအညီရယူဖြေရှင်း ရန် နှစ်ဦးနှစ်ဘက်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုမျိုးကို ပိုမိုလိုလားသည့်အလျောက်လုံခြုံရေးပိုင်းဆိုင် ရာစတင်ပူးပေါင်းခြင်းဖြစ်ပြီး များမကြာမီ BlackBerry Android ဖုန်းများလည်းပေါ်ထွက်လာဖွယ်ရှိသည်။

Credit to ==> Phone News Up To Date



ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ



0 comments:

Post a Comment