Our social:

Latest Post

June 20, 2015

Windows-7-basic


                               

                                   


ဒီစာအုပ်ကကွန်ပျူတာစတင်လေ့လာသူများ အတွက်အသင့်တော်ဆုံး windows 7 Basic စာအုပ်တစ် အုပ်ဖြစ် သလိုကျွန်တော်ရဲ့ပထမဦးဆုံးစာအုပ်တစ်အုပ်ဖြစ်တဲ့အတွက် ကွန်တော်ရဲ့ Websit ပေါ်မှာပထမ ဦးဆုံးတင်ပေးရခြင်းဖြစ်ပါတယ် လိုအပ်သူများအောက်မှာ Download ကိုနှိပ်ပြီးဒေါင်းနိုင်ပါတယ် ။







ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ



CPU (Central processing unit) နှင့် CUP Heatsink Fan သို့မဟုတ် Fan အကြောင်း သင်ခန်းစာ(3)


                         


အခုကျွန်တော်တို့သင်တန်းမှ သင်ကြားပို့ချအပ်သော CPU အကြောင်းပဲဖြစ်ပါတယ်သိ ပြီးသား မိတ်ဆွေတွေအတွက်တော့ အထူးဆန်းမဟုတ်တော့ပါဘူး ဒါပေမယ့်အခုမှသင် ယူလေ့လာသူတွေအတွက်တော့ အထောက်ကူပြု နိုင်လိမ့်မယ်လို့တော့မျှော်လင့်ပါတယ်...။ 

(မှတ်ချက်-သင်ခန်းစာတစ်ခုလုံးမှာအရေး 
ကြီးတဲ့အကြောင်းအရာများဘဲ့ရေးထားသဖြင့်ကျွမ်းကျင်တဲ့သူများအတွက်မရည်ရွယ်ပါ)
 
ကွန်ပျူတာတစ်လုံးရဲ့အဓိက Main ချိန်ဆက်မှုမှတ်ဉာဏ်ဖြစ်တဲ့ CPU ကအရေးကြီးဆုံး ပစ္စည်းတစ်ခုဖြစ်ပါ တယ် CPU တွေမှာအမျိုးအစားတွေအများကြီးရှိပါတယ် CPU ကိုအဓိက ထုတ်တဲ့ ကုမ္ပဏီကြီးနှစ် ခုရှိပါတယ် Intel နှင့် AMD တို့ဖြစ်ပါတယ် Intel ထွက်ပစ္စည်းတွေကဈေးနှုန်းမြင့်မားပြီး အပူချိန်လည်း ခံနိုင်ရည်ရှိပြီးအသုံးလည်းခံပါတယ် AMD ထွက်ပစ္စည်းတွေဈေးပေါပြီး Intel လောက်မြန်ဆန်မှုမရှိဘဲ အပူစွန့်ထုတ် များတဲ့အတွက် မီးအားကိုပိုကုန်စေပြီး ကွန်ပျူတာပိုပူစေပါတယ် Intel နဲ့ စာရင် AMD က ကြမ်းမခံနိုင်ပေမယ့် Colour ကပိုစိုစွတ်တောက်ပပါတယ် အဓိကရှင်းပြချင်တာ Intel CPU အုပ်စုရဲ့နောက် ဆုံးထွက် အမျိုးအစားတွေဖြစ်တဲ့ Celeron ၊ Pentium ၊ Core i3 ၊ Core i5 ၊ Core i7 CPUတွေဘဲ့ဖြစ်ပါတယ် CPU တစ်လုံးကိုတိုင်းတာရာမှာ တစ်စက္ကန့်ဘယ်နှစ်ကြိမ်နှုန်းအလုပ် လုပ်နိုင်သလဲပေါ်မူတည်ပါတယ် CPU တစ်လုံးရဲ့ကြိမ်နှုန်းတွေကို MHZ ၊ GHZ တွေနဲ့တိုင်းတာဖေါ်ပြ ပါတယ် ဥပမာ CPU တစ်လုံး speed ကို 700 MHZ ၊ 1.0 GHZ ၊ 2.0 GHZ ဆိုအမျိုးမျိုးရှိပါတယ်  Celeron CPU တွေဟာဒီအုပ်စုရဲ့အနိမ့်ဆုံးCPU အမျိုးအစားဖြစ်ပါတယ် Celeron CPU တွေဟာ CPU တစ်လုံး ကိုနှစ်လုံးစာအလုပ်လုပ်သလိုမျိုးလုပ်ဆောင်နိုင်ပါတယ် ဒါပေမယ့်နှစ်လုံးစာအပြည့်အဝ လုပ်ဆောင်နိုင်တာ မျိုးမဟုတ်ပါ Pentium CPU အမျိုးအစားတွေကတော့ CPU တစ်လုံးကိုနှစ်လုံးစာလုပ်သလို လုပ်ဆောင်နိုင်ပြီးဈေးနှုန်းလည်း Celeron CPU အမျိုးအစားထက်ဈေးကြီးပါတယ် Core i3 CPU အမျိုးအစားကတော့ CPU တစ်လုံးကိုလေးလုံးစာအလုပ်လုပ်သလိုမျိုးလုပ်ဆောင်နိုင်ပါတယ်ပြီးတော့ Pentium CPU ထက်ဈေးကြီးပါတယ်ဒါပေမယ့်လေးလုံးစာအပြည့်အဝလုပ်ဆောင်နိုင်တာမျိုးမဟုတ်ပါဘူး Core i5 CPU အမျိုးအစားကတော့ CPU တစ်လုံးကိုလေးလုံးစာအလုပ်လုပ်သလိုမျိုးလုပ်ဆောင်နိုင်ပါတယ် Core i3 CPU တွေထက်လည်းဈေးပိုကြီးပါတယ် လက်ရှိ CPU အုပ်စုထဲမှာ Model အမြင့်ဆုံးကတော့ Core i7 CPU ပါ i7 CPU ကတော့ CPU တစ်လုံးကို 8 လုံးစာအလုပ်လုပ်နိုင်ပြီး i5 ထက်ဈေးပိုကြီးပါတယ် အောက်မှာက CPU တစ်ချို့မှာရှိတဲ့ပုံစံတွေပါ
(ချွင်းချက်အနေဖြင့်တစ်ချို့ CPU တွေမှာ နဂို Core တွေထက်ပိုပါတယ်ဒါပေမယ့်ဈေးလည်းမြင့်မားပါတယ်)






PU ကို Motherboard ပေါ်မှာတပ်ဆင်ပုံကိုအပေါ်မှာကြည့်ပါ CPU ကိုတပ်ဆင်ပြီးသွားရင် CPU နဲ့ CPU Fan ကိုတပ်ဆင်ရပါတယ် CPU Fan ကို တပ်ဆင်မယ်ဆိုရင် CPU နဲ့ CPU Fan ကြားထဲမှာ အပူခံနိုင်ဖို့ကြားခံအဖြစ် Heatsink Compounds ကိုထည့်သွင်းအသုံးပြု့ပါတယ် Heatsink Compounds ထည့်ရမှာများလျှင်ပြသာနာရှိနိုင်သလိုနည်းရင်လည်းပြသာနာရှိနိုင်ပါတယ် Heatsink Compounds ထည့်ပြီးသွားရင်အပေါ်ကနေ CPU Fan ကိုထည့်သွင်းတပ်ဆင်ရပါတယ် CPU Fan ကို CPU ဝယ်တဲ့အချိန်မှာပါပါတယ်ပါလာတဲ့ Fan ကရိုးရိုး Fan တွေပါ CPU မြင့်ပြီး 24 နာရီသုံးတဲ့ကွန်ပျူတာတွေမှာ ရိုးရိုး Fan တွေအစား Cooler Master Fan တွေကိုအစားထိုးအသုံးပြုကြပါတယ် 




( PDF ဖိုင်အဖြစ်လိုချင်ရင်အောက်မှာ Download ကိုနှိပ်ပြီးဒေါင်းယူနိုင်ပါတယ် )




ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ



Tubemate-Youtube-Downloader.2.0.9


Android ဖုန်းတွေအတွက် Youtube Download လေးပါအသုံးပြုနည်းပုံနဲ့ပြထားပါတယ်


TubeMate ကိုဖွင့်လိုက်တာနဲ့အပေါ်ကပုံပေါ်လာလိမ့်မယ်
ကြိုက်ရာ Video ကိုနှိပ်လိုက်ပါ


ပြီးတော့အပေါ်ကပုံအတိုင်းနှိပ်ရန်ကိုနှိပ်ပါ


အပေါ်ကပုံအတိုင်းပေါ်လာရင်ကြိုက်ရာ Size ကိုရွေးပြီးတစ်ချက်နှိပ်ပါ
ပြီးတော့် 2.နှိပ်ရန်ကိုနှိပ်လိုက်လျှင် Video File ကိုဒေါင်းနေပါလိမ့်မယ်

TubeMate ကိုဒေါင်းချင်ရင် Download ကိုနှိပ်ပြီးဒေါင်းနိုင်ပါတယ်



ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


ဖိုင်းလေးတွေကို ကာလာရောင် အလန်းလေးနဲ့ ထားမယ်-EXPLORER+ FILE MANAGER PRO V2.3.3 APK


Android ဖုန်း Tablet ဘော်ဒါတို့အတွက် ခပ်မိုက်မိုက် ဖိုင်လေးတွေကိုထားမယ်ဆိုရင်ဖြင့် Explorer+ File Manager Pro v2.3.3 နောက်ဆုံးထွက် Version စ်လေးကိုတွေကိုတင်ပေးလိုက်ပါတယ်။ ကာလာရောင်ဖြင့်ထည့်မယ်ဆိုရင် မိမိကြိုက်နိုက်သက်တဲ့ ကာလာရောင်ဖြင့်ကြိက်တာရွေးပြီး မိမိကြိုက်တဲ့ effectတွေကို အသုံးပြုနိုင်ပါတယ်။ ပြီးနော် ဒီ Application မှာတော့ နားမလည်းသူအတွက် cut, copy, paste, rename, delete, make new folderများပြုလုပ်နိုင်ပါတယ်။အသုံးပြုသူများအတွက် အောက်မှာ ပုံစံလေးတွေ screenshot ရိုက်ပြထားပါတယ်ဗျာ။ Android OS အားလုံးမှာသုံးနိုင်ပြီး ဖိုင်းဆိုဒ်လေးကတော့1.75MB ဖြစ်ပါတယ်ခင်ဗျာ။
  





Download Here



ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ



ဖုန်းနှင့် Tablet ထဲမှာ Date တွေကို ဖိုင်းလေးနဲ့ထားမယ်- File Manager HD(File Explorer) v3.3.6 build 30360309 Apk


Android ဖုန်း နှင့် Tablet User များအတွက် ဖုန်းထဲမှာ Date များများ သိမ်းဆည်းထားချင်းတဲ့ ဘော်ဒါတို့အတွက် Application လေးတစ်ခုကိုတင်ပေးလိုက်ပါတယ်။ ဒီကောင်းလေးကတော့ ဘော်ဒါတို့အတွက် Date များတွေကို File manager တစ်ခုအဖြစ်သိမ်းထားအတွက် အထူးလိုအပ်မယ် Apk လေးတစ်ခုပါ။ မိမိဖုန်းထည့်မှာ ဘယ်ရှိရှိ ဒီကောင်းနှင့် သိမ်းဆည်းထားမယ်ဆိုရင် မိမိဖုန်းပေ့ါသွားမယ်ဖြစ်ပါတယ်။ ကျနော်ကိုယ်တိုင်းသုံးထားပြီးပါပြီး အရမ်းကောင်းလိုထင်ပေးလိုက်တာပါ။ ဘော်ဒါတို့သုံးမယ်ဆိုရင် တော့ ဒီကောင်လေးကAndroid OS အားလုံးမှာသုံးနိုင်ပါတယ်။ ဖိုင်းဆိုဒ်လေးကတော့ 3.6MB ရှိပါတယ်။
  

Download Here


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


Xiaomi Mi 4i

o-14

တရုတ်နိုင်ငံရဲ့ ထိပ်တန်းစမတ်ဖုန်းထုတ်လုပ်သူ Xiaomi ရဲ့ ထိပ်တန်း အကောင်းစားစာရင်းဝင် Flagship status ဖုန်း ဖြစ်ပါတယ်။ တည်ဆောက်မှုပုံစံအရမ်းလှပပြီး ပါလျကျစ်လျစ်တစ်ဆက်တစ်စပ်တည်းဖြစ်တဲ့ကိုယ်ထည် Ultra-compact uni-body design နဲ့ ပေါ့။ နာမည်ကြီး play တွေထုတ်လုပ်သူ sharp နဲ့ DJI က တစ်သီးတစ်သန့်မှာယူတဲ့ premium 5″ full HD 1080p play ကို အသုံးပြုထားပါတယ်။

ရောင်ခွင်အတိုင်းအတာကျယ်ပြန့်မှု color gamut အားဖြင့် NTSC 95% ဖြစ်တာကြောင့် NTSC 72% သာရှိတဲ့ iPhone 6 ထက်သာပါတယ်။ 95% color gamut ကိုမှ contrast ပိုပြတ်သား လာအောင် Full Lamination technology နဲ့ ပံ့ပိုးပေးထားပါတယ်။ ဖုန်းအတော်များများက နေရောင်ပြင်းပြင်းထဲမှာကြည့်ရင် လုံးဝမဲမှောင်သွားပေမယ့် Mi4 ရဲ့ play ကတော့ အလင်းရောင်ပြင်းအား အပြင်းအပျော့ပေါ်မူတည်ပြီး contrast adjust လုပ်ပေးနိုင်တဲ့ Sunlight play အမျိုးအစားပါ။ specs အပိုင်းမှာလည်း 2nd gen Snapdragon 615 Octa-Core 64bit processor တပ်ဆင်ထားပါတယ်။

64-bit performance ဖြစ်တာကြောင့် 32-bit processor တွေထက် (၂) ဆပိုမြန် ပါတယ်။ Snapdragon 615 CPU ဟာသူ့ရှေ့ model တွေထက်ပိုမြန်ပြီး performance cores (၄)ခုက clocking 1.7GHz နဲ့ power saving core (၄)ခု 1.1GHz နဲ့ အလုပ်လုပ်ပေးတာကြောင့် multitasking အတွက် ကောင်းသလို application ရဲ့ တောင်းဆိုချက်တွေအပေါ် အလိုက်သင့်တုံ့ပြန်ဖြည့်ဆည်းပေးနိုင်ပါတယ်။ graphics အတွက် Adreno 405 GPU တပ် ဆင်ထားတာကြောင့် 3D gaming အတွက်နောက်ဆုံးပေါ် standard ဖြစ်တဲ့ OpenGL ES 3.0 ကို ထောက်ပံ့ပေးထားပါတယ်။


ဒါကြောင့် Mi 4 ပေါ်မှာGraphics ပမာဏများစွာကိုင်တွယ်ရ တဲ့ intense 3D games တွေ ဆော့ကစားနိုင် ပါမယ်။ Android 5.0 lollipop, MIUI 6 တို့ တပ်ဆင်မောင်းနှင်ထားပါတယ်။ ကင်မရာပိုင်းမှာလည်း အထူးအဆင့်မြင့်မောင်းနှင် ထားပါတယ်။ Sony နဲ့ Samsung က ထုတ်လုပ်တဲ့ 13MP sensor, F= 2.0 lens တပ်ဆင်ထားတယ်။ ပတ်ဝန်းကျင်ရဲ့ အလင်းအမှောင်အနည်းအများပေါ်မူတည်ပြီး color temperature ပြည့်ဖို့ အလင်းအားကိုလိုသလောက်သာ ထုတ်လုပ်ပေး နိုင်တဲ့ tone flash လျှပ်တစ်ပြက်မီး ပါရှိပြီး ရှေ့ဖက်မှာတော့ ကိုယ့် ပုံကိုယ်ရိုက် Selfie သမားတွေအတွက် 5MP ကင်မရာထည့်သွင်းပေး ထားပါတယ်။

ဖုန်းလိုင်းချိတ်ဆက်နိုင်မှုနဲ့ပတ်သက်ရင် 4G Dual SIM GSM 3G, 2G ဖုန်းလိုင်းတွေနဲ့လည်း ချိတ်သုံးနိုင်မယ်။WiFi ချိတ်ဆက်မှုအတွက် WiFi n ထက် (၂) ဆပိုမြန်ပြီး multi user သုံးနိုင်မယ့် 802.11 ac standard ဖြစ်တာကြောင့် Full HD video streaming လုပ်နိုင်စွမ်းရှိလာပါမယ်။ Bluetooth 4.0 ထက်စွမ်းအင်စား ပိုသက်သာတဲ့ Bluetooth 4.1 စနစ်ပါတယ်။ သိုလှောင်အား 3120 mAh ဘက်ထရီတပ်ဆင်ထားတာကြောင့် ပုံမှန်သုံးမယ်ဆိုရင် တစ်ရက်ခွဲလောက်ခံပါတယ်။



ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


Huawei TalkBand B2

b2

Fitness Band နယ်ပယ်အတွက် Huawei ရဲ့ နောက်ထပ်ခြေလှမ်း အဖြစ်ရောက်ရှိလာခဲ့တာက Talk Band B2 ဖြစ်ပါတယ်။Talk Band B2 ဟာ မနှစ်ကထွက်ခဲ့တဲ့ B1 ရဲ့ နောက်ထပ်မျိုးဆက် ဖြစ်ပြီး B1 တုန်းက Huaweiကိုယ်ပိုင် Fitness App နဲ့ပဲ ချိတ်ဆက်နိုင်တဲ့ အားနည်းချက်ကိုပြင်ဆင်ပြီးJawbone ရဲ့ UP နဲ့ပါ ချိတ်ဆက်နိုင်စွမ်း B2 မှာ ပါဝင်လာခဲ့ပါတယ်။ ဒါ့အပြင် B2 မှာ ဒီဇိုင်းပြောင်းလဲမှု၊ Screen touch စနစ်နဲ့အလုပ်လုပ်မှု စတာတွေက B1 ထက်ပိုပြီး စွဲမက်စရာကောင်းလာခဲ့တယ်။ B2 ကို Android ဖုန်း၊ iPhone နှစ်မျိုးစလုံးနဲ့ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။


ဒီဇိုင်း
B2 မှာ အဓိကမြင်ရတဲ့အပြောင်းအလဲက ဒီဇိုင်းပိုင်းဖြစ်ပါတယ်။ B1 တုန်းက ရာဘာလက်ပတ် တစ်ခုအဖြစ် သာတည်ဆောက်ခဲ့ပေမယ့်B2 ရဲ့ ရွှေရောင်ဗားရှင်းမှာဆိုရင် သားရေလက်ပတ်ကြိုးနဲ့ သတ္ထုအတွဲ အစပ်ပေါင်းဖက်မှုကိုတွေ့မြင်ရပါမယ်။ ဖြုတ်၊ တပ်လုပ်နိုင်တဲ့ earpiece နဲ့ Clip အောက်ခြေပိုင်းဟာလည်း metalနဲ့သာတည်ဆောက်ထားပါတယ်။B1 ထက်အနည်းငယ်ပိုကြီး ပေမယ့်B2 ကို လက်မှာပတ်ထားချိန်မှာ အရမ်းကြီးလွန်းတယ်လို့ မခံစားရပါဘူး။ Band ရဲ့ အောက် ဖက်ကခလုတ်နှစ်ခုကိုနှိပ်ပြီး ပင်မ play Unit ကို လက်ပတ်ကနေဆွဲထုတ်နိုင်ကာ အောက်ဖက်မှာ ရာဘာအုပ်ထားတဲ့ earbud ကို တွေ့ရပါမယ်။ ဒါကြောင့် ဖုန်းပြောချိန်မှာ ပင်မ unit ကို ခွာထုတ်နိုင်ပြီး ဖုန်းပြောပြီးသွားချိန်မှာ လက်မှာပြန်ပတ်ထား ရပါမယ်။

Features
Talk Band B2 ဟာအခြေခံအားဖြင့်တော့ ၀တ်ဆင်သူရဲ့တစ်နေ့ တာလုပ်ဆောင်ချက်တွေကို ခြေရာခံပေး တဲ့ကိရိယာတစ်ခုပါပဲ။ Accelerometer နဲ့ Gyroscope တွေက ၀တ်ဆင်ထားသူပြေးနေသလား၊ လမ်းလျှောက်နေသလား၊ အိပ်နေသလား၊ နေရာမှာပဲ အချိန်ကြာကြာထိုင်နေမိသလားဆိုတာတွေကို အလိုအလျောက်ခွဲခြား ဆုံးဖြတ်ပေးပါတယ်။ B2 ရဲ့play မှာ လမ်းလျှောက်ခဲ့တဲ့ခြေလှမ်း အရေ အတွက်၊ လောင်ကျွမ်းသွားတဲ့ ကယ်လိုရီပမာဏ၊ အိပ်စက်ချိန်၊ နာရီမျက်နှာပြင် စတာတွေကို ဖော်ပြပေး ပါတယ်။

GPS နဲ့ Heart rate tracking တော့ မပါပါဘူး။ B2 ရဲ့ ပုံဖော် မျက်နှာပြင်အတွက် OLED dot matrix playကိုသုံးထားပြီး ခလုတ်နှိပ်လိုက်မှ အလင်းရောင်ထွက်ကာ play ကိုမြင်နိုင်ပါမယ်။ ဒါက screen မပါတဲ့ အခြား fitness band တွေထက် B2 ရဲ့ အားသာချက်ဖြစ်ပါတယ်။


Talk Band B2 နဲ့ ဘာတွေလုပ်နိုင်မလဲ
  • hand free ဖုန်းပြောခြင်းနဲ့ စမတ်ကျကျလူမှုဘ၀အတွက် B2 ဟာ တစ်ထောင့်တစ် နေရာ ကနေပံ့ပိုးပေးမယ့် ခေတ်သစ် wearable ကိရိယာဖြစ်ပါတယ်။ 0.73 လက်မအရွယ် PMOLED display မှာသတိပေးချက်တွေ၊ alarm တွေ၊ ရာသီဥတုအခြေအနေတွေကို smart phone pager လို လုပ်ဆောင်ပြီး အသိပေးဖော်ပြပေးနိုင် ပါတယ်။
  •  ကိုယ်ခန္ဓာကျန်းမာရေးအတွက်B2 က သင်လုပ်နေတဲ့အားကစားက ဘာဖြစ်တယ်ဆိုတာကို ခွဲခြားပေးပြီး သင့်ရဲ့ကိုယ်ခန္ဓာလေ့ကျင့်ခန်းစွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။
  • ဖုန်းမှာpassword တွေရိုက်စရာမလို၊ pattern တွေ ဆွဲစရာမလိုဘဲ B2 ကို ဖုန်းနားယူ သွားပြီး power ခလုတ်ကိုနှိပ်လိုက်တာနဲ့ အလိုအလျောက် unlock ဖြစ်သွားပါမယ်။ဒီfeature ကတော့ Huawei P8 နဲ့ P8 Max ဖုန်းသုံးသူတွေသာ ရနိုင်ပါမယ်။
  • B2 မှာပါတဲ့ phone finder ကို တစ်ချက်နှိပ်လိုက်ရုံနဲ့ မိမိရဲ့ ဖုန်းဘယ်နေရာမှာ ရှိနေတယ်ဆိုတာကို ဖုန်းက Right Here ဆိုတဲ့ ဂီတသံလေးထွက်လာပြီး အသိပေးပါတယ်။ ဒါ ကြောင့် မိမိအိမ်တွင်း မှာ ဖုန်းပျောက်လို့ရှာနေရတဲ့ဒုက်္ခကင်းဝေးသွားပါလိမ့်မယ်။
  • စမတ်ဖုန်းကင်မရာခလုတ်ရဲ့ remote အဖြစ်လည်းB2က အလုပ်လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် Selfie, groufie တွေရိုက်တဲ့အခါ လက်မှာပတ်ထားတဲ့ခလုတ်ကို တစ်ချက်နှိပ်လိုက်ရုံနဲ့ ရိုက်ကူးပြီးသားဖြစ်သွားပါလိမ့်မယ်။



ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ



ဖုန်းထဲမှာ MUSIC\MP3တွေ ဖိုင်လိုက် PLAY လုပ်ပေးနိုင်မယ်-FOLDER PLAYER PRO V3.9.2 APK



Android ဖုန်း Tablet ကိုင်းဆောင်ထားသောဘော်ဒါတွေအတွက် Music တွေကို ဖိုင်လိုက် လမ်းညွှန်စာအုပ်အဖြစ်အသုံးပြုမယ် apk လေးတစ်ဖြစ်ပါတယ်။playlist အဖြစ်လည် ဘော်ဒါအတွက် Auto လုပ်ပေးပါတယ်။ Music တွေကို ဖိုင်းလိုက် အသုံးပြုမယ် ဘော်ဒါတို့ အဆင်ပြေပါတယ် ။ Google Play Store ဆိုရင် $ 3.56 ပေးရတယ်ဗျာ။ဝင်းလှိုင်ဆီမှာတော့  free ရတယ်ဗျာ။ ဘော်ဒါတို့အတွက် အသုံးပြုမယ်ဆိုရင် Android OS 4.0 အထက်မှာသုံးနိုင်ပြီး ဖိုင်းဆိုဒ်လေးကတော့626.6KB ဖြစ်ပါတယ်။မူနာကြည့်နိုင်အောင် Screen Shoot တွေကို အောက်မှာရိုက်ပြထားပါတယ်ဗျာ။





Download Here  



ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ



Camera ရိုက်ရာတွင် ကိုယ်ပွား ရိုက်တဲ့ Clone Yourself-Camera -Version အသစ်

                       Clone Yourself - Camera Pro - screenshot thumbnail

ဒီနေ့ တင်ပေးမှာက Clone Yourself-Camera -Version အသစ် လေးတင်ပေးလိုက်ပါတယ်။တစ်ခါမှတင်ပေးဖူးတဲ့ 
Clone Yourself-Camera
လေးပြန်တင်ပေးလိုက်ပါတယ်
လူကြိုက်များသော Clone Yourself  Cameraလေးဟာအခုဆို
v1.3.6 Apk အထိတောင်းရောက်ရှိလာပါပြီး
သာမန် Camera apkတွေထက်သာလွန်တဲ့ 
Clone Yourself  Cameraဟာ ပုံတူ ကိုယ်ပွား
ရိုက်ရာတွင်း ပေါ့ပါး လျှင်မြန်စွာ အသုံးပြုလိုရပါတယ်
ဒါထက် ပိုတာကတော့ 
တခြားလူတယောက်ကို ခေါ်ရိုက်ခိုင်စရာမလိုပဲ


အချိန်ပေးပြီး ကိုယ်တိုင်း ရိုက်လိုရခြင်းဖြစ်ပါတယ်

                        Clone Yourself - Camera Pro - screenshot thumbnail


                                                         Download Here

ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ



360 Camera Apk ထက်များစွာသာတဲ့ camera-fv-5-v236-apk

                          Camera FV apk


ဒီနေ့ တင်ပေးလိုက်တဲ့ 360 Camera Apk ထက်များစွာသာတဲ့ camera-fv-5-v236-apk ကတော့ရုပ်အဆင်မှာစုတ်ပြတ်-ရူပက ချုချာနေသူများအတွက်Camera FV Apkလေးတင်ပေးလိုက်ပါတယ်။ဒီကောင်းလေးရဲ့ လုပ်ဆောင်ချက်များကတော့မိမိတို့ ရိုက်လိုက် image များကို formatsပြောင်းလဲလိုရခြင်း  frames(ဘောင်)ပြုလုပ်ရာတွင်းလဲ 3 to 7ထိတောင်းလုပ်ဆောင်နိုင်ပါသေးတယ်times အချိန်ပေးပြီး autoလုပ်ဆောင်နိုင်တဲ့ အပြင်displayများစွာလဲပါဝင်ပါသေးတယ် ပုံများရိုက်ရာတွင်း နောက်ခံကာလာ အမျိုးမျိုးကို ပြောင်းလဲရိုက်လိုရပါတယ် မဲနေတဲ့ လူတယောက်ကို ဖြူလာအောင် ဖန်းတီလို့ရပါတယ် ဖြူတဲ့ သူက ပိုဖြူလာပါနိုင်သေးတယ်   ဒါအပြင်များပြာလှတဲ့ လုပ်ဆောင်ချက်များကို သင့်ကိုယ်တိုင်း downယူပြီးစမ်းသပ်လိုက်ပါတော့ အောက်ကပုံလေးတွေကိုကြည့်ရင်ဖြင့်လည်း သင့်တို့ လက်တွေအကောင်းအထည်ဖော်လိုက်ပါတော့

 






                                                        Download Here

ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ




Electronic ပိုင်းကိုဖုန်းမှာလေ့လာနိုင်မယ့် - ElectroDroid Pro v4.0 Apk

                        ElectroDroid Pro apk


Electronic ပိုင်းကိုဖုန်းမှာလေ့လာနိုင်မယ့် - ElectroDroid Pro v4.0 Apk လေးပါ Resistor စတာတွေကို တစ်ခုခြင်းသေချာရှင်းပြပေးထားပါတယ်ဗျာအောက်မှာဒေါင်းပါ (ပုသိမ်နည်းပညာ) 
 ElectroDroid Pro v4.0 Apk | 2.6 MB | Resumable Links |
Requires Android:1.6 and up
Powerful collection of electronics tools and reference.A must for any enthusiast

ElectroDroid Pro

What’s in this version :
  • Material design;
  • Added more formulas, increased performance [Pro];
  • New Pinouts: Raspberry Pi2, Arduino Nano, JTAG/SWD;
  • New Resources: ISM Radio frequencues, added mm2 in Ampacity table;
  • improved RTL support;
  • translation updates, added Uyghur;
  • bugs fix;


App Review:


ElectroDroid is a simple and powerful collection of electronics tools and reference; it includes:
• Resistor color code decoder (3-6 bands, with inverse look-up);
• Inductor color code decoder;
• Ohm’s law calculator;
• Reactance calculator;
• Voltage divider;
• Resistor ratio, value/series/parallel;
• Capacitor charge calculation;
• Operational amplifier;
• LED resistor calculator;
• LM317 calculator;
• Heat dissipation;
• Battery Life calculator;
• Inductor design tool;
• Voltage Drop calculator;
• PCB Trace Width calculator;
• Simple Filters calculator;
• NE555 astable calculator;
• Port pin-out (USB, Serial, Parallel, Ethernet, SCART, DVI, HDMI, S-Video, VGA, FireWire, Jack, XLR, RCA, DMX, ATX, Molex, EIDE, SATA);
• Resources (Resistivity table; Table of standard resistors and capacitors; Capacitor marking codes; AWG and SWG Wire size; Ampacity Table; Symbols and Abbreviations; Circuit Schematic Symbols; SI Units prefixes; Battery info; Boolean logic gate and algebra Theorems; 7400 info and pinout; ASCII code);
• Full support for EIA resistor series for all caluculators;
…and more to come!

                   
                                                                                 






                                            Download Here


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


Flash မီးလေးနဲ့ဖုန်းမှာလိုသလိုသုံးနိုင်တဲ့ - Flash Alerts PREMIUM v1.1 Apk







Flash မီးလေးနဲ့ဖုန်းမှာလိုသလိုသုံးနိုင်တဲ့ - Flash Alerts PREMIUM v1.1 Apkလေးပါ ဖုန်း Call အ၀င်ဖြစ်ဖြစ် အထွက်ဖြစ်ဖြစ် မက်ဆေ့စ်တွေ စတာတွေကို Flash မီးလေးနဲ့ အချက်ပြပေးနိုင်တဲ့ Apk ကောင်းလေးပါ  အောက်မှာ Free ဒေါင်းပြီးသုံးလို့ရပါပြီ (ပုသိမ်နည်းပညာ) 
 Flash Alerts PREMIUM v1.1 Apk | 1 MB | Resumable Links | Requires :Android 2.3 and up |
Introduce Flash Alerts on Call / SMS!

Flash Alerts PREMIUM

App Review:
ntroduce Flash Alerts on Call / SMS
– Blink led flash alerts on Call, ringing flashlight
– Blink led flash alerts on SMS
– This application help you do not miss any Call and SMS
– Ringing flashlight when phone have icoming Call and incoming SMS
– You can turn on or turn off service by manual over device status sound mode as Ring, Vibrate or Silent mode
New feature:
– Allow change speed blink flashlight
– Flash Alerts on Call and SMS has Material design UI, nice and easy to use
– When you press volume key, flash alerts on call will be turn off
– Turn off flash alerts when battery low, help you save battery

Advantages of Prime Version
• Premium design
• Premium icon
• Blink flash when have notification
• Remove Ads
                           Flash Alerts PREMIUM - screenshotFlash Alerts PREMIUM - screenshot
                           Flash Alerts PREMIUM - screenshotFlash Alerts PREMIUM - screenshot






                                                                       Download Here


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ



Root ဖောက်ထားတာတွေကိုဖျက်ချင်တဲ့ဘော်ဒါတွေအတွက်-Root Cleaner v3.9.0 APK




Android OS ဖုန်းတွေအတွက် အသုံးအပ်တဲ့ Android Root cleaner Version သစ် လေးကိုတင်ပေးလိုက်ပါတယ်။ ဒီကောင်လေးတော့android ဖုန်းတွေမှာ Root ဖောက်ထားတာတွေကိုဖျက်ချင်တဲ့ဘော်ဒါတွေအတွက်
သာဖြစ်ပါတယ်။ ဒီကောင်လေး၏လုပ်ဆောင်ချက်ကတော့ အကြောင်းအမျိုးမျိုးကြောင့်မိမိရဲ့ဖုန်းထဲက
Root တွေကိုဖျက်ချင်တဲ့သူတွေအတွက်လွယ်လွယ်ကူကူပဲဒီကောင်လေးကစွမ်းဆောင်ပေးပါလိမ့်မယ်။
ဖိုင်ဆိုဒ်ကလဲ 1.72MB ပဲရှိပြီးအရမ်းသေးပြီးအသုံးပြုရလဲအရမ်းလွယ်ကူပါတယ် ။







 Download Here



ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ

DU Speed Booster丨Cache Cleaner v2.4.7.2 Apk (least Version)



Android ဖုန်းတွေအတွက်ရှိသမျအမိုက်တွေကိုရှင်းပေးနိုင်တဲ့ DU Speed Booster (Cleaner) Version: v2.4.7.2 Apk လေးရဲ့ up date လေးထွက်လာလို့တင်းပေးလိုက်ပါတယ် ။ ကျွန်တော်တို့ဖုန်းကိုအသုံးပြုပြီး ဂိမ်းတွေဆော့လိုက် ဟိုအကောင်လုပ်လိုက်ဒီအကောင်ကိုကလိလိုက်နဲ့ ဖုန်းထဲမှာမလိုလားအပ်တဲ့အမိုက် တွေကျန်နေတတ်ပါတယ်နည်းနည်းလေးကဘာမှမပြောလောက်ပေမေ့များလာတာနှင့်အမျ ဆော့ဝဲတွေက အလုပ်မလုပ်ချင်တော့ပဲကြောင်ပြီးတော့မိမိလိုချင်တဲ့နေရာတွေကိုမရောက်နိုင်ပဲကြန့်ကြာပြီးဖုန်းကိုအသုံး ပြုရတာစိတ်ညစ်စရာတွေကြုံတွေ့ဖူးကြမှာပါ ဒီကောင်လေးကတော့ အဲတာတွေအားလုံးကိုအလွယ်တကူပဲ ဖြေရှင်းနိုင်ပြီးအဓိကအရာတွေဖြစ်တဲ့ Junk file တွေကအစမိမိဖုန်းမှာအသုံးမလိုလို့ပိုနေတဲ့အရာမှန်သမျ ရှင်းပေးနိုင်တဲ့အပြင် Booster တွေရဲ့ Speed တွေကိုလဲမြင့်တင်ပေးနိုင်တာကြောင့်သုံးရတာပေါ့ပါးမြန်ဆန် မူတွေကိုအကောင်းဆုံးပေးစွမ်းနိုင်တာမို့ ဖုန်းတိုင်းဆောင်ထားသင့်တဲ့ apk လေးပါပဲ ။ file size က 8.8MB ရှိပြီး Android: 2.1 နှင့်အထက်ဖုန်းတွေမှာအသုံးပြုနိုင်ပါတယ် ။








Download Here



ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ