Our social:

July 08, 2015

♪ ZTE က တန်ဖိုးနည်း Maven နှင့် Sonata 2 စမတ်ဖုန်းများကို အမေရိကန်တွင် ရောင်းချ


ZTE က Maven နှင့် Sonata 2 ဟု အမည်ပေးထားသော တန်ဖိုးနည်း စမတ်ဖုန်းနှစ်လုံးကို အမေရိကန် တွင် ရောင်းချပေးလိုက်ပါသည်။

Maven တွင် Quad-Core 1.2GHz Processor တပ်ဆင်ထားသော Snapdragon 400 SoC , 4.5” 854X480 Display, 1GB RAM, 8GB Storage , 2100mAh Battery ပါရှိပါသည်။ 5MP Rear Camera, VGA Front Camera တပ်ဆင်ထားပါသည်။ 4G LTE ကို ထောက်ပံ့ပေးပြီး Android 5.1 Lollipop မောင်းနှင်မည် ဖြစ်သည်။

Sonata 2 တွင် Quad-Core 1.2GHz CPU တပ်ဆင်ထားပါသည်။ လေးလက်မ 800×480 Display , 1GB RAM, 4GB Storage, 5MP Rear Camera, 2MP Front Camera, 1650mAh Battery , Android 4.4 KitKat ပါရှိပါသည်။

Myanmar Digital Life Journal


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ



0 comments:

Post a Comment