Our social:

July 11, 2015

သင့်ရဲ့ Facebook News Feed ပေါ်မှာ အလိုရှိရာ Friends နဲ့ Pages များရဲ့ Posts များကို အရင်ဆုံး မြင်တွေ့ရစေနိုင်မယ့် See First လုပ်ဆောင်ချက်အား iOS ပေါ်၌ စတင်သုံးစွဲနိုင်ပြီဖြစ်


Facebook ရဲ့ News Feed လို့ခေါ်တဲ့ မိတ်ဆွေသူငယ်ချင်း Friends များနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာများ Like လုပ်ထားတဲ့ Page များထံမှ သတင်းအချက်အလက်များကို ဖော်ပြပေးနေတဲ့ ပင်မစာမျက်နှာကို အားလုံး သိကြမှာပါ။ ဒါ့ပေမယ့် ဒီ News Feed ပေါ်မှာ ဘယ်သူ့ရဲ့ ဘယ်အကြောင်းအရာတွေကို သင်ဦးစွာ မြင်ရအောင် အရေးပေး ဖော်ပြပေးသလဲ ဆိုတာကိုတော့ Facebook ရဲ့ Algorithm (တွက်ချက်မှုစနစ်) က ဆုံးဖြတ်ပေးနေပါတယ်။

အဓိပ္ပါယ်ကတော့ သင့်ရဲ့ Friends တွေနဲ့ Like လုပ်ထားတဲ့ Page တွေရဲ့ Post တွေကို News Feed ပေါ်မှာ သင်မြင်ရအောင် ဆုံးဖြတ်ပေးနေတာက New Feed ရဲ့ Algorithm ဖြစ်ပြီး သင့်အနေနဲ့ စိတ်ဝင်စားမှု မရှိလို့ Unfollow လုပ်ခြင်းမှတစ်ပါး အခြား ရွေးစရာ မရှိခဲ့ပါဘူး။

ယနေ့မှာတော့ Facebook ဟာ သင့်ရဲ့ News Feed ကို သင့်စိတ်ကြိုက် ထိန်းချုပ်နိုင်စေမယ့် “See First” ဆိုတဲ့ လုပ်ဆောင်ချက် အပါအဝင် လုပ်ဆောင်ချက် ၄ ခုကို မိတ်ဆက်ပေးခဲ့ပါတယ်။ လတ်တလောမှာတော့ ဤလုပ်ဆောင်ချက် ၄ ခုဟာ iOS သုံး Device များ၌သာ သုံးစွဲလို့ ရဦးမှာဖြစ်ပြီး Android Device များနဲ့ Desktop များအတွက်တော် သတင်းပတ် အနည်းငယ်အတွင် အသုံးပြုနိုင်မယ်လို့ သိရှိရပါတယ်။

“Priority who to see first” လုပ်ဆောင်ချက်ကတော့ သင့် အလိုရှိရာ Friends များနဲ့ Page များရဲ့ Post များကို News Feed ရဲ့ ထိပ်ဆုံးမှာ Facebook ဖွင့်လိုက်တာနဲ့ မလွတ်တမ်း ပေါ်နေစေဖို့ ပြုလုပ်နိုင်မှာ ဖြစ် ပါတယ်။ နောက်တစ်ခုကတော့ “Unfollow people to hide their posts” လုပ်ဆောင်ချက်ဖြစ်ပြီး မိမိ မတွေ့မြင်လိုသည့် Friends များ၏ Post များ News Feed ပေါ်တွင် ပေါ်မလာစေရန် အလွယ် တကူ ရွေးချယ်ကန့်သတ် ပေးနိုင်မှာ ဖြစ်ပါတယ်။ အခြားတစ်ဖက်မှာတော့ “Reconnect with people you unfollowed” လုပ်ဆောင်ချက်က သင် တစ်ချိန်တစ်ခါက “Unfollow” လုပ်ထားခဲ့တဲ့ Friend များကို News Feed ပေါ်မှာ ပြန်ပေါ်လာစေဖို့ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

နောက်ဆုံးဖြစ်တဲ့ “Discover new Pages” လုပ်ဆောင်ချက်ကတော့ စိတ်ဝင်စားဖွယ်ရာ Page အသစ်များကို ရှာဖွေပြီး Like လုပ်နိုင်စေမှာ ဖြစ်ပါတယ်။ သင်ရဲ့ လက်ရှိ Like လုပ်ထားတဲ့ Page များပေါ် မူတည်ပြီးတော့ အလားတူ Page များကို ရှာဖွေတွေ့ရှိ နိုင်အောင် စီစဉ်ပေးထားခြင်း ဖြစ်ပါတယ်။

အတိုချုပ် အားဖြင့်တော့ News Feed အား ထိန်းချုပ်ပေးမယ့် ယခု လုပ်ဆောင်ချက် အသစ် ၄ ခု ဟာ သင့် Facebook News Feed မှာ သင့်အတွက် အရေးပါတဲ့ Friends များနဲ့ Page များရဲ့ Post များကို ထိပ်ဆုံးမှာ ဖော်ပြပေးမှာဖြစ်လို့ အရေးကြီး အချက်အလက်များကို မတွေ့လိုက်ရာမှာကို ပူစရာ မလိုတော့ ပါဘူး။ လက်ရှိ News Feed Preferences ထက် များစွာ ရိုးရှင်းလွယ်ကူလာမှာ ဖြစ်ပါတယ်။

News Feed ရဲ့ Algorithm ဟာ အလွန်ရှုပ်ထွေးလှပြီး Post တစ်ခုရဲ့ သင့်အပေါ် အကျိုးသက်ရောက်မှု၊ အရေးပါမှုနဲ့ စိတ်ဝင်စားနိုင်မှု စသည်ဖြင့် အချက်အလက်ပေါင်း များစွာတို့ကို တွက်ချက်ပေး ပြီး ဖော်ပြပေးနေခြင်း ဖြစ်ပါတယ်။ ယခင်က ကွန်ပြူတာနဲ့ သုံးတဲ့အခါမှာ News Feed ကို နောက်အကျဆုံး (most recent) Post များကို အရင်ဆုံး မြင်ရအောင် စီစဉ်ပေးနိုင်တဲ့ လုပ်ဆောင်ချက် ရှိပေမယ့် Mobile ပေါ်မှာ အသုံးပြုတဲ့ အခါမှာတော့ ယင်းလုပ်ဆောင်ချက်ဟာ အသုံးပြုရ ခက်ခဲနေပါတယ်။

အသုံးပြုပုံ အဆင့်များမှာ -
၁) သင့်၏ iOS Device မှ Facebook ထဲသို့ ဝင်လိုက်ပါ။
၂) ညာဖက် အောက်ထောင့်၌ရှိသည့် More အား နှိပ်လိုက်ပါ။
၃) အောက်ဖက်သို့ Scroll Down လုပ်ပြီး News Feed Preferences ကို ရှာပြီး နှိပ်လိုက်ပါ။
၎) အထက်မှာ ဖော်ပြထားတဲ့ လုပ်ဆောင်ချက် ၄ ခုထဲမှ နှစ်သက်ရာကို ရွေးချယ်ပြီး အသုံးပြုပါ။

Link - http://mmconsumerguide.com/?p=6215




ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ



0 comments:

Post a Comment