Our social:

June 17, 2015

VPN အသုံးပြုနည်း

                            




VPN အသုံးပြုနည်း

VPN အသုံးပြုနည်းကို မပြောခင် … VPN ဆိုတာဘာလဲ … VPN ကို ဘာကြောင့်သုံးရတာလဲ … ဘာအတွက် သုံးတာလဲဆိုတာလေး နဲနဲပြောခြင်ပါတယ် … ဗဟုသုတအနေနဲ့ပါ …

VPN ဆိုတာ  က Virtual Private Network ဟုဆိုလိုခြင်းဖြစ်ပါတယ် … Virtual Private Network ဆိုတာဘာလဲ ? VPN ဆိုတာ ကိုယ့်ကွန်ပြူတာ ကနေ ပို့လွှတ်လိုက်တဲ့ Data တွေကို အင်တာနက်ထဲမှာ ကိုယ်ဘာလုပ်နေတယ် ဆိုတာ တစ်ခြားသူ တစ်ယောက် ( သို့မဟုတ် ) အဖွဲ့အစည်းတစ်ခုကနေ ကြားဖြတ်ဖမ်းယူ ကြည့်ရှုလို့ မရအောင် Data တွေကို VPN Server တွေကနေ Encrypt လုပ်ပစ်ပြီး အင်တာနက်ထဲမှာ ကိုယ့်ရဲ့ လှုပ်ရှားသွားလာမှုကို လုံခြုံစေအောင် စီမံခန့်ခွဲပေးပါတယ်
– လုံခြုံမှု အဆင့်မြင့်မားတဲ့ VPN တွေမှာဆိုရင် ကိုယ် အင်တာနက်ထဲမှာ လည်ပတ်သွားလာတဲ့ browsing history တွေကိုတောင် Record လုပ်ထားတာမျိုး မရှိပါဘူး – ဒါ့ကြောင့် သဘောက ကျွန်တော်တို့မှာ IP addresses တွေရှိပြီး ISP နဲ့ ဆက်သွယ် လုပ်ကိုင်နေရတယ် ဆိုပေမယ့် VPN ရဲ့ ကာကွယ်ပေးထားမှုကြောင့် ကျွန်တော်တို့တွေက အင်တာနက်ထဲမှာ Anonymous user သဘောမျိုး ဖြစ်နေမှာပါ။ ကဲ … ဒါက … တခြားဘက်နဲနဲရောက်သွားတယ် … ကျနော်တို့ ဖုန်းနဲ့ပတ်သတ်တာလေးပဲ … ပြန်ပြောရအောင် …
ဖုန်းမှာဘာလို့ VPN သုံးတာလဲဆိုတာကတော့ … Play store က Latest update တွေ လိုချင်လို့ရယ် … Play store မှ Games တွေ Application တွေကို ဝယ်ဖို့အတွက်ရယ်ကြောင့်ပါ … မြန်မာပြည်ကနေ Play store ကို ဝင်ရင် Free Application တွေလောက်ပဲ ဒေါင်းလုပ်လုပ်လို့ရမှာဖြစ်ပြီး … ပိုက်ဆံပေးရတဲ့ Application တွေ တခြားနိုင်ငံထုပ်တဲ့ Application တွေကို မြင်ရမှာမဟုတ်သလို မြင်ရလျှင်လဲ Loaction Error ကြောင့် Download လုပ်ပြီးအသုံးပြုနိုင်မှာမဟုတ်ပါဘူး … အခြားခြားအမျိုးမျိုးသော အကြောင်းပြချက်တွေနဲ့ VPN ကို အသုံးပြုလေ့ရှီပါတယ် … နောက်တစ်ခု လိုအပ်တာလေးတွေကို Freedom ခံပြီး သုံးဖို့ရယ် အတွက်ဆို သဘောပေါက်မယ်လို့ထင်ပါတယ် ….
Application APK တွေ အသုံးပြုပြီးမှ VPN အသုံးပြုလို့ရတာမဟုတ်ပါဘူးခဗျာ … Application တွေမပါပဲနဲ့လဲ VPN အသုံးပြုလို့ရပါတယ် … သိပြီးသားသူတွေလဲရှီမှာပါ … မသိသေးတဲ့ သူတွေအတွက် ရည်ရွယ်ပြီး ဖော်ပြလိုက်ပါတယ် …
For Android

၁။ Setting > More > VPN ကိုသွားပါ … Box တစ်ခုကြလာပြီး Password တစ်ခုပေးခိုင်းပါလိမ့်မည်။ OK နှိပ်ပါ … Parttern, PIN, Password, Gesture ထဲမှ တစ်ခုခုကိုရွေးချယ်ပြီး Password တစ်ခုတည်ဆောက်ပေးလိုက်ပါ … ထို Password သည် … LockScreen အထိသက်ရောက်ပါတယ် …

၂။ Password ပေးပြီးရင် VPN Main Page ကိုရောက်ရှီသွားပါပြီ။ VPN Main Page ရောက်သွားပေမဲ့ Server တစ်ခုမျှရှီသေးမည်မဟုတ်ပါ။ ကျနော်တို့ အသုံးပြုခြင်တဲ့ နိုင်ငံက Server ကို လှမ်းချိတ်ဆက်ရမည်ဖြစ်ပါတယ် … ကျနော်ကတော့ US VPN server တစ်ခုကို ချိတ်ဆက်ပြပါမယ် … ဤနည်းဖြင့် အခြားနိုင့် VPN Server များကို ချိတ်ဆက်ပြီး အသုံးပြုနိုင်ပါသည်။
၃။ VPN Main Page မှ အပေါ် ညာဘက်ထောင့်နားက အပေါင်းပုံကို တစ်ချက်နှိပ်ပါ …
၎။ Box တစ်ခုကြလာပါလိမ့်မည် … ပုံတွင်ပြထားသည့်အတိုင်းဖြည့်ပေးလိုက်ပါ … ပြီးရင်တော့ Save လုပ်ပေးလိုက်ပါ။
၅။ ထိုအခါ Server တစ်ခုကို ချိတ်ဆက်ဖို့အတွက် Virtual Private Network တစ်ခုကို မိမိ ကိုယ်တိုင်တည်ဆောက်လို့ပြီးပါပြီခဗျာ ….

၆။ မိမိဖုန်းရဲ့ Mobile Data ကိုဖွင့်ပါ … ပြီးရင် ယခုမြင်တွေ့ရသော VPNBook ကိုတစ်ချက် နှိပ်ပါ … ထိုအခါ … Username နှင့် Password လာတောင်းပါလိမ့်မည် …
Username – vpnbookPassword – DewuwrA2
ကိုဖြည့်ပေးလိုက်ပါ … ပြီးရင် Save account information ကို On ပြီး Connect ကိုနှိပ်လိုက်ပါ …

၇။ စတင်ပြီး Server Connection ရရန် ချိတ်ဆက်နေပါလိမ့်မယ် …
၈။ ချိတ်ဆက်မီပြီဆိုပါက ပုံ၏ ဘယ်လက်အပေါ်တွင် သော့ပုံလေးပေါ်လာပါလိမ့်မည်။
၉။ ထိုအခါ Setting > Application > Google Play Store ကိုသွားပြီး Clear cache/ Clear Data/ Force stop သုံးခုလုံးကို နှိပ်ပေးလိုက်ပါ။ ပြီးပါက Play store ပြန်ဝင်ကြည့်ပါ … ထိုအခါ US မှာ အသုံးပြုတဲ့အတိုင်း Play store မှာအသုံးပြုနိုင်ပါပြီ …
VPNBook Offical Websit
မှာလေ့လာနိုင်ပါတယ် … VPNBook ကဲ့သို့ Website ပေါင်းများစွာရှီပါတယ် … ရှာဖွေအသုံးပြုနိုင်ပါတယ်ခဗျာ …
အဆင်ပြေစွာ အသုံးပြုနိုင်ကြပါစေ


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ




0 comments:

Post a Comment