Our social:

July 10, 2015

Samsung Galaxy Tab A 8.0 ရဲ့အားနည်းချက် ၊ အားသာချက် ၊ သုံးသပ်ချက် နှင့် အသေးစိတ်ဖော်ပြချက်များ



တန်ဖိုး - ကန်ဒေါ်လာ ၁၉၉
အားသာချက်
Premium App တွေထည့်သွင်းပေးထားပြီး ဈေးနှုန်းပိုင်းလည်း မျှတအောင် စီစဉ်ပေးထားတဲ့ Tablet အမျိုးအစားတစ်ခုဖြစ်ပြီး microSD Card ကို 128GB အထိ ထည့်သွင်းအသုံးပြုနိုင်စေရန် စီစဉ်ပေး ထားတဲ့ tablet အမျိုးအစားတစ်ခုလည်း ဖြစ်ပါတယ်။

အားနည်းချက် 
အသံပိုင်းမှာ စပီကာတစ်လုံးတည်း အသုံးပြုထားတဲ့အတွက် အသံပိုင်းမှာ အနည်းငယ် အားရ ဖွယ် ရှိမှာမဟုတ်သလို ပလတ်စတစ်ကိုယ်ထည်နဲ့ တည်ဆောက်ထားတဲ့အတွက် ဈေးပေါတယ်လို့ ခံစားမှု ရှိစေမှာဖြစ်ပါတယ်။

သုံးသပ်ချက်
ဈေးနှုန်းမျှတပြီး ၈ လက်မ အရွယ်အစားရှိတဲ့ tablet တစ်ခုဖြစ်တဲ့အတွက် သုံးစွဲသူတွေ စိတ်တိုင်းကျစေမယ့် tablet တစ်လုံးလည်း ဖြစ်ပါတယ်။ ပါးလွှာတဲ့ ဒီဇိုင်းပုံစံနဲ့ ဖွဲ့စည်းထားတာကို တွေ့မြင်ရ မှာဖြစ်ပြီး ကင်မရာပိုင်းကလည်း ဓာတ်ပုံရိုက်ဝါသနာပါသူများအတွက် နှစ်သက်စေမှာဖြစ်ပါတယ်။


အသေးစိတ်ဖော်ပြချက်
Quad Core Processor ကို အသုံးပြုထားပြီး၊ Processor ရဲ့ အမြန်နှုန်းကတော့ 1.2 GHz ရှိမှာ ဖြစ်ပါတယ်။ RAM ကို 1.5GB ထည့်သွင်းပေးထားပြီး အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 16GB ပမာဏရှိတဲ့ Storage ပါဝင်မှာဖြစ်ပါတယ်။ Tablet ကို အသုံးပြုနိုင်ဖို့အတွက် အသုံးပြုထားတဲ့ System ကတော့ Android 5.0 Version ကို အသုံးပြုထားပြီး Display Screen မှာ TFT capacitive Touchscreen ကို အသုံးပြုထားပါတယ်။ Resolution ကတော့ 1024 x 768 resolution ရှိမှာ ဖြစ်ပါတယ်။ Screen အရွယ်အစားမှာ ၈လက်မ ခန့်ရှိမှာဖြစ်ပြီး အသံပိုင်းမှာတော့ စပီကာတစ်လုံးတည်းကိုသာ အသုံးပြုထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ကင်မရာပိုင်းမှာလည်း rear camera မှာ 5 Megapixels ရှိမှာဖြစ်ပြီး Front Camera ကတော့ 2 Megapixels ရှိမှာဖြစ်ပါတယ်။ ဘက်ထရီကို Li-lon အသုံးပြုထားပါတယ်။ ဘက်ထရီရဲ့ သိပ်သည်းဆကတော့ 4200mAh ရှိမှာဖြစ်ပါတယ်။

ဒီဇိုင်း
microSD Card ထည့်သွင်းတဲ့ Slot ကို ညာဘက်အခြမ်းဘောင်ဘေးမှာ ထည့်သွင်းထားပြီး USB Port, Microphone Jack Pin နဲ့ စပီကာတို့ကို tablet ရဲ့ အောက်ခြေမှာ ထည့်သွင်းပေးထားတာ ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Ref : CNET
Credit to ==> Internet Journal
ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ



0 comments:

Post a Comment