Our social:

June 18, 2015

CDMA 800 နှင့် CDMA 450 ဖုန်းများ ထပ်ဆောင်း ဝန်ဆောင်မှု အချို့ အသုံးပြု၍ ရမည် မဟုတ်


                       

CDMA 800 MHz ဖုန်း နှင့် CDMA 450 MHz ဖုန်းများတွင် ထပ်ဆောင်း ဝန်ဆောင်မှု အချို့ အသုံးပြု၍ ရမည် မဟုတ်ကြောင်း သိရသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်း ဖုန်းများ ဖြစ်သည့် GSM, WCDMA, CDMA 800, CDMA 450 ဖုန်းများ အတွက် ထပ်ဆောင်း ဝန်ဆောင်မှုများ ကို ဆောင်ရွက်ပေး ထားသော်လည်း အချို့ဖုန်း များတွင်မူ ဝန်ဆောင်မှု အားလုံး အသုံးပြုနိုင်မည် မဟုတ်ကြောင်း သိရသည်။

Call Waiting, Call Forwarding, Voice Mail, Missed Call Alert, CBRT, SMS စသည့် ဝန်ဆောင်မှု များကို အသုံးပြု နိုင်ရန် ဆောင်ရွက်ပေး ထားသော်လည်း အဆိုပါ ဝန်ဆောင်မှု အားလုံးကို GSM, WCDMA ဖုန်းများ တွင်သာ အသုံးပြုနိုင် မည်ဖြစ်ကြောင်း၊ CDMA 800, CDMA 450 ဖုန်းများတွင် ဝန်ဆောင်မှု အချို့ကိုသာ အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

CDMA 800 ဖုန်းများတွင် Call Waiting, Fax, CRBT, SMS စသည့် ဝန်ဆောင်မှုများကိုသာ အသုံးပြု နိုင်မည်ဖြစ်ပြီး CDMA 450 ဖုန်းများတွင် CRBT, Fax, SMS ဝန်ဆောင်မှု များကိုသာ အသုံးပြုနိုင် မည် ဖြစ်သည်။

Voice Mail ဝန်ဆောင်မှု၊ Missed Call Alert ဝန်ဆောင်မှု၊ Call Forward နှင့် Call Waiting ဝန်ဆောင်မှု လျှောက်ထားခများမှာ အခမဲ့ ဖြစ်ကြောင်း၊ မည်သည့် ဝန်ဆောင်မှုကို ရယူထား သည်ဖြစ်စေ၊ မရယူ ထားသည် ဖြစ်စေ အခမဲ့ ဖြစ်ကြောင်း သိရသည်။

Internet Journal 

Original link - https://www.facebook.com/InternetJournal



ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ




0 comments:

Post a Comment