Our social:
July 11, 2015
Windows 7 မှာဖြစ်တတ် တဲ့ This Copy Of Windows is Not Genuine ကိုဖြေရှင်းနည်း
ကျနော့ ဝက်ဆိုဒ် မှာ နည်းပညာ များကိုသာ သီးသန့် ရေးလို တာကြောင့် Post တင်တာလေးတွေ နှေး ပါတယ် ။ ဒီလို နည်းပညာ ဆိုဒ်မျိုးတွေ ကို လူဝင်လဲ နည်းပါတယ် ဒါပေမဲ့ Post တစ်ခုဆို ဆိုသလောက် အသုံး ဝင်တာလေးများကိုသာ တင်ပေးသွားမှာ ဖြစ်ပါတယ်။ 
Windows 7
Build 7600
This Copy Of Windows Is Not Genuine
ဆိုတဲ့ ရေစာလေး Microsoft ကို ကပ်ပေးလိုက်တာ လစဉ် နီးပါးဖြစ်နေတယ် ။  ပြီခဲ့တဲ့ လ က သူ့ PC ကို Windows ပြန်တင်ပေးတာ တစ်လ တစ်ကြိမ်နှုံးလောက်ကြနေတော့ ဒီတစ်ခေါက် Windows ပြန် မတင်ပေးတော့ ဘဲ အဲဒီရေစာလေး ကို ဖျက်တဲ့ နည်းလေး ရှာ ပြီး စမ်းလိုက်တာ အောင်မြင်သွားတာကြောင့် ဒီ အကြောင်းကို Post အဖြစ်တင်ပေးလိုက်ပါတယ်ဗျာ။ 
 ဒီ နည်းကို သုံးဘို့ အတွက် အောက်မှာ ရှင်းပြပေးထားတာလေးတွေကို သာ သေချာဖတ်ပြီး လိုက်လုပ်ပေး သွား ရုံသာဖြစ်ပါတယ် ။ အားလုံး အဆင့် ငါးဆင့်ပေးထားပါတယ်။
ဒီနည်း ကို စလုပ်တော့မယ် ဆိုရင်.......  
Step 1
ပထမ အဆင့် အနေ နဲ့  CMD ဆိုတဲ့  Command Prompt ကိုခေါ်ယူ ရမှာဖြစ်ပါတယ်။  ဒီလိုခေါ်ယူ ဘို့ ရန် Start Menu ကိုသွားပြီး Search ထဲ ကနေ CMD လို့ ရိုက်သွင်း ပါ ။ 
ဒီအခါ မှာအောက်ပါ ပုံထဲ ကလို cmd   သို့ မဟုတ်   cmd.exe   ဆိုတာ ကိုတွေ့ ရ ပါမယ်။ အဲဒီ CMD အပေါ် မှာ Right Click နှိပ်ပေး လိုက်ပါ ။  အောက်က ပုံကိုကြည့်ပါ CMD နေရာ ကို မျှား အနီနဲ့ ပြပေးထားပါတယ်။ 
                                        Start Menu
ဒီအခါ မှာ Pop-Up Dialog Box လေးကပ်ပြီးပေါ်လာ မှာဖြစ်ပါတယ် ။ ဒီ Dialog Box ထဲ ကိုကြည့်ပါ ။ Run as administrator ဆိုတဲ့ စာကိုတွေ့ ရမှာဖြစ်ပါတယ် ။  ဒီနေရာ ကိုတော့ မျှား အနက်ရောင် နဲ့ ပြပေး ထားပါ တယ် ကလစ်နှိပ်ပြီးဖွင့်ပေးပါ။ 
ဒီအခါ မှာတော့ အောက်က ပုံထဲ ကလို CMD Command Prompt ပွင့်လာမှာဖြစ် ပါတယ် အောက်ပါ ပုံ ကို ကြည့် ပါ။ 
                               windows 7 is not genuine
Step 2
ဒုတိယ အဆင့် အနေနဲ့  အဲဒီ CMD Box ထဲမှာ SLMGR -REARM ဆိုတာလေးဘဲ ရိုက်ထဲ့ပေး ရမှာဖြစ် ပါတယ် ။  ဒီလို ရိုက်ထဲ့တဲ့ အခါမှာ အရေးကြီး တာ က SLMGR ကိုရိုက်ပြီး ရင် Space တစ်ချက်ခြားပေးပြီးမှ -REARMကိုရိုက်ပေးရမှာဖြစ်ပါတယ် ။ အထက်က ပုံကိုသေခြာကြည့်ပါ မျ ဉ်း အနီရောင် နဲ့ သေချာ တားပြပေး ထားပါတယ်။ 
Step 3
တတိယ အဆင့် ကတော့ SLMGR -REARM ကို မှန်အောင် ရိုက်ထဲ့ပေးပြီး သွားရင် Keyboard က Enterကိုခေါက်ပေးလိုက်ရုံ ပါ။
Step 4
စတုတ္ထ အဆင့် မှာတော့ သင် SLMGR -REARM ကို မှန်အောင် ရိုက်ထဲ့ပေးလိုက်တယ် ဆိုရင် သင့်ရဲ့ လုပ်ဆောင်မှု အောင်မြင်တာ ကိုပြပေးတဲ့ အောက်ပါ ပုံကိုတွေ့ ရမှာဖြစ်ပါတယ် ။
                                    windows 7 is not genuine
Step 5 
ပဉ္စမ အဆင့် ကတော့ သင့်ရဲ့ PC သို့ မဟုပ် Laptop ကို Restart ပြန်ချပေးလိုက် ရုံလေး ပါဘဲ ။ အထက်က ပုံမှာလဲ သင့်စက် ကို Restart လုပ်ဖို့ ရေးပေးထား ပါတယ် ။
 ဒီတော့ OK ပေးပြီး ထွက်လိုက်ပါ ။ ဒီနေရာ မှာ တစ်ခု သတိထား ရမှာ ကတော့ CMD Command Prompt ထဲမှာ EXIT လို့ ရိုက်ပေးပြီး Enter ခေါက်ပြီး ပြန်ပိတ်ပေးလိုက်ပါ ။  ပြီးမှ သာ Restart ပြန်ချပေးလိုက်ပါ။
ကဲ ကျနော့ ဆိုဒ် ထဲ မျက်စိလည် လမ်းမှားပြီး ရောက်လာကြသော မိတ်ဆွေများ ကျနော့ စာ အရေးသား ကို နားမလည် လို့  ရှိရင် အောက်ပါ Video လေး ကိုလဲ လေ့လာကြပါ ။ ပြီးရင် သူ့ မူရင်း Link ကိုလဲ ထဲ့ပေး ထား လိုက်ပါတယ်ဗျာ။
ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ
0 comments:
Post a Comment