Our social:

June 20, 2015

CPU (Central processing unit) နှင့် CUP Heatsink Fan သို့မဟုတ် Fan အကြောင်း သင်ခန်းစာ(3)


                         


အခုကျွန်တော်တို့သင်တန်းမှ သင်ကြားပို့ချအပ်သော CPU အကြောင်းပဲဖြစ်ပါတယ်သိ ပြီးသား မိတ်ဆွေတွေအတွက်တော့ အထူးဆန်းမဟုတ်တော့ပါဘူး ဒါပေမယ့်အခုမှသင် ယူလေ့လာသူတွေအတွက်တော့ အထောက်ကူပြု နိုင်လိမ့်မယ်လို့တော့မျှော်လင့်ပါတယ်...။ 

(မှတ်ချက်-သင်ခန်းစာတစ်ခုလုံးမှာအရေး 
ကြီးတဲ့အကြောင်းအရာများဘဲ့ရေးထားသဖြင့်ကျွမ်းကျင်တဲ့သူများအတွက်မရည်ရွယ်ပါ)
 
ကွန်ပျူတာတစ်လုံးရဲ့အဓိက Main ချိန်ဆက်မှုမှတ်ဉာဏ်ဖြစ်တဲ့ CPU ကအရေးကြီးဆုံး ပစ္စည်းတစ်ခုဖြစ်ပါ တယ် CPU တွေမှာအမျိုးအစားတွေအများကြီးရှိပါတယ် CPU ကိုအဓိက ထုတ်တဲ့ ကုမ္ပဏီကြီးနှစ် ခုရှိပါတယ် Intel နှင့် AMD တို့ဖြစ်ပါတယ် Intel ထွက်ပစ္စည်းတွေကဈေးနှုန်းမြင့်မားပြီး အပူချိန်လည်း ခံနိုင်ရည်ရှိပြီးအသုံးလည်းခံပါတယ် AMD ထွက်ပစ္စည်းတွေဈေးပေါပြီး Intel လောက်မြန်ဆန်မှုမရှိဘဲ အပူစွန့်ထုတ် များတဲ့အတွက် မီးအားကိုပိုကုန်စေပြီး ကွန်ပျူတာပိုပူစေပါတယ် Intel နဲ့ စာရင် AMD က ကြမ်းမခံနိုင်ပေမယ့် Colour ကပိုစိုစွတ်တောက်ပပါတယ် အဓိကရှင်းပြချင်တာ Intel CPU အုပ်စုရဲ့နောက် ဆုံးထွက် အမျိုးအစားတွေဖြစ်တဲ့ Celeron ၊ Pentium ၊ Core i3 ၊ Core i5 ၊ Core i7 CPUတွေဘဲ့ဖြစ်ပါတယ် CPU တစ်လုံးကိုတိုင်းတာရာမှာ တစ်စက္ကန့်ဘယ်နှစ်ကြိမ်နှုန်းအလုပ် လုပ်နိုင်သလဲပေါ်မူတည်ပါတယ် CPU တစ်လုံးရဲ့ကြိမ်နှုန်းတွေကို MHZ ၊ GHZ တွေနဲ့တိုင်းတာဖေါ်ပြ ပါတယ် ဥပမာ CPU တစ်လုံး speed ကို 700 MHZ ၊ 1.0 GHZ ၊ 2.0 GHZ ဆိုအမျိုးမျိုးရှိပါတယ်  Celeron CPU တွေဟာဒီအုပ်စုရဲ့အနိမ့်ဆုံးCPU အမျိုးအစားဖြစ်ပါတယ် Celeron CPU တွေဟာ CPU တစ်လုံး ကိုနှစ်လုံးစာအလုပ်လုပ်သလိုမျိုးလုပ်ဆောင်နိုင်ပါတယ် ဒါပေမယ့်နှစ်လုံးစာအပြည့်အဝ လုပ်ဆောင်နိုင်တာ မျိုးမဟုတ်ပါ Pentium CPU အမျိုးအစားတွေကတော့ CPU တစ်လုံးကိုနှစ်လုံးစာလုပ်သလို လုပ်ဆောင်နိုင်ပြီးဈေးနှုန်းလည်း Celeron CPU အမျိုးအစားထက်ဈေးကြီးပါတယ် Core i3 CPU အမျိုးအစားကတော့ CPU တစ်လုံးကိုလေးလုံးစာအလုပ်လုပ်သလိုမျိုးလုပ်ဆောင်နိုင်ပါတယ်ပြီးတော့ Pentium CPU ထက်ဈေးကြီးပါတယ်ဒါပေမယ့်လေးလုံးစာအပြည့်အဝလုပ်ဆောင်နိုင်တာမျိုးမဟုတ်ပါဘူး Core i5 CPU အမျိုးအစားကတော့ CPU တစ်လုံးကိုလေးလုံးစာအလုပ်လုပ်သလိုမျိုးလုပ်ဆောင်နိုင်ပါတယ် Core i3 CPU တွေထက်လည်းဈေးပိုကြီးပါတယ် လက်ရှိ CPU အုပ်စုထဲမှာ Model အမြင့်ဆုံးကတော့ Core i7 CPU ပါ i7 CPU ကတော့ CPU တစ်လုံးကို 8 လုံးစာအလုပ်လုပ်နိုင်ပြီး i5 ထက်ဈေးပိုကြီးပါတယ် အောက်မှာက CPU တစ်ချို့မှာရှိတဲ့ပုံစံတွေပါ
(ချွင်းချက်အနေဖြင့်တစ်ချို့ CPU တွေမှာ နဂို Core တွေထက်ပိုပါတယ်ဒါပေမယ့်ဈေးလည်းမြင့်မားပါတယ်)






PU ကို Motherboard ပေါ်မှာတပ်ဆင်ပုံကိုအပေါ်မှာကြည့်ပါ CPU ကိုတပ်ဆင်ပြီးသွားရင် CPU နဲ့ CPU Fan ကိုတပ်ဆင်ရပါတယ် CPU Fan ကို တပ်ဆင်မယ်ဆိုရင် CPU နဲ့ CPU Fan ကြားထဲမှာ အပူခံနိုင်ဖို့ကြားခံအဖြစ် Heatsink Compounds ကိုထည့်သွင်းအသုံးပြု့ပါတယ် Heatsink Compounds ထည့်ရမှာများလျှင်ပြသာနာရှိနိုင်သလိုနည်းရင်လည်းပြသာနာရှိနိုင်ပါတယ် Heatsink Compounds ထည့်ပြီးသွားရင်အပေါ်ကနေ CPU Fan ကိုထည့်သွင်းတပ်ဆင်ရပါတယ် CPU Fan ကို CPU ဝယ်တဲ့အချိန်မှာပါပါတယ်ပါလာတဲ့ Fan ကရိုးရိုး Fan တွေပါ CPU မြင့်ပြီး 24 နာရီသုံးတဲ့ကွန်ပျူတာတွေမှာ ရိုးရိုး Fan တွေအစား Cooler Master Fan တွေကိုအစားထိုးအသုံးပြုကြပါတယ် 




( PDF ဖိုင်အဖြစ်လိုချင်ရင်အောက်မှာ Download ကိုနှိပ်ပြီးဒေါင်းယူနိုင်ပါတယ် )




ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ








0 comments:

Post a Comment