Our social:

July 14, 2015

မကြာမီ ထွက်ရှိလာမည့် GALAXY NOTE 5 တွင် 4GB LPDDR4 RAM ပါရှိလာဖွယ်ရှိ



အင်တာနက်ပေါ် ယနေ့မှာ ပြန့်နှံ့ရောက်ရှိလာတဲ့ ကောလာဟလများအရ လာမယ့် သြဂတ်စ်အတွင်း Samsung မှ ထုတ်ဖော်ပြသဖို့ ရှိနေတဲ့ Galaxy Note 5 ဟာ 4GB ပမာဏရှိ LPDDR4 RAM ထည့်သွင်းပေးထားမယ်လို့သိရှိရပါတယ်။ 
ဤပမာဏဟာ သာမန် လက်ပ်တော့ပ် တစ်လုံးမှာ ပါဝင်တဲ့ RAM ပမာဏဖြစ်နေပြီး လက်ရှိ Asus ZenPhone 2 နဲ့ မကြာမီ ထွက်ရှိလာမယ့် OnePlus Two ကလည်း 4GB RAM ပါဝင်မှာဖြစ်လို့ 4GB RAM ထည့်သွင်းထားတဲ့ စမတ်ဖုန်းများ တစ်ခေတ်ဆန်းလာတော့မယ့် အခြေအနေ ဖြစ်နေပါတယ်။  
LPDDR4 ဟာ ယခင် ပါဝင်နေကျ LPDDR3 RAM ထက် ပိုမိုလျှင်မြန်ပြီး စွမ်းအင်သုံးစွဲမှု နည်းပါးလို့ ဘက်ထရီသက်တမ်း ပိုမိုကြာရှည်ခံစေမှာ ဖြစ်ပါတယ်။
 
ထို့အပြင် Note 5 ဟာ ၅.၇ လက်မအရွယ် qHD မျက်နှာပြင် ပါရှိမှာဖြစ်ပြီး Galaxy S6 ထက် စွမ်းရည်ပိုမိုမြင့်မားပြီး စွမ်းအင်သုံးစွဲမှု သက်သာတဲ့ Exynos 7422 All-in-One ပရော်ဆက်ဆာကို သုံးစွဲထားမယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။
 
Exynos 7422 ဟာ ပရောက်ဆက်ဆာ (CPU) ၊ ဗီဒီယိုယူနစ် (GPU) ၊ RAM နဲ့ LTE Modem တို့ကို ပေါင်းစပ်ဖန်တီးထားတဲ့ စနစ်ဖြစ်လို့ All-in-One လို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။
 
ပုံစံဒီဇိုင်းပိုင်းမှာတော့ Note 5 ဟာ Galaxy S6 အကြီးစား ဖြစ်လာဖွယ်ရှိနေပြီး သတ္တုနဲ့ ဖန်သား ပေါင်းစပ်မှုပုံစံနဲ့ပဲ ထုတ်လုပ်မယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။ 

Credit to ==> Myanmar Consumer Guide
 
Credit t0==>www.pyaephyo.com
 
ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


0 comments:

Post a Comment