Our social:

Latest Post

Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

August 04, 2015

လူသားဦးနှောက်ပေါ် အခြေခံထားပြီး လက်ရှိ ကွန်ပျူတာတွေထက် အဆ ၉၀၀၀ မြန်တဲ့ ဆားကစ်ဘုတ်




လူသားဦးနှောက်လို အလုပ်လုပ်တဲ့ ဆန်းသစ် ကွန်ပျူတာ အမျိုးအစားသစ်ကို သုတေသီတွေက ဒီဇိုင်းရေးဆွဲခဲ့ပါတယ်။
 Neurogrid လို့ခေါ်တဲ့ ဒီဆားကစ်ဘုတ်ဟာ ဦးနှောက်ဆဲလ် တစ်သန်း နဲ့ ဆိုင်နပ်ဆစ် ဆက်သွယ်မှု သန်းထောင်ပေါင်းများစွာကို တုံ့ပြန်နိုင်စွမ်း ရှိပါတယ်။ လက်ရှိကွန်ပျူတာတွေထက် အဆ ၉၀၀၀ မြန်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။ ကွန်ပျူတာစည်းရိုးတွေဟာ ဦးနှောက်နဲ့ ယှဉ်လို့ရပါတယ်။
PC ကွန်ပျူတာဟာ နှေးကွေးရုံတင်မကဘဲ၊ အလုပ်လုပ်ဖို့ ပါဝါ အဆ ၄၀၀၀၀ ကုန်တယ်လို့ စတန်းဖို့ဒ် တက္ကသိုလ်၊ ဇီဝအင်ဂျင်နီယာ တွဲဖက်ပါမောက္ခ Kwabena Boahen က ရေးပါတယ်။
Neurogrid ဆားကစ်ဘုတ်မှာ စိတ်တိုင်းကျ ဒီဇိုင်းရေးဆွဲထားတဲ့ “Neurocore” ချိပ်စ် ၁၆ခု ပါဝင်ပါတယ်။ အဲ့ဒီ့ ချိပ်စ် ၁၆ခုလုံး ပေါင်းပြီး အာရုံကြောဆဲလ် ၁သန်းကို တုံ့ပြန်မှာပါ။ ဒီဆားကစ်ဘုတ်ကို ထုတ်လုပ်ဖို့ လက်ရှိမှာ ကန်ဒေါ်လာ ၄၀၀၀၀ ကုန်ကျတယ်လို့ သိရပါတယ်။
Ref:dailymail.co.uk

မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်...
ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။



Android Mobile ဆိုင်ရာ (နည်းပညာများ စုစည်းမူ){ ဒီမှာ } သွားလိုက်ပါ


NORTHON GHOST ဖြင့် HDD တွေကို CLONE ရိုက်နည်း


ဒီ Post ကိုတော့ အထူးသဖြင့် Internet ဆိုင်တွေ၊ Game ဆိုင်တွေအတွက် အဓိက ရည်ရွယ်ပါတယ်။ ဘာကြောင့် ကျွန်တော်တို့
HDD တွေကို Clone ရိုက်ရသလည်း ဆိုတာကို အရင်ရှင်းပြပါ့မယ်။

ကျွန်တော်တို့ စက်တစ်လုံးကို Window တင်တဲ့အခါမှာ WindowInstallation အပိုင်းချည်းပဲကို အနည်းဆုံး ၄၅ မိနစ်လောက်ကြာပါတယ်။ ဂိမ်းဆိုင် သို့မဟုတ် အင်တာနက်ဆိုင်အတွက် အခြားလိုအပ်
တဲ့ Software တွေကိုပါ ထပ်သွင်းမယ်ဆိုရင် အနည်းဆုံး ၂နာရီကျော်ကျော်လောက်ကြာပါတယ်။ ဒါဟာ စက်တစ်လုံးတည်းအတွက်ပါ။အကယ်လို့များ ကျွန်တော်တို့က ဆိုင်တစ်ဆိုင်မှာ စက်အလုံး ၂၀
ရှိတယ်ဆိုပါစို့ ကျွန်တော်တို့က တစ်လုံး ချင်းစီ တင်မယ်ဆိုရင်အချိန်ဘယ်လောက်ကြာမလည်းဆိုတာကို တွက်ကြည့်လိုက်ပါ။

ဒီတော့ ကျွန်တော်တို့က အချိန်တွေကိုလျော့ချပြီး အမြန်ဆုံး ပြီးစီးအောင် လုပ်ဆောင်ဖို့နည်းလမ်းကတော့ HDD Clone ရိုက်နည်းပဲဖြစ်ပါတယ်။ Clone ရိုက်နည်းများစွာရှိတဲ့အထဲမှာမှ ကျွန်တော်ဒီ Post မှာ Northon Ghost နဲ့ လုပ်ဆောင်နည်းကို ပြောပါ့မယ်။

ကဲ စကားတွေများသွားပြီဆက်လိုက်ရအောင် ကျွန်တော်တို့ အရင်
ဆုံး Northon Ghost ကို Install လုပ်လိုက်ပါ့မယ်။ ပြီးသွားပြီဆိုတာနဲ့Software ကို ဖွင့်လိုက်ပါ့မယ်။ဒါဆိုရင်အောက်ပါပုံအတိုင်းပေါ်လာပါလိမ့်မယ်။


အထက်ပါပုံအတိုင်းပေါ်လာပြီဆိုရင် ကျွန်တော်တို့က အောက်ပါပုံ
အတိုင်း

Ghost Advanced ကိုဝင်လိုက်ပါ့မယ်။ ဒီနေရာမှာ ကျွန်တော်တို့က
ညာဘက်ခြမ်းမှာရှိသော Clone ဆိုတာကို ၀င်လိုက်ပါ့မယ်။ ဒါဆိုရင်

အထက်ပါပုံအတိုင်းပေါ်လာပြီဆိုရင်တော့ ကျွန်တော်တို့က Next ကိုနှိပ်
လိုက်ပါ့မယ်။အောက်ပါပုံအတိုင်းပေါ်လာတဲ့အခါမှာ

ကျွန်တော်တို့က တစ်ခု အရေးကြီးဆုံး သတိထားရမယ့်အချက်က HDD ရဲ့ Model Number, Serial Number တွေပဲဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ အဲဒီ အချက်တွေကို သတိမထားပဲ မှားယွင်းလုပ်ဆောင်မိတယ်ဆိုရင် မူရင် Final လုပ်ထားတဲ့ HDD ကို ထိခိုက်ပျက်
စီးစေမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က Board မှာတပ်ဆင်မယ့်အခါမှာ Port ဘယ်လောက်မှာတပ်မှာလည်း?..... နောက်တစ်ချက်က HDD ရဲ့ Lable မှာပါတဲ့ Size, Model, Serial Number
တွေကို သေချာမှတ်ရပါမယ်။ မူရင်း HDD ကို Source နေရာမှာဖော်ပြပေးပြီးတော့ Clone လုပ်မယ့် HDD ကို Desination နေရာမှာဖော်ပြပေးမှာဖြစ်ပါတယ်။ အထပ်ဖော်ပြပါပုံအတိုင်း Select မှတ်ပေး
ပြီးတာနဲ့ Next ကို နှိပ်ပေးလိုက်ပါမယ်။

ဖော်ပြပါပုံကတော့  Clone လုပ်မယ့် Disk ကို ပြောတာဖြစ်ပါတယ်။
ကျွန်တော်တို့က OK ကို နှိပ်လိုက်ပါမယ်။



ပြီးသွားရင် အထပ်ပါပုံအတိုင်းမှ Next ကို နှိပ်လိုက်ပါမယ်။ Advanced settings
ထဲကို ၀င်စရာမလိုပါ...


အထက်ပါပုံအတိုင်းပေါ်လာပြီဆိုရင် ကျွန်တော်တို့က Run Nowဆိုတာကို နှိပ်ပေးလိုက်ပါမယ်။ဒါဆိုရင်တော့ အောက်ပါပုံအတိုင်း
ပေါ်လာမှာဖြစ်ပါတယ်။

ဒီနေရာမှာ Message ပြတာကတော့ OK နှိပ်ပြီးတာနဲ့ စက်က Restartကျသွားပြီး DOS Mode ထဲကနေ လုပ်မယ်ဆိုတာကိုပြောတာဖြစ်ပါတယ်။
OK နှိပ်ပြီးတာနဲ့ ကွန်ပျူတာက Restart ကျသွားပါမယ်။ ပြန်တက်လာတဲ့
အခါမှာတော့

ရွေးချယ်စရာ ထဲမှာမှ Option 1 ကိုရွေးချယ်ပေးလိုက်ပါမယ်။ ဒါဆိုရင်တော့

 HDD ကို Clone လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။
% 100 ပြီးသွားပြီဆိုရင်တော့  HDD ကို Clone လုပ်ဆောင်ခြင်းပြီးသွားပြီဖြစ်ပါတယ်။ ဒီအခါမှာတော့ မိမိကွန်ပျူတာတွေမှာ တပ်ဆင်ပြီး အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ အချိန်အားဖြင့် အနည်းဆုံး
၃၀ မိနစ်လောက်ကြာမြင့်မှာဖြစ်ပါတယ်။ နောက်ထပ်ဆက်လက်ပြီးတော့လည်း Ancronic True Image ဆိုတဲ့ Software နဲ့ Clone လုပ်နည်းကိုလည်း ဖော်ပြပေးပ့ါမယ်။ Ancronic နဲ့ ဆိုရင်တော့
အများဆုံး ၁၅ မိနစ်လောက်ပဲကြာမှာဖြစ်ပါတယ်။ အားလုံးပဲအဆင်
ပြေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်။


လေးစားစွာဖြင့်

မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်...

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။



Android Mobile ဆိုင်ရာ (နည်းပညာများ စုစည်းမူ){ ဒီမှာ } သွားလိုက်ပါ

July 25, 2015

ကွန်ပျူတာအသစ်တစ်လုံးဝယ်ယူတပ်ဆင်ရာတွင်သတိပြုစရာအချို့(BASIC TIPS


ဆိုင်ကနေ ကွန်ပျူတာဝယ်လာပြီးရင် အိမ်မှာ မိမိဘာသာတပ်ဆင်တဲ့နေရာမှာသတိထားသင့်တာလေးတချို့ကိုတင်ပြပါရစေ
အခြေခံအဆင့်သိမှတ်သင့်တာလေးတွေပါ။
ဆိုင်ကနေ၀ယ်လာပြီဆိုတာနဲ့ ပစ္စည်းတွေ အဓိကအားဖြင့်အောက်ကအတိုင်းတွေ့ရပါတယ်။
1/Monitor box
2/keyboard and mouse
3/System Casing box(Installed)
4/UPS Box
အခြား Accessories တွေကတော့ ၀ယ်တဲ့သူအပေါ်နဲ့ ဆိုင်ရဲ့ ဆားဗစ်ပေါ်မူတည်ပြီးကွဲပြားမှာပါ။ဒါပေမယ့်အပေါ်ကလေးခုကတော့ ပါဝင်နေပါလိမ့်မယ်။ မိမိစက်ကိုနေရာချထားရာမှာ LCD Monitor ကို ဖိမိတာ ထိခိုက်မိတာ မဖြစ်ဖို့အထူးသတိထားရမှာဖြစ်ပါတယ်။ Monitor မှာ ကြိုးနှစ်ကြိုးပါဝင်ပါတ်။VGA cable ဒါမှမဟုတ် DVI Cable နဲ့ နောက်တစ်ချိုးကတော့ power ကြိုးဖြစ်ပါတယ်။ဒီနေရာလေးမှာ ကြုံတွေ့ဖူးတာလေးတစ်ခုရှိပါတယ်။ ကွန်ပျူတာ ပါဝါကြိုးရဲ့ခေါင်းဟာ UPS conector နဲ့သဟဇာတမဖြစ်တာလေးပါ။ဒါကြောင့် UPS နဲ့ ကိုက်မကိုက်ဆိုင်မှာကတည်းက ကြည့်သင့်ပါတယ်။ဒါပေမယ့်လည်း ဖြစ်တောင့်ဖြစ်ခဲအသေးအမွှားပါ။
နောက်သတိထားသင့်တာကတော့ ကိုယ့်စက်က Graphic POrt က VGA လား DVI လား Monitor မှာပါတဲ့ Graphic Cable နဲ့ ကိုက်လား ဆိုတာလေးပေါ့။ဒါတွေ့က ပစ္စည်းတွေအကုန်လုံးကို ဆိုင်တစ်ဆိုင်တည်းက၀ယ်မယ်ဆိုရင် သိပ်ဂရုစိုက်စရာမလိုပါဘူး ဆိုင်တစ်က တစ်မျိုး ဟိုဆိုင်ကတစ်မျိုးဝယ်ပြီးအိမ်မှာကိုယ့်ဖာသာဆင်မယ်ဆိုရင်တော့သတိထားပေါ့နော်။Graphic Card စိုက်ထားရင်တော့ ကွန်ပျူတာကGraphic cableကို ကဒ်ပေါ်မှာတပ်ဆင်ဖို့လိုပါတယ်။
နောက် System Casing ကို နေရာချထားရာမှာ အင်္ဂတေ ကြမ်းပြင်တို့ လျှပ်စစ်စီးနိုင်တဲ့နေရာတွေမှာမထားသင့်ပါဘူး။။လျှပ်ကူးနိုင်ပါတယ်။တစ်ခါတစ်ရံ စက်ဖွင့်ထားတုန်း ပုန်းကိုထိမိရင်တောင် လျှပ်စစ်လိုက်လာတတ်ပါတယ်။
နောက် နောက်ကျောဘက်ကိုလည်း နံရံနဲ့ ကပ်မထားသင့်ပါဘူး။လေ၀င်လေထွက်ကောင်းဖို့ လက်မ အတန်ခွာထားသင့်ပါတယ်။
နောက်ကွန်ပျူတာအသစ်ဝယ်ပြီးရင် သတိမူသင့်တာလေးတွေကို သတိရမိတာလေးတွေရေးလိုက်ပါရစေ။
၁။UPS အသစ်ကိုအည်းဆုံးအား ၁၂ နာရီသွင်းပေးရမယ်လို့သိရပါတယ်။ တစ်ခါတည်းတပ်ဆင်အသုံးပြုရင်လည်းရပါတယ်ဒါပေမယ့်မီးပျက်တဲ့အခါ တောင့်ခံနီုင်မှု ၊ဒါမှမဟုတ် တောင့်ခံနိုင်တဲ့ကြာချိန် တွေမှာလိုအပ်တာတွေရှိကောင်းရှိနိုင်ပါတယ်။အားသွင်းပြီးမှသုံးတာအကောင်းဆုံးပါ။
၂။နောက် UPS နဲ့ပတ်သက်လို့ မီးလိုင်းကျတာပျက်တာတွေမှာ အနီရောင်မီးလေးလင်းလာပြီး တီတီ နဲ့အသံပြုပါတယ် ချောက်ဆိုတဲ့အသံလေးလည်းကြားရပြီး Relay လုပ်နေတာမို့ ပြဿနာမဟုတ်ပါ။ တီတီအသံရှည်မြည်လာရင်တော့ UPS အားကုန်နီးတာဖြစ်ပြီး စက်ကို Shutdown လုပ်လိုက်ပါ။
၃။ကြိုးတွေတပ်ပြီးစက်ဖွင့်တဲ့အခါ မော်နီတာမှာဘာမှပေါ်မလာရင် Graphic Cable ကိုအရင်စစ်ကြည့်ပါ။
Graphic Card တပ်ဆင်ထားပြီး Cable ကိုတော့ Motherboard က on board vga ပေါက်မှာတပ်ထားရင်
ရုပ်လာမှာဖြစ်မဟုတ်ပါဘူး။Card မှာတပ်မှရမှာဖြစ်ပါတယ်။
၎။စက်ကိုဖွင့်လိုက်ရင် Welcome ထိလာပြီးဘာမှမလာတော့ရင် Graphic Resolution ကြောင့်ဖြစ်ပါတယ်
ဒီလိုဖြစ်ရင် စက်ကို restart ချ ပြီးပြန်တက်လာရင် F8 ကီးလေးနှိပ်ပြီး ပေါ်လာတဲ့အထဲက Setting>>Enable Low -Resolutin Vide (640×480)ကိုရွေးပေးလိုက်ပါ။ဝင်းဒိုးတက်လာကာမှ Screen Resolution ထဲကနေ 1024×768လောက်ရွေးပေးလိုက်ပါ။
ဒါတွေကတော့ ကွန်ပျူတာအသစ်တစ်လုံးဝယ်ယူလာပြီးအိမ်မှာ မိမိဖာသာတပ်ဆင်ရာမှာသတိမူသင့်တာလေးတွေပါ။
အမှားပါသွားရင် ခွင့်လွှတ်ပေးကြပါ။


မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်...

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။

Android Mobile ဆိုင်ရာ (နည်းပညာများ စုစည်းမူ){ ဒီမှာ } သွားလိုက်ပါ

July 14, 2015

Window 7 တွေမှာ Missing Operating System ပြဿ နာဖြေရှင်းနည်း


မင်္ဂလာပါ သည်တခါ ရေးဖြစ်တဲ့ နည်းပညာလေးကတော့ ကျွ န်တော်တို့ ကွန်ပျူတာ သုံးစွဲသူများ အတွက်
သိသင့်တဲ့အရာလေးတခုဖြစ်ပါတယ်.. ဒါလေးကိုတော့ တခါတလေ တွေ့ကြတတ်ပါတယ်  ဘာလဲ 
ဆိုတော့ ကျွန်ပျူ တာမှာ ဖွင့်လိုက်တာနဲ့ ပြန်မတက်လာတော့ဘဲ ဖြစ်နေတဲ့ အခြေနေလေးတခုပါ
ဒါကို ကျွန်တော် တို့ ဘယ်လို ဖြေရှင်းကြမလဲဆိုတာ လေးကိုပြသပေးထားပါတယ်... 
သည်နည်းလမ်းလေးကို ကျွန်တော်လည်း အရင်တခါက ကွန်ပျူ တာမှာ ဖြစ်ဖူးတာကြောင့် ညီလေး 
 စိုင်းသူ(နည်းပညာ) ရေးသားထားတာလေးကို တွေ့ပြီး ဖြေရှင်းလိုက်တာ အဆင်ပြေသွားပါတယ်
ဒါကြောင့် အခက်ခဲ ရှိသူတွေအတွက် တွေ့ ကြုံ လာပါက အဆင်ပြေစေရန် ကျွန်နော် 
သည်နည်းလမ်းလေးကို ပြန်လည် ဝေမျှလိုက်ခြင်းဖြစ်ပါတယ်...
 အောက်မှာ ဖြေရှင်းထားတဲ့ နည်းလမ်းလေးကို လေ့လာ ကြည့်ရအောင်....

windows 7 မှာ Missing operating system ဖြစ် ပြီး windows ပြန် တက် မလာ တော့ တဲ့ ပြသနာ ဖြေ ရှင်း နည်း လေး ပါ။ Windows 7 DVD ခွေတစ် ခု ကို အသုံး ပြု ပြီး command prompt  က နေ ပြန် လည်  ဖြေ ရှင်း နည်း လေး ပါ။မိမိတို့ဆီမှာ Window7 ခွေလေးတခွေ ရှိတာနဲ့ ဖြေရှင်းလိုက်လို့ ရပါတယ်.. ဒါဆို အားလုံးအဆင်ပြေသွားစေမှာဖြစ်ပါတယ်...

ပထမဆုံးအနေနဲ့  မိမိတို့  WINDOW 7   DVD  အခွေလေးကို စက်ထဲမှာ ထည့်ပေးလိုက်ပါ။
ပြီးတာနဲ့... မိမိတို့ စက်ကို Restart  ချပေးလိုက်ပါ... ပြီးတာနဲ့ ကွန်ပျူ တာ Window တင်သလို
BIOS ထဲကိုဝင်ရန် မိမိတို့ကွန်ပျူ တာ Key ကိုနှပ်ပေး ထားလိုက်ပါ.. တက်လာတာနဲ့
BOOT ORDER ကို ချိန်း ပေးပါ။
ဒုတိယ အဆင့်အနေနဲ့ကတော့
WINDOWS ပုံမှန် ပြန် တင် လို့ ရ မဲ့  နေ ရာ ကို ရောက် တာ နှင့်  ကျ နော် တို့  REPAIR COMPUTER 
ကိုနိုပ်ပေးရပါ မယ်။

                            
ဆက်လက်ပြီး System Recovery Option ဘောက်လေးကျလာမှာဖြစ်ပါတယ်  ကျလာတဲ့ဘောက်ထဲက
အောက်ပုံ မှာ ပြ ထား တဲ့ use recover tool လေး ကိုအမှန် လေး ခြစ် ပေး ပြီး next ကို နိုပ်ပေးပါ။

                          
                         
                     system Restore or system image recovery မလုပ်ပါနဲ့ command prompt လေး ကို ဖွင့် ပါ။
                          
နောက်ဆုံးအဆင့်အနေနဲ့ ကျွန်တော် တို့ အပေါ်က ဖွင့်ထားတဲ့ Command မှာဘဲ ဆက်လက် ပြီးအောက်မှာ ကျွန် တော် ပေးထားတဲ့ ကုဒ်လေးအချို့ ကို ထည့်ပေးပြီး မိမိတို့  ကွန်ပျူ တာ ကနေ Enter  ခေါက်ပေးလိုက်ရုံပါဘဲ...
chkdsk c: /f/r 
/f /r will both fix errors and recover lost data.
/f will only fix errors on your disk
/r will only recover lost data


Read more at: http://windows7themes.net/en-us/missing-operating-system-windows-7/ © windows7themes.net
chkdsk c :/f /r

/f/r
/f
/r

အိုကေ အားလုံးပြီးရင် restart ချ ပြီး ပြန် သုံး ကြည့် ပါ။ အဆင် ပြေ သွားမှာဖြစ်ပါတယ်.. သည်လောက်ဆို မိမိတို့ ကွန်ပျူ တာမှာ သည်လို ပြသနာမျိုး ဖြစ်လာတာနဲ့ အလွယ်ကူဆုံးဖြေရှင်းနိုင်ပါပြီနော်..
အဆင်ပြေကြပါစေ...

ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ

July 13, 2015

TP-Link CPE လွှင့်နည်း၊ ဖမ်းနည်း


(၁) CPE ကို Router ရှိတဲ့ဘက်မှာ ထားပြီး သုံးမယ်ဆိုရင် ......
အရင်ဆုံး Router Configuration ထဲမှာပေးထားတဲ့ SSID (name) နဲ့ Security key လေးကိုတော့ မှတ်ထားပေးပါ။ 
DHCP ကို Enable ပေးထားပါ။
ပြီးရင် သီးခြားကွန်ပျူတာတစ်လုံးနဲ့ CPE ကိုချိတ်ဆက်ပြီး AP mode နဲ့ Configuration ၀င်လိုက်ပါ ....။ ကိုယ်ပေးလိုက်တဲ့ SSID အမည်ကိုတော့ မှတ်ထားပါ။ 
DHCP ကို Enable ပေးထားပါ။
Security key ထည့်၇န်အတွက် Menu ထဲမှ wireless > security setting > Disable Security ကို WPA-PSK/WPA2-PSK သို့ ပြောင်းပေးပါ version ကိုလည်း WPA2-PSK သို့ပြောင်းပေးပါ။ PSK Passphrase: နေ၇ာမှာ မိမိပေးချင်တဲ့ password ကို၇ိုက်ပါ ...အားလုံးပြီး၇င်တော့ ထုံးစံအတိုင်း Save နဲ့ထွက်ပါ....။
ဒီနေရာမှာ Security Key type ကို ကိုယ့်စိတ်ကြိုက် ရွေးပြီး ထားနိုင်ပါတယ် ....။ အားလုံးကို လွတ်လပ်စွာ သုံးစေချင်တယ်ဆိုရင် မပေးထားလဲ(Disable Security) ရပါတယ်။
ပြီးရင်
Network Cable (CAT 6) တစ်ချောင်းနဲ့ CPE ဘူးရဲ့ အောက်ခြေ LAN port ကနေ ဘူးအဖြူလေးရဲ့ PoE port သို့ ချိတ်ဆက်လိုက်ပါ။
နောက် Network cable(CAT 6) တစ်ချောင်းနဲ့ အဲဒီဘူးဖြူလေးရဲ့ LAN port ကနေ Router ရဲ့ LAN port တစ်ခုခုသို့ ချိတ်ဆက်လိုက်ပါ။
CPE ကို Wifi သုံးမည့်ဘက်သို့ မျက်နှာမူပြီး တိုင်နဲ့ထောင်လိုက်ပါ။(ကြားခံအဆောက်အဦ၊ အပင်တွေရှိရင် တိုင်မြင့်မြင့်သုံးပြီး CPE ကို အောက်သို့ ငိုက်ထားပေးပါ။)
CPE ကို Power ပေးလိုက်ပါ။
ပြီးတာနဲ့ တစ်ဘက်ကနေ ကွန်ပျူတာနဲ့ Wireless Connection ကို စမ်းကြည့်ပါ။ (အဲဒီကွန်ပျူတာမှာ ip ကို Obtain ထားပေးရပါမယ်။) CPE ဘူးမှာပေးထားခဲ့တဲ့ SSID name နဲ့ Wifi connection တွေ့ရင် ကိုယ်ပေးခဲ့တဲ့ Security Key နဲ့ဝင်လိုက်ပါ။ 
(၂) CPE ကို အလယ်မှာ ထားကြည့်ရအောင် ....
ဒီနည်းကတော့ စဉ်းစားကြည့်တာပါ ....။
Router Connection ရနိုင်တဲ့နေရာလောက်( Wifi Client နဲ့ Router ကြားနေရာတစ်ခုပေါ့) မှာ လျှပ်စစ်သုံးလို့ ရနိုင်မယ် ဆိုရင် .... ဒီလိုစမ်းလို့လဲ ရနိုင်ပါတယ်။
ကိုယ့် Router ရဲ့ SSID အမည်နဲ့ Security Key ကိုမှတ်သားထားပါ။
CPE ကို Operation Mode > AP Router သို့သွားပြီး Save ကိုနှိပ်ပါ။
ပြီးရင် Wireless > Wireless Mode > သို့သွားပြီး ညာဘက်မှာ Universal Repeaterကိုရွေးပေးပါ။ အဲဒီအောက်က MAC of AP အကွက်မှာ Click တစ်ချက်ခေါက်ပြီး စာမျက်နှာအောက်ဆုံးနားက Survey ကိုနှိပ်လိုက်ပါ ။
Box တစ်ခုပွင့်လာပါမယ်။ အဲဒီထဲမှာ Router ရဲ့ SSID အမည် ကိုတွေ့ရပါမယ်။ သူ့ရဲ့ ညာဘက်အစွန်က Connect ကို Click နှိပ်လိုက်ပါ။
ခုနက ပေးထားခဲ့တဲ့ Universal Repeater ရဲ့ အောက်ကအကွက်မှာ Router ရဲ့ MAC Address ကိုတွေ့ရပါမယ်။
CPE Configuration windows ရဲ့ Wireless > Security Setting > သို့ဝင်ရောက်ပြီး Router မှာပေးထားတဲ့ Security Key အတိုင်း တူညီအောင်ပေးလိုက်ပါ။(လွဲ၍မရပါ။)
ပြီးရင် DHCP > DHCP Settings ကိုဝင်ပြီး ညာဘက်မှာ Enable ပေးလိုက်ပါ။( ဒီနေရာမှာ Dafault Gateway အနေနဲ့ Router ip ကိုထည့်ပေးရပါမယ်။ Primary DNS, Secondary DNS တွေက မိမိ သုံးနေတာတွေ ထည့်ပေးရပါမယ်။) ဒါဆိုရင် အဆင်ပြေပါပြီ။ ကျန်တာကတော့ CPE ရဲ့ Login User Name, Password ချိန်းတာတွေ၊ ip ချိန်းတာတွေကို လုပ်ပေးရပါမယ်။
အားလုံးပြီးရင် Network Cable(CAT 6) တစ်ချောင်းနဲ့ CPE ရဲ့ LAN port ကနေ ဘူးအဖြူလေးရဲ့ PoE port သို့ချိတ်ဆက်လိုက်ပါ။ ပြီးရင် CPE ကိုသင့်တော်တဲ့နေရာမှာထောင်ပြီး Wifi သုံးမယ့်ဘက်သို့ လှည့်ထားပါ။ Power ပေးလိုက်ပါ။
တစ်ဘက်ကနေပြီး စမ်းကြည့်လိုက်ပါ။
တစ်ခြားနည်း အနေနဲ့ကတော့ ....
ကိုယ့်ဆီမှာ Omini Antenna ရှိတယ်ဆိုရင် သုံးကြည့်ကြတာပေါ့ ....
အဲဒီ Antenna မှာပါတဲ့ cable က တိုနေတယ်။ ကျွန်တော် စဉ်စားကြည့်တာက သူ့ကို Router နဲ့ ဆက်သွယ်ပြီး အပြင်မှာ ထောင်မယ်ဆိုရင် Connection Range တိုးလာနိုင်ပါတယ်။ ဒီတော့ Antenna jumper Cable အရှည်တစ်ချောင်းလိုပါမယ်။
ရှိပြီ ဆိုရင်တော့
ကိုယ့် ရဲ့ Router မှာပါတဲ့ Antenna တိုင်တိုတစ်ချောင်းကို ဖြုတ်လိုက်ပါ။
ပြီးရင် ၀ယ်ယူလာတဲ့ Antenna jumper Cable အရှည်ရဲ့ တစ်ဘက်အစကို တပ်ဆင်ပါ။
နောက်တစ်စ, ကို Omini Antenna နဲ့ဆက်သွယ်ပြီး အဲဒီ Omini တိုင်ကို အပြင်မှာ ထောင်ကြည့်ပါ။
တစ်ဘက်မှာတော့ CPE ကို နည်းလမ်း(၂) မှာလို Configuration ၀င်ပြီးထောင်လိုက်ပါ။
အခုကျွန်တော်ရေးသားပေးတာတွေဟာ စဉ်းစားပေးတဲ့ အဆင့်ပါ။ တကယ်တမ်း လုပ်တဲ့နေရာမှာ မြေနေရာ အနေအထားတွေကြောင့် အခက်အခဲတွေတော့ ရှိနိုင်မယ်ထင်ပါတယ် .....။ ဘာဘဲဖြစ်ဖြစ် ....
(၁) Network ရဲ့ သဘောတရားအရ ip တွေပေးရာမှာ မှန်ကန်ဖို့လိုအပ်ပါတယ် .....။
(၂) Network တစ်ခုတည်း အနေနဲ့ဘဲ သွားမယ်ဆိုရင် SSID တို့ Security Key တို့ကလည်း တူရပါမယ်။
(၃) DHCP ကို Enable လုပ်ပေးပြီး Dafault Gateway , Primary DNS, Secondary DNS တွေကိုသေချာတိကျစွာ ပေးထားဖို့လိုအပ်ပါမယ် ....။
(၄) တစ်ဘက်ကနေ ၀င်ရောက်တဲ့အခါမှာလည်း ကွန်ပျူတာရဲ့ ip ကို Obtain ပေးထားရပါမယ်။
Credit:wai pyoe



ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


Wireless Router ချိတ်ဆက်ပုံ မသိသေးသူများအတွက်



လုပ်ငန်းစဉ်များကို အောက်ပါအတိုင်း လုပ်ဆောင်သည်-

(၁) ချိန်ဆက်မည့် Wireless Router ရှိ WAN ပေါက်တွင် အင်တာနက် ရရှိသည့် Cable ကြိုးကို တပ်ဆင်ပြီး WLAN ပေါက်တွင် Desktop Computer တစ်လုံး၌ တပ်ဆင်လေ၏။


(၂) ထို့နောက် Internet Explore ကို ဖွင့်၍ 192.168.1.1 ကို ရိုက်ဖွင့်လေ၏။
 

(၃) Box တစ်ခု ကျလာလျှင် User = admin နှင့် Password = admin ကို ရိုက်ဖွင့်လေ၏။
 

(၄) TP Link ထဲသို့ ရောက်ပါက Quick Start ကို နှိပ်ပါ။ Next ကို နှိပ်ပါ။ 

(၅) Static IP ကို ရွေးပြီး Next ကို နှိပ်ပါ။


(၆) IP Address , Subnet Mask, Default Gateway , Primary DNS , Secondary DNS တို့ကို ဖြည့်ပါ။ (ဥပမာ . 165.116.1.125 ၊ 255.255.255.0 ၊ 165.116.1.158 ၊ 203.81.64.20 ၊ 203.81.64.21 စသဖြင့် အင်တာနက် သုံးစွဲ၍ ရနေသော IP များကို ထည့်ပါ။)


(၇) နောက်တဆင့်ရောက်ပါက Next ။


(၈) Wireless Network Name တွင် မိမိနှစ်သက်ရာ အမည်ပေးပြီး Next လုပ်ပါ။(ဥပမာ- MMT Cyber Cafe)


(၉) Finish လုပ်ပါ။ Reboot လုပ်ပါ။
(Wireless Router ၏ လုပ်ငန်းစဉ်များ ဖြစ်သည်)

ထို့နောက် Internet Explore တွင် Internet Options ကိုဖွင့်၍ Connections tab မှ LAN setting ကို ဖွင့်ပါ။ Proxy Sever တွင် address ထည့်ပါ။ (ဥပမာ -ygncache.mpt.net.mm : 8080 )

၎င်းနောက် My Network Places တွင် Internet Protocol (TCP/IP)၌ Obtain an IP address automatically ကိုရွေး၍ Ok လုပ်ပါ။

www.google.com ကို ဖွင့်ကြည့်၍ ရပါက Wireless လုပ်ငန်းစဉ် ပြီးပြီ ဖြစ်၏။ တစ်ခြား Laptop တစ်လုံးတွင် Wireless ဖွင့်၍ No Proxy နှင့် Obtain an IP address automatically လုပ်ပြီး လှမ်းသုံးနိုင်ပြီ။

မိမိ၏ Wireless Network ကို တစ်ခြားသူများ မသုံးစွဲစေလိုပါက Select Wireless Security တွင် WPA2-PSK-Personal (Recommended) အောက်၌ Password ပေး၍ သုံးနိုင်သည်။


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


July 11, 2015

ပျောက်ဆုံးသွားသည့် Android ဖုန်းကို ခြေရာခံခြင်း


Android ဖုန်းများ ပျောက်ဆုံးသွားတဲ့အခါမှာ မိမိရဲ့ ဖုန်းက ဘယ်နေရာမှာ ရောက်ရှိနေတယ်ဆိုတာကို ခြေရာခံ ရှာဖွေနိုင်ပါတယ်။ Android ဖုန်း ပျောက်ဆုံးသွားရင် ခြေရာခံနိုင်ရန်အတွက် ကိုယ်အသုံးပြုတဲ့ဖုန်းမှာ Google Account ထည့်သွင်းထားဖို့က အရေးကြီးဆုံး ဖြစ်ပါတယ်။
Android ဖုန်းများ ပျောက်ဆုံးသွားတဲ့အခါမှာ မိမိရဲ့ ဖုန်းက ဘယ်နေရာမှာ ရောက်
Google Account ကိုထည့်သွင်းပြီးပြီဆိုရင် Google Settings App မှာ အနည်းငယ် ပြင်ဆင်စရာ ရှိပါသေးတယ်။ Google Settings မှာ ပြင်ဆင်ဖို့အတွက် Google Settings App ကို ဖွင့်လိုက်ပါ။ ပြီးသွားရင် Security ဆိုတာကို နှိပ်ပါ။ ပြီးရင် Remotely locate this device ကို အမှန်ခြစ်ထည့်ခြင်း ရှိ၊ မရှိ စစ်ဆေးပါ။ အကယ်၍ အမှန်ခြစ် မလုပ်ထားရသေးဘူးဆိုရင် အမှန်ခြစ်ထည့်ပေးလိုက်ပါ။ Allow remote lock and erase ဆိုတဲ့ နေရာမှာလည်း အမှန်ခြစ် ထည့်ပေးထားရမှာဖြစ်ပါတယ်။ ဒီနေရာမှာ အမှန်ခြစ်ထည့်ပေးထားမှ ဖုန်းမတော်တဆ ပျောက်ဆုံးသွားတာမျိုးပဲဖြစ်ဖြစ် အခိုးခံရတာမျိုးပဲဖြစ်ဖြစ် ကိုယ့်ရဲ့ဖုန်းကို အဝေးကနေလှမ်းပြီး Lock ပြုလုပ်ထားနိုင်မှာ ဖြစ်ပါတယ်။


အထက်မှာ ဖော်ပြထားတာတွေကတော့ ဖုန်းက မတော်တဆ ပျောက်ဆုံးသွားတာမျိုးပဲဖြစ်ဖြစ် ခိုးယူခြင်းခံရတာမျိုးပဲဖြစ်ဖြစ် ဖြစ်ပေါ်လာခဲ့ရင် ကိုယ့်ရဲ့ဖုန်းက ဘယ်နေရာကိုရောက်နေတယ် ဆိုတာကို ခြေရာခံနိုင်မှာဖြစ်သလို၊ အရေးကြီးအချက်အလက်များ ပါဝင်ပါကလည်း ပျောက်ဆုံးသွားတဲ့ဖုန်းကို အခြားသူတစ်ယောက်ယောက်က အလွယ်တကူနဲ့ အသုံးမပြုနိုင်စေရန်အတွက် ကာကွယ်ထားနိုင်ပါတယ်။
Android ဖုန်း ပျောက်ဆုံးသွားတာပဲဖြစ်ဖြစ် ခိုးယူခံရတာပဲဖြစ်ဖြစ် ဝက်ဘ်ဆိုက်လိပ်စာကို သွားရပါမယ်။ အဆိုပါ ဝက်ဘ်ဆိုက်လိပ်စာကို ရောက်ပြီဆိုရင် Google Account User Name နဲ့ Password ကို ထည့်သွင်းပါ။
User Name နဲ့ Password ထည့်သွင်းပြီးပြီဆိုရင် မြေပုံနဲ့ ကိုယ်ပျောက်ဆုံးသွားတဲ့ ဖုန်းမော်ဒယ်အမျိုးအစားကို ဖော်ပြထားတာကို တွေ့ရပါလိမ့်မယ်။ ဖုန်းမော်ဒယ်ဘေးမှာ Locate device ဆိုတာကို ဖော်ပြပေးထားပြီး ၎င်းခလုတ်လေးကို နှိပ်လိုက်ပါက ပျောက်ဆုံးသွားတဲ့ဖုန်းဟာ ဘယ်နေရာမှာ နောက်ဆုံး အသုံးပြုခဲ့တယ်ဆိုတာကို အင်တာနက်ဖွင့်ထားတဲ့အခါတိုင်းမှာ ဖော်ပြပေးနေမှာပါ။ အဆိုပါ ဖုန်းမော်ဒယ်အောက်မှာ Ring, Lock, Erase ဆိုတာကို တွေ့ရမှာဖြစ်ပြီး၊ Ring ကို နှိပ်လိုက်ပါက ဖုန်းမြည်သံထွက်လာအောင် ပြုလုပ်ပေးမှာဖြစ်ပါတယ်။ Ring ဟာ ကိုယ့်ရဲ့ဖုန်းက မြေပုံထဲမှာကြည့်လို့ ရောက်ရှိတဲ့နေရာနဲ့ နီးနေတယ်ဆိုရင် အလွယ်တကူသိရှိနိုင်ရန်အတွက် Ring ကို နှိပ်လိုက်တာနဲ့ ဖုန်းမှာထည့်သွင်းထားတဲ့ Ringtone အသံကိုဖော်ပြပေးနေမှာပါ။ Lock ကို နှိပ်လိုက်ရင် Lock ပြုလုပ်ဖို့အတွက် Password box ကျလာမှာဖြစ်ပြီး၊ ၎င်း Password box မှာ ထည့်သွင်းချင်တဲ့ Password အသစ်ကိုထည့်သွင်းပြီး Lock Screen မှာတော့ ကိုယ်ပေါ်စေချင်တဲ့ message ကို ဖုန်းရရှိထားသူ မြင်နိုင်ရန်အတွက် Recovery Message ဆိုတဲ့နေရာမှာ Message ကို ထည့်သွင်းပေးနိုင်ပါတယ်။ ပြီးသွားရင် Lock ကို နှိပ်လိုက်တာနဲ့ ပျောက်ဆုံးသွားတဲ့ဖုန်းဟာ Lock ကျသွားမှာ ဖြစ်ပါတယ်။
Erase ကတော့ ကိုယ့်ရဲ့ဖုန်းကို ပြန်ရဖို့ အခြေအနေမရှိတဲ့အခါမျိုးမှာ ကိုယ့်ရဲ့အရေးကြီး အချက်အလက်တွေ အခြားသူ မမြင်နိုင်စေဖို့အတွက် တစ်ခါတည်း ဖျက်လိုက်တာမျိုးဖြစ်လို့ ဖုန်းပြန်လည်ရရှိနိုင်မယ့် အခွင့်အရေးရှိတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် Erase ကို ဖုန်း လုံးဝပြန်လည်ရရှိနိုင်တော့တဲ့ အခြေအနေမျိုး မဟုတ်တဲ့အခါမှာသာ အသုံးပြုသင့်ပါတယ်။
Ref: pcadvisor
By: သီဟ
Credit: Internet Journal

ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


July 10, 2015

ဆော့ဖ်ဝဲလ်မလိုပဲ ဆက်သွယ်မူဧရိယာပြင်ပရောက်နေပါတယ်လုပ်ရအောင်...


ဒီနည်းက CDMA ပဲရတာပါ GSM မရပါဘူး...Android ပဲရပါတယ်...မစမ်းမိပါစေနဲ့Framework ကိုထိခိုက်တာကြောင့် Factory reset ပြန်လုပ်ရပါလိမ့်မယ်...CDMA ဘယ် ANDROID ဖုန်းမဆိုရပါတယ် စမ်းသက်ပြီးသာပါ...-ဖုန်း dailer ကိုဖွင့်လိုက်ပါပြီးရင်ဒါလေးရိုက်ထဲ့လိုက် *#*#4636#* ဒါဆိုရင် phone ရဲ့ Testing ထဲကိုဝင်သွားပါပြီး...-ပြီးရင် Phone information ထဲကိုဝင်...-ပြီးရင် set preferred network type: ဆိုတဲ့စာကြောင်းကိုလိုက်ရှာလိုက်ပါ...-စပါပြီ CDMA auto (PRL) လို့တွေပါလိမ်မယ်...-ဒါက CDMA Network(EVDO) ကိုချိတ်ဆက်ထားခြင်းကိုဆိုလိုတာပါ..-ကိုယ်က EvDo only လို့ပြောင်းလိုက်ပါ...-ဖုန်းလိုင်ပျောက်သွားပါလိမ့်မယ် ကဲဒါဆိုဆက်သွယ်မှုဧရိယာပြင်ပဖြစ်သွားပါပြီဆော့ဖ်ဝဲမလိုတာကြောင့် သုံရတာအရန်အဆင်ပြေပါတယ်ဧရိယာပြင်ပဆိုတော့ကိုယ်အမှားမရှိတော့ဘဲကောင်းကောင်းဖီးလို့ရတာပေါ့...-ကဲပြန်ပြောင်ချင်ရင် ခုန EVDO only ကို CDMA auto (PRL) ပြန်ပြောင်လိုက်ပေါ့...ကဲဘော်ဘော်တို့ပျော်ပျော်ကြီးလိမ်နိုင်ကြပါစေ.....ကြိုးစာလျက်....


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ

July 08, 2015

Hack ပြီး 2 Step ခံသွားတဲ့ G-mail ကို ပြန်လိုက်နည်း


Wow…. Wow…. Wo…. ခေါင်းစဉ်က နည်းနည်းကြီးသွားပြီထင်တယ်ဖြစ်ပုံက ဒီလိုဗျ…. အသိတစ်ယောက်ရဲ့ COC Mail တစ်ခု th9 ကို maxလောက်ဖြစ်နေတာကို ရုတ်တရက်ကြီး Hack ခံလိုက်ရတယ်ဆိုလို့အကြောင်းကြားတာနဲ့ ပါသွားချိန် ၁ နာရီအတွင်းမှာ ပြန်လိုက်ကြည့်တယ်။ ပုံမှန်ရိုးရိုးMail ကို Recovery ဆွဲတဲ့ Methods နဲ့ပေါ့… အဲ့မှာ ကံဆိုးတာက Hackedသွားတဲ့လူက ထို Mail ကို သူ့ရဲ့ ဖုန်းနဲ့ 2 Step ခံသွားလိုက်တယ်လေ…ဒီတော့က ကျွန်တော်တို့ Mail ကို Recovery ဆွဲတဲ့ နည်းလမ်းမှာ 2 Stepခံထားတယ်ဆိုရင် ပုံမှန်အားဖြင့်တော့မလွယ်ကူပါဘူး။ ဘာလို့လည်း ဆိုတော့ G-mail ရဲ့ Security Team ကလည်း အရင်လိုမဟုတ်တော့ပဲတနေ့တခြား User Security ကို အလေးနည်းနည်းပေးလာတာကိုတွေ့ရပါတယ်။ကျွန်တော်မှတ်မိသလောက်ကတော့ G-mail ရဲ့ Feature တွေ Themesတွေပြောင်းလာပြီးကတည်းကပေါ့။ ဒီအကောင့်အတွက်ကံကောင်းတာတစ်ခုလို့ဆိုရမလား Hack သွားတဲ့ သူရဲ့ ပေါ့ဆမှုတစ်ကွက်လွတ်သွားတဲ့ အပေါက်တစ်ပေါက်ကျန်ခဲ့ပါတယ်။ အဲ့တာကတော့ ထိုပါသွားတဲ့ မေးလ်ပိုင်ရှင်ရဲ့မလေးရှားနိုင်ငံမှာ ကိုင်တဲ့ ဖုန်းနံပါတ် SIM တစ်ခုက မြန်မာပြည်မှာ ရှိနေလို့ဖြစ်ပါတယ်။ ဘယ်လို ပြန်ယူသလည်းဆိုတာကို ဆက်လက်ရှင်းပြပါ့မယ်။ထုံးစံအတိုင်းအရင်ဆုံး ကျွန်တော်တို့ G-mail login Page ကိုသွားပြီးပါသွားတဲ့ Mail နဲ့ Old Password ကို ရိုက်ထည့်လိုက်ပါမယ်။

                                                       

ထိုအခါမှာ Password မှားတယ်လို့ပြောမှာဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ အကောင့်ကပါသွားပြီး Password ပြောင်းခံလိုက်ရပြီလေ။ဒီတော့ ကျွန်တော်တို့က Forgot Password? ကိုနှိပ်လိုက်ပါမယ်။ဒါဆိုရင်တော့ အောက်ပါပုံအတိုင်း


ပေါ်လာတဲ့အခါမှာ သင့်ရဲ့ သုံးနေကျ Password (Old Password)ကိုရိုက်ထည့်လိုက်ရပါမယ်။ ဒီနေရာမှ အရေးကြီးပါတယ်။ သင့်အကောင့်ကို Recovery ပြန်ဆွဲဖို့အတွက် G-mail Security Team ရဲ့ Informationလိုအပ်ချက်ထဲမှာ အရေးကြီးတဲ့ တစ်ချက်ဖြစ်ပါတယ်။ ဒီတော့ကျွန်တော်တို့က Continue ကို နှိပ်လိုက်ပါမယ်။ထိုအခါအောက်ပါပုံအတိုင်းပေါ်လာမှာဖြစ်ပါတယ်။



ဒီနေရာမှာ ကျွန်တော်တို့က အကောင့်မပါသွားခင်တုန်းက မိမိရဲ့ အကောင့်ကို2 Step မခံထားခဲ့ပါဘူး။ ယူသွားတဲ့ လူက ခံသွားတာဖြစ်ပါတယ်။ဒါကြောင့် ကျွန်တော်တို့က Info ကို အတိအကျသေချာထည့်ပါမယ်။ ဒါကြောင့် မပါခင်က 2 Step မခံထားဘူးဆိုပြီး ရွေးချယ်ပြီး Continue ကို နှိပ်လိုက်ပါမယ်။



ဒါဆိုရင် အထက်ပါပုံအတိုင်း ပေါ်လာတဲ့အခါမှာ ကျွန်တော်တို့ကပါသွားတဲ့ Mailကို ပြန်လိုက်ဖို့အတွက် ဆက်သွယ်ရန် E-mail နေရမှာ မိမိ ပြန်လိုက်မယ့် Mailကို ထည့်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်က ကျွန်တော့မေးလ်တစ်ခုဖြစ်တဲ့Mr.zarnithannwynn@gmail.com ဆိုတာကိုရိုက်ထည့်လိုက်ပါတယ်။ နောက်တစ်ခုကတော့ မိမိ အကောင့်ကို ပြန်လိုက်ဖို့အတွက် လက်ခံခံထားတဲ့ ဖုန်းကိုဖြုတ်ဖို့နဲ့ မိမိကိုဆက်သွယ်ဖို့အတွက် ဖုန်းနံပါတ် ၂လုံးကို ထည့်လိုက်မှာဖြစ်ပါတယ်။ ပြီးသွား၇င်တော့ Continue ကိုနှိပ်လိုက်ပါမယ်။ဒါဆိုရင်တော့အောက်


ပါပုံအတိုင်း


ပေါ်လာပြီဆိုရင် ကျွန်တော်တို့က မိမိအကောင့်ကို နောက်ဆုံး ၀င်သွားတဲ့နေ့၊ လ၊ ခုနှစ်ကို အတိအကျထည့်ပါမယ်။ ဒီနောက် မိမိအကောင့်ကို ဘယ်လ ၊ ဘယ်နှစ်က ဖွင့်ခဲ့တာလည်း ဆိုတာကိုလည်း ခန့်မှန်း အနီးစပ်ဆုံးဖြစ်အောင်ထည့်ပါမယ်။ ပြီးသွားရင်တော့ Continue ကို နှိပ်လိုက်ပါမယ်။ပြီးသွားရင်တော့


အောက်ပါပုံအတိုင်းပေါ်လာရင် ကျွန်တော်တို့ ယခင်က တော်တော်များများလက်လျော့သွားကြတဲ့နေရာပါ။ ဒီနေရာမှာ တစ်ခု ကျွန်တော် အထူးသတိပေးချင်ပါတယ်။ဒီနည်းလမ်းက Security အရ Recovery ပြန်ဆွဲတာဖြစ်တဲ့အတွက်ကြောင့်မိမိတို့ရဲ့နူးညံ့သိမ်မွေ့တဲ့ စိတ်ထားကလေးတွေကို လမ်းကြောင်းပြောင်းသွားပြီး မကောင်းတဲ့ဘက်ကို မရောက်သွားမိစေဖို့ပါပဲ။ အထူးသဖြင့် တကယ်အခက်အခဲရှိတဲ့ လူတွေကိုကူညီပေးဖို့ တိုက်တွန်းချင်ပါတယ်။ လမ်းကြောင်းမမှားကြဖို့ အထူး သတိပေးပါတယ်။ကဲဆက်သွားမယ်။ အောက်မှာ အနီရောင်လိုင်းတားထားတဲ့ နေရာကို နှိပ်လိုက်ပါမယ်။ဒါဆိုရင်တော့


I Don’t Known My Password နဲ့ မိမိ ပါသွားတဲ့အကောင့်ကိုရိုက်ထည့်လိုက်ပါမယ်။ဒီနေရာမှာ အပေါ်ကလုပ်ဆောင်ချက်တွေအတိုင်းပြန်လုပ်ရမှာဖြစ်ပါတယ်။ စာမရေးတော့ပဲ ပုံလေးတွေအစဉ်လိုက်ပြသွားပါ့မယ်။



ဒီ့နောက်တော့ ကျွန်တော်တို့က လက်မလျှော့ပါနဲ့ မိမိ အကောင့်ထဲကို တစ်ချက်လောက်ပြန်စစ်ကြည့်လိုက်ပါဦး။ ဒီနေရာမှာ လက်ရှိ G-mail ရဲ့ Weak Point လေးတစ်ခုပါပဲ……



ခုနက ဆွဲလိုက်တဲ့အကောင့်ကို Reset Link ပြန်ချပေးလိုက်ပါတယ်။ဒီကနေပဲတစ်ဆင့်ရှေ့ဆက်ပီးလုပ်သွားပါမယ်။ ဒီနေရာမှာ ကျွန်တော်က Privacy တွေပါနေလို့ ပုံတွေမချပြတော့ပါဘူး ခိုးသွားတဲ့သူရဲ့ Info တွေတော့ပြောပေးပါ့မယ်။ထိုသူက လက်ရှိအကောင့်ရဲ့ Recovery Mail ကို သူ့ရဲ့ mrbrillianto@yahoo.comဆိုတဲ့မေးလ်နဲ့ ပြောင်းသွားပြီး သူ့ဖုန်းနံပါတ် +6282257801076 ဆိုတဲ့ ဖုန်းတွေနဲ့ပြောင်းလဲသွားတာဖြစ်ပါတယ်။ ဒီနေရာမှာ အကောင့်ပိုင်ရှင်ကံကောင်းတာက သူ့ရဲမလေးနိုင်ငံမှာသုံးတဲ့ဖုန်းတစ်လုံး ကျန်ခဲ့တာဖြစ်ပါတယ်။ ထိုနံပါတ် +60 13 XXXXXXဆိုတဲ့ နံပါတ်ကို ပြန်ထည့်ပီး Confirm Code ကို ပြန်ယူတာဖြစ်ပါတယ်။ Confirm Codeကို ပြန်ယူတဲ့အခါမှာလည်း မိမိက နိုင်ငံခြားက ဖုန်းကို မြန်ာမပြည်ထဲမှာ သုံလို့မရဘူးလို့အများက သိထားတာဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချက်ကသတိမထားမိတာက မိမိဖုန်းမှာ Dual SIM ဆိုရင် နှစ်သက်ရာ SIM Slot တစ်ခုခုမှာထည့်ပြီး မြန်မာပြည်ရဲ့ ဖုန်းမှအင်တာနက်ကိုဖွင့် Mobile Setting မှာ Roaming Services ကိုဖွင့်ပေးထားရင်ထို နိုင်ငံခြားကဒ်က SMS လာဖို့အတွက် အလုပ်လုပ်ပါတယ် ။ ဒီလိုနဲ့ပဲ ခုနကမလေးက ဖုန်းနံပါတ်ကို Confirm Code လာတော့ အလွယ်တကူပင်ပြန်လည်ရယူပြီးတော့မိမိ အကောင့်ကို ပြန်လည်သိမ်းဆည်းနိုင်ပါတယ်။ ဒီတော့မှ ကျွ်နတော်တို့က မိမိအကောင့်ကို ဘယ်သူ၊ ဘယ်နေရာကနေ ၊ ဘာ Devices သုံးသွားလည်းဆိုတာကို ဆက်လက်ကြည့်လိုက်ပါတယ်။ဒီလိုကြည့်ဖို့က မိမိ Mail ရဲ့အောက်ဆုံးထောင့်နားမှာရှိသော Details ဆိုတာကိုနှိပ်လိုက်ပြီး ကြည့်တာဖြစ်ပါတယ်။ ဒီအခါမှာ


အထက်ပါပုံအတိုင်း မိမိ အကောင့်ကို ဘယ်အချိန် ဘယ်နေရာကနေ ဘယ် IPသုံးပီးဝင်သွားသလည်း ဆိုတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ IP သိပြီဆိုတော့မှကျွန်တော်တို့က ထို IP အရ Location ကဘယ်နားကဆိုတာကို ခန့်မှန်းသိနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ထို 139.228.88.79 ဆိုတဲ့ IP ကိုကူးယူပြီးတော့www.whatismyipaddress.com မှာ IP Lookback နဲ့ ကြည့်လိုက်ပါမယ်။ဒါဆိုရင် သူ့ရဲ့ Location ကို


 
အထက်ပါပုံအတိုင်း ဖော်ပြပေးမှာဖြစ်ပါတယ်။ ဒီနေရာမှာ ထိုသူက IP ကိုHide ထားတယ်ဆိုရင်တော့ ချွင်းချက်ပေါ့ဗျာ……နောက်ပြီး ဒီအကောင့်ကိုhack သွားတဲ့သူကလည်း ပါသွားတဲ့လူထံကို "မင်းအကောင့်ပြန်လိုချင်ရင်USD 50 ပေးရင်ပြန်ရမယ်" ဆိုပြီး ပြောလာတာဖြစ်ပါတယ်။ဒါကြောင့် ပါပြီး ပြီးချင်း မိမိ ရဲ့ Information အတိအကျကို တတ်သိနားလည်တဲ့လူထံ အကူညီတောင်းပြီး ပြန်လည်ရယူနိုင်ပါတယ်။.......ကဲ ဒီလောက်ဆို အဆင်ပြေမယ်ထင်တယ်။ ကျွန်တော် ထပ်ပီး အသေးစိတ်ရေးလိုက်ရင် စာဖတ်သူအချို့မှာ ကောင်းသော အမြင်ကို ရနိုငသလို အချို့မှာလည်း မကောင်းသော အမြင်ကိုရသွားမှာပါ။ စိုးရိမ်တာက အချို့နေရာလေးတွေ Hide ထားခဲ့ပါတယ်။ဘာလို့လည်းဆိုတော့ လမ်းမှားကိုရောက်သွားမှာစိုးလို့ပါ။ ထို Hide ထားတာလေးတွေကို သိလိုပါက ကျွန်တော့ရဲ့ Official account ဖြစ်တဲ့www.facebook.com/CZarni.86 မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။မရှင်းလင်းမှုများအတွက်လည်း အချိန်မရွေးမေးမြန်းနိုင်ပါတယ်။

လေးစားစွာဖြင့်....Cristiano Zarni@ဦးဇာနည်


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


July 03, 2015

Printer Sharing အကြောင်း

                              
Printer Sharing အကြောင်းကိုမပြောခင် ဘာကြောင့်Printer Sharing ကိုအသုံးပြုရသလည်းဆိုတာလေးကို
အမြည်းပြောပြချင်ပါတယ်။ ကျွန်တော်တို့ ရုံးဌာနတစ်ခုသို့မဟုတ် အဖွဲ့အစည်းတစ်ခုမှာ ကွန်ပျူတာတွေအသုံး
ပြုတယ်ဆိုတဲ့အခါမှာ ဘယ်ဌာနကမှ လက်ရှိရုံးထဲမှာရှိတဲ့Computer တိုင်းအတွက် Printer တစ်လုံးစီ မ၀ယ်ပေးတတ်ကြပါဘူး။ ဒီအခါမှာ ကျွန်တော်တို့က ဘယ်လောက်ပဲ ကွန်ပျူတာတွေများများ ရှိနေတဲ့ Printer တစ်လုံးတည်းကိုပဲ မျှဝေသုံးစွဲကြရပါတယ်။ ဒါကြောင့် မျှဝေသုံးစွဲခြင်းဆိုတဲ့ အခေါ်အဝေါ်အရ Sharing ဆိုတာဖြစ်လာတာပါပဲ။ ကဲစလိုက်ရအောင် ဘယ်လို Printer အမျိုးအစားပဲဖြစ်ဖြစ် ယခုပြောမယ့် အကြောင်းအရာအတိုင်းပဲလုပ်ဆောင်ဖန်တီးနိုင်ပါတယ်။အရင်ဆုံး ကျွန်တော်တို့




Start ထဲက Devices and Printersဆိုတဲ့ထဲကိုဝင်လိုက်ပါမယ်။ဒီနောက်မှာတော့ မိမိက Share ချင်တဲ့ Printer အမျိုးအစားပေါ်မှာ Right Click ထောက်ပြီး Printer Properties ထဲဝင်လိုက်ပါမယ်။





ဒါဆိုရင်တော့ အောက်ပါပုံအတိုင်း



မှ Sharing Tab ကိုသွားပါမယ်။ ထို့နောက် Share this printerဆိုတဲ့နေရာမှာ အမှန်ခြစ်လေးပေးလိုက်ပါမယ်။ဒါဆိုရင် မိမိကွန်ပျူတာမှနေပြီး Printer ကို Share ပြီးသွားပါပြီ။ ဒါဆိုရင် ကျွန်တော်တို့ကအခြားကွန်ပျူတာကနေ ၀င်ရောက်သုံးစွဲနိုင်ရန် လုပ်ဆောင်ရဦးမှာပါဒါကြောင့် အခြားကွန်ပျူတာမှာအရင်ဆုံး Notepad ကိုဖွင့်လိုက်ပါမယ်။



ထို့နောက် ကီးဘုတ်ကနေပြီးတော့ Ctrl+P (Print) ကိုနှိပ်လိုက်ပါမယ်။



ထို့နောက် အထက်ပါပုံအတိုင်းမှ Find Printer ကိုနှိပ်လိုက်ပမယ်။


ဒါဆိုရင် ကျွန်တော်တို့က Network ထဲမှာ Printer Sharing ပေးထားတဲ့ စက်နာမည်ကိုရွေးလိုက်ပါမယ်။ မှာက MAYHNIN ဆိုတဲ့စက်ထဲမှာ Share ထားတာပါ ဒါကြောင့်ကျွန်တော့် Network ထဲMAYHNIN ထဲကိုဝင်လိုက်ပါတယ်။

ဒီအခါမှာ ခုနက Share ထားတဲ့ Canon LBP2900 ဆိုတာကိုတွေ့ပါပြီဒါကိုကျွန်တော်တို့က Select လုပ်ပေးလိုက်ပါမယ်။



ဒီအချိန်မှာတော့အထက်ပါပုံအတိုင်း သင့်ရဲ့ စက်ထဲကို MAYHNINစက်ထဲက Share ပေးထားတဲ့ Printer ကိုတွေ့ရမှာ ဒါဆိုရင် သင့်စိတ်ကြိုက် Print ထုတ်တဲ့အခါ



အလွယ်တကူပဲ အဆင်ပြေပြေ Printing လုပ်နိုင်မှာဖြစ်ပါတယ်။အားလုံးပဲအဆင်ပြေမယ်လို့လည်းယုံကြည်မျှော်လင့်ပါတယ်။

လေးစားစွာဖြင့်
ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ