Our social:

June 20, 2015

Xiaomi Mi 4i

o-14

တရုတ်နိုင်ငံရဲ့ ထိပ်တန်းစမတ်ဖုန်းထုတ်လုပ်သူ Xiaomi ရဲ့ ထိပ်တန်း အကောင်းစားစာရင်းဝင် Flagship status ဖုန်း ဖြစ်ပါတယ်။ တည်ဆောက်မှုပုံစံအရမ်းလှပပြီး ပါလျကျစ်လျစ်တစ်ဆက်တစ်စပ်တည်းဖြစ်တဲ့ကိုယ်ထည် Ultra-compact uni-body design နဲ့ ပေါ့။ နာမည်ကြီး play တွေထုတ်လုပ်သူ sharp နဲ့ DJI က တစ်သီးတစ်သန့်မှာယူတဲ့ premium 5″ full HD 1080p play ကို အသုံးပြုထားပါတယ်။

ရောင်ခွင်အတိုင်းအတာကျယ်ပြန့်မှု color gamut အားဖြင့် NTSC 95% ဖြစ်တာကြောင့် NTSC 72% သာရှိတဲ့ iPhone 6 ထက်သာပါတယ်။ 95% color gamut ကိုမှ contrast ပိုပြတ်သား လာအောင် Full Lamination technology နဲ့ ပံ့ပိုးပေးထားပါတယ်။ ဖုန်းအတော်များများက နေရောင်ပြင်းပြင်းထဲမှာကြည့်ရင် လုံးဝမဲမှောင်သွားပေမယ့် Mi4 ရဲ့ play ကတော့ အလင်းရောင်ပြင်းအား အပြင်းအပျော့ပေါ်မူတည်ပြီး contrast adjust လုပ်ပေးနိုင်တဲ့ Sunlight play အမျိုးအစားပါ။ specs အပိုင်းမှာလည်း 2nd gen Snapdragon 615 Octa-Core 64bit processor တပ်ဆင်ထားပါတယ်။

64-bit performance ဖြစ်တာကြောင့် 32-bit processor တွေထက် (၂) ဆပိုမြန် ပါတယ်။ Snapdragon 615 CPU ဟာသူ့ရှေ့ model တွေထက်ပိုမြန်ပြီး performance cores (၄)ခုက clocking 1.7GHz နဲ့ power saving core (၄)ခု 1.1GHz နဲ့ အလုပ်လုပ်ပေးတာကြောင့် multitasking အတွက် ကောင်းသလို application ရဲ့ တောင်းဆိုချက်တွေအပေါ် အလိုက်သင့်တုံ့ပြန်ဖြည့်ဆည်းပေးနိုင်ပါတယ်။ graphics အတွက် Adreno 405 GPU တပ် ဆင်ထားတာကြောင့် 3D gaming အတွက်နောက်ဆုံးပေါ် standard ဖြစ်တဲ့ OpenGL ES 3.0 ကို ထောက်ပံ့ပေးထားပါတယ်။


ဒါကြောင့် Mi 4 ပေါ်မှာGraphics ပမာဏများစွာကိုင်တွယ်ရ တဲ့ intense 3D games တွေ ဆော့ကစားနိုင် ပါမယ်။ Android 5.0 lollipop, MIUI 6 တို့ တပ်ဆင်မောင်းနှင်ထားပါတယ်။ ကင်မရာပိုင်းမှာလည်း အထူးအဆင့်မြင့်မောင်းနှင် ထားပါတယ်။ Sony နဲ့ Samsung က ထုတ်လုပ်တဲ့ 13MP sensor, F= 2.0 lens တပ်ဆင်ထားတယ်။ ပတ်ဝန်းကျင်ရဲ့ အလင်းအမှောင်အနည်းအများပေါ်မူတည်ပြီး color temperature ပြည့်ဖို့ အလင်းအားကိုလိုသလောက်သာ ထုတ်လုပ်ပေး နိုင်တဲ့ tone flash လျှပ်တစ်ပြက်မီး ပါရှိပြီး ရှေ့ဖက်မှာတော့ ကိုယ့် ပုံကိုယ်ရိုက် Selfie သမားတွေအတွက် 5MP ကင်မရာထည့်သွင်းပေး ထားပါတယ်။

ဖုန်းလိုင်းချိတ်ဆက်နိုင်မှုနဲ့ပတ်သက်ရင် 4G Dual SIM GSM 3G, 2G ဖုန်းလိုင်းတွေနဲ့လည်း ချိတ်သုံးနိုင်မယ်။WiFi ချိတ်ဆက်မှုအတွက် WiFi n ထက် (၂) ဆပိုမြန်ပြီး multi user သုံးနိုင်မယ့် 802.11 ac standard ဖြစ်တာကြောင့် Full HD video streaming လုပ်နိုင်စွမ်းရှိလာပါမယ်။ Bluetooth 4.0 ထက်စွမ်းအင်စား ပိုသက်သာတဲ့ Bluetooth 4.1 စနစ်ပါတယ်။ သိုလှောင်အား 3120 mAh ဘက်ထရီတပ်ဆင်ထားတာကြောင့် ပုံမှန်သုံးမယ်ဆိုရင် တစ်ရက်ခွဲလောက်ခံပါတယ်။



ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ



0 comments:

Post a Comment