Our social:

June 10, 2015

ထိုင်းဘုန်းကြီးကျောင်းနဲ့ သရဲ



 ထိုင်းဘုန်းကြီးကျောင်းမှာနေတာကြာလာတော့ထိုင်းရဲ့လူနေမူစရိုက်တွေကိုသိလာရတယ်။ထိုင်းမှာတော်
တော်များများကိုသဘောကျပေမဲ့ ဘာသာရေးနဲ့ပက်သက်လာရင်ဘ၀င်မကျစရာတွေတော်တော်များများ
တွေ့ရတယ်။အဲဒီထဲမှာတစ်ခုက မီးသင်္ဂြိုလ်စက်တွေကိုဘုန်းကြီးကျောင်းထဲမှာထားတာပါ။
ထိုင်းဘုန်းကြီးကျောင်းထဲမှာ ပရလောကသားတွေကော ဘုန်းကြီးတွေနဲ့ကောပြည့်ကျပ်လို့နေရတယ်။
ဘုရားလက်ထက်ကတောင်မှ သင်္ချိုင်းနဲ့ဘုန်းကြီးကျောင်းတခြားစီ ထားခဲ့တာပါ။ ကျောင်းထဲမှာသင်္ချိုင်းထား
လို့ရရှိလာတဲ့အကျိုးဆက်တွေကတော့ သေတဲ့လူရဲ့ပစ္စည်းတော်တော်များများကိုကျောင်းမှာတစ်ခါတည်းလှူ
ထားခဲ့တာပါပဲ့။ အသုဘကို ၇ ရက်ခန့်ထားရပါတယ် ၇ ရက်လုံးလုံး..........
ဘုန်းကြီးတွေကပရိတ်ရွတ်ပေးရပါတယ်။
တရက်ကိုဘတ်(၃၀၀)ခန့် ကိုယ်တတ်နိုင်သလောက် ဘုန်းကြီးအရေအတွက်နဲ့လှူရပါတယ်။
သူတို့ဆီကအသုဘက ပန်းတွေနဲ့သေသေချာချာအလှပြင်ဆင်ထားပြီး အတီးအမှုတ်တွေနဲ့ မသာ မပျင်း
အောင်ထားပေးရပါတယ်။ မီးရှို့ပြီလို့ ပြာတွေကိုစေတီပုံစံအမှတ်အသားလုပ်ထားခဲ့ချင်ရင် တစ်ပေစာ
လောက်ငွေပေးပြီးဝယ်ရပါတယ်။စေတီးပုံစံလေးလုပ်ပြီးအမှတ်အသားလုပ်ရပါတယ်။ နှစ်တိုင်းအရိုးအိုးထိမ်း
သိမ်းခ ဘုန်းကြီးကျောင်းကိုငွေပေးရပါတယ်။ ကျောင်းထဲမှာ အရိုးအိုးလိုလို စေတီလိုလိုနဲ့ ဘာမှန်းမသိတဲ့
ပုံစံတွေနဲ့အများကြီးတွေ့ရပါတယ်။
အဲဒီလိုသံသယတွေပွါးပြီးယုံမှားသံသယဖြစ်မှာစိုးလို့ မြတ်စွာဘုရားကစေတီတည်ထိုက်တဲ့လူလေးယောက်ကို
ဟောကြားခဲ့ပါတယ်။ ဒါတွေကိုထိုင်းဘုန်းကြီးတို့ မသိတာလား ? တွက်ခြေကိုက်လို့လား ? ဆိုတာကိုတော့
သူတို့သာသိပါလိမ့်မယ်။

မြန်မာနိုင်ငံမှာလဲဒွေး အရိုးအိုးစေတီတည်မှာကို ၀ိုင်းဝန်းကန့်ကွက်ခဲ့လို့သာပေါ့။ထိုင်းမှာကအဲလိုကန့်ကွက်
တဲ့လူကမရှိသလောက်ပါပဲ့ ဘာသာရေးမှာ ကိုမှန်ရင်ကိုလုပ် ဘယ်သူမှဝင်မရှုပ်ကြေးဆိုတဲ့ပုံစံကများပါတယ်။
ဘုရင်ကို မထိခိုက်ရင် ဘာမဆိုလုပ်ဆိုတဲ့သဘောပါ။
ဘုန်းကြီးတွေကိုလူတွေကသိပ်ပြီးမလေးစားကြပါဘူး။ အကြောင်းရင်းကတော့ သူတို့ဝတ်ရုံပုံစံကများသော
အားဖြင့် ဖိုးရိုဖားယားနိုင်လို့ပါ။ သင်္ကန်းရုံတာကအစ မညီမညာရုံမှဆွမ်းလောင်းတဲ့ပုံစံမျိုးပါ။
အ၀တ်အစားကိုကြည့်တဲ့နိုင်ငံခြားသားတွေရဲ့အမြင်မှာတော့ သူတောင်းစားလို့များထင်နေမလားပဲ့။
လူမှာအ၀တ် တောင်းမှာအကွပ် ဆိုတဲ့စကားပုံလိုပါပဲ့။ သင်္ကန်းညီညီညာညာရုံသွားရင် ကြည်ညိုဘွယ်
ဆောင်ထားရင် အားလုံးကကြည်ညိုကြတာပါပဲ့။တချို့ဌာနဆိုင်ရာတွေမှာဆိုရင် လူကိုအကဲခတ်ပြီးမှ
မြန်မြန်လုပ်ပေးထာလေးတွေလဲရှိတယ်။ ဒါကြောင့် နိုင်ငံခြားမှာက ရုပ်ချောနေဖို့ကလဲ သွားရလာရလွယ်
ကူစေခြင်းရဲ့အကြောင်းတစ်ခုဖြစ်နေတယ်။ စင်္ကာပူလို နိုင်ငံဆိုရင် စုပ်ပြတ်သတ်နေအောင်ဝတ်လာလို့က
တော့ လေဆိပ်မှာတင်ပြန်ပို့ခံရတာပါ။ ဘုန်းကြီးလဲ နေတတ်ထိုင်တတ် ရုံတတ် ရမ်းတတ်မှ သာလျှင် နိုင်ငံ
တကာကလူတွေလက်ခံနိုင်လောက်တဲ့ အနေအထားမျိုးဖြစ်နိုင်တယ်။

ထိုင်းမှာဘုန်းကြီးတွေကိုလူတွေသိပ်ပြီးမလေးစားရခြင်းအကြောင်းတစ်ခုက သရဲကား တွေ ဟာသကား
တွေမှာ ဘုန်းကြီးတွေကိုသရုပ်ဆောင်စေပြီး ရယ်ရအောင်လုပ်တဲ့ဇာတ်ကားတွေများလေတော့ ရုံသေလေးစားမူအပိုင်းမှာပေါ့သွားတယ်။ သရဲဇာတ်ကားတွေများများရိုက်တော့ လူတွေရဲ့စိတ်ထဲမှာသေရင်
သရဲဖြစ်များတယ်ဆိုတဲ့ယုံကြည်ချက်တွေပါသွားတတ်တယ်။ တချို့ဆိုဘုန်းကြီးကျောင်းကို သင်္ချိုင်းများထင်
နေလို့လားမသိဘူး သိပ်မလာကြဘူး။ ဘုန်းကြီးတွေကိုလဲ အိမ်ပင့်တဲ့အလေ့လဲမရှိပြန်ဘူး။
တက္ကစီ သမားတွေဆိုရင် ဘုန်းကြီးလေးပါး ကားတားရင်ရပ်မပေးကြပါဘူး။ လေးပါးကအသုပို့တာမှာသုံးတာတဲ့။ တော်တော်ခက်တဲ့ထိုင်းတွေပါလား။
လောလောဆယ်တော့ ထိုင်းမှာနေတုံးဆိုတော့ ဟဲဟဲ မကောင်းတာတွေသိပ်ပြောလို့မဖြစ်သေးဘူး။
ရပ်ထားအုံးမှ။



ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ




0 comments:

Post a Comment