Our social:

July 13, 2015

ဈေးနူန်း သက်သာပြီးအရည်အသွေးကောင်းမွန်တဲ့ Asus Zenpad 8.0




ထိုင်ဝမ် နိုင်ငံမှ ကမ္ဘာ့အကြီးဆုံး PC ထုတ်လုပ် သူအဖြစ် ၂၀၁၄ ခုနှစ်ကရပ်တည်ခဲ့တဲ့ Asus ကုမ္ပဏီ ဟာ ယနေ့စမတ်ဖုန်းလောကမှာလည်းနာမည်အတော်ရလာခဲ့ပြီး ကမ္ဘာ့ပထမဆုံး 4GB RAM မောင်းနှင်ထား သည့် Asus Zenfone 2ကို ဈေးနူန်း သက်သာစွာဖြင့်ရောင်းချခဲ့ပြီးနောက်ပိုင်း ပိုမိုလူသိများအောင်မြင်ခဲ့ ပါတယ်။

ယခုထပ်မံပြီး ဈေးနူန်း သက်သာပြီးစွမ်းဆောင်ရည်ကောင်းမွန်တဲ့ Tablet ကိုအမေရိကန်နိုင်ငံမှာ စတင်ရောင်းချမှာဖြစ်ပါတယ်။အဆိုပါ Tablet ဟာ 8" ရှိပြီး 2048×1536 Resolution ရှိသည့်အတွက် ကျပ်ငွေ ၆ သိန်းနီးပါရှိ HTC nexus 9 tablet နဲ့ရုပ်ထွက်အရည်အသွေးတူညီနေတာကိုတွေ့ရပါတယ်။ CPU ကို Intel Quad-core ကိုသုံးထားပြီး RAM 2 GB ဖြင့်မောင်းနှင်ထားပြီး မကြာမီ 4GB RAM Version လည်းထွက်လာမှာဖြစ်သလို ယင်းVersion ဟာ 2K Resolution, Octa-core အသုံးပြုမယ်လို့ Asus တရားဝင် Website မှာဖော်ပြထားပါတယ်။ Internal Memory 32GB ဖြစ်ပြီး MicroSD ဖြင့်ထပ်မံ၍ 64GB အသုံးပြုနိုင်သည်။


ကင်မရာကို ပင်မ 5MP နှင့် Font Facing 2MP တပ်ဆင်ထားပြီး ဘက်ထရီ 4000 mAh သို့ 15.2 wh ဖြစ်သည်။Wifi ဖြင့်အသုံးပြုနိုင်ပြီး Android 5.0 ZenUI ဖြင့်လည်ပတ်ထားသည်။ ဈေးနူန်း မှာ US $200 ဖြစ်သည်။

Credit to ==> Phone News Up To Date


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ



0 comments:

Post a Comment