Our social:

June 20, 2015

ဖေ့ဘွတ်ပေါ်မှာပဲပျော်မွေ့တော့မယ်

USA - 2010:  Val B. Mina color illustration of man walking,  oblivious to "Facebook" hole he is about to step into; can be used with stories about problems using Facebook. (The Sacramento Bee/MCT via Getty Images)



ကျွန်တော်ကHappniess ဆိုတဲ့ ပျော်ရွှင်ခြင်းကိုလိုလားသူပါ။ တစ်နည်းပြောရရင် အရပ်စကားနဲ့ပြောရရင်အပျော်မက်သူပါ။ ပြီး တော့ ပျော်ပျော်နေသေခဲတယ်ဆိုတဲ့ စကားကိုလည်းယုံကြည်ထားသူ ပါ။ ပျော်နေရင်အသက်ရှည်တယ်လို့ပြောကြတယ် မဟုတ်လား။ ပျော် ရွှင်မှုဆိုတာဘာလဲ။ သိအောင်ကြိုးစားရမယ်။ ဗုဒ္ဓကျမ်းစာထဲမှာ သမ္မာ ကျမ်းစာထဲမှာ တွေးခေါ်ရှင်တွေ၊ သိပ္ပံပညာရှင်တွေဆီမှာ ရှာတယ်။ အတော်အတန် ထိတော့ ပျော်ရွှင်မှုအကြောင်းသိလာရပါတယ်။ ဒါပေမယ့်ကျွန်တော်က အကျေနပ်ကြီးတော့မဟုတ်သေး ဘူး။ တစ်နေ့တော့ အမှတ်မထင်ဘဲ ဖေ့ဘွတ်တင်ပြလာတဲ့ စာတမ်းလေးတစ်ခုကိုဖတ် မိတယ်။ တင်လိုက် တဲ့သူက ဘယ်လိုယူဆထားသလဲ ကျွန်တော်မသိ ဘူး။ ကျွန်တော့်မှာတော့ အသိဉဏ်တစ်ခု လက်ကနဲ လင်းလက်သွားခဲ့ပါတယ်။ အဲဒါလေးခင်ဗျားတို့ကို ဝေမျှပေးလိုက်ချင်ပါတယ်။ စာတန်းလေးက Happiness is dancing withcrunch တဲ့။ ခက်ခဲတဲ့ အချိန်တွေ၊ အကျပ်အတည်းတွေတွေ့နေရတဲ့အချိန်တွေနဲ့ ကခုန်ခြင်း ဟာပျော်ရွှင်မှုပဲတဲ့ဗျာ။ စေ့စေ့တွေးလေ (အထက်ကဖတ်ထားတဲ့ အသိဉဏ်တွေနဲ့ပါ ပေါင်း စပ်ပြီးစဉ်းစားရမှာပါ) လေးလေးနက်နက် ဖြစ်လာလေလေ ဖြစ်ပါတယ်။ ဒီတော့ကျွန်တော်ဘာလုပ် သလဲ။ ပျော် သွားတယ်။ စိတ်အားတွေတက်လာတယ်။ ဒီမှာတင် ဖေ့ဘွတ်ပွတ်တဲ့ရောဂါ ရလာပါတော့ တယ်။

ဘာပြောကောင်းမလဲ။ ပွတ်ပြီးရင်း ပွတ်ပဲ။ မီးထတောက်မတတ် ပါပဲ။ အဲ ဖုန်းတစ်လုံးလည်းပျက်ပါရော။ မပျက်ခံနိုင်ရိုးလားဗျာ။ အရှိန် နဲ့အထက်ကိုပွတ်ဆွဲလိုက် တစ်ခါအောက်ကိုပွတ်ဆွဲလိုက် လုပ်နေတာ ကိုး။ စိတ်ဝင်စားတဲ့ပုံမြင်လိုက်ရင် ပြန်ပွတ်ဆွဲလိုက်နဲ့ကိုး။ အိုင်တီခေတ် ကမြန်နှုန်းမြင့်ခေတ်လေ။ ဒါပေမယ့်ဗျာ ဘယ်လောက်ပဲမြန်မြန် ကျွန် တော်တို့လူသားတွေရဲ့စိတ်ကိုတော့ မမှီနိုင်ဘူးလေ။ သတိတရားကို ကျွန်တော်လက်ကိုင်ထားပါတယ်။ ကဲ ဒါတွေထားပါတော့လေ။ ကျွန် တော့်ရဲ့စွဲလမ်းမှု စတင်ဖြစ်ပေါ် လာပုံလေးတွေကို ပြောပြချင်တာပါ။ ကျွန်တော်တစ်ခါက ဖေ့စ်ဘွတ်အကြောင်းရေးဖူးပါတယ်။ အဲဒီမှာ အနှစ် (၂၀)ကျော်သွားပြီဖြစ်သော်လည်း အပြာရောင်နောက်ခံလေး က မပြောင်းလဲသွားပါဘူး။ ဘာဖြစ် လို့လဲပေါ့။ အဲဒီတုန်းကခင်ဗျားတို့ မှတ်မိသေးလား။ ဖေ့စ်ဘွတ် တည်ထောင်သူကြီးက အနီနဲ့အ၀ါတွေ မှာ ကာလာဘလိုင်းဖြစ်နေလို့ ပြောခဲ့တယ်။ မှတ်မိသေးလား။ ကျွန် တော်ကတော့ အပြာရောင်ဆိုတာ ““တည်ကြည်မှု”” ဖော်ပြတယ်လို့ပဲ ယူဆထားပါတယ်။ တည်ထောင်သူပဲခေါ်ခေါ် စတင်တီထွင် သူပဲခေါ် ခေါ် ဟားဗတ်တက်္ကသိုလ်ကျောင်းသား Mark Zuckerberg က Social work တစ်ခုအနေနဲ့ စတင်ဖန်တီးခဲ့တာပါ။ ခင်ဗျားက User Profile တစ်ခုတည်ဆောက်ပြီး အခြားအသုံးပြုသူတွေကို Friends အဖြစ်လက်ခံနိုင်တယ်။ status ဆိုတာကတော့ အခုခင်ဗျား ပျော်နေသလား။ စိတ်ဓာတ်ကျနေသလား။ ခင်ဗျား ခေါင်းကိုက်နေ သလား။ ဗိုက်အောင့်နေသလား။ အတွေးတစ်ခုအသစ်အဆန်းပေါ် လာသလား။ ခင်ဗျားသူငယ်ချင်းတွေသိစေချင်ရင် တင်နိုင်အသိပေး နိုင်ပါတယ်။

အဲ Notification တွေကတော့ ခင်ဗျားဆီကို ဘယ်သူကတော့ message ပို့လိုက်တယ်။ ခင်ဗျားကပို့လိုက်တဲ့ဓာတ်ပုံ message တွေ ကို သဘောကျတယ် ဆိုတာတွေကို ဦးစွာအသိပေး အကြောင်းကြား ပါတယ်။ အသေးစိတ်ဖတ်ချင်ရင် ဖတ်နိုင်အောင်ကြိုတင်သတင်းပေး တာပဲဖြစ်ပါတယ်။ ကျွန်တော်အကြိုက်ဆုံးကတော့comments တွေ ပါပဲ။ ခင်ဗျားက ခင်ဗျားဓာတ်ပုံလေးတစ်ပုံတင်လိုက်တယ် ဆိုပါတော့ ကျွန်တော်ကခင်ဗျားဓာတ်ပုံကိုကြည့်ရင်း ခံစားမိတာအကုန်ရေးမယ် ဗျာ။ ဥပမာခင်ဗျား မျက်နှာကြီးဖောင်းတယ်။ ပါးစပ်ကရွဲ့နေတယ် ကြည့်ရတာမသက်သာဘူး။ နင်ဘာဖြစ်နေသလဲပေါ့။ ခင်ဗျား ကပြန် ပြောမယ်။ နင်သေချင်လို့လား။ စသဖြင့်ပေါ့။ တစ်ဦးနဲ့တစ်ဦးအပြန် အလှန်ရေးတာလေးတွေ က ပျော်စရာပါ။ အဲဒီ comments တွေက တစ်ဆင့် ပိုပိုပြီးခင်သွားရင် message တွေလာမယ်။ ဒီထက် အဆင့် မြင့်လာရင် chat လုပ်မယ်။ ဟော အစကမသိတဲ့လူစိမ်းနှစ်ယောက်။ စိတ်ချင်း၊ ၀ါသနာချင်း တူတာတွေ တွေ့ပြီး ture friends ဖြစ်သွားနိုင် တယ်။ ဆန့်ကျင်ဖက်လိင်နှစ်ဦးဆိုရင်လည်း အရွယ်လည်း တူညီတယ် ဆိုရင် ချစ်သူတွေဖြစ်သွားနိုင်တယ်။ အဲ ကိုယ်တွေ့လေးတစ်ခုပြောပြ ချင်ပါတယ်။

အဲဒီလိုချစ်သူနှစ်ဦးဖြစ်သွားကြပြီး မင်္ဂလာဆောင်တဲ့အထိပေါ့ဗျာ။ တိုတိုပြောမယ်။ မင်္ဂလာဆောင်ကြ တယ်ဆိုပါတော့။ အဲဒီတော့မှာ စကားမပြောနိုင်တဲ့ ဆွံ့အ နေသူတစ်ယောက်ဖြစ်နေကြောင်း သိရ တော့ တယ်။ အဲဒါရယ်စရာအဖြစ်လား။ သနားစရာအဖြစ်လား မသိ တော့ပါဘူး။ ဖေ့စ်ဘွတ်မှာ ဒီလိုကိစ္စတွေ လည်းရှိတတ်ပါတယ်။ ဖေ့စ်ဘွတ်ကို စတင်တည်ထောင်သူကမိတ်ဆွေတွေကြားမှ ဆက် သွယ်မှုမပြတ်စေ ဘဲ တစ်ဦးနဲ့တစ်ဦးစ, နောက်ကြည်စယ်ပြီး ပျော်ပျော် နေချင်တဲ့ စေတနာပါ ပါတယ်။ နောက်ပြီး Poke ဆိုတဲ့ feature လေးထည့်ထားပေးသေးတယ်မဟုတ်လား။ တစ်ဦးနဲ့တစ်ဦးနောက် ပြောင်ဖို့ပါပဲ။ ဒီတော့ ကျွန်တော်ပျော်မိတာ အဆန်းလား။ အဲဒီနယ် ပယ်ထဲမှာ ဟိုစမ်းစမ်း၊ ဒီစမ်းစမ်း၊ ဟိုရောရော၊ ဒီရောရောနဲ့ နေရတာ ပျော်ပါတယ်။ တခါတလေကျတော့ မျက်စေ့သူငယ်နားသူငယ်နဲ့ ယောင်လည် လည်ဖြစ်နေပြန်ရော။ ဒါကိုက ကျွန်တော့် Feeling ပဲ မှတ်ထားလိုက်ပါတော့။ အဲ ဒီအပျော်တွေထဲမှာ စိတ်ညစ်စရာတွေက လည်း ပါလာပြန်တယ်။ ဘာလဲဆိုတော့ ကြော်ငြာတွေပါပဲ။ ရောင်း လိုတဲ့ပစ္စည်းတွေ ကိုတင်ပြလာတာပါပဲ။ အဲဒါတွေကတခါတလေ News Feed ထဲမှာ နေရာတော်တော်များများ ၀င်လာတတ်ပါတယ်။

အခုတလောရွေးကောက်ပွဲနီးလာတော့ မဲဆွယ်စည်းရုံးတာတွေ လည်းတက်လာပါတယ်။ ဆန့်ကျင်ဘက် သဘောထားတွေနဲ့ အပြန် အလှန်ရေးထားတာတွေ တွေ့ရပြန်တော့လည်း ကျွန်တော့် အပျော် လေးတွေပျောက် ပျောက်သွားပါတယ်။ ကျွန်တော်ကငြိမ်းချမ်းရေး သမား၊ အေးအေးဆေးဆေး သမားပဲ။ ငြိမ်းချမ်းစွာနေထိုင်လိုပါတယ်။ ပျော်ရွှင်စွာနဲ့ပဲဘ၀အချိန်တွေကို ကုန်လွန်သွားချင်ပါတယ်။ ဒီတော့ ကျွန်တော်က ဒါတွေကို ““ကျော်တယ်”” အမြန်ကျော်တယ်။ ဒီတော့ hanset တစ်လုံးပျက်သွားတယ်ပေါ့ဗျာ။ ဒါပမယ့် ဒါပေမယ့်ဗျာ တစ် ဖက်က ဆွဲအားကလည်း ပြင်းတယ်လေ။ ဒီတော့ ဒီဖေ့စ်ဘွတ်မှာပဲ ပျော်မွေ့နေ ရတယ်ပေါ့။ တစ်ခုတော့ရှိတယ်။ ခိခိခိ ရယ်ရတယ်။ ကျေး ဇူးပဲ။ ကောင်းတယ်။ စတဲ့ မှတ်ချက် မျိုးလောက်ရေးတတ်တဲ့သူတွေကို တော့ရှောင်တယ်။ လေးနက်တဲ့မှတ်ချက်၊ တွေးခေါ်မှုပါတဲ့ မှတ်ချက် ပိုင်ရှင်တွေကိုတော့ ကျွန်တော် friends လုပ်ပါတယ်။ အခုတစ် ယောက်နဲ့တော့ တော်တော်လေး……
 
Written by ဦးမျိုး(အိုင်တီ-အန်းတိတ်



ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


0 comments:

Post a Comment