Our social:

July 07, 2015

Huawei P8 ရဲ့ အားသာချက် ၊ အားနည်းချက် ၊ ဒီဇိုင်း ၊ နည်းပညာ နှင့် အသေးစိတ်ဖော်ပြချက်များ



Device Support - Huawei
Price - 529,000 Ks

အားသာချက်
ဖုန်းမှာဖွဲ့စည်း တည်ဆောက်ထားတဲ့ CPU, GPU အစရှိတဲ့ Hardware စနစ်တွေ ကောင်းမွန်ပါတယ်။ ကင်မရာပိုင်းမှာ ကောင်းမွန်ပြီး DSLR ဓာတ်ပုံကင်မရာ တွေမှာအသုံးပြုတဲ့ Timelapse, Light Painting အစရှိတဲ့ ကင်မရာ အသုံးပြုစနစ်တွေကို ဒီဖုန်းမှာမြင်တွေ့ နိုင်မှာဖြစ်ပါတယ်။ Screen ပိုင်းမှာလည်း နည်းပညာသစ်တစ်ခုကို ပေါင်းစပ်အသုံးပြု လာခဲ့တာကို မြင်တွေ့ကြရမှာဖြစ်ပြီး ကြည်လင်တောက်ပ တဲ့ မြင်ကွင်းကို ခံစားနိုင်မှာပါ။

အားနည်းချက်
ဖုန်းဟာ Sim Card နှစ်ခု အသုံးပြုနိုင်တဲ့ Dual Sim ဖုန်းအမျိုးအစား ဖြစ်ပေမယ့် Sim Card Slot တစ်ပေါက်ဟာ SD Card နဲ့အတူ တွဲထားတာဖြစ်တဲ့အတွက် မှတ်ဉာဏ်အတွက် SD ကတ်ကို အသုံးပြုတဲ့အချိန်မှာ Sim Card တစ်ကတ်ကို ထုတ်ထားရမှာဖြစ်ပြီး Sim Card နှစ်ကတ်လုံး ထည့်သွင်းအသုံးပြုမယ် ဆိုရင်တော့ Memory Card ကို အသုံးပြုလို့ရမှာ မဟုတ်ပါဘူး။

ဒီဇီုင်း
လေးထောင့်ဆန်ဆန် ပုံစံမျိုးမှာရှိနေပြီး ဘေးဘောင်တွေဟာလည်း ပါးလွှာတဲ့အတွက် မျက်နှာပြင် အပြည့်ပုံစံမျိုး မြင်တွေ့ရမှာပါ။ ဖုန်းရဲ့ကိုယ်ထည်ဟာ သတ္တုကိုယ်ထည်နဲ့ ဖွဲ့စည်းတည်ဆောက် ထားတာဖြစ်ပြီး ချောမွေ့တောက်ပြောင်တဲ့ ပုံစံမျိုးရှိပါတယ်။ ဖုန်းတစ်ခုလုံးရဲ့အရွယ်အစားကတော့ အထက်အောက်အမြင့် ၁၄.၄၉ စင်တီမီတာရှိပြီး ဘေးတိုက် အကျယ်ကတော့ ၇.၂၁ စင်တီမီတာ ရှိပါတယ်။ ထုထည်ကတော့ ၀.၆၄ စင်တီမီတာ ဖြစ်တဲ့အတွက် ပါးလွှာတဲ့ ဖုန်းအမျိုးအစားလို့ ဆိုနိုင်ပြီး အလေးချိန်ကလည်း ၁၄၄ ဂရမ်ဖြစ်တဲ့အတွက် အလေးချိန်လည်း ပေါ့ပါးပါတယ်။ ဖုန်းရဲ့ပုံစံဒီဇိုင်းနဲ့ အရွယ်အစားဟာ ကိုင်တွယ်အသုံးပြုချိန်မှာ အံဝင်ခွင်ကျရှိနေပြီး ဆွဲဆောင်မှုရှိတဲ့ ပုံစံမျိုးရှိပါတယ်။

နည်းပညာ
P8 ရဲ့ကင်မရာဟာ DSLR ဓာတ်ပုံကင်မရာတွေမှာ အသုံးပြုတဲ့ စနစ်မျိုးတွေဖြစ်တဲ့ Time-lapse နဲ့ Light Painting လို စနစ်မျိုးတွေထိ ရိုက်ကူးနိုင်အောင် ပြုလုပ်ပေးထားတာ တွေ့ရပါတယ်။ Light Painting စနစ်ကို ရိုက်ကူးဖို့အတွက် ဆိုရင်တော့ ဖုန်းကို Tripod လိုအရာမျိုးနဲ့ တည်ငြိမ်အောင် ထားရှိနိုင်ရင် အကောင်းဆုံး ဓာတ်ပုံတွေကို ဖန်တီးနိုင်မှာပါ။ မှောင်မည်းနေတဲ့ နေရာတစ်ခုမှာ အလင်းရောင်တန်းတွေကို ကစားပြီး ဓာတ်ပုံရိုက်နိုင်တဲ့ စနစ်ဖြစ်ပါတယ်။ ဒီလိုရိုက်တဲ့ ဓာတ်ပုံတွေဟာ အလင်းတန်းတွေနဲ့ ပန်းချီဆွဲထားသလို ပုံစံမျိုးရရှိလာမှာ ဖြစ်ပါတယ်။ Time-lapse ဆိုတာကတော့ သွားနေတဲ့ ကားမီးတန်းလို အရာမျိုးတွေ၊ တိမ်တွေရဲ့ ရွေ့လျားမှုပုံစံအစ ရှိတာတွေကို ရိုက်ကူးတဲ့နည်း စနစ်တစ်ခုဖြစ်ပါတယ်။ Super night ဆိုတဲ့စနစ်ကလည်း မှောင်နေတဲ့ေ နရာတွေမှာ အကောင်းဆုံး ဓာတ်ပုံတွေကို ဖန်တီးပေးနိုင်ပါလိမ့်မယ်။ ပါဝါအသုံးပြုနှုန်းအတွက် အကောင်းဆုံး ထိန်းချုပ်ထားနိုင်မယ့် Ultra Powersaving စနစ်တွေကလည်း အသုံးပြုသူတွေ ထိတွေ့နိုင်မယ့် နည်းပညာတွေ ဖြစ်ပါတယ်။

ကွန်ရက်
GSM 2G/ 3G/ 4G ကွန်ရက်စနစ်တွေမှာ အသုံးပြုနိုင်ပြီး Nano Sim နှစ်ကတ်ထည့်သွင်း အသုံးပြုနိုင်မယ့် Dual Sim ဖုန်းအမျိုးအစားပါ။

မြင်ကွင်း
Screen မြင်ကွင်းအကျယ် ၅.၂ လက်မရှိပြီး နည်းပညာသစ် Screen ဖြစ်တဲ့ IPS-NEO LCD Screen ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ Screen Resolution အနေနဲ့ 1080x1920 Pixel (~424 ppi pixel density) ရှိပါတယ်။

အသေးစိတ်ဖော်ပြချက်
Quad-core 2.0 GHz Cortex-A53  နဲ့ quad-core 1.5 GHz Cortex-A53 CPU ကို အသုံးပြုထားပြီး ဂရပ်ဖစ်စနစ်အတွက်လည်း Mali-T628 MP4 GPU ကို ထည့်သွင်းထားပါတယ်။ 64bit Octa-core ပါဝင်သည့် HiSilicon Kirin 930 chip ကိုအသုံးပြု ထားတာတွေ့ရ ပါတယ်။ Internal Memory 16GB ပါဝင်ပြီး RAM ကတော့ 3GB RAM အပြင် Micro SD ကို 128GB ထိထပ်မံထည့်သွင်း အသုံးပြုနိုင်ပါတယ်။ OS ကတော့ Android OS Version 5.0 ကို အသုံးပြုထားတာပါ။ နောက်ဘက်ကင်မရာဟာ 13 Mega Pixel ရှိပြီး ရှေ့ကင်မရာကလည်း 8 Megapixel ရှိပါတယ်။ Bluetooth v4.1, A2DP, LE နဲ့ microUSB v2.0, USB Host ကို အသုံးပြုနိုင်မှာဖြစ်ပြီး ဘက်ထရီကတော့ Li-Po 2680 mAh ဘက်ထရီကို အသုံးပြုထားတာပါ။

သုံးသပ်ချက်
ဖုန်းတစ်ခုလုံးကို ခြုံငုံသုံးသပ်ကြည့်မယ် ဆိုရင်တော့ ဒီဖုန်းဟာ Hardware ပိုင်းတွေမှာ မြင့်မားကောင်းမွန် တဲ့ ဖုန်းအမျိုးအစား တစ်ခုဖြစ်ပါတယ်။ ကင်မရာပိုင်းမှာလည်း ကောင်းမွန်တဲ့ Shutter နှုန်းတွေနဲ့ အဆင့်မြင့် ကင်မရာ နည်းပညာတွေကို အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် ဓာတ်ပုံဝါသနာရှင် တွေအတွက်တော့ စိတ်ကျေနပ်မှု ရစေနိုင်တဲ့ဖုန်းလို့ ဆိုနိုင်ပါတယ်။ ကိုင်တွယ်အသုံးပြု ချိန်မှာတော့ ဖုန်းဟာချောမွေ့ နေတဲ့အတွက် လက်ထဲက အလွယ်တကူ လွတ်ကျနိုင်ခြင်းကိုတော့ ဂရုစိုက်ရ ပါလိမ့်မယ်။

Credit to ==> Internet Journal




ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


0 comments:

Post a Comment