Our social:

June 10, 2015

ရေသောက်ခြင်း ကုထုံး


ယခု ရေသောက်ခြင်းကုထုံးဟာ ယခင်က သိရှိဖူးသားဖြစ်မယ်ဆိုရင်တောင်မှ ထပ်ဖတ်မယ် ဆိုရင်လည်း ဖတ်ထိုက်တဲ့ ကုထုံးဖြစ်ပါတယ် ။ ကိုယ်တိုင် စမ်းသပ်ကြည့်မယ်ဆိုလည်း တန်ဘိုး မများဘဲနဲ့ တကယ်ပျောက်ကင်းနိုင်တဲ့ ရောဂါတွေကတော့ စာဖွဲ့လောက်ပါရဲ့ ။


အစာမရှိချိန် ရေသောက်ခြင်း
    ဂျပန်နိုင်ငံမှာ ဒီကနေ့တွင်ကျယ်နေတဲ့ နည်းတစ်ခုပဲ ဖြစ်ပါတယ် ။ သူ့နည်းကတော့ နံနက်တိုင်း အိပ်ရာကနိုးတာနဲ့ ရေများများသောက်ဖို့ပါဘဲ ။ ဗိုက်ထဲက ဘာအစာ ၊ ဘာအရည်မှ မရှိချိန်ပေါ့ဗျာ ။ ဒီနည်းက ဘယ်လောက်တန်ဘိုးများသလဲဆိုတာ သိပ္ပံနည်းကျစမ်းသပ်မှုများကနေ သိခဲ့ရတာပါ ။ နာတာရှည်ရောဂါတွေ ၊ အပြင်းစားရောဂါတွေနဲ့ ခေတ်ပေါ်ရောဂါတွေ… တော်တော်များပါရဲ့ ။ ဒီကုထုံး ကုသမယ်ဆိုရင် ပျောက်ကင်းနိုင်ကြောင်း ဂျပန်ဆေးပညာအသင်း တစ်ခုက ရာနှုန်းပြည့် ထောက်ခံတင်ပြထားပါတယ် ။  
    အဲဒီရောဂါတွေကတော့ ခေါင်းကိုက်ခြင်း ၊ ခန္ဓာကိုယ်ကိုက်ခဲခြင်း ၊ နှလုံးသွေးကြောစနစ် ၊ အဆစ်အမြစ်ရောင်ခြင်း ၊ နှလုံးခုန်နှုန်းမြန်ခြင်း ၊  ဝက်ရူးပြန်ခြင်း ၊ အဝလွန်ခြင်း ၊ လေပြွန်ပွ၍ ပန်းနာရင်ကြပ်ခြင်း ၊ အဆုတ် ၊ ဦးနှောက်အမြှေးပါး ရောင်ရမ်းခြင်း ၊ ကျောက်ကပ်နှင့်ဆီးရောဂါများ ၊ ပျို့အန်ခြင်း ၊ အစာအိမ်နာခြင်း ၊ ဝမ်းပျက်ခြင်း ၊ လိပ်ခေါင်းရောဂါ ၊ ဆီးချိုရောဂါ ၊ ဝမ်းချုပ်ခြင်း ၊ မျက်စိရောဂါများ ၊ သားအိမ်ရောဂါ ၊ ကင်ဆာနှင့် ဓမ္မာတာသွေးဆိုင်ရာ ဝေဒနာများ ၊ နား ၊ နှာခေါင်းနှင့် လည်ချောင်းဆိုင်ရာ ရောဂါတွေ ဖြစ်ပါတယ် ။
ကုထုံးဆိုင်ရာ နည်းစနစ်
-    နံနက်အိပ်ရာမှနိုးနိုးချင်း သွားမတိုက်မီ (၁၆၀)မီလီမီတာရှိတဲ့ ရေဖန်ခွက်(၄)ခွက် (၆၄၀)မီလီမီတာ) သောက်ရပါမယ် ။ ( ၁ လီတာရေသန်ဘူးရဲ့ ၁၁ ပုံပုံ ၆ ပုံခွဲခန့်  ပမာဏပေါ့ )
-     ပြီးရင်တော့ ထုံးစံအတိုင်း ကိုယ်လက်သန့်စင် ၊ မျက်နှာသစ် ၊ သွားတိုက် လုပ်ရမှာပေါ့ဗျာ ။
ဒါပေမယ့် ရေ(၄)ခွက်သောက်ပြီး (၄၅)မိနစ်အတွင်းမှာတော့ မည်သည့်အစာ ၊ အရည်မှ မစားသုံးရသေးဘူးဗျ ။
-    (၄၅)မိနစ်ကျော်သွားရင်တော့ ပုံမှန်အတိုင်း နံနက်စာ စားသောက်နိုင်ပါတယ် ။
-    နံနက် ၊ နေ့လည် ၊ ညစာစားပြီး (၁၅)မိနစ်မှ နောက်(၂)နာရီအတွင်း ဘာမှ ထပ်မစားဖို့ မသောက်ဖို့လည်း လိုအပ်ပါတယ် ။
-    ရေ(၄)ဖန်ခွက် တစ်ခါတည်းသောက်ဖို့ ခက်ခဲနေသူတွေကတော့ရသလောက်က စသောက်ပြီး (၄)ဖန်ခွက်ပြည့်တဲ့အထိ တဖြည်းဖြည်း တိုးသောက်သွားရမှာ ဖြစ်ပါတယ် ။
    ဒီစနစ်လေးအတိုင်း လိုက်နာဆောင်ရွက်သွားမည်ဆိုရင် အနာရောဂါတွေဟာ လျော့နည်း ပပျောက်သွားမှဖြစ်ပြီး ကိုယ်ရောစိတ်ပါ ကျန်းမာပျှော်ရွှင်လာမှာဖြစ်ပါတယ် ။

    ဒီကုထုံးအရ အောက်မှာဖော်ပြထားတဲ့ ဇယားပါ ရက်များအတွင်း ရောဂါများ လျှော့ပါးသွားတာ ဒါမှမဟုတ် ထိန်းချုပ်လို့ရတယ်ဆိုတာ စာဖတ်သူများ လိုက်နာကြည့်ရင် လက်တွေ့ခံစားရမှာ ဖြစ်ပါတယ် -
ရောဂါအမည်    သွေးတိုး    အစာအိမ်    ဆီးချို    ဝမ်းချုပ်    ကင်ဆာ    အဆုတ်
ရက်ပေါင်း    ၃၀ ရက်    ၁၀ ရက်    ၃၀ ရက်    ၁၀ ရက်    ၁၈၀ ရက်    ၉၀ ရက်

    သတိထားရမယ့်အချက်ကတော့  အဆစ်အမြစ်ရောင် ရောဂါရှင်များအနေဖြင့် ပထမ တစ်ပတ်မှာ (၃)ရက် အထက်ပါကုထုံးအား လိုက်နာရန်နှင့် ဒုတိယပတ်မှစတင်၍ ရောဂါ ပျောက်ကင်းသည်အထိကိုတော့ နေ့စဉ်လိုက်နာရမှာ ဖြစ်ပါတယ် ။
ကောင်းကျိုးနှင့်ဘေးထွက်ဆိုးကျိုး
    ဆိုးကျိုးကတော့ သုည ၊ ကောင်းကျိုးကတော့ အနန္တပါပဲ ။ ဒီ ရေသောက်ခြင်းကုထုံး နည်းစနစ်မှာအခြားဘေးထွက်ဆိုးကျိုးအနေနဲ့ ဘာမှမရှိပါဘူး ။ အစမှာ ဆီးသွားတဲ့အကြိမ် အနည်းငယ် ပိုလာနိုင်တာပဲ ရှိပါတယ် ။ ဆိုးကျိုးလုံးဝမရှိတဲ့ ကောင်းကျိုးတွေချည်းပေးတဲ့ ငွေကြေး တစ်ပြားတစ်ချပ်မှ မကုန်တဲ့ ဒီနည်းစနစ်ကောင်းလေးကို မိမိရဲ့ သက်တမ်းတစ်လျှောက် လူနေမှု ဘဝအတွင်းမှာ နေ့စဉ်ဂရုပြုဆောင်ရွက်သွားဖို့ မသင့်ပေဖူးလား စာဖတ်သူအပေါင်းတို့ခင်ဗျား ။
ရေအေးသောက်ခြင်း
    တရုတ်နဲ့ ဂျပန်လူမျိုးများဟာ ထမင်းသုံဆောင်ရင်း ရေနွေးကြမ်းသောက်ကြပါတယ် ။ အေးနေတဲ့ ရေမဟုတ်ပါဘူး ။ ကျွန်တော်တို့လည်းပဲ ထမင်းသုံးဆောင်နေစဉ်မှာ သူတို့တွေရဲ့ ရေနွေးသောက်ခြင်း အလေ့အကျင့် မေးယူသင့်ပါတယ် ။ အရှုံးမရှိပါဘူး ၊ အကျိုးပဲ များမှာဖြစ်ပါတယ် ။ များသောအားဖြင့် ကျွန်တော်တို့တွေဟာ ထမင်းစားနေစဉ်နဲ့ စားပြီးတဲ့အခါမှာ ရေအေးတစ်ခွက်လောက်ကို သောက်လေ့သောက်ထ ရှိတတ်ပါတယ် ။ 
    ရေအေးဟာ ကိုယ်စားသုံးလိုက်တဲ့ အဆီပါတဲ့ အစာအဖတ်တွေကို ပို၍ကျစ်လစ်မာကျော စေပါတယ် ။ အစာခြေဖျက်ခြင်းကို နှေးကွေးစေတယ် ။ အဲဒီ အဆီအပြစ်အနှစ်တွေဟာ အက်စ်နှင့် ဓာတ်ပြုတဲ့အခါမှာ ပြိုကွဲသွားပြီး အခြားမာတဲ့ အစားအစာတွေထက် အစာခြေဖျက်ရေး လမ်းကြောင်းမှာ ပိုပြီးလျှင်မြန်စွာ စုတ်ယူခြင်းခံရပါတယ် ။ နောက်တော့ အစာခြေဖျက်ရေး လမ်းကြောင်းအတွင်းသားကို လိုင်နင်အဖြစ် ဖုံးအုပ်သွားလေ့ရှိပါတယ် ။ သိပ်မကြာမီမှာပဲ သူတို့ဟာ အဆီအစုအဝေးတွေဖြစ်သွားပြီး ကင်ဆာရောဂါဖြစ်ပွားရေးကို ဦးတည်သွားတာပါပဲ ခင်ဗျာ ။ ဒါကြောင့်ထမင်းသုံးဆောင်နေတဲ့ စ လယ် ဆုံး မှာ ပူနေတဲ့ စွတ်ပြုတ်အရည် ၊ ဟင်းချိုပူပူ ၊ ရေနွေးကို သောက်ရင် အကောင်းဆုံးပဲဖြစ်ပါတယ် ။
ရုတ်တရက် နှလုံးသွေးကြောပိတ်ခြင်းအတွက် အရေးကြီးသောမှတ်စု
    -    ဘယ်ဘက်လက်မောင်း နာကျင်နေခြင်းဟာ ရုတ်တရက်နှလုံးသွေးကြောပိတ်ခြင်း ရောဂါတိုင်းရဲ့ လက္ခဏာမဟုတ်ဘူးဆိုတာ အမျိုးသမီးများ သိထားသင့်ပါတယ် ။    
    -    မေးရိုးကြောတစ်လျှောက် စူးရှတဲ့နာကျင်မှုဖြစ်ရင် သတိပြုရပါမယ် ။
    -    ရုတ်တရက် နှလုံးသွေးကြောပိတ်ရောဂါ ဖြစ်နေစဉ်အတောအတွင်းမှာ ရင်ဘတ်စူးအောင့်မှု တစ်ခါမျှ မဖြစ်သေးတာမျိုးလည်း ဖြစ်တတ်ပါတယ် ။
    -    မအီမသာပျို့အန်ခြင်းနဲ့ ချွေးစေးအလွန်ထွက်ခြင်းဟာလည်း အဖြစ်များတဲ့ ယေဘုယျ လက္ခဏာတွေပဲ ဖြစ်ပါတယ် ။
    -    အိပ်ပျော်နေစဉ် ရုတ်တရက် နှလုံးသွေးကြောပိတ်ရောဂါ ခံစားရသူများအနက်မှ ၆၀ %ဟာ နိုးထခြင်း မရှိပါဘူး ။ မေးရိုးထဲ နာကျင်မှု ဖြစ်ပေါ်ခဲ့ရင်တော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာမှ နိုးထ နိုင်ပါတယ် ။
    ဒီတော့ ကျွန်တော်တို့တွေအားလုံးဟာ မိမိတို့စိတ်သဏ္ဍာန်မှာ အသိနဲ့သတိကို အစဉ်အမြဲ ကိန်းဝပ်နေစေဖို့ လိုအပ်ပါတယ် ။ ကျွန်တော်တို့တစ်တွေ ပိုသိမှ ကျွန်တော်တို့ အသက်ရှင်နိုင်ဖို့ အခွင့်အရေးကောင်းတွေ ရှိနေမှာ ဖြစ်ပါတယ် ။ ဒီစာ ဒီကုထုံးကို ရရှိသူတိုင်းဟာ ကိုယ်နဲ့သိသူ မိတ်ဆွေအားလုံးကို ဝေငှပေးမယ်ဆိုရင် အသက်တစ်ချောင်း ၊ ဘဝတစ်ခုကို ကယ်တင်နိုင်မယ်ဆိုတာ သေချာပါတယ်လို့ နှလုံးအထူးကုဆရာဝန်တစ်ဦးမှ ပြောဆိုထားပါတယ်ခင်ဗျား ။



ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


0 comments:

Post a Comment