Our social:

June 13, 2015

Android Developer Options ဆိုတာဘာလဲ။ အဲဒါနဲ့ ဘာတွေသုံးလို့ရသလဲ?

       Enable-Developer-Options-on-Android-4.2


Android စမတ်ဖုန်းနဲ့ တက်ဘလက်တိုင်းမှာ လျှို့ဝှက်ထားတဲ့ ရွေးစရာ options အစုအဝေးတစ်ခုပါရှိပါတယ်။ အဲဒါကတော့ Android Developer Options ပါပဲ။ အမည်ကညွှန်းဆိုတဲ့အတိုင်း ဒါတွေက အဓိကအားဖြင့် developer တွေအတွက် ရည်ရွယ်ပါတယ်။ Android ကိရိယာတွေအတွက် ရေးထားတဲ့ software နဲ့ App တွေ စမ်းသပ်ဖို့ အပိုထပ်ဆောင်း လုပ်ဆောင်ချက်တွေ လိုအပ်နေသူတွေပဲ ဖြစ်ပါတယ်။ App တွေရဲ့ ဖိအားဒဏ်ကို ပုံစံတူပြုလုပ်ပေးမယ့် ရွေး စရာတွေများစွာပါမယ်။ Debugging options ကိုလည်း ဖွင့်ပေးနိုင်ပါတယ်။ အဲဒီကိစ္စတွေထဲမှာ USB ကနေ ကွန်ပျူတာနဲ့ဆက်သွယ်ပြီး debugging လုပ်နိုင်စွမ်းကို ခွင့်ပြုဖို့၊ သင့်ရဲ့ Android ကိရိယာပေါ်က bug report တွေဖမ်းယူဖို့ သင့် software ရဲ့ ရိုက်ခတ်မှုကို တိုင်းတာနိုင်အောင် CPU အသုံးပြုမှုကို screen အပေါ် ပြပေးဖို့တွေ ပါဝင်တယ်။ တကယ်တမ်းမှာ ဒီ option အစုအဝေးထဲ လုပ်ပေးနိုင် တာတွေက အများကြီးပါပဲ။ ဒါပေမယ့် ပထမဆုံး Android Developer Options ကို ရယူသုံးစွဲနိုင်ဖို့ လိုအပ်ပါတယ်။
Android Developer Options ကို Android ကိရိယာတွေ အားလုံးမှာ ရနိုင်ပေမယ့် OEM တွေက အဲဒါကိုရယူသုံးစွဲနိုင်မယ့်နည်း ကို အနည်းငယ်ကွဲပြားအောင်လုပ်ပေးထားတယ်။ သူတို့ကို မတော် တဆရယူသုံးစွဲခွင့် ရသွားဖို့မဖြစ်နိုင်အောင် လုပ်ထားတာဖြစ်ပါတယ်။ အဲဒီအတွက်အကြောင်းရင်းကောင်းလည်း ရှိပါတယ်။ ဘာဖြစ်လို့လဲဆို တော့ ဒီ options ကကြီးမားတဲ့ စွမ်းပကားတွေပေးကမ်းထားတယ်။ လူအများစုကောင်းကောင်း အသုံးမချနိုင်တဲ့ အစွမ်းတွေဖြစ်နေလို့ပါ ပဲ။ ဒါပေမယ့်အခု ဖော်ပြထားတဲ့နည်းက ဖုန်းအတော်များများအတွက် အလုပ်ဖြစ်ပါတယ်။
Settings>>System>> About device အထဲကိုသွားပါ။ အဲဒီ အထဲမှာ Build Number ဆိုတဲ့ အပိုင်းအကန့်ကိုရှာပါ။ အခု အဲဒီ အကွက်အပေါ်မှာ ခပ်သွက်သွက်ငါးကြိမ်ခေါက်ပါ။ “You are now a developer” ဆိုတဲ့ message ကိုမြင်ရရင် Android Developer Options ကို ဖွင့်ပြီးသွားပြီဖြစ်ပါတယ်။ အချို့ OEM တွေက ငါးကြိမ်အစား ခုနှစ်ကြိမ်ခေါက်မှ ဖွင့်ပေးအောင်လုပ်ပေးထားတတ် ပါတယ်။ ပွင့်သွားတဲ့ Developer Options settings pane ရဲ့ အောက်ဆုံး About phone ရဲ့အထက်မှာ ရှိတတ်ပါတယ်။ အဲဒီအထဲ က စိတ်ဝင်စားစရာအချို့ကို ထုတ်နုတ်ဖော်ပြပေးလိုပါတယ်။


                                              Screenshot_2015-06-04-13-23-14
Process Stats
Process tats လို့ခေါ်တဲ့ စနစ်ဝန်ဆောင်မှုကို Android 4.4 KitKat မှာ မိတ်ဆက်ပေးခဲ့တယ်။ ဒါက app တွေက RAM resources တွေကို ဘယ်လိုအသုံးပြုတယ်ဆိုတာကို နားလည်အောင် ခွင့်ပြုထားပါတယ်။ Background မှာ အချိန်ဘယ်လောက်ကြာကြာ run ထားသလဲ။ အဲဒီကာလအတွင်း memory ဘယ်လောက်များများ သုံးစွဲတယ်ဆိုတာတွေ ပြသပေးပါတယ်။ ပုံသေအားဖြင့် ၃ နာရီကြာ ကာလအတွင်း သမိုင်းကိုပြထားပြီး ၁ ရက်အထိ menu ကရွေးပြီး ကြည့်လို့ရပါတယ်။
အခြေအနေကောင်းရင် ဘားတန်းတစ်ခုလုံး အစိမ်းရောင်လွှမ်း မိုးထားပြီး device memory နည်းတဲ့အခါ အ၀ါရောင်၊ အနီရောင်တွေ များလာမှာဖြစ်ပါတယ်။ စာရင်းချပြထားတဲ့ app တွေရဲ့ဘေးက ရာခိုင်နှုန်းနဲ့ပြထားတဲ့ ကိန်းဂဏန်းက စုစုပေါင်းကာလတာအတွင်း process တစ်ခုစီသုံးစွဲခဲ့တဲ့အချိန်ပမာဏကို ပြထားပါတယ်။ အပြာရောင် ဘားတန်းက process တစ်ခုစီရဲ့ နှိုင်းရ computed memory load ကိုညွှန်ပြတယ်။ အချို့ app တွေကို အကြိမ်ပေါင်းများစွာ ဖော်ပြထား နိုင်တယ်။ Process အနေနဲ့ ခွဲခြားဖော်ပြထားလို့ဖြစ်ပါတယ်။ ဥပမာ Google Play Service က process နှစ်ခုအနေနဲ့ run ပါတယ်။ Process အနည်းငယ်ကတော့ အချိန် ၁၀၀ ရာခိုင်နှုန်း run နေပြီး ထိပ်ဆုံးမှာရှိနေတာတွေ့ရမယ်။ ဒါပေမယ့် နှိုင်းရ memory သုံးစွဲမှု အရ မတူတဲ့ အလေးစတွေရှိနေပါတယ်။ app တစ်ခုချင်းစီအပေါ် နှိပ်ပြီး အသေးစိတ်အချက်တွေကြည့် နိုင်ပါသေးတယ်။


                                                         Screenshot_2015-06-04-13-23-39
Limit background processes
Android Developer Options အတွက် အခြားအရေးပါတဲ့ သုံးစရာနည်းလမ်းက Limit background process ပါပဲ။ ပြည်တွင်း မှာ ဖြစ်တတ်တာက အင်တာနက်လိုင်းနှေးတဲ့အခါ စက်က hang သွားတတ်တယ်။ တစ်ခါတလေ အွန်လိုင်းနဲ့ ဆက်သွယ်နိုင်တဲ့ app တွေက အင်တာနက်ဆက်သွယ်မှုကို background မှာ ရယူပြီး သုံး စွဲနေလို့လည်းဖြစ်နိုင်တယ်။ စိတ်ဝင်စားလို့လားမသိပါ။ ကိုယ်တိုင်စမ်း သပ်ကြည့်ချက်အရတော့ background process ကို no background process မှာ ထားကြည့်တာအရမ်းကို သွက်လာသလိုခံစား ရပါတယ်။
အဲဒီလိုလုပ်ဖို့ Developer Options ထဲက Limit background process ကိုသွားပြီး Standard Limit ကနေ ၁ ခု၊ ၂ ခု၊ ၃ခု၊ ၄ ခု အများဆုံးနဲ့ background လုံးဝမထားတာအထိ ရွေးယူနိုင်ပါတယ်။ သိပ်ပြီးမလွန်ကဲချင်ရင် 4 process at most လောက်ထားပြီး စမ်းကြည့်နိုင်ပါတယ်။ ဒီလိုချိန်ညှိခြင်းအားဖြင့် background resources တွေထားရှိ လည်ပတ်စေတာနဲ့ ကိရိယာ ရဲ့ အမြန်နှုန်းအကြား မှန်ကန်တဲ့မျှခြေကို ထိန်းသိမ်းထားနိုင်ပါတယ်။


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ




0 comments:

Post a Comment