Our social:

July 10, 2015

BlackBerry က iOS နှင့် Android ရှိ သူ၏ Messenger တွင် Private Chat Feature ကို ထည့်သွင်းပေး


BlackBerry က သူ၏ BlackBerry Messenger တွင် Private Chat Feature ကို ထည့်သွင်းပေးလိုက် ပါသည်။ Private Chat ကို အသုံးပြုလျှင် အသုံးပြုသူ၏ အမည်နှင့် Profile Picture ကဲ့သို့ သတင်း အချက်အလက်များကို ဖွက်ထားပေးမည် ဖြစ်သည်။ Private Chat သည် အချိန်အနည်းငယ်အကြာတွင် အလိုအလျှောက် ပိတ်ပေးမည်ဟု BlackBerry က ပြောပါသည်။

Private Chat ကို အသုံးပြုရန် တစ်လလျှင် ၀.၉၉ ဒေါ်လာ ပေးသွင်းရမည့် Privacy and Control Subscription ကို ၀ယ်ယူရမည် ဖြစ်သည်။ အဆိုပါ ၀န်ဆောင်မှုတွင် အချိန်ကြိုတင်သတ်မှတ်၍ Message ပေးပို့နိုင်သော စွမ်းဆောင်ချက်၊ ပေးပို့လိုက်သော Message ကို Cancel ပြုလုပ်သည့် စွမ်းဆောင်ချက်များအပြင် Private Chat စွမ်းဆောင်ချက်တို့ ပါရှိပါသည်။

Android အတွက် BBM ကို မကြာမီကပင် Material Design အဖြစ် ပြုလုပ်ပေးခဲ့ပြီး ယခုအခါ စတစ်ကာများနှင့် Quote Message များကို ပေးပို့နိုင်ပါသည်။ Private Chat ကို iOS , Android နှင့် BlackBerry 10 Device များတွင် အသုံးပြုနိုင်ပြီ ဖြစ်သည်။

Credit to ==>Myanmar Digital Life Journal


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ



0 comments:

Post a Comment