Our social:

June 10, 2015

အသက်ကြီးသူများကို နုပျိုကျန်းမာနေစေမည့် နည်းလမ်း ၂၀



အသက်ကြီးသူများကို နုပျိုကျန်းမာနေစေမည့် နည်းလမ်း ၂၀


အသက်ကြီးတယ်ဆိုတာ လောကဓမ္မတာ တစ်ရပ်ပါ။ ဒါပေမဲ့ သင့်အသက်အရွယ်ဟာ သင်ခံစားနေရတဲ့ နုပျိုငယ်ရွယ်ကျန်းမာတဲ့ စိတ်ခံစားမှုအပေါ် သက်ရောက်မှု မရှိပါဘူး။  ဆိုလိုတာက အသက်ဘယ်လောက်ပဲ ကြီးလာပါစေ၊ အိုလာပြီလို့ မတွေးတောဘူးဆိုရင် သင်က နုပျိုကျန်းမာနေမှာပဲ ဖြစ်ပါတယ်။



(၁) ဘဝမှာ ပါဝင်ဆင်နွှဲပါ
အိမ်မှာ ထိုင်နေရတဲ့အခါ သင့်ကိုယ်သင် အိုမင်းလာပြီဆိုတဲ့ အတွေးမျိုး ဝင်လာနိုင်ပါတယ်။ အိမ်ထဲမှာ ထိုင်ပြီး အချိန်ဖြုန်းတာထက် ဘဝမှာ လုပ်စရာရှိတဲ့ တာဝန်တွေ၊ ဝတ္တရားတွေကို ပါဝင် လုပ်ဆောင်ပေးတာက ကိုယ့်ကိုယ်ကိုယ် ငယ်ရွယ်ဖျတ်လတ်တယ် ဆိုတဲ့ အတွေး ဝင်စေပါတယ်။

(၂) အိုမင်းခြင်းကြောင့် စိတ်ဓာတ်မကျပါနဲ့
အသက်အရွယ် ကြီးရင့်လာမှာကို စိတ်ဓာတ်ကျနေတာက သင့်ကို ပိုမို အိုမင်းလာစေပါတယ်။ အသက်အရွယ် ကြီးလာတဲ့အတွက် စိတ်မသက်မသာ မဖြစ်ပါနဲ့။

(၃) ကျန်းမာရေးကောင်းအောင် ကြိုးစားနေထိုင်ပါ
ကျန်းမာရေး ကောင်းတာက ငယ်ရွယ်နုပျိုစေတဲ့ ခံစားချက်ကို ရရှိစေတဲ့ အဓိက သော့ချက်ပါ။ ဒါကြောင့် ကျန်းမာရေး ကောင်းအောင် နေထိုင်ပါ။

(၄) ကျန်းမာရေးနှင့် ညီညွတ်သော အစာစားပါ
အာဟာရ ပြည့်ဝတဲ့ အစာကို စားပေးတာက နုပျို အသက်ရှည်မှုအတွက် အရေးပါပါတယ်။

(၅) ဥယျာဉ်စိုက်ပျိုးပါ
လတ်ဆတ်တဲ့ သစ်သီးဝလံတွေကို စားသုံးနိုင်ပြီး သက်ရှည် ကျန်းမာစေဖို့ ကိုယ်ပိုင် ဥယျာဉ်တစ်ခုကို ဖန်တီးပြီး စားပင်သီးပင်တွေ စိုက်ပျိုးပါ။ ဥယျာဉ်စိုက်တာက ကိုယ်လက် လှုပ်ရှားမှုကိုလည်း လုပ်ဖြစ်စေပါတယ်။

(၆) လေ့ကျင့်ခန်း များများလုပ်ပါ
လေ့ကျင့်ခန်း လုပ်တာက ငယ်ရွယ်ကျန်းမာမှုကို ရရှိစေတဲ့ အရေးပါတဲ့ အစိတ်အပိုင်းပါ။ တစ်ပတ်မှာ အနည်းဆုံး ၃-၅ ရက် လေ့ကျင့်ခန်း လုပ်နိုင်ပါတယ်။

(၇) မိတ်ဆွေ သူငယ်ချင်းများနှင့် ထိတွေ့ ဆက်ဆံပါ
လူမှုဆက်ဆံရေး ကောင်းမွန်တာက နုပျိုကျန်းမာတဲ့ ဘဝကို ဖြစ်ပေါ်စေပါတယ်။ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ များများ အချိန်ဖြုန်းလေလေ ငယ်ရွယ်နုပျိုတဲ့ စိတ်ခံစားမှုကို ရရှိလေလေပါပဲ။

(၈) ဝါသနာ အသစ်များကို ရှာဖွေပါ
ဝါသနာ အသစ်တွေကို ရှာဖွေပြီး လုပ်ဆောင်ပေးတာက ဘဝမှာနေရတာ တန်ဖိုးရှိတယ်လို့ ခံစားရစေပြီး ကျန်းမာရေးကိုလည်း ပိုကောင်းမွန်စေပါတယ်။

(၉) လက်ရှိ ဖက်ရှင် ရေစီးကြောင်းအတိုင်း နေထိုင်ပါ
ငယ်ရွယ်တဲ့ စိတ်ခံစားမှုမျိုး ရရှိလိုရင် လူငယ်တွေလို ဝတ်ဆင်ဖို့ လိုအပ်ပါတယ်။ အသားအရေကို တင်းရင်း လှပအောင် ပြုပြင်ပြီး လက်ရှိ ခေတ်စားနေတဲ့ ဖက်ရှင်ရေစီးကြောင်းနဲ့အညီ ဝတ်စားဆင်ယင်ပါ။ အသက်ကြီးလာတာနဲ့ အသက်ကြီးသူတွေလို လိုက်ဝတ်ရမယ်လို့ ဘယ်သူမှ သတ်မှတ်မထားပါဘူး။

(၁ဝ) ဆံပင်ကို ပြုပြင်ပါ
ဆံပင်ကို ပုံစံပြောင်းပြီး ငယ်ရွယ်တဲ့ပုံမျိုး ရအောင် ပြုပြင်လိုက်ပါ။ ငြီးငွေ့မှုပါ ပြေပျောက် သွားပါလိမ့်မယ်။

(၁၁) အသင်းအဖွဲ့ ထဲ ပါဝင်ပါ
စေတနာ့ဝန်ထမ်း အသင်းအဖွဲ့ထဲ ပါဝင်တာက လူမှုဆက်သွယ်ရေးကို ကောင်းမွန်စေပြီး သွက်လက် ဖျတ်လတ်ကာ ကျန်းမာနေစေပါတယ်။

(၁၂) အားကစားခန်းမနှင့် ဆက်သွယ်ပါ
အားကစားခန်းမနဲ့ ဆက်သွယ်ပြီး လေ့ကျင့်ခန်း လုပ်တာက သင့်ကို လေ့ကျင့်ခန်း လုပ်ဖြစ်အောင် ပံ့ပိုးပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ရင် ကျန်းမာ နုပျိုစေပါတယ်။ အားကစားခန်းမဟာ သူငယ်ချင်း အသစ်တွေနဲ့ တွေ့ဆုံနိုင်တဲ့ နေရာကောင်း တစ်ခုလည်း ဖြစ်ပါတယ်။

(၁၃) အသက်အရွယ် ကန့်သတ်ချက်မရှိသော အရာကို လုပ်ဆောင်ပါ
အသက်အရွယ် ကန့်သတ်ချက်မရှိ လုပ်နိုင်တဲ့ အရာတွေကို လုပ်ဆောင်ပါ။ ဥပမာပြောရရင် မာရသွန် ပြေးတာမျိုးပါ။

(၁၄) မိတ်ဆွေအသစ်များနှင့် တွေ့ဆုံပါ
မိတ်ဆွေအသစ်တွေနဲ့ တွေ့ဆုံတာက သင်ရဲ့ လူမှုဆက်သွယ်ရေး စက်ဝန်းကို ကျယ်ပြန့်စေပါတယ်။ အထူးသဖြင့် သင်နဲ့ စိတ်ဓာတ်၊ ခံယူချက်၊ ရည်ရွယ်ချက်တူတဲ့ သူတွေနဲ့ ပေါင်းသင်းပါ။

(၁၅) နည်းပညာ အသစ်များကို လေ့လာပါ
နည်းပညာတွေက အမြဲ အသစ်ပေါ်နေပါတယ်။ နည်းပညာ အသစ်တွေကို မသိတော့တာက သင့်စိတ်ထဲမှာ အသက်ကြီးလာပြီလို့ ထင်ရစေတာကြောင့် ခေတ်ပေါ် နည်းပညာ အသစ်တွေကို လေ့လာသင့်ပါတယ်။

(၁၆) အိမ်ကို ခေတ်မီအောင် ပြင်ဆင်ပါ
အိမ်ကို ရှေးဟောင်းပုံစံအတိုင်း မထားပါနဲ့။ အိမ်အပြင်အဆင်ကို ခေတ်နဲ့အညီ ပြုပြင်တာက သင့်စိတ်ကို နုပျို လန်းဆန်းစေပါတယ်။

(၁၇) လွတ်လပ်သော စိတ်ရှိပါစေ
သင့်စိတ်ကို လွတ်လပ်ခွင့်ပေးပြီး ဝါသနာပါရာ လုပ်ပါ။ ဒါက သင့်ကို ငယ်ရွယ်ပြီး ပေါ့ပါးမှု ရှိစေပါတယ်။

(၁၈) သင်လုပ်နိုင်လျှင် လူငှား မထားပါနှင့်
သင်လုပ်နိုင်တဲ့ အလုပ်တွေအတွက် လူငှားထားပြီး မခိုင်းပါနဲ့။ ကိုယ်ပိုင် မြေကွက်ထဲမှာ မြက်ရိတ်နိုင်တယ်ဆိုရင် ကိုယ့်ဘာသာ လုပ်ဆောင်ပါ။

(၁၉) ခရီးသွားပါ
ငယ်စဉ်က သင်သွားချင်ခဲ့တဲ့ နေရာတွေကို သွားနိုင်တဲ့ ငွေကြေးရှိရင် ကျန်းမာရေး အခြေအနေ ကောင်းတုန်း ခရီးသွားလာပါ။ စိတ်ဖိစီးမှု လျော့ပါးပြီး ငယ်ရွယ် နုပျိုစေပါတယ်။

(၂ဝ) ဘာသာရပ် အသစ်များ လေ့လာပါ
အသက်ကြီးပြီဆိုပြီး လေ့လာစရာ မလိုတော့ဘူးလို့ မထင်ပါနဲ့။ ဘယ်အရာကိုမှ သင်ယူဖို့ နောက်မကျသေးပါဘူး။ အသက်ကြီးချိန်မှာ စာပေလေ့လာ သင်ယူတာက မျှော်လင့်ချက်ကို ဖြစ်ပေါ်စေပြီး နုပျိုတယ်လို့ ထင်ရစေပါတယ်။    



ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ




0 comments:

Post a Comment