Our social:

June 15, 2015

ဘီလ်မဖြည့်ဘဲ အ၀င်ကောလ်သာ အသုံးများလာသည့် MPTဖုန်းများအတွက် အပြောင်းအလဲပြုလုပ်မည်ဟုဆို






===============================================

MPT ဖုန်းများကို ဘီလ်မဖြည့်တော့ဘဲ အ၀င်ခေါ်ဆိုမှုအတွက်သာ အသုံးပြုသူများလာသဖြင့် လာမည့်ဇူလိုင်အတွင်း သုံးစွဲသူများအား ဆွဲဆောင်နိုင်မည့်အပြောင်းအလဲတစ်ခုပြုလုပ်မည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှသတင်းရရှိသည်။
‘‘ဒီကိစ္စကိုဘယ်လိုဖြေရှင်းလဲဆိုတာကို ကျွန်တော်တို့ ပြန်သုံး သပ်နေပါတယ်။ ဇူလိုင်လထဲမှာပါ။ 

အပြောင်းအလဲအစီအစဉ် သစ်တစ်ခုလုပ်သွားဖို့အတွက် ဆွေးနွေးနေပါတယ်’’ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းစီးပွားရေးဆိုင်ရာ
အကြီးတန်းအရာရှိဦးသိန်းဟုတ်ကပြောသည်။
MPTအနေဖြင့် ဖုန်းဘီလ်မဖြည့်တော့ဘဲ အသုံးပြုသူအများ အပြားရှိလာသည်ဟုဆိုသော်လည်း အရေအတွက်ကိုမူ အတိ အကျထုတ်ပြန်ခဲ့ခြင်းမရှိပေ။


အစိုးရအော်ပရေတာဖြစ်သည့် မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းမှ ၀န်ဆောင်မှုပေးနေသည့် ဖုန်းခေါ်ဆိုခနှင့်အင်တာနက်အ သုံးပြုခတို့သည် ပြည်ပအော်ပရေ တာများဖြစ်သည့် အူရီးဒူး၊ တယ်လီနောတို့ထက် ပိုများနေသည့်အတွက် သုံးစွဲသူများက MPTဖုန်း များကို ဖုန်းဘီလ်မဖြည့်ဘဲ အ၀င်ခေါ်ဆိုမှုအတွက်သာ ထားလာ ခြင်းဖြစ်သည်ဟု သုံးစွဲသူများထံမှ သိရသည်။


‘‘ပြည်ပအော်ပရေတာတွေက အပြိုင်ဈေးလျှော့တာတွေ လုပ်နေတဲ့အတွက် သုံးစွဲသူတွေက အဲဒီဖုန်းတွေကို ပိုသုံးလာကြ တာကိုတွေ့ရပါတယ်။ အဲဒီအတွက် သုံးစွဲသူတွေကို ပြန်ဆွဲ ဆောင်နိုင်ဖို့ အစီအစဉ်တွေလုပ်သွားမှာဖြစ်ပါတယ်’’ဟု ဦးသိန်း ဟုတ်ကပြောသည်။


MPTအနေဖြင့် ၎င်းတို့၏၀န်ဆောင်မှုအသုံးပြုခများကို ပုံမှန် အသုံးပြုသူများအတွက် တစ်မိနစ်လျှင်၅၀ကျပ်၊SMSတစ်စောင်လျှင် ၂၅ကျပ်၊ အင်တာနက် အသုံးပြုခGSMဖုန်းများတစ်မိနစ် နှစ်ကျပ်နှင့်WCDMAဖုန်းများတစ် မိနစ် လေးကျပ်နှုန်းဖြင့်ကောက်ခံနေပြီး ဆွေသဟာသုံးသူများအတွက် တစ်မိနစ်လျှင်၃၅ကျပ်၊SMSတစ်စောင်လျှင်၁၅ကျပ်နှင့် အင်တာနက်အသုံးပြုခ 1MBလျှင် ၁၅ကျပ်နှုန်းဖြင့် ကောက်ခံလျက်ရှိသည်။


7Day Daily (Naing Linn Aung)



ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ




0 comments:

Post a Comment