Our social:

July 12, 2015

မိမိတို့ ဖုန်းမှာ Dropbox အကောင့်လုပ်ပြီး Upload တင်နည်း Downlink ချပေးနည်း


မင်္ဂလာပါ ကျွန်တော် သည်တခါရေးသားဖြစ်တာလေးကတော့ အွန်လိုင်းမှာ မဖြစ်မနေလိုလို အသုံးပြုနေကြတဲ့ နည်းလမ်းလေးတွေထဲက တစ်ခုဖြစ်တဲ့ Dropbox ကိုအသုံးပြုကာ upload တင်နည်း download link ပြန်ချပေးနည်းစတဲ့ နည်းလမ်းလေးဖြစ်ပါတယ်  သည်နည်းလမ်းလေးကို နည်းပညာသမားတိုင်းသိပြီးဖြစ်ပေမယ့် ကျွန်တော့်ရဲ့ ညီငယ်လေးတစ်ယောက်က အသေးစိတ်ရေးသားပြီး မျှဝေပေးပါဆိုလို့ ကျွန်တော် လုံးဝမသိသေးသော New User များအတွက် တမင်ရည်ရွယ်ပြီး ရေးသားလိုက်ခြင်းဖြစ်ပါတယ်... အောက်မှာ အသေးစိတ်ရေးသားထားပါတယ်.
နည်းလမ်းလေးကို  ဖုန်းနဲ့အသုံးပြုနည်း ပြသထားတဲ့အတွက် မိမိတို့ ဖုန်းမှာ DropBox Apk လေးကိုတော့ ရှိထားဖို့လိုပါတယ်.. ဖုန်းတိုင်းလိုလိုလည်း ရှိကြပါတယ်.. ဒါကြောင့် တင်မပေးတော့ပါဘူးနော်... ကွန်ပျူတာသမားများအတွက်လည်း www.dropbox.com မှာအကောင့်လုပ်ပြီး  အသုံးပြု နိုင်ပါတယ်..နော်... အောက်မှာ စကြမယ်..

မိမိတို့ ဖုန်းက Dropbox Apk လေးကို ဖွင့်လိုက်ပါ ပြီးတာနဲ့  Singup Your Dropbox ဆိုတာကလစ်ပြီး စလိုက်ပါ... အဆင့်ဆင့်ပြသလိုက်ပါတယ်နော်...
 ပထမဆုံး မိမိတို့ မှာရှိတဲ့ အီးမေး နဲ့အကောင့်တခုရဖို့ စလိုက်ပါ လိုအပ်တဲ့ အီးမေးနဲ့ပါတ်ဝပ် ( ပါတ်ဝပ်ကြိုက်တာထည့်ပါ) ဖြင့် အကောင့်တခုလုပ်ကြမယ်.... နောက် ဘောက်လေးတခုကျလာတာနဲ့ 
I AGREE ဆိုတာလေးကလစ်ပြီး ဆက်သွားလိုက်ပါနော်...။

နောက်တဆင့် အနေနဲ့ကတော့ မိမိတို့ Dropbox မှာ video upload တင်မတင်ဆိုတာကို ဖွင့်-ပိတ်လ်ုပပေးနိုင်ပါတယ်.. ဒါကြောင့် ဖွင့်ပေးပြီးတာနဲ့  SKIP ဆိုတာကိုကလစ်ပြီးဆက် သွားလိုက်ပါ..
နောက် မိမိတို့ အကောင့်တစ်ခု ရသွားမှာဖြစ်ပါတယ်... ညာဘက်က ပုံ (၄) မှာမြင်နေရတဲ့အတိုင်း
အပေါင်းလက္ခဏာလေးကိုတွေကရမှာဖြစ်ပါတယ်.. အဲကနေ မိမိတို့ တင်လိုသော ဖိုင်များ-ဆော့ဝဲလ်များ-VIDEOများ-ပုံများ တင်နိုင်မှာဖြစ်ပါတယ်.... တင်တဲ့အခါ လိုအပ်သလို   ဖိုင်လေးတွေ သီးသန့် တည်ဆောက်နိုင်ပါသေးတယ်...
သည်အဆင့်မှာတော့. ဖိုင်တစ်ခုတည်ဆောက်ဖို့အတွက် နည်းလမ်းလေးကိုပြသမှာဖြစ်ပါတယ်.. New folder ဆိုတာကိုကလစ်လိုက်ပါ   ဒါဆို ဘော်ကလေးတစ်ခုကျလာမှာဖြစ်ပါတယ်.. ဘောက်လေးမှာ ဖိုင်လေး တခုဖန်တီးဖို့ မိမိတို့ ကြိုက်တဲ့ ဖိုင်အမည်ကို ပေးလိုက်ပါနော်....
သည်အဆင့်မှာတော့ ကျွန်တော်တို့ တင်ခြင်တဲ့ ဖိုင်တွေ တင်ဖို့အတွက် Upload file ဆိုတာကိုကလစ်လိုက်ပါ ပြီးတာနဲ့ Other files ဆိုတာဆက်ကလစ်ပေးလိုက်ပါ။
ဆက်လက်ပြီး မိမိတို့ တင်ခြင်တဲ့ ဖိုင်ဟာ  ဖုန်းထဲမှာရှိတာလား SD Card မှာလားဆိုတာ ရွေးပေးရမှာဖြစ်ပါတယ်.. ဒါကြောင့် ရွေးပြီးဆက်သွားလိုက်ပါ.. ရောက်တာနဲ့ တင်ခြင်တာ တခုခုကို ကလစ်တင်လိုက်ပါ..။ အချိန် ခဏစောင့်ပေးပြီး တင်လိုက်တဲ့ % ပြည့်တာနဲ့  Upload တင်ခြင်းပြီးဆုံးပါပြီ... ဆက်လက်ပြီး  တင်ထားတဲ့  ဖိုင်ကို တခြားသူ ဒေါင်းနိုင်ရန်အတွက် လင့်ယူပေးကြမယ်...။
သည်အဆင့်ကတော့ တင်ထားပြီးသား ဆော့ဝဲလ် (သို့) ဖိုင်တခုခုကို မိမိတို့ သူငယ်ချင်းများအတွက် ဒေါင်းယူနိုင်အောင် လင့်ယူပြီးပြန်ချပေးကြမယ်...ဗျာ.. အိုကေ တင်ပြီးသော ဖိုင် ညာအပေါ်ထောင့်မှာ Down Arrow လေးကိုကလစ်လိုက်ပါ ကျလာတာထဲက Send a link to this  file ဆိုတာကလစ်လိုက်ပါ... ဒါဆို ဘော်ကလေးတခုကျလာမှာဖြစ်ပါတယ်. ကျလာတဲ့ ဘောက်ထဲက Copy Link ဆိုတာကို ကလစ်လိုက်ပါ.. ဒါဆို ဒေါင်းရမည့် လင့်ကို ပါလာပြီဖြစ်ပါတယ်..။

ဒါဆို မိမိတို့ ဒေါင်းဖို့ ချပေးခြင်တဲ့ နေရာကိုသွားလိုက်ပါ... ချက်ဘောက်ကနေဖြစ်စေ Post ဖြစ်စေ Stuts ဖြစ်စေ... ကြိုက်နှစ်သက်သလို ချပေးနိုင်ပါတယ်... အိုကေ အောက်ကပုံထဲကတိုင်း ချပေးခြင်တဲ့ေ နရာမှာ လက်လေးနဲ့ ဖိလိုက်တာနဲ့ တက်လာမှာဖြစ်ပါတယ်... PASTE ဆိုတာလေးတက်လာတာနဲ့ ကလစ်လိုက်ပါ... ဒါဆို စောစောက  ယူလာတဲ့ ဒေါင်းလင့်ကို ချပေးလိုက်ခြင်းဖြစ်တာမို့..
ဒေါင်းလင့် ရပြီဖြစ်ပါတယ်..

အားလုံးကို ကျေးဇူးတင်ပါတယ်.. အဆင်ပြေကြမယ်လို့ မျှော်လင့်ရင်း ဆက်လက်ပြီး မျှဝေခံစားသွားပါအုံးမယ်.... ဘလော့ခရီးသည်...။


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ



0 comments:

Post a Comment