Our social:

Latest Post

Showing posts with label ကျမ္မာရေး. Show all posts
Showing posts with label ကျမ္မာရေး. Show all posts

June 10, 2015

ခွင့်လွတ်သည်းခံခြင်းနှင့် ကျန်းမာရေးအကျိုးကျေးဇူးများ









တစ်စုံတစ်ယောက်က ကိုယ့်ကို ထိခိုက်နာကျင်စေတဲ့ စကားမျိုး၊ အပြုအမူမျိုး ပြုလုပ်ခံရတဲ့အခါ အလွယ်တကူ ခွင့်လွတ်သည်းခံနိုင်ဖို့ဆိုတာ သိပ်တော့ မလွယ်ပါဘူး။ ဒါပေမယ့် ခွင့်လွှတ်သည်းခံတတ်အောင် ကြိုးစားသင့်ပါတယ်။ အကြောင်းကတော့ ခွင့်လွှတ်သည်းခံတဲ့ စိတ်ရှိတာဟာ ကျွန်မတို့ရဲ့ စိတ်နဲ့ခန္ဓာကိုယ် ကျန်းမာရေးကို အံ့သြစရာကောင်း လောက်အောင် အကျိုးကျေးဇူး ဖြစ်စေတာကြောင့်ပါပဲ။ တစ်စုံတစ်ယောက်က ကိုယ့်ကို ဒေါသထွက်လောက်တဲ့ စကားမျိုး ပြောလာတဲ့အခါ ဒေါသတကြီး ကိုယ်ထိလက်ရောက် တုံ့ပြန် လိုက်မယ်ဆိုရင် နောက်ဆက်တွဲ ဖြေရှင်းရမယ့်ကိစ္စတွေ ရှိလာနိုင်ပါတယ်။ ဒီအဖြစ်အပျက်တွေကို တရားရုံးက အမှုတွဲတွေ၊ မှုခင်းသတင်းဂျာနယ်ပေါ်က
ဖြစ်ရပ်မှန်သတင်းတွေကို သာဓကအဖြစ် တွေ့နေရတာပဲ မဟုတ်ပါလား။  ဒေါသနဲ့ တုံ့ပြန်လိုက်တဲ့အခါ နောက်ဆက်တွဲဖြေရှင်းရမယ့် တခြားကိစ္စ တွေထက်ကျန်းမာရေးနဲ့ပတ်သက်ပြီးဘယ်လိုထိခိုက်စေနိုင်တယ်ဆိုတာကို ဆွေးနွေးတင်ပြလိုပါတယ်။

ခွင့်လွှတ်သည်းခံမှုဆိုသည်မှာ

ခွင့်လွှတ်သည်းခံမှုဆိုတာ ကိုယ့်ကို ထိခိုက်နာကျင်စေတဲ့ စကားလုံးတွေနဲ့ အပြုအမူတွေကို မေ့ပျောက်ကျေအေး လိုက်တာပါ။ လူတစ်ဦးနဲ့တစ်ဦးမှာ ခွင့်လွှတ်သည်းခံနိုင်စွမ်းရှိတဲ့ အတိုင်းအတာ ပမာဏကတော့ မတူညီတတ်ပါဘူး။ ခွင့်လွှတ်သည်းခံတယ်ဆိုတဲ့ စိတ်သဘောထားဟာ ပညာရှိဆန်သလို စိတ်ထားကြီးမြတ်မှုကိုလည်း ဖော်ညွှန်းနေပါတယ်။ ဒါကြောင့် 
ခွင့်လွှတ်သည်းခံနိုင်စွမ်း မြင့်မားလေလေ၊ ငြိမ်းချမ်းအေးဆေးတဲ့ဘ၀ကို ပိုင်ဆိုင်ရရှိလေလေပါပဲ။

နာကြည်းစိတ်များနေမယ်ဆိုရင် 

တချို့လူတွေက အတိတ်က ကိုယ့်ကို နာကျင်စေတဲ့ ဖြစ်ရပ်တွေကို ပြန်ပြောင်း တွေးတောရင်း အဲဒီအတိတ်ထဲမှာ ကိုယ့်ဘ၀တစ်ခုလုံး ပိတ်မိနေတာ၊ ဒေါသ၊ အာဃာတ၊ မလိုမုန်းထားခြင်းဆိုတဲ့ ၀ဲကယက်ကနေ ရုန်းမထွက်နိုင်အောင် ဖြစ်နေတတ်ပါတယ်။ အဲဒီအခါ ကျန်းမာရေးကို ထိခိုက်ပြီး နာတာရှည်ခံစားရတဲ့ ရောဂါတွေ စွဲကပ်လာနိုင်ပါတယ်။ ဒီအကြောင်းကို သမားတော်ကြီး ပါမောက္ခ ဦးကိုကိုလှက အခုလို ရှင်းပြပါတယ်။

ဒေါသထွက်တာကို မထိန်းချုပ်နိုင်ဘူးဆိုရင်

ရုတ်တရက်ဖြစ်တတ်တာက နှလုံးခုန်မြန်တတ်ပါတယ်၊ သွေးဖိအားက ဆောင့်တိုးသွားတတ်ပါတယ်၊
 နှလုံးရောဂါလို ရောဂါအခံရှိသူတွေမှာ အခန့်မသင့်ရင် နှလုံးရောဂါထခြင်း (Heart Attack) ဖြစ်သွားနိုင်ပါတယ်။ ဒေါသဖြစ်တဲ့အခါ ဘာကိုမှ သတိမမူမိတော့ဘဲ ကိုယ့်ကို ဒေါသဖြစ်စေတဲ့သူကို အနာတရဖြစ်အောင် တုံ့ပြန်မိရင် ရာဇ၀တ်မှု ကျူးလွန်သလို ဖြစ်သွားနိုင်ပါတယ်“ခွင့်မလွှတ်ပဲ နာကြည်းစိတ်များနေမယ်ဆိုရင်တော့ အိပ်မပျော်ခြင်း၊ သောကရောက်ခြင်း၊ မကျေနိုင်မချမ်းနိုင် ဒေါသထွက်နေခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ဓါတ်ကျခြင်း စတာတွေ ခံစားရပြီး ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်းတွေထိခိုက်လာကာကိုယ်ခံစွမ်းအားစနစ်ကျဆင်းလာတတ်ပါတယ်တခြားသူတစ်ဦးကို
 ဒေါသထွက်ကာခွင့်မလွတ်နိုင်တာကြောင့်ကိုယ့်မှာထိခိုက်စေနိုင်တဲ့ကျန်းမာရေးအန္တရာယ်တွေက ကြောက်
စရာကောင်းလှပါတယ်။


ခွင့်လွတ်ကျေအေးလိုက်မယ်ဆိုရင်


တစ်စုံတစ်ယောက်က သူပြောမိ ပြုမိတဲ့အရာအတွက် တောင်းပန်တဲ့အခါ သဘောထားကြီးမားစွာနဲ့ ခွင့်လွှတ်ကျေအေး တတ်ဖို့လိုပါတယ်။  ခွင့်လွှတ်ကျေအေးတတ်ပြီး စိတ်ထားအေးချမ်းတဲ့သူတွေဟာ စိတ်ဖိစီးမှု၊ ရန်လိုမှု၊ စိတ်ဓါတ်ကျခြင်း၊ ပူပင်သောကရောက်ခြင်း၊  နာတာရှည် နာကျင်ခြင်း၊ အရက်နဲ့ မူးယစ်ဆေးဝါးစွဲခြင်း၊ သွေးတိုးခြင်း စတဲ့ စိတ်နဲ့ဆက်စပ်ပြီး ဖြစ်လာတဲ့ ရောဂါပြဿနာတွ ကင်းဝေးပြီး ဘ၀မှာ သက်ရှည်နေပျော်စွာ ဖြတ်သန်းနိုင်မှာပါ။ခွင့်လွှတ်သည်းခံတတ်သူတိုင်း ရရှိလာမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေ အကြောင်းကို ပါမောက္ခ ဦးကိုကိုလှက အခုလို ရှင်းပြပေးထားပါတယ်။


ဒေါသကိုအလွယ်တကူ မောင်းထုတ်နိုင်မယ်ဆိုရင်


စိတ်ဖိစီးမှုဆိုင်ရာStressHormone တွေ လျော့နည်းသွားပြီး စိတ်အေးချမ်းမှု ရရှိမှာပါ၊ စိတ်အေးချမ်းတဲ့သူဟာ သွေးတိုး၊ နှလုံးစတဲ့နာတာရှည်ရောဂါဘယတွေကင်းဝေးတဲ့အပြင်အိုမင်းရင့်ရော်ခြင်းတွေ
 လျော့ပါးပြီးအရွယ်တင်နုပျိုနေမှာ ဖြစ်ပါတယ်ခွင့်လွှတ်သည်းခံတတ်တဲ့လုပ်ရပ်ဟာ ကောင်းမှန်း၊ မြင့်မြတ်မှန်းသိပေမယ့်
 ဒေါသထွက်အောင် ပြောဆိုပြုမူတဲ့အခါ အလွယ်တကူ သည်းခံနိုင်ဖို့ဆိုတာ လူတိုင်းအတွက် ခက်ခဲနေမှာပါ။ ကိုယ်မှားမှန်းသိပေမယ့် ကိုယ့်အမှားကို ၀န်ချတောင်းပန်တတ်ဖို့ မလွယ်ကူသလိုပါပဲ၊ ဒါပေမယ့် သည်းခံခွင့်လွှတ်တတ်ခြင်းနဲ့ အမှားကို တောင်းပန်တတ်ခြင်း တွေဟာ မင်္ဂလာရှိတဲ့ လုပ်ရပ်တွေပါ။ ဒါကြောင့်တစ်စုံတစ်ယောက်ကြောင့် စိတ်ဆိုးမိရတဲ့အခါ စိတ်ထားတတ်အောင် လုပ်ဆောင်နိုင်ဖို့                   

                                ( အောက်ပါနည်းလမ်းတွေကို ဝေမျှလိုက်ပါတယ် )


စိတ်ကို တည်ငြိမ်အောင်ထားပါ


ဒေါသကို လျော့ချနိုင်ဖို့ ရိုးစင်းလွယ်ကူတဲ့ နည်းလမ်းကို ကျင့်သုံးပါ။ ထိုနည်းတွေကတော့ အသက်ပြင်းပြင်း ရှူသွင်း၊ ရှုထုတ်ပြီး သင့်ကို ကြည်နူးစေတဲ့အရာကို တွေးတောခြင်း ဒါမှမဟုတ် လှပတဲ့ရှုခင်းကို ကြည့်ခြင်း၊ ဒါမှမဟုတ် သင်ချစ်တဲ့သူကို ကြည့်ခြင်းတွေပဲဖြစ်ပါတယ်။

တောင်းပန်သည့်အထိ မစောင့်ပါနှင့်

သင့်ကို နာကျင်အောင်လုပ်တဲ့ လူတိုင်းမှာတော့ တောင်းပန်ချင်တဲ့စိတ်ရှိလိမ့်မယ်လို့ မျှော်လင့်မထားပါနဲ့။ သူတို့မှာ အစကတည်းက သင့်ကို နာကျင်စေချင်တဲ့ ရည်ရွယ်ချက်ရှိနေနိုင်တာကြောင့်ပါ။ ဒါပေမယ့် သူတို့ဖြစ်စေချင်တဲ့အတိုင်း မဖြစ်စေရဘူးဆိုပြီး သင့်စိတ်ကို အေးချမ်းတည်ငြိမ်အောင် ထားလိုက်ပါ။ ဒါက သူတို့ကို ပြေလည်အောင် ပြန်ဆက်ဆံ ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ သူတို့ကို လစ်လျူရှုပစ်လိုက်ဖို့ကို ဆိုလိုတာပါ။

တခြားသူများ၏ အမြင်ကို ဂရုစိုက်ပါ…

သင့်ကို နာကျင်နစ်နာအောင် လုပ်သူကြောင့် သင့်ကိုသင် ယုံကြည်မှု၊ သင့်ဘ၀ရပ်တည်မှုနဲ့ သင့်စိတ်ဓါတ် ယိမ်းယိုင် ထိပါးသွားတယ်ဆိုရင် သင့်ကို တန်ဖိုးထား ယုံကြည်သူတွေ အများကြီးကို လှည့်ကြည့်လိုက်ပါ။


ခွင့်လွှတ်ခြင်း၏ အကျိုးကျေးဇူးကို နားလည်ပါ


ခွင့်လွှတ်တတ်တာဟာ စွမ်းအင်ပိုရှိစေပြီး အစာချေဖျက်အားကောင်းကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေကြောင်း သုတေသနတွေက လေ့လာဖော်ပြပြီးပါပြီ။ ဒါကြောင့် ခွင့်လွှတ်ခြင်းရဲ့ အကျိုးကျေးဇူးကို အရယူပါ။


သင့်ကိုယ်သင် ခွင့်လွှတ်ပါ


ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နိုင်ဖို့ စိန်ခေါ်မှုကြီးတစ်ရပ်လို ဖြစ်နေသူတွေ လောကမှာ အများကြီးရှိပါတယ်။ လူတိုင်း အမှားနဲ့ မကင်းနိုင်ပါဘူး။ ကိုယ့်အမှားကို သိပြီး အမှန်ကို ပြင်နိုင်တာကသာ လူတော်လူကောင်းတွေရဲ့ လုပ်ရပ်ဖြစ် တာကြောင့် ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို တည်ဆောက်ယူသင့်ပါတယ်။


လူတိုင်း ခွင့်လွှတ်သည်းခံတတ်ပြီး ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ



 ကမ္ဘာသစ် မှ လက်ဆင့်ကမ်း မျှဝေပေးပါသည်။



ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ

ကျမ္မာရေးကဏ္ဍ































တစ်စုံတစ်ယောက်က ကိုယ့်ကို ထိခိုက်နာကျင်စေတဲ့ စကားမျိုး၊ အပြုအမူမျိုး ပြုလုပ်ခံရတဲ့အခါ အလွယ်တကူ ခွင့်လွတ်သည်းခံနိုင်ဖို့ဆိုတာ သိပ်တော့ မလွယ်ပါဘူး။ ဒါပေမယ့် ခွင့်လွှတ်သည်းခံတတ်အောင် ကြိုးစားသင့်ပါတယ်။ အကြောင်းကတော့ ခွင့်လွှတ်သည်းခံတဲ့ စိတ်ရှိတာဟာ ကျွန်မတို့ရဲ့ စိတ်နဲ့ခန္ဓာကိုယ် ကျန်းမာရေးကို အံ့သြစရာကောင်း လောက်အောင် အကျိုးကျေးဇူး ဖြစ်စေတာကြောင့်ပါပဲ။ တစ်စုံတစ်ယောက်က ကိုယ့်ကို ဒေါသထွက်လောက်တဲ့ စကားမျိုး ပြောလာတဲ့အခါ ဒေါသတကြီး ကိုယ်ထိလက်ရောက် တုံ့ပြန် လိုက်မယ်ဆိုရင် နောက်ဆက်တွဲ ဖြေရှင်းရမယ့်ကိစ္စတွေ ရှိလာနိုင်ပါတယ်။ ဒီအဖြစ်အပျက်တွေကို တရားရုံးက အမှုတွဲတွေ၊ မှုခင်းသတင်းဂျာနယ်ပေါ်က
ဖြစ်ရပ်မှန်သတင်းတွေကို သာဓကအဖြစ် တွေ့နေရတာပဲ မဟုတ်ပါလား။  ဒေါသနဲ့ တုံ့ပြန်လိုက်တဲ့အခါ နောက်ဆက်တွဲဖြေရှင်းရမယ့် တခြားကိစ္စ တွေထက်ကျန်းမာရေးနဲ့ပတ်သက်ပြီးဘယ်လိုထိခိုက်စေနိုင်တယ်ဆိုတာကို ဆွေးနွေးတင်ပြလိုပါတယ်။

ခွင့်လွှတ်သည်းခံမှုဆိုသည်မှာ

ခွင့်လွှတ်သည်းခံမှုဆိုတာ ကိုယ့်ကို ထိခိုက်နာကျင်စေတဲ့ စကားလုံးတွေနဲ့ အပြုအမူတွေကို မေ့ပျောက်ကျေအေး လိုက်တာပါ။ လူတစ်ဦးနဲ့တစ်ဦးမှာ ခွင့်လွှတ်သည်းခံနိုင်စွမ်းရှိတဲ့ အတိုင်းအတာ ပမာဏကတော့ မတူညီတတ်ပါဘူး။ ခွင့်လွှတ်သည်းခံတယ်ဆိုတဲ့ စိတ်သဘောထားဟာ ပညာရှိဆန်သလို စိတ်ထားကြီးမြတ်မှုကိုလည်း ဖော်ညွှန်းနေပါတယ်။ ဒါကြောင့် 
ခွင့်လွှတ်သည်းခံနိုင်စွမ်း မြင့်မားလေလေ၊ ငြိမ်းချမ်းအေးဆေးတဲ့ဘ၀ကို ပိုင်ဆိုင်ရရှိလေလေပါပဲ။

နာကြည်းစိတ်များနေမယ်ဆိုရင် 

တချို့လူတွေက အတိတ်က ကိုယ့်ကို နာကျင်စေတဲ့ ဖြစ်ရပ်တွေကို ပြန်ပြောင်း တွေးတောရင်း အဲဒီအတိတ်ထဲမှာ ကိုယ့်ဘ၀တစ်ခုလုံး ပိတ်မိနေတာ၊ ဒေါသ၊ အာဃာတ၊ မလိုမုန်းထားခြင်းဆိုတဲ့ ၀ဲကယက်ကနေ ရုန်းမထွက်နိုင်အောင် ဖြစ်နေတတ်ပါတယ်။ အဲဒီအခါ ကျန်းမာရေးကို ထိခိုက်ပြီး နာတာရှည်ခံစားရတဲ့ ရောဂါတွေ စွဲကပ်လာနိုင်ပါတယ်။ ဒီအကြောင်းကို သမားတော်ကြီး ပါမောက္ခ ဦးကိုကိုလှက အခုလို ရှင်းပြပါတယ်။

ဒေါသထွက်တာကို မထိန်းချုပ်နိုင်ဘူးဆိုရင်

ရုတ်တရက်ဖြစ်တတ်တာက နှလုံးခုန်မြန်တတ်ပါတယ်၊ သွေးဖိအားက ဆောင့်တိုးသွားတတ်ပါတယ်၊
 နှလုံးရောဂါလို ရောဂါအခံရှိသူတွေမှာ အခန့်မသင့်ရင် နှလုံးရောဂါထခြင်း (Heart Attack) ဖြစ်သွားနိုင်ပါတယ်။ ဒေါသဖြစ်တဲ့အခါ ဘာကိုမှ သတိမမူမိတော့ဘဲ ကိုယ့်ကို ဒေါသဖြစ်စေတဲ့သူကို အနာတရဖြစ်အောင် တုံ့ပြန်မိရင် ရာဇ၀တ်မှု ကျူးလွန်သလို ဖြစ်သွားနိုင်ပါတယ်“ခွင့်မလွှတ်ပဲ နာကြည်းစိတ်များနေမယ်ဆိုရင်တော့ အိပ်မပျော်ခြင်း၊ သောကရောက်ခြင်း၊ မကျေနိုင်မချမ်းနိုင် ဒေါသထွက်နေခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ဓါတ်ကျခြင်း စတာတွေ ခံစားရပြီး ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်းတွေထိခိုက်လာကာကိုယ်ခံစွမ်းအားစနစ်ကျဆင်းလာတတ်ပါတယ်တခြားသူတစ်ဦးကို
 ဒေါသထွက်ကာခွင့်မလွတ်နိုင်တာကြောင့်ကိုယ့်မှာထိခိုက်စေနိုင်တဲ့ကျန်းမာရေးအန္တရာယ်တွေက ကြောက်
စရာကောင်းလှပါတယ်။

ခွင့်လွတ်ကျေအေးလိုက်မယ်ဆိုရင်

တစ်စုံတစ်ယောက်က သူပြောမိ ပြုမိတဲ့အရာအတွက် တောင်းပန်တဲ့အခါ သဘောထားကြီးမားစွာနဲ့ ခွင့်လွှတ်ကျေအေး တတ်ဖို့လိုပါတယ်။  ခွင့်လွှတ်ကျေအေးတတ်ပြီး စိတ်ထားအေးချမ်းတဲ့သူတွေဟာ စိတ်ဖိစီးမှု၊ ရန်လိုမှု၊ စိတ်ဓါတ်ကျခြင်း၊ ပူပင်သောကရောက်ခြင်း၊  နာတာရှည် နာကျင်ခြင်း၊ အရက်နဲ့ မူးယစ်ဆေးဝါးစွဲခြင်း၊ သွေးတိုးခြင်း စတဲ့ စိတ်နဲ့ဆက်စပ်ပြီး ဖြစ်လာတဲ့ ရောဂါပြဿနာတွ ကင်းဝေးပြီး ဘ၀မှာ သက်ရှည်နေပျော်စွာ ဖြတ်သန်းနိုင်မှာပါ။ခွင့်လွှတ်သည်းခံတတ်သူတိုင်း ရရှိလာမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေ အကြောင်းကို ပါမောက္ခ ဦးကိုကိုလှက အခုလို ရှင်းပြပေးထားပါတယ်။

ဒေါသကိုအလွယ်တကူ မောင်းထုတ်နိုင်မယ်ဆိုရင်

စိတ်ဖိစီးမှုဆိုင်ရာStressHormone တွေ လျော့နည်းသွားပြီး စိတ်အေးချမ်းမှု ရရှိမှာပါ၊ စိတ်အေးချမ်းတဲ့သူဟာ သွေးတိုး၊ နှလုံးစတဲ့နာတာရှည်ရောဂါဘယတွေကင်းဝေးတဲ့အပြင်အိုမင်းရင့်ရော်ခြင်းတွေ
 လျော့ပါးပြီးအရွယ်တင်နုပျိုနေမှာ ဖြစ်ပါတယ်ခွင့်လွှတ်သည်းခံတတ်တဲ့လုပ်ရပ်ဟာ ကောင်းမှန်း၊ မြင့်မြတ်မှန်းသိပေမယ့်
 ဒေါသထွက်အောင် ပြောဆိုပြုမူတဲ့အခါ အလွယ်တကူ သည်းခံနိုင်ဖို့ဆိုတာ လူတိုင်းအတွက် ခက်ခဲနေမှာပါ။ ကိုယ်မှားမှန်းသိပေမယ့် ကိုယ့်အမှားကို ၀န်ချတောင်းပန်တတ်ဖို့ မလွယ်ကူသလိုပါပဲ၊ ဒါပေမယ့် သည်းခံခွင့်လွှတ်တတ်ခြင်းနဲ့ အမှားကို တောင်းပန်တတ်ခြင်း တွေဟာ မင်္ဂလာရှိတဲ့ လုပ်ရပ်တွေပါ။ ဒါကြောင့်တစ်စုံတစ်ယောက်ကြောင့် စိတ်ဆိုးမိရတဲ့အခါ စိတ်ထားတတ်အောင် လုပ်ဆောင်နိုင်ဖို့                   

                                ( အောက်ပါနည်းလမ်းတွေကို ဝေမျှလိုက်ပါတယ် )

စိတ်ကို တည်ငြိမ်အောင်ထားပါ

ဒေါသကို လျော့ချနိုင်ဖို့ ရိုးစင်းလွယ်ကူတဲ့ နည်းလမ်းကို ကျင့်သုံးပါ။ ထိုနည်းတွေကတော့ အသက်ပြင်းပြင်း ရှူသွင်း၊ ရှုထုတ်ပြီး သင့်ကို ကြည်နူးစေတဲ့အရာကို တွေးတောခြင်း ဒါမှမဟုတ် လှပတဲ့ရှုခင်းကို ကြည့်ခြင်း၊ ဒါမှမဟုတ် သင်ချစ်တဲ့သူကို ကြည့်ခြင်းတွေပဲဖြစ်ပါတယ်။

တောင်းပန်သည့်အထိ မစောင့်ပါနှင့်

သင့်ကို နာကျင်အောင်လုပ်တဲ့ လူတိုင်းမှာတော့ တောင်းပန်ချင်တဲ့စိတ်ရှိလိမ့်မယ်လို့ မျှော်လင့်မထားပါနဲ့။ သူတို့မှာ အစကတည်းက သင့်ကို နာကျင်စေချင်တဲ့ ရည်ရွယ်ချက်ရှိနေနိုင်တာကြောင့်ပါ။ ဒါပေမယ့် သူတို့ဖြစ်စေချင်တဲ့အတိုင်း မဖြစ်စေရဘူးဆိုပြီး သင့်စိတ်ကို အေးချမ်းတည်ငြိမ်အောင် ထားလိုက်ပါ။ ဒါက သူတို့ကို ပြေလည်အောင် ပြန်ဆက်ဆံ ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ သူတို့ကို လစ်လျူရှုပစ်လိုက်ဖို့ကို ဆိုလိုတာပါ။

တခြားသူများ၏ အမြင်ကို ဂရုစိုက်ပါ


သင့်ကို နာကျင်နစ်နာအောင် လုပ်သူကြောင့် သင့်ကိုသင် ယုံကြည်မှု၊ သင့်ဘ၀ရပ်တည်မှုနဲ့ သင့်စိတ်ဓါတ် ယိမ်းယိုင် ထိပါးသွားတယ်ဆိုရင် သင့်ကို တန်ဖိုးထား ယုံကြည်သူတွေ အများကြီးကို လှည့်ကြည့်လိုက်ပါ။

ခွင့်လွှတ်ခြင်း၏ အကျိုးကျေးဇူးကို နားလည်ပါ

ခွင့်လွှတ်တတ်တာဟာ စွမ်းအင်ပိုရှိစေပြီး အစာချေဖျက်အားကောင်းကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေကြောင်း သုတေသနတွေက လေ့လာဖော်ပြပြီးပါပြီ။ ဒါကြောင့် ခွင့်လွှတ်ခြင်းရဲ့ အကျိုးကျေးဇူးကို အရယူပါ။

သင့်ကိုယ်သင် ခွင့်လွှတ်ပါ

ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နိုင်ဖို့ စိန်ခေါ်မှုကြီးတစ်ရပ်လို ဖြစ်နေသူတွေ လောကမှာ အများကြီးရှိပါတယ်။ လူတိုင်း အမှားနဲ့ မကင်းနိုင်ပါဘူး။ ကိုယ့်အမှားကို သိပြီး အမှန်ကို ပြင်နိုင်တာကသာ လူတော်လူကောင်းတွေရဲ့ လုပ်ရပ်ဖြစ် တာကြောင့် ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို တည်ဆောက်ယူသင့်ပါတယ်။

လူတိုင်း ခွင့်လွှတ်သည်းခံတတ်ပြီး ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ


 ကမ္ဘာသစ် မှ လက်ဆင့်ကမ်း မျှဝေပေးပါသည်။ 









ကျန်းမာရေး သော့ချက်များ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
သော့(၁) WATER(ရေ)
မနက်ရေတစ်ခွက်သောက်ခြင်းသည် ခန္ဓာကိုယ်နှင့်ရေ ညီမျှစေ၏။   

သော့(၂) SLEEP( အိပ်စက်ခြင်း)
အိပ်ချိန် ညာစောင်း၍ လေးကိုင်းသဏ္ဍာန်အိပ်ခြင်းသည် အိပ်ရေးဝစေ၏။


သော့(၃) APPETITE(အစားစားလိုစိတ်)
အစာကို ၇ပုံမျှသာအဝစားခြင်းသည် ခန္ဓာကိုယ်အား ကျန်းမာစေ၏။   

သော့(၄) EXERCISE(လှုပ်ရှားခြင်း။ လှုပ်လှုပ်ရှားရှား ထထကြွကြွ ဖြစ်ခြင်း)
အားကစားလုပ်ခြင်းသည် စိတ်ခန္ဓာအား တက်ကြွစေ၏။


သော့(၅) MUSIC/LITERATURE( တစ်စုံတစ်ရာ)
ဂီတသည် နှလုံးကိုရွှင်စေ၏။ စာဖတ်ခြင်းသည် အသိဥာဏ်ကို တိုးစေ၏။   

သော့(၆) BEANS(ပတောင့်ရှည်များ)
ပဲအမြဲစားခြင်းဖြင့် အသက်ကိုစေရှည်သည်။


သော့(၇) VICES(မကောင်းမူ)
ဆေးလိပ်၊ အရက်ကို လက်ပြနှုတ်ဆက်ပါ။


သော့(၈) LOVE/SEX(ချစ်ခင်စုံမက်မူ)
လိင်နှင့်အချစ်ကို ညီမျှပါစေ။


သော့(၉) LONELINESS(အဖော်မဲ့ခြင်း)
အထီးကျန်ခြင်းက ရုန်းထွက်နိုင်လျှင် သင်ကျန်းမာပြီ။


သော့(၁ဝ) MIND(ဉာဏ်ပညာ)
ဦးနှောက်ကို မပြတ်သုံးပေးခြင်းဖြင့် အိုမင်းခြင်းကို ကာကွယ်နိုင်သည်။



သော့(၁၁) TEA(လက်ဖက်ခြောက်)
ရေနွေးကြမ်း အမြဲသောက်သုံးခြင်းသည် ဝိတ်ကျစေ၏၊ ကင်ဆာကို ကာကွယ်ပေး၏၊အရွယ်တင် နုပျိုစေ၏။
သော့(၁၂) SMILE(ပြုံးရယ်ခြင်း)
ဘဝကို အပြုံးနဲ့ရင်ဆိုင်ပါ။


ပျင်းကြောဆန့်ခြင်း
ပင်ပန်းနွမ်းလျချိန် ပျင်းကြောဆန့်ခြင်းဖြင့် နေသာထိုင်သာရှိစေသည်။ အလုပ်နှင့်လက် မပြတ်သူများအတွက် ပျင်းကြောဆန့်ခြင်းသည် ခန္ဓာကိုယ်အတွက် အကောင်းဆုံး လှုပ်ရှားနည်းတစ်မျိုးဖြစ်သည်။ လူခန္ဓာကျန်းမာဖို့အတွက် အဓိကအရေးပါသောအချက်မှာ ပုံမှန်သွေးလည်ပတ်မှုဖြစ်သည်။ အကြောင်းမှာ ခန္ဓာကိုယ်အစိတ်အပိုင်းများသို့ အာဟာရပေးဝေခြင်း၊ မလိုအပ်သည့်အရာများကို ဖယ်ရှားပေးခြင်း စသည့်အလုပ်ကို လည်ပတ်နေသည့်သွေးက လုပ်ဆောင်ပေးနေသောကြောင့်ဖြစ်သည်။ ပျင်းကြောဆန့်ခြင်းသည် ခန္ဓာကိုယ်ရှိကြွက်သားများကို ကျုံ့ဆန့်ပေးသည်။
စက္ကန့်ပိုင်းမျှ ပျင်းကြောအခါခါဆန့်ပေးခြင်းဖြင့် အနယ်ထိုင်နေသောသွေးများက နှလုံးဆီသို့ပြန်စီးပြီး သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေသည်။ တစ်ချိန်တည်းမှာပင် ကြွက်သားများကျုံ့ဆန့်ခြင်းဖြင့် ကြွက်သားအတွင်းရှိ သွေးများကိုလည်း လည်ပတ်အားကောင်းစေသည်။ ကြွက်သားအတွင်းရှိ မလိုအပ်သည့်အရာများကို သယ်ဆောင်ဖယ်ရှားပေးသဖြင့် ပင်ပန်းညောင်းညာမှုကို ပျောက်စေပြီး ခန္ဓာကိုယ်ကို လန်းဆန်းတက်ကြွစေသည်။ ထို့အပြင် ပျင်းကြောဆန့်ချိန် လူအများက လက်နှစ်ဖက်ကို နောက်သို့ ဆန့်တန်းတတ်သည့်အတွက် ရင်ဘတ်လှုပ်ရှားမှုကိုလည်းဖြစ်စေပါသည်။

သောက်သုံးရန်မသင့်သော ရေ(၅)မျိုး
(၁) မီးဖိုပေါ်တွင် အချိန်ကြာမြင့်စွာ ဆူပွက်အောင်ထားသည့် ရေနွေး
(၂) ဓာတ်ဗူးထဲတွင် ရက်ကြာမြင့်စွာထားသည့် မလတ်ဆတ်သောရေနွေး
(၃) အကြိမ်ကြိမ်ဆူဗွက်အောင် ကြိုခဲ့သောရေနွေး
(၄) တစ်ညလွန်သောရေနွေးကို ထပ်ကြိုထားသောရေနွေး (သို့) ထပ်မကြိုထားသောရေနွေး
(၅) ထမင်း၊ ဟင်းပေါင်းခံရည်
၎င်းရေများ သောက်သုံးရန်မသင့်ခြင်းမှာ အကြိမ်ကြိမ် ဆူဗွက်ပြီးသောရေတွင် ကယ်လစီယံ၊ မက်ဂနီစီယံ၊ ဂရိုရင်းနှင့် အခြားသတ္တုများ ပိုမိုတိုးလာပြီး ကျောက်ကပ်ကို ထိခိုက်စေနိုင်သောကြောင့်ဖြစ်သည်။

သစ်သီးများ အလွန်အကျွံမစားသင့်ပေ
ဂျပန်နိုင်ငံ Kyoto University ဆေးပညာဘာသာရပ် ပရော်ဖက်ဆာ Teng Tian Ichiro၏ ပြောကြားချက်အရ သစ်သီးအလွန်ကျွံစားသုံးပါက ခန္ဓာကိုယ်တွင်း ဗီတာမင်C များပြားစေပြီး oxalic acidကို အလွယ်တကူဖြစ်ပေါ်စေသည်။ oxalic acid နှင့် လူခန္ဓာကိုယ်ရှိချွေးများ ပေါင်းစပ်ပြီး အရေပြားကြမ်းခြင်း၊ ထိခိုက်ခြင်းများ ဖြစ်စေတတ်သည်။ ပြင်းထန်ပါက ဆေးနှင့်မတည့်သော အရေပြားရောဂါများ ဖြစ်စေတတ်သည်။

အမေရိကန်ပညာရှင်များ၏ ဆန်းစစ်ချက်မှာလည်း ထိုနည်းအတူဖြစ်သည်။ မတူသောရာသီ၊ မတူသောရောဂါများတွင် သစ်သီးများကိုရွေးချယ် စားသုံးသင့်သည်ဟု ပညာရှင်များက ခန့်မှန်းကြသည်။
Crataegus (山楂 (shanzha))

ဥပမာ- ဆောင်းဦးနှင့်ဆောင်းရာသီများတွင် စိုထိုင်းမှုနည်းသောကြောင်း သစ်တော်သီးနှင့် အစာကြေလွယ်သော ငှက်ပျောသီး၊ ပန်းသီးများကို စားသုံးသင့်သည်။ နှစ်ရှည်ချောင်းဆိုးသူများ သစ်တော်သီးကို စားပေးနိုင်သလို နှလုံးအားနည်းသူ၊ သွေးတိုးရှိသူ၊ အစာမကြေလွယ်သူများ Crataegusကို အမြဲစားသင့်သည်။

ကြက်ဥများ အလွန်အကျွံ မစားသင့်ပေ
အာဟာရဓာတ်များ အများအပြားပါဝင်သော ကြက်ဥသည် လူတိုင်းအတွက် အားတိုးဆေးဖြစ်သည်။ ကြက်ဥစားနည်း များစွာရှိသော်လည်း အောက်ပါစားနည်းနှစ်မျိုးမှာ အကောင်းဆုံးစားနည်းဖြစ်သည်။
(၁) ကြက်ဥအနှစ်ကို ဟင်းရည်ချက်ခြင်း (သို့) ရေနွေးဆူထဲ ဖောက်ထည့်ပြီး စားသုံးခြင်း
(၂) ကြက်ဥဟတ်ဘွိုင်ကြော်ရာတွင် သကြားအနည်းငယ်ထည့်ခြင်းဖြင့် ပိုအကျိုးရှိသော အာဟာရကိုရစေသည်။

လူတချို့က အာဟာရဓာတ်များသော ကြက်ဥကို များများစားသုံးပေးခြင်းဖြင့် အာဟာရများစွာရနိုင်သည်ဟု ထင်မှတ်မှားတတ်ကြသည်။ လူတစ်ဦးမှာ နေ့စဉ်ကြက်ဥတစ်လုံးမှနှစ်လုံးထိ စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက်လိုအပ်သော ပရိုတင်းဓာတ်ကို အလုံအလောက်ရနိုင်သည်။

ထမင်းမစားမီ ဟင်းရည်တစ်ခွက်သောက်ဖို့ မမေ့ပါနှင့်
ထမင်းမစားမီ ဟင်းရည်ပူပူ အရင်သောက်ခြင်းဖြင့် ခန္ဓာကိုယ်ဝိတ်အား ထိန်းသိမ်းပေးသည်။ အမေရိကန်ပညာရှင်များက ခန္ဓာကိုယ် ဝဖြိုးသူအယောက်(၁ဝဝဝ)ဖြင့် လေ့လာဆန်းစစ်ရာတွင် ထမင်းမစားမီ ဟင်းရည်ပူသောက်သူသည် စားသောထမင်းနပ်တိုင်းတွင် ကယ်လိုရီ ၅၅ကတ် လျှော့နည်းရရှိစေသည်။ သာမန်အားဖြင့် ထမင်းစားမြန်သူသည် အဝလွယ်သည်။ အကြောင်းမှာ ဦးနှောက်အတွင်းရှိ (အာသာ) ချင်ခြင်းအကန့်မှ "စားဝပြီ" ဆိုသည့်သတင်းရဖို့ အချိန်အနည်းငယ်ယူရသည်။ ထိုအချိန်ယူနေစဉ်အတွင်းတွင် အစားမြန်သောသူက ပိုလွန်သောအစားများ စားသုံးပြီးဖြစ်သည်။ အကယ်၍ ထမင်းမစားမီ ဟင်းရည်တစ်ခွက်သောက်ခြင်းဖြင့် ထမင်းအစားနည်းစေပြီး ဝခြင်းမှကာကွယ်ပေးနိုင်သည်။

အကောင်းဆုံး ရေသောက်ချိန်
ယေဘုယျအားဖြင့် လူတစ်ဦးသည် တစ်နေ့လျှင် အနည်းဆုံး ရေ(၁၅ဝဝcc) သောက်သင့်သည်။ နှလုံးနှင့် ကျောက်ကပ်ဆောင်ရွက်အားနည်းသူမျှလွဲ၍ ရေကိုလုံလောက်စွာ သောက်သင့်သည်။ အထူးသဖြင့် ပူသော(သို့) လေအေးစက်ဖွင့်ထားသော နေအိမ်နှင့်ရုံးခန်းတွင် လေထုခြောက်ကပ်သောနေရာတွင် ပိုမိုသောက်သင့်သည်။ နေ့စဉ်ထမင်းသုံးနပ်ကြားနှင့် ထမင်းစားချိန်တွင် ရေမကြာခဏသောက်ပေးသင့်သည်။
သို့သော် တစ်ကြိမ်တည်းတွင် အလွန်အမင်း မသောက်သင့်ပေ။

မနက်စာ အစားဝရုံမက အကောင်းစားသင့်သည်
"မနက်စာ ဝဝစား၊ နေ့လယ်စာ ကောင်းကောင်းစား၊ ညစာ နည်းနည်းစား" ဆိုသည့်အတိုင်း "မနက်စာ ဝဝရင်ရပြီ" ဟု လူအများက ဆိုကြသည်။ ထိုထက်သာမက မနက်စာသည် တစ်နေ့တာအတွက် အရေးပါသော နပ်တစ်နပ်ဖြစ်သည်။ အာဟာရပြည့်သော၊ ပရိုတင်းဓာတ်ပါသော မနက်စာသည် ဂလုကို့ကို ခန္ဓာထဲတွင် ကြာရှည်ထိန်းထားပေးနိုင်သည်။ မနက်စာတွင် hot drinkဖြစ်သော ကော်ဖီ၊ လက်ဖက်ရည်အပြင် ကောက်ပဲသီးနှံစာများ (ဂျုံဖြင့်စီမံထားသော အစားအစာ)၊ တိရစ္ဆာန်မှရသော ပရိုတင်း(နွားနို့၊ ဒိန်ချဉ်၊ ကြက်ဥ)၊ သစ်သီး (သို့) သစ်သီးဖျော်ရည်နှင့် အချိုဓာတ်၊ အဆီဓာတ်နည်းသော အစားအစာများကို စားသုံးသင့်သည်။ မနက်စာကို အဝစားရုံမက အကောင်းစားသင့်သည်။

အမေရိကန် ချီကာဂိုတက္ကသိုလ်မှ လေ့လာချက်အရ ပရိုတင်းဓာတ်များသောမနက်စာကို စားသုံးခြင်းဖြင့် ဂလုကို့မှာ (၁၅)မိနစ်အတွင်း မစားသုံးမီ ၇ဝ~ ၈ဝ Mg ထက် ၁၄ဝ~၁၅ဝMg ထိမြင့်တက်သွားသည်ကို တွေ့ရသည်။ (သာမန် ကလုကို့အဆင့်မှာ ၈ဝ~၁၂ဝMg ကြားတွင်ရှိသည်)။ လူ့ခန္ဓာအတွက် အားအင်ကို သာမန်ထက် (သို့) သာမန်ထက်မြင့်သော သွေးဖိအားမှ ရရှိခြင်းဖြစ်သည်။

စပျစ်ဝိုင်၏ အသုံးဝင်ပုံ
(၁) သင့်တင့်သော စပျစ်ဝိုင်ကို သောက်သုံးပေးခြင်းဖြင့် နှလုံးရောဂါဖြစ်ပွါးမှုကို ကာကွယ်ပေးနိုင်သည့်အပြင် နှလုံးသွေးကြောများကိုလည်း ပြုပြင်ထိန်းသိမ်းပေးနိုင်သည်။ တစ်ကြိမ်တွင် ၂၅~၅ဝဂရမ်ဖြင့် တစ်ရက်တွင် တစ်ကြိမ် (သို့) နှစ်ကြိမ်သောက်သုံးနိုင်သည်။

(၂) စပျစ်ဝိုင်ဖြူသည် ချိုမြပြီး ချဉ်စုတ်စုတ်အရသာရှိသည်။ ထမင်းစားပြီး သောက်သုံးခြင်းဖြင့် အစာချေရည်ကို နှိုးဆွခြင်း၊ သည်းခြေရည်ဖြစ်ပေါ်ခြင်း၊ အဆီကိုချေပေးခြင်းများ ပြုလုပ်ပေးသည်။

(၃) စပျစ်ဝိုင်တွင် သကြားဓာတ်၊ Amino acidများပါဝင်သည့်အပြင် ပြည့်ဝသော ဗီတာမင် B12, B1、B2 နှင့် ဗီတာမင်C များပါဝင်သောကြောင့် သွေးအားနည်းရောဂါအတွက် အကောင်းဆုံးဖြစ်သည်။

(၄)စပျစ်ဝိုင်ဖြင့် တုပ်ကွေးရောဂါကို ကုသနိုင်သည်။ ကုသနည်းမှာ စပျစ်ဝိုင် ၃ဝ~ ၉ဝgအား အနွေးဓာတ်ပေးပြီး တစ်နေ့ ၂ကြိမ်မှ ၃ကြိမ်အထိ သောက်ပေးခြင်းဖြစ်သည်။

လက်ဖက်ခြောက်
လက်ဖက်ခြောက်သည် သွေးတိုးရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးသည်။ လက်ဖက်ခြောက်တွင်ပါဝင်သော catechins၊ ဗီတာမင်Cနှင့်ဗီတာမင်Pများသည် သွေးကြောပျော့ပျောင်းခြင်း၊ သွေးထဲတွင်ပါဝင်သော ကိုလက်စထရောအား လျော့ချပေးခြင်း၊ အသဲတွင်စုနေတတ်သော အဆီဓာတ်များကို ချေဖျက်ပေးခြင်းများ ပြုလုပ်ပေးခြင်းဖြင့် သွေးတိုးရောဂါ၊ နှလုံးလုပ်ဆောင်အားနည်းခြင်းနှင့် အသည်းအဆီဖုံးခြင်းကို ကာကွယ်ပေးသည်။ အသုံးပြုနည်းမှာ တစ်ကြိမ်တွင် Green Tea (မလှော်ရသေးသည် လက်ဖက်ခြောက်အစိမ်း) ၁~၂gနှင့် Crataegusအခြောက်၅gကို နေ့စဉ်အတူထည့်ခတ်သောက်ပါ။ အမြဲသောက်သုံးပေးရန် လိုပါသည်။
ရှည်သွားပြီးနားကြစို့ ..(ရှမ်းမလေး)1.9.2012
........................................................................................................................................ 



နေ့စဉ် ကွန်ပျူတာသုံးသူများ၏ မျက်စိကျန်းမာရေးအတွက်
.......................................................................
နေ့စဉ် ကွန်ပျူတာသုံးသူများ၏ ကျန်းမာရေးအတွက်

ကွန်ပျူတာရှေ့မှာ တစ်နေ့တာရဲ့ အချိန်တွေ တော်တော်များများ ရှိနေတတ်တဲ့ သူတွေ အားလုံးအတွက် ကွန်ပျူတာ အသုံးပြုရင်း မျက်စိကို ထိန်းသိမ်း စောင့်ရှောက်နည်းတွေ ဖော်ပြ ပေးလိုက်ပါတယ်။ ကွန်ပျူတာရှေ့မှာ တစ်နေကုန်နီးပါးနေပြီး သတင်းတွေ ကြိုးစားပမ်းစား တင်ပေးတတ်တဲ့ mutdfan.com ရဲ့ အယ်ဒီတာချုပ် ကိုဇော်ဇော်နဲ့ mmDailyNews အယ်ဒီတာချုပ် မဥမ္မာတို့ ဇနီးမောင်နှံနဲ့ အက်ဒမင်များအားလုံး၊ ကွန်ပျူတာနဲ့ တစ်ချိန်လုံး နားပန်းလုံးနေတတ်တဲ့ အွန်လိုင်းပျော် စာဖတ်ပရိသတ်များ အားလုံးအတွက် ရည်ရွယ်ပါတယ်။ အာရုံငါးပါးထဲမှာ အမြင်အာရုံဟာ ပျောက်ဆုံး ထိခိုက်သွားလို့ မဖြစ်ဆုံး အာရုံဖြစ်လို့ ဂရုတစိုက် မပျင်းမရိ ထိန်းသိမ်း သွားသင့်ပါတယ်။ ဒီအတွက် လိုက်နာသင့်တဲ့ အချက်များကတော့


(၁) အနေအထား မှန်ပါစေ
မော်နီတာနဲ့ သင့်ရဲ့မျက်လုံးကြားက နေရာ အထားအသိုဟာ မျက်စိကျန်းမာရေး အတွက် မထိခိုက်အောင် ထားဖို့ဟာ အရေးကြီးဆုံး လိုအပ်ချက်ပဲ ဖြစ်ပါတယ်။ အကောင်းဆုံး အနေအထားကတော့ ရေပြင်ညီ တိုင်းကြည့်ရင် မော်နီတာရဲ့ မျက်နှာပြင်ဟာ သင့်မျက်စိအောက် တစ်ထွာလောက် အောက်နိမ့်နေသင့် ပါတယ်။ (တီဗွီ၊ ကွန်ပျူတာ စတဲ့ အလင်းထုတ်လွှတ်တဲ့ ပစ္စည်းများရဲ့ အလင်းပြင်းအားဟာ အောက်ဖက်ကို ပိုပြင်းထန်စွာ သက်ရောက်လို့ ၄င်းပစ္စည်းများကို အပြင်မှာ တင်ကာ ကြည့်ခြင်းကို လုံးဝ ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ နိုင်ငံခြား တိုင်းပြည်တွေက အိမ်တွေမှာ တီဗွီကို ဘယ်အမြင့်မှာ ထားသလဲ မျက်စိထဲ ပြန်မြင်ယောင်ကြည့်ပါ။ လူအများကြည့်ဖို့ ထားတဲ့ အရက်ဘားလိုနေရာက တီဗွီတွေကလွဲလို့ အားလုံး ကြမ်းပြင်အထက် ၂ပေခွဲ ၃ ပေလောက် အမြင့်မှာပဲ ထားတာ မြင်ယောင်ကြည့်ပါ) မျက်လုံးနဲ့ စကရင်ကြား အကွာအဝေးက ၂ ပေ ခွဲ အနည်းဆုံး ရှိသင့်ပါတယ်။ ဒါဟာ မျက်စိကျန်းမာရေး အတွက် စံအကွာအဝေး ဖြစ်ပါတယ်။ ဒီအကွာအဝေးထက် ပိုနီးရင် သင့်ရဲ့ မျက်လုံးထဲက အင်မတန် နူးညံ့တဲ့ Retina ခေါ် မြင်လွှာကလေးက မော်နီတာက ထွက်တဲ့ ရောင်ခြည်အလင်းများရဲ့ ပြင်းအားကို အဆမတန် ခံစားရမှာဖြစ်လို့ အရွယ်မတိုင်မီ ပါဝါတက်ခြင်း၊ မျက်ရိုးကိုက်ခြင်း၊ အကြောတက်ခြင်းတွေ ပိုမို ခံစားရနိုင်ပါတယ်။


ဒါ့အပြင် ကွန်ပျူတာရှေ့မှာ တစ်နေ့ကို ၅ နာရီနဲ့ အထက် ပိုထိုင်သူများဟာ ကွန်ပျူတာနဲ့ နီးကပ်လေလေ ကွန်ပျူတာက ထုတ်လွှတ်တဲ့ လျှပ်စစ်သံလိုက် စက်ကွင်းရဲ့ ဒဏ်ကို ပိုခံစားရလို့ အိပ်မပျော်တဲ့ ဝေဒနာ ပိုခံစားရလေလေ ဖြစ်ပါတယ်။ အထူးသဖြင့် မော်နီတာက LCD မဟုတ်ဘဲ CRT ဆို ထုတ်လွှတ်တဲ့ လျှပ်စစ်စက်ကွင်း ပိုဆိုးတတ်ပါတယ်။ ဒါကြောင့် ဒီလို ပြဿနာတွေ တတ်နိုင်သမျှ လျော့နည်းရအောင် သင့်ကွန်ပျူတာကို ဒီနေ့ကစပြီး စံအကွာအဝေးမှာ ရှိမရှိ စစ်ဆေးပြီး မရှိရင် ရွှေ့ပါ။

(၂) သင့်မော်နီတာရဲ့ အလင်းရောင်ကို အနည်းဆုံး လျှော့ချပါ
တစ်ဆင့်ချင်း လျှော့ချတဲ့ နည်းကို သုံးနိုင်ပါတယ်။ ဒီလို လျှော့ချလိုက်တဲ့ ခဏမှာတော့ ကြည့်ရတာ အားမရသလို တစ်ခုခု လိုနေသလို ခံစားရတတ်ပါတယ်။ ဒါပေမယ့် ကြာလာတာနဲ့ အမျှ မသိသာတော့ပါဘူး။ ဒီအခါမှာ ထပ်မံလျှော့ချပေးပါ။ သင်မြင်ရတဲ့ အနည်းဆုံး အလင်းရောင်၊ အရောင်ပြင်းအားလောက် ရောက်တဲ့အထိ လျှော့ချပေးပါ။ မှောင်မိုက်နေတဲ့ အခန်းထဲမှာ ကွန်ပျူတာ သုံးခြင်း ရှောင်ကြဉ်ပါ။ သင့်နံဘေးမှာ အလင်းရောင် အတန်ငယ် ရှိနေပါစေ။ ရာသက်ပန် သုံးရမယ့် သင့်မျက်လုံးကို ဒီလောက်တော့ ညှာတာ လိုက်ပါ။

ရိုးရိုး မြင်ရတဲ့ မြင်ကွင်းနဲ့ Anti-reflective Lens ကို ဖောက်မြင်ရတဲ့ မြင်ကွင်း နှိုင်းယှဉ် ပြထားတာပါ
ပိုက်ဆံ အကုန်ခံနိုင်မယ် ဆိုရင်တော့ သင်ကွန်ပျူတာ သုံးနေစဉ် အတွင်း တပ်ဖို့ အလင်းပြန်မှု ကာကွယ်သော မှန်ဘီလူး (Anti-reflective Lens) နဲ့ လုပ်ထားတဲ့ မျက်မှန်ကို ၀ယ်ယူ တပ်ဆင်သင့်ပါတယ်။ မျက်မှန်ကို ပါဝါနဲ့ တတ်သူတွေလည်း ကွန်ပျူတာ သုံးနေကျ ဆိုရင် မျက်မှန်လုပ်ရင် Anti-reflective Lens လို့ မေးပြီး လုပ်လို့ ရပါတယ်။

(၃) မိနစ် ၂၀၊ ပေ၂၀၊ အခါ၂၀၊ ခြေလှမ်း ၂၀
ကွန်ပျူတာကို ဆက်တိုက် အသုံးပြု တော့မယ် ဆိုရင် အသုံးပြုလို့ မိနစ် ၂၀ လောက် ရှိရင် ခေါင်းကို ခဏ ဘေးဘက်လှည့်ပြီး ပေ ၂၀ အကွာက အရာဝတ္ထု တစ်ခုကို ကြည့်ပေးပါ။ အခါ ၂၀ လောက် မျက်တောင် ဖွင့်လိုက်ပိတ်လိုက် လုပ်ပေးခြင်းဖြင့် မျက်ဝန်း စိုစွတ်မှုကို ပြန်လည် ထိန်းသိမ်းပါ။


ခြေလှမ်း ၂၀ လောက် ထလျှောက်ပြီး သွေးလှည့်ပတ်မှုကို ကောင်းမွန်အောင် လုပ်ပေးပါ။ ကွန်ပျူတာ နေ့စဉ်အသုံးပြုသူတွေ အားလုံး လိပ်ခေါင်းဖြစ်ဖို့ အရမ်းနီးစပ်တာမို့ သွေးလှည့်ပတ်မှု ကောင်းအောင် နေထိုင်ဖို့ သတိပြုပါ။

(၄) မျက်စဉ်းခတ်ပေးပါ
ပုံမှန်အခြေအနေမှာ လူတစ်ယောက်ဟာ တစ်မိနစ်မှာ ၁၂-၁၄ ကြိမ်လောက် မျက်တောင်ခတ်ပေမယ့် ကွန်ပျူတာ ပေါ်မှာ အာရုံစူးစိုက်ပြီး အလုပ်လုပ်နေတဲ့ အချိန်မှာ တစ်မိနစ်ကို ၅-၆ ကြိမ်လောက်ပဲ မျက်တောင် ခတ်ဖြစ်တာ သင်သတိထားကြည့်ရင် သိမှာပါ။ ဒါဆိုရင် မျက်စိ ခြောက်သွေ့တာ ဖြစ်လာမှာ သေချာပါတယ်။ ပန်ကာနားမှာ နေပြီး လုပ်ရင် ပိုတောင် ဆိုးပါတယ်။ ဒီအတွက် မျက်စဉ်းတစ်ခုခု ဆောင်ထားသင့်ပြီး မျက်စိထဲက ခုလုခုလု ဖြစ်တယ်လို့ ခံစားရတိုင်း မျက်သား ခြောက်နေပြီ ဖြစ်လို့ မျက်စဉ်းလေး ခတ်ပေးပါ။

(၅) လွယ်ကူသော မျက်စိ အနားပေး နှိပ်နယ်ခြင်း
ကွန်ပျူတာရှေ့မှာ အလုပ်တစ်ခု ပြီးသွားတိုင်း ခါးဆန့်ဆန့် ထိုင်ကာ လက်ဖ၀ါးနှစ်ဖက်ကို ပူနွေးလာသည်အထိ ပွတ်ပါ။ နွေးနေတဲ့ လက်ဖ၀ါးနှစ်ဖက်နဲ့ မျက်စိကို အုပ်မိုးကာ မိနစ်ဝက်လောက် နေပေးပါ။ အံ့သြစရာ ကောင်းလောက်အောင် မျက်လုံးထဲက ပင်ပန်းနွမ်းနယ်မှုတွေ လျော့ပါးသွားတာ တွေ့ရပါမယ်။

(၆) အမြင်အာရုံအားပေးသော အစားအသောက်များ စားပေးပါ
မျက်လုံးအတွက် အများဆုံး လိုအပ်တဲ့ အာဟာရက ဗိုက်တာမင်အေ ဖြစ်ပြီး ဗိုက်တာမင်အေ ကြွယ်ဝတဲ့ အစားအသောက်တွေက အနီရောင်၊ အ၀ါရောင်၊ အစိမ်းရင့်ရောင် ပါတဲ့ အသီးအနှံများ ဖြစ်ပါတယ်။ ခရမ်းချဉ်သီး၊ သင်္ဘောသီးနဲ့ ငါးကြီးဆီ တွေက မျက်စိအတွက် အကောင်းဆုံး ဓာတ်စာများလို့ ဆိုပါတယ်။ (ရှမ်းမလေး)1.9.2012
...................................................................................................................................
 ထမင်းစားပြီးရှောင်ကြဉ်သင့်သောအချက်(၇)ချက်
............................................................

ထမင်းစားပြီးရှောင်ကြဉ်သင့်သောအချက်(၇)ချက်
............................................................

မြန်မာလူမျိုးတို့၏ အဓိကအစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ်ထမင်းစားနေကြသည်ဖြစ်ရာ ထမင်းစားပြီး ရှောင်ကြဉ်သင့်သော အချက်(၇)ချက်ကို ကျန်းမာရေးအသိရှိစေရန် ဖော်ပြလိုက်ရပါသည်။

(၁) ဆေးလိပ်မသောက်ပါနှင့်။ ကျွမ်းကျင်သူများ၏ လေ့လာသုတေသနပြုချက်များအရ ထမင်းစားပြီးစီးကရက်တစ်လိပ်သောက်ခြင်းသည် စီးကရက်ဆယ်လိပ်သောက်ခြင်းနဲ့ညီမျှပြီး ကင်ဆာရောဂါဖြစ်ပွားရန် အခွင့်လမ်းအများဆုံးဖြစ်ကြောင်း သိရှိရသည်။

(၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်။ ထမင်းစားပြီးသစ်သီးများကို ချက်ချင်းစားခြင်းသည် အစာအိမ်လေခံစေသည်။ ထို့ကြောင့် သစ်သီးများ စားသုံးမည်ဆိုပါက ထမင်းစားပြီး တစ်နာရီ(သို့) နှစ်နာရီအကြာနှင့် ထမင်းမစားမီ တစ်နာရီအလိုတွင်သာ စားသုံးသင့်သည်။

(၃) လက်ဖက်ရည်မသောက်ပါနှင့်။ လက်ဖက်ရွက်တွင် အက်ဆစ်ပါဝင်မှုနှုန်းမြင့်မားပြီး ၄င်းသည်ကျွန်ုပ်တို့စားသုံးလိုက်သော အစာအိမ်ရှိ ပရိုတိန်းဓာတ်များကို မာကျောစေသည့်အတွတ် အစာချေရန် အခက်အခဲ ဖြစ်စေသည်။

(၄) သင်၏ခါးပတ်ကို မဖြည်လိုက်ပါနှင့်။ ထမင်းစားပြီး ခါးပတ်ကိုဖြည်လိုက်ခြင်း(တစ်နည်းအနည်းငယ်လျှော့လိုက်ခြင်း)သည် ၀မ်းအတွင်းရှိ အူကိုခေါက်စေသည်။

(၅) ရေမချိုးပါနှင့်။ ထမင်းစားပြီးရေချိုးခြင်းသည် လက်များ၊ ခြေထောက်များနှင့် ခန္ဒာကိုယ်များသို့သွားသော သွေးပမာဏကို တိုးပွားစေပြီး အစာအိမ်တစ်ဝိုက်တွင်မှု သွေးပမာဏလျော့ကျသွားသည့်အတွက် ကျွနိုပ်တို့ အစာအိမ်ရှိ အစာချေစနစ်ကို အားနည်းသွားစေသည်။

(၆) လမ်းမလျှောက်ပါနှင့်။ လူအများကပြောနေကြသည်မှာ ထမင်းစားပြီးလမ်းလျှောက်ခြင်းသည် ခြေလှမ်းပေါင်းတစ်ရာ လမ်းလျှောက်ခြင်းနှင့်ညီမျှပြီး အသက်(၉၉) နှစ်အထိ အသက်ရှည်ရှည်နေရမည် ဖြစ်ကြောင်း ပြောဆိုကြသည်ကို ကြားဖူးပါသည်။ တစ်ကယ်တော့ ထိုသို့ပြုလိုပ်ခြင်းကြောင့် အစာချေစနစ်သည်ကျွန်ုပ်တို့စားသုံးလိုက်သော အစာအဟာရများကို စုပ်ယူရန် အခက်ခဲဖြစ်သွားပါသည်။ ထို့ကြောင့် ထမင်းစားပြီးလမ်းမလျှောက်ပါနှင့်။

(၇) ချက်ချင်းမအိပ်ပါနှင့် ထမင်းစားပြီး ချက်ချင်းအိပ်လိုက်ခြင်းကြောင့် ကျွန်ုပ်တို့စားသုံးလိုက်သော အစာများသည် ကောင်းစွာအစာမကျေနိုင်တော့ပေ။ (ရှမ်းမလေး)1.9.2023
.....................................................................................................................................
 ရေသောက်ရာတွင် လိုက်နာသင့်သည် အချက် များ
............................................................


 1.. * အိပ်ယာနိုးနိုးချင်း ရေသောက်ပါ
2.. * တစ်နေ့ကို အနည်းဆုံး ရေဖန်ခွက် ၈ ခွက်မှ ၁၂ ခွက် အထိသောက်ပါ
3..* ရေကို နည်းနည်း ဖြင့် ခဏခဏ သောက်ခြင်းက တစ်ခါတည်း အများကြီးသောက်ခြင်းထက် ပိုမို အကျိုးရှိပါသည်။
4..* ရေငတ်မှ ရေသောက်ခြင်းကို ရှောင်ကြဉ်ပါ
5..* ရေသောက်ရာတွင် ရိုးရိုးရေကိုသာသောက်ပါ။ အအေး၊ ကော်ဖီ၊ ဘီယာ နှင့် အရက်သောက်ခြင်းများ ရှောင်ကြဉ်ပါ။ အဆိုပါ အရေများသောက်ပါက ရေဓာတ်ဆုံးရှုံးမှု ပိုမို များပြားသွားပါလိမ့်မည်။
6.. * ကလေးများကို ရေများများသောက်ရန် ကျင့်ပေးပါ။ မိမိကိုယ်တိုင် စံပြအဖြစ်လုပ်ပြပါ။
7.. * ကစားပြီး လေ့ကျင့်ခန်းများလုပ်ပြီးပါက ရေပိုသောက်ပါ။
8.. * ဖျားနာပြီး ကိုယ်ပူနေပါက ရေပိုသောက်ပါ။ ရေဓာတ်ဆုံးရှုံးမှု များသောကြောင့် ဖြစ်ပါသည်။
9.. * ကိုယ်ဝန်ဆောင်သည်များအနေဖြင့် ရေပိုသောက်ပါ။ ပုံမှန်သောက်နေကျထက် ၃-၄ ခွက်ခန့် ပိုသောက်သင့်သည်။  (ရှမ်းမလေး)1.9.2012





ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


အမျိုးသမီးများရာသီလာသော နေ့ရက်တိုင်း လန်းဆန်းနေစေရန်





မိန်းကလေးတွေရဲ့ ဘဝမှာ အပျိုဖော်ဝင်ချိန်မှစပြီး သွေးမဆုံးမချင်း (ကိုယ်ဝန်ဆောင်တာ၊ ပဋိသန္ဓေတားဆေး သောက်တာ၊ ရာသီထိမ်တာ စတဲ့ အကြောင်းရင်းတွေ မရှိဘူးဆိုရင်) လစဉ် ဓမ္မတာ ရာသီလာလေ့ ရှိပါတယ်။ တစ်ကြိမ်ရာသီလာတိုင်း ပျမ်းမျှအားဖြင့် အချိန်သုံးရက်မှ ငါးရက်ခန့် ကြာမြင့်တတ်ပါတယ်။ ရာသီလာတဲ့အချိန်မှာ အမျိုးသမီးအများစုဟာ ဗိုက်အောင့်တာ၊ လေပွတာ၊ ရင်သားနာကျင်တာ၊ အစာချဉ်ခြင်းတပ်တာ၊ စိတ်မသက်မသာ ခံစားရတာ၊ ခေါင်းကိုက်တာနဲ့ ညောင်းညာကိုက်ခဲမှု စတဲ့ဝေဒနာတွေကို ခံစားရလေ့ရှိပါတယ်။ တချို့ အမျိုးသမီးတွေမှာတော့ ရာသီမလာခင် ရက်အနည်းငယ် အလိုကတည်းက ဒီဝေဒနာတွေကို ပြင်းပြင်းထန်ထန် ခံစားရတတ်တဲ့အတွက် ဒါကို ရာသီအကြိုဝေဒနာ (Premenstrual Syndrome) လို့ခေါ်ပါတယ်။

ရာသီလာတဲ့ အချိန်အတော အတွင်းမှာ ခေါင်းလျှော်ရေချိုးရင် အအေးမိတတ်တယ်ဆိုတဲ့ အယူအဆ ကြောင့် ရေမချိုး၊ ခေါင်းမလျှော်ဘဲ မနေသင့်ပါဘူး။ တကယ်တော့ ရာသီလာချိန် နေ့ရက်တွေမှာ ပုံမှန်အတိုင်း ကျန်းမာသန့်ရှင်းနေအောင် ထိန်းသိမ်းနေထိုင်ဖို့ အရေးကြီးပါတယ်။

၁။ ရာသီလာစဉ် မိန်းမကိုယ်မှ အနံ့ဆိုးထွက်ခြင်း ကင်းစေရန် 

မိန်းကလေးအများစုဟာ သူတို့ရဲ့ မိန်းမကိုယ်မှ အနံ့ဆိုးထွက်နေမှာ ဒါမှမဟုတ် သူတို့ရာသီလာမှန်းတခြားသူတွေ ရိပ်မိသွားမှာကို စိုးရိမ်တတ်ကြပါတယ်။ တကယ်တော့ ပုံမှန်အခြေအနေမှာ မိန်းမကိုယ်ကနေ ဘာအနံ့မှ မထွက်တတ်ပေမယ့် ရာသီသွေးဆင်းချိန်မှာတော့ အနံ့အသက် အနည်းငယ် ထွက်နိုင်ပါတယ်။ ဒီအခြေအနေအတွက် စိတ်မပူပါနဲ့။ ရာသီလာစဉ် အတောအတွင်းမှာ လစဉ်သုံး ဂွမ်းထုပ်ကို မကြာခဏ လဲလှယ်ပေးတာ၊ နေ့စဉ် အချိန်မှန် ရေချိုး ခေါင်းလျှော်တာ၊ ရေချိုးပြီးတိုင်း သန့်ရှင်းခြောက်သွေ့ကာ မီးပူတိုက်ထားတဲ့ အဝတ်အစားနဲ့ အတွင်းခံ အဝတ်အစားတွေကို ဝတ်ဆင်တာ စတဲ့ အလေ့အထတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။ အဲဒီလို ပြုလုပ်ပြီးတာတောင် အချိန်ကြာတဲ့အထိ ငါးညှီနံ့လို အနံ့ဆိုးထွက်နေရင်၊ ပုံမှန်ထက် ပိုမိုဆိုးရွားတဲ့ အနံ့မျိုးရနေရင်၊ ဒီလိုအနံ့ထွက်တာနဲ့အတူ မိန်းမကိုယ် ယားယံတာ၊ အနာဖြစ်တာတို့ တွဲရှိရင် မိန်းမကိုယ်မှိုစွဲတဲ့ အခြေအနေ ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကာ ကုသမှု ခံယူသင့်ပါတယ်။

 ၂။ မိန်းမကိုယ်ကို အလွန်အမင်း သန့်ရှင်းရေးလုပ်ခြင်းကြောင့် မထိခိုက်စေရန် 

တချို့ မိန်းကလေးတွေဟာ ရာသီလာချိန်မှာ မိန်းမကိုယ် အတွင်းပိုင်းထဲအထိ ရေပန်းနဲ့ဆေးကြောတာ၊ အနံ့ဆိုးပျောက်အောင် အနံ့မွှေးလွန်းတဲ့ ဆပ်ပြာနဲ့ တိုက်ချွတ် ဆေးကြောတာနဲ့ အမွေးနံ့သာ ဖျန်းဆေးသုံးတာ စတဲ့ နည်းလမ်းတွေကို အလွန်အကျွံ ဆောင်ရွက်တတ်ကြပါတယ်။ မိန်းမကိုယ်အတွင်းပိုင်းထဲအထိ ဆေးကြောတာက မိန်းမကိုယ်တစ်ဝိုက် pH ဓာတ်ကို မညီမမျှ ဖြစ်စေတာကြောင့် ဓာတ်မတည့်မှု ဖြစ်တာ၊ ယားယံတာနဲ့ ကူးစက်ပိုး ဝင်တာတွေအထိတောင် ဖြစ်နိုင်ခြေရှိပါတယ်။ အမွှေးနံ့သာဖျန်းဆေးတွေ၊ အနံ့အသက် ပျောက်ဆေးတွေကို သုံးစွဲတာကလည်း ဓာတ်မတည့်မှု၊ ပိုးဝင်တာနဲ့ ယားယံကာ စပ်ဖျဉ်းဖျဉ်း ဖြစ်တာတွေအထိ ဖြစ်တတ်နိုင်ပါတယ်။ မိန်းမကိုယ်မှာ သဘာဝ သန့်စင်ဆေးကြောတဲ့စနစ် ရှိပြီးသားပါ။ ဓာတုပစ္စည်းပါဝင်တဲ့ ဘယ်သန့်စင်ရေး အသုံးအဆောင်ကိုမှ မသုံးသင့်ပါဘူး။ ရာသီလာတဲ့ နေ့ရက်တွေမှာ တခြားနေ့တွေမှာလိုပဲ အမွှေးရနံ့မပါတဲ့ ဆပ်ပြာပျော့နဲ့ ကြက်သီးနွေးရေကိုသုံးပြီး မိန်းမကိုယ်အပေါ်ယံကို ဆေးကြောသန့်စင် ပေးနိုင်ပါတယ်။ ဝမ်းသွားပြီး သန့်စင်ဆေးကြောတဲ့အခါ အရှေ့ဘက်မှ အနောက်ဘက်ကို သန့်စင်ပေးပါ။ ရေချိုးတဲ့အခါ ကြက်သီးနွေးရေသုံးပြီး ချိုးပေးရင် ရာသီလာချိန်အတွင်း ခံစားရတတ်တဲ့ ကိုက်ခဲနာကျင်မှုကို သက်သာစေပါတယ်။

 ၃။ ရာသီလာစဉ် မိန်းမကိုယ် ယားယံခြင်း ကင်းစေရန် 

 ရာသီလာချိန် အတောအတွင်းနဲ့ ရာသီလာပြီးချိန်တွေမှာ မိန်းမကိုယ်တစ်ဝိုက် အရေပြား ယားယံတာ၊ အဖုငယ်တွေ ပေါက်တာတွေက ဓာတ်မတည့်တဲ့ အခြေအနေပါ။ ဒီလို ဓာတ်မတည့်မှုတွေ ဖြစ်ပေါ်ရတာက လစဉ်သုံး ဂွမ်းထုပ်ပဝါကို လဲလှယ်သင့်တဲ့အချိန်မှာ မလဲလှယ်မိတာကြောင့်ပါ။ တကယ်လို့ အောက်ခံ ဘောင်းဘီမှာ ရာသီသွေး စွန်းထင်းသွားရင် ဂွမ်းထုပ်ပဝါနဲ့အတူ အောက်ခံ ဘောင်းဘီကိုပါ အသစ်လဲလှယ် ဝတ်ဆင်ပါ။ အောက်ခံဘောင်းဘီကို လေဝင်လေထွက်ကောင်းပြီး သက်သောင့်သက်သာ ရှိစေတဲ့ ချည်သားဘောင်းဘီ အမျိုးအစား ရွေးဝတ်ဖို့ လိုအပ်ပါတယ်။

 ၄။ ရာသီလာစဉ် ကိုက်ခဲခြင်း ကင်းစေရန် 

တချို့ မိန်းကလေးတွေမှာ လစဉ် ဓမ္မတာရာသီလာတိုင်း ကိုက်ခဲနာကျင်မှုကို ပြင်းပြင်းထန်ထန် ခံစားရတဲ့အတွက် ရာသီလာမယ့် နေရက်တွေကို ကြိုတွေးပြီး စိတ်ညစ်နေတတ်ပါတယ်။

ဒီလိုမဖြစ်စေဖို့ လိုက်နာသင့်တဲ့ အချက်တွေကို အကြံပြုချင်ပါတယ်။

(၁) စိတ်ဖိစီးမှု မဖြစ်အောင် နေထိုင်ပါ 

 စိတ်ပူပင်သောကများတာ၊ စိတ်ရှုပ်တာ၊ စိတ်ညစ်တာတွေကြောင့် ရာသီလာစဉ် ကိုက်ခဲနာကျင်မှု ဖြစ်တတ်သလို ရာသီမမှန်တာမျိုးလည်း ဖြစ်တတ်ပါတယ်။

 (၂) အာဟာရပြည့်ဝသော အစာစားပါ 

အဆီအအိမ့်စာတွေရှောင်ပြီး ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို များများစားပေးရပါမယ်။ အစာအာဟာရကို ပြည့်ဝမျှတအောင်စားပြီး ဝမ်းမချုပ်အောင် ဂရုစိုက်သင့်ပါတယ်။ အချိန်မှန်စားပြီး အချိန်မှန်မှန် အိပ်စက် အနားယူသင့်ပါတယ်။

 (၃) လေ့ကျင့်ခန်းလုပ်ပါ 

 လေ့ကျင့်ခန်းအနေနဲ့ လမ်းလျှောက်တာ၊ ရေကူးတာ၊ ခပ်သွက်သွက်ပြေးတာ၊ စက်ဘီးစီးတာ စတဲ့ပေါ့ပါးတဲ့ လေ့ကျင့်ခန်းတွေကို တစ်နေ့ မိနစ် ၃၀ ခန့် ချွေးထွက်တဲ့အထိ လုပ်ဆောင်ပေးသင့်ပါတယ်။ ဒီလို လုပ်တာကြောင့် ခန္ဓာကိုယ်ရှိ အဆီပိုတွေကင်းစေပြီး ကြွက်သားတွေကို သန်စွမ်းလာစေ ပါတယ်။

 (၄) ရာသီလာစဉ် နာကျင်ကိုက်ခဲနေလျှင် စိတ်ဖြေလျှော့ပါ 

 ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုကြောင့် ဒေါသမထွက်ပါနဲ့။ ဒေါသကြောင့် နာကျင်မှုကို ပိုဆိုးစေလို့ပါ။ အိပ်ရာထဲမှာ လဲလျောင်းအနားယူပြီး ဝင်လေ၊ ထွက်လေ မှတ်တာမျိုး၊ တရားစာ ရွတ်တာမျိုး လုပ်ဆောင်ရင်း ဝမ်းဗိုက်မှာ ရေနွေးအိတ် ကပ်ထားပေးပါ။ ကြက်သီးနွေးရေထဲမှာစိမ်ပြီး ရေချိုးပေး တာကြောင့်လည်း ဝေဒနာသက်သာပြီး စိတ်ရောကိုယ်ပါ လန်းဆန်း စေပါ တယ်။

 (၅) ကိုက်ခဲနာကျင်နေလျှင် အကိုက်အခဲပျောက်ဆေးသောက်ပါ

 ရာသီလာစဉ် ကိုက်ခဲနာကျင်မှု ဝေဒနာကြောင့် အိပ်မပျော်ပါက အကိုက်အခဲ ပျောက်ဆေး တစ်မျိုး (ဥပမာ- Mefenamic Acid 500mg) ကို အစာစားပြီး သောက်ပေးနိုင်ပါတယ်။



ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ



အသက်ကြီးသူများကို နုပျိုကျန်းမာနေစေမည့် နည်းလမ်း ၂၀



အသက်ကြီးသူများကို နုပျိုကျန်းမာနေစေမည့် နည်းလမ်း ၂၀


အသက်ကြီးတယ်ဆိုတာ လောကဓမ္မတာ တစ်ရပ်ပါ။ ဒါပေမဲ့ သင့်အသက်အရွယ်ဟာ သင်ခံစားနေရတဲ့ နုပျိုငယ်ရွယ်ကျန်းမာတဲ့ စိတ်ခံစားမှုအပေါ် သက်ရောက်မှု မရှိပါဘူး။  ဆိုလိုတာက အသက်ဘယ်လောက်ပဲ ကြီးလာပါစေ၊ အိုလာပြီလို့ မတွေးတောဘူးဆိုရင် သင်က နုပျိုကျန်းမာနေမှာပဲ ဖြစ်ပါတယ်။



(၁) ဘဝမှာ ပါဝင်ဆင်နွှဲပါ
အိမ်မှာ ထိုင်နေရတဲ့အခါ သင့်ကိုယ်သင် အိုမင်းလာပြီဆိုတဲ့ အတွေးမျိုး ဝင်လာနိုင်ပါတယ်။ အိမ်ထဲမှာ ထိုင်ပြီး အချိန်ဖြုန်းတာထက် ဘဝမှာ လုပ်စရာရှိတဲ့ တာဝန်တွေ၊ ဝတ္တရားတွေကို ပါဝင် လုပ်ဆောင်ပေးတာက ကိုယ့်ကိုယ်ကိုယ် ငယ်ရွယ်ဖျတ်လတ်တယ် ဆိုတဲ့ အတွေး ဝင်စေပါတယ်။

(၂) အိုမင်းခြင်းကြောင့် စိတ်ဓာတ်မကျပါနဲ့
အသက်အရွယ် ကြီးရင့်လာမှာကို စိတ်ဓာတ်ကျနေတာက သင့်ကို ပိုမို အိုမင်းလာစေပါတယ်။ အသက်အရွယ် ကြီးလာတဲ့အတွက် စိတ်မသက်မသာ မဖြစ်ပါနဲ့။

(၃) ကျန်းမာရေးကောင်းအောင် ကြိုးစားနေထိုင်ပါ
ကျန်းမာရေး ကောင်းတာက ငယ်ရွယ်နုပျိုစေတဲ့ ခံစားချက်ကို ရရှိစေတဲ့ အဓိက သော့ချက်ပါ။ ဒါကြောင့် ကျန်းမာရေး ကောင်းအောင် နေထိုင်ပါ။

(၄) ကျန်းမာရေးနှင့် ညီညွတ်သော အစာစားပါ
အာဟာရ ပြည့်ဝတဲ့ အစာကို စားပေးတာက နုပျို အသက်ရှည်မှုအတွက် အရေးပါပါတယ်။

(၅) ဥယျာဉ်စိုက်ပျိုးပါ
လတ်ဆတ်တဲ့ သစ်သီးဝလံတွေကို စားသုံးနိုင်ပြီး သက်ရှည် ကျန်းမာစေဖို့ ကိုယ်ပိုင် ဥယျာဉ်တစ်ခုကို ဖန်တီးပြီး စားပင်သီးပင်တွေ စိုက်ပျိုးပါ။ ဥယျာဉ်စိုက်တာက ကိုယ်လက် လှုပ်ရှားမှုကိုလည်း လုပ်ဖြစ်စေပါတယ်။

(၆) လေ့ကျင့်ခန်း များများလုပ်ပါ
လေ့ကျင့်ခန်း လုပ်တာက ငယ်ရွယ်ကျန်းမာမှုကို ရရှိစေတဲ့ အရေးပါတဲ့ အစိတ်အပိုင်းပါ။ တစ်ပတ်မှာ အနည်းဆုံး ၃-၅ ရက် လေ့ကျင့်ခန်း လုပ်နိုင်ပါတယ်။

(၇) မိတ်ဆွေ သူငယ်ချင်းများနှင့် ထိတွေ့ ဆက်ဆံပါ
လူမှုဆက်ဆံရေး ကောင်းမွန်တာက နုပျိုကျန်းမာတဲ့ ဘဝကို ဖြစ်ပေါ်စေပါတယ်။ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ များများ အချိန်ဖြုန်းလေလေ ငယ်ရွယ်နုပျိုတဲ့ စိတ်ခံစားမှုကို ရရှိလေလေပါပဲ။

(၈) ဝါသနာ အသစ်များကို ရှာဖွေပါ
ဝါသနာ အသစ်တွေကို ရှာဖွေပြီး လုပ်ဆောင်ပေးတာက ဘဝမှာနေရတာ တန်ဖိုးရှိတယ်လို့ ခံစားရစေပြီး ကျန်းမာရေးကိုလည်း ပိုကောင်းမွန်စေပါတယ်။

(၉) လက်ရှိ ဖက်ရှင် ရေစီးကြောင်းအတိုင်း နေထိုင်ပါ
ငယ်ရွယ်တဲ့ စိတ်ခံစားမှုမျိုး ရရှိလိုရင် လူငယ်တွေလို ဝတ်ဆင်ဖို့ လိုအပ်ပါတယ်။ အသားအရေကို တင်းရင်း လှပအောင် ပြုပြင်ပြီး လက်ရှိ ခေတ်စားနေတဲ့ ဖက်ရှင်ရေစီးကြောင်းနဲ့အညီ ဝတ်စားဆင်ယင်ပါ။ အသက်ကြီးလာတာနဲ့ အသက်ကြီးသူတွေလို လိုက်ဝတ်ရမယ်လို့ ဘယ်သူမှ သတ်မှတ်မထားပါဘူး။

(၁ဝ) ဆံပင်ကို ပြုပြင်ပါ
ဆံပင်ကို ပုံစံပြောင်းပြီး ငယ်ရွယ်တဲ့ပုံမျိုး ရအောင် ပြုပြင်လိုက်ပါ။ ငြီးငွေ့မှုပါ ပြေပျောက် သွားပါလိမ့်မယ်။

(၁၁) အသင်းအဖွဲ့ ထဲ ပါဝင်ပါ
စေတနာ့ဝန်ထမ်း အသင်းအဖွဲ့ထဲ ပါဝင်တာက လူမှုဆက်သွယ်ရေးကို ကောင်းမွန်စေပြီး သွက်လက် ဖျတ်လတ်ကာ ကျန်းမာနေစေပါတယ်။

(၁၂) အားကစားခန်းမနှင့် ဆက်သွယ်ပါ
အားကစားခန်းမနဲ့ ဆက်သွယ်ပြီး လေ့ကျင့်ခန်း လုပ်တာက သင့်ကို လေ့ကျင့်ခန်း လုပ်ဖြစ်အောင် ပံ့ပိုးပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ရင် ကျန်းမာ နုပျိုစေပါတယ်။ အားကစားခန်းမဟာ သူငယ်ချင်း အသစ်တွေနဲ့ တွေ့ဆုံနိုင်တဲ့ နေရာကောင်း တစ်ခုလည်း ဖြစ်ပါတယ်။

(၁၃) အသက်အရွယ် ကန့်သတ်ချက်မရှိသော အရာကို လုပ်ဆောင်ပါ
အသက်အရွယ် ကန့်သတ်ချက်မရှိ လုပ်နိုင်တဲ့ အရာတွေကို လုပ်ဆောင်ပါ။ ဥပမာပြောရရင် မာရသွန် ပြေးတာမျိုးပါ။

(၁၄) မိတ်ဆွေအသစ်များနှင့် တွေ့ဆုံပါ
မိတ်ဆွေအသစ်တွေနဲ့ တွေ့ဆုံတာက သင်ရဲ့ လူမှုဆက်သွယ်ရေး စက်ဝန်းကို ကျယ်ပြန့်စေပါတယ်။ အထူးသဖြင့် သင်နဲ့ စိတ်ဓာတ်၊ ခံယူချက်၊ ရည်ရွယ်ချက်တူတဲ့ သူတွေနဲ့ ပေါင်းသင်းပါ။

(၁၅) နည်းပညာ အသစ်များကို လေ့လာပါ
နည်းပညာတွေက အမြဲ အသစ်ပေါ်နေပါတယ်။ နည်းပညာ အသစ်တွေကို မသိတော့တာက သင့်စိတ်ထဲမှာ အသက်ကြီးလာပြီလို့ ထင်ရစေတာကြောင့် ခေတ်ပေါ် နည်းပညာ အသစ်တွေကို လေ့လာသင့်ပါတယ်။

(၁၆) အိမ်ကို ခေတ်မီအောင် ပြင်ဆင်ပါ
အိမ်ကို ရှေးဟောင်းပုံစံအတိုင်း မထားပါနဲ့။ အိမ်အပြင်အဆင်ကို ခေတ်နဲ့အညီ ပြုပြင်တာက သင့်စိတ်ကို နုပျို လန်းဆန်းစေပါတယ်။

(၁၇) လွတ်လပ်သော စိတ်ရှိပါစေ
သင့်စိတ်ကို လွတ်လပ်ခွင့်ပေးပြီး ဝါသနာပါရာ လုပ်ပါ။ ဒါက သင့်ကို ငယ်ရွယ်ပြီး ပေါ့ပါးမှု ရှိစေပါတယ်။

(၁၈) သင်လုပ်နိုင်လျှင် လူငှား မထားပါနှင့်
သင်လုပ်နိုင်တဲ့ အလုပ်တွေအတွက် လူငှားထားပြီး မခိုင်းပါနဲ့။ ကိုယ်ပိုင် မြေကွက်ထဲမှာ မြက်ရိတ်နိုင်တယ်ဆိုရင် ကိုယ့်ဘာသာ လုပ်ဆောင်ပါ။

(၁၉) ခရီးသွားပါ
ငယ်စဉ်က သင်သွားချင်ခဲ့တဲ့ နေရာတွေကို သွားနိုင်တဲ့ ငွေကြေးရှိရင် ကျန်းမာရေး အခြေအနေ ကောင်းတုန်း ခရီးသွားလာပါ။ စိတ်ဖိစီးမှု လျော့ပါးပြီး ငယ်ရွယ် နုပျိုစေပါတယ်။

(၂ဝ) ဘာသာရပ် အသစ်များ လေ့လာပါ
အသက်ကြီးပြီဆိုပြီး လေ့လာစရာ မလိုတော့ဘူးလို့ မထင်ပါနဲ့။ ဘယ်အရာကိုမှ သင်ယူဖို့ နောက်မကျသေးပါဘူး။ အသက်ကြီးချိန်မှာ စာပေလေ့လာ သင်ယူတာက မျှော်လင့်ချက်ကို ဖြစ်ပေါ်စေပြီး နုပျိုတယ်လို့ ထင်ရစေပါတယ်။    



ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ