Our social:

June 10, 2015

Android ဖုန်း version 4.0 up မှာ usb debbugging လုပ်နည်း


မင်္ဂလာပါကျွန်တော့် ညီလေးတစ်ယောက်မေးထဲကနေ Android ဖုန်း version 4.0 တွေအထက်မှာusb debugging ဘယ်လိုလုပ်ရလဲလို့ မေးလာလို့ ဒီပိုစ့် ကိုအမြန်ရေးလိုက်တာပါ။တကယ်တော့ တတ်သိနားလည်နေသူတွေအတွက်တော့ 
လွယ်လွယ်လေးပေါ့ ဗျာ။ဖုန်းတစ်လုံးကိုဝယ်ထားပြီးမှတော့  root မယ် မြန်မာဖောင့် လေးထည့် မယ်စသည်ဖြင့် စမ်းသပ်ချင်ကြတာကတော့ ထုံးစံဖြစ်နေပါပြီ။
ဖုန်းကို root ပုံ နည်းလမ်းတွေကလည်းအင်တာနက်စာမျက်နှာမှာပြည့် နေပါပြီ။root လုပ်တဲ့ နေရာမှာလည်းလက်စွမ်းထက်တဲ့  one click  tool တွေလည်းပေါ်ပေါက်နေတော့  root တာတော့ သိပ်အပန်းမကြီးတော့ ပါဘူး။အင်းဒီနေရာမှာ လူသစ်တွေအနေနဲ့  usb debugging လုပ်တာလေးကိုမှမသိရင်တော့ ဘာကိုမှဆက်မလုပ်နိုင်တော့ ဘူးပေါ့ ဗျာ။

ကျွန်တော့် အနေနဲ့ ဒီနေရာမှာ Android version 4.0 up တွေမှာ usb debugging  လုပ်တာလေးကိုပြောပြပေးသွားမှာပါ။သိပြီးသားမိတ်ဆွေတို့ ကတော့  ကျော်သွားလိုက်ပါ။

ပထမ မိမိတို့ ဖုန်းရဲ့  Setting > application > ကိုသွားပါ development > usb debugging ကိုနိုပ်ပါ။


USBdebugSetttingAnd2.jpg


 အိုကေဒီနေရာမှာသာမန် android version ၄.၀ အောက်က ဖုန်းတွေတော့ အိုကေသွားပါပြီ။Android version 4.0 up နှင့် အထက်ကျတော့  usb debugging အမှန်ခြစ်လေးနေရာမှာ နိုပ်မရဘဲဖြစ်နေပါတယ်။ဒါကို မိမိတို့ ဖုန်းရဲ့  setting > developer options > build number ကို(၇)နှစ်ချက်ထိပေးလိုက်ရင် တော့  usb debugging လုပ်လို့ ရပါပြီခင်ဗျာ။


USBdebugSetttingAnd4.jpg 

 ဒါကတော့  build number ကိုပြထားတဲ့ ပုံပါ။

 


တစ်ဆက်တည်း မိမိတို့  ဖုန်းတွေနှင့် ကိုက်ညီမယ့်  usb driver များကို လိုချင်တယ်ဆိုရင်တော့ ဒီမှာဝင်ယူ လိုက်ပါခင်ဗျာ။



ကျွန်တော့် ဘလော့ လေးကိုလာလည်ကျတဲ့ သူငယ်ချင်းများကိုကျေးဇူးတင်ပါတယ်။မိတ်ဆွေတို့  root လုပ်ချင်တဲ့ ဖုန်းအတွက် mr.mg.thanaung528@gmail.com သို့ ဆက်သွယ်အကူအညီရယူနိုင်ပါပြီ။



ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


0 comments:

Post a Comment